မာတိကာသို့ ခုန်သွားရန်

မတူတန် တုဖက်က၊ မှုအချက် မှားရန်-ချီ မောင်ဩဇာအား ဆုံးမသော တေးထပ်

ဝီကီရင်းမြစ် မှ
မတူတန် တုဖက်က၊ မှုအချက် မှားရန်-ချီ မောင်ဩဇာအား ဆုံးမသော တေးထပ်
by လယ်တီဆရာတော်
2492မတူတန် တုဖက်က၊ မှုအချက် မှားရန်-ချီ မောင်ဩဇာအား ဆုံးမသော တေးထပ်လယ်တီဆရာတော်

မတူတန် တုဖက်က၊ မှုအချက် မှားရန်
လက်ပန်မြိုင် ဌာနစံငယ်၊ အာဂမာန် ပိတ်ဖုံး၊
ရှားတောငှက် ဂနိုင်စံကို၊ မပြိုင်တန် သင်းပြိုင်လို့ရှုံး။

ခုလောက လူရှင်၊ မူအစဉ် လက်သုံး၊
ငလက်ပန် ငှက်ထုံး၊ တသက်လုံး စွဲမှီ၊
ဆရာကို အခွာစော၊ ငါတကော ကောကြရမည်။

မိသော ဖသော နားမလည်သည်၊
အသားအရည် သူက ကြီးလို့၊
အိုးသီး အိမ်သီး တဂုဏ်တသိရ်၊
ခွဲတဲ့ရမှမြိန်၊ ကိုယ့်ပမာဏ နှိုင်းမချိန်တယ်၊
အနက်အတိမ် ထောက်ထားပြီဘူ့လေး။

ဇာတ်တော်၌လာသော လက်ပန်မြိုင်ငှက်နှင့် ရှားတောငှက် ဥပမာတင်၍ မတူတန်သောသူများကို မတုပထိုက်ကြောင်းနှင့် မောင်ဩဇာအား ဆုံးမသော တေးထပ်

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.