မာတိကာသို့ ခုန်သွားရန်

လှော်ဦးရွှေ တေးထပ်

ဝီကီရင်းမြစ် မှ
လှော်ဦးရွှေ တေးထပ်
by စလေ ဦးပုည
3188လှော်ဦးရွှေ တေးထပ်စလေ ဦးပုည

ရှုလေလေ သရေတင့်၊
ကျူငွေပွင့် စန်းယုန်၊
ယဉ်သရွေ့ ကမ်းကုန်၊
နတ်ခြောက်ဘုံမရှိ၊
အလှနှင့်အယဉ်၊
ကမ္ဘာစဉ် နောင်ထွန်းမယ့်မိ။

သိကြားနှင့်ဗြဟ္မာ၊
ရုပ်ပုံလွှာ ပြကတိ၊
လုံမမယ် စံတော်ညှိစေလို့၊
ပုံတော်ရှိကူးစေ၊
နတ်ဗြဟ္မာ ချာချာရူးစေတော့၊
မတူဘူး ထင်လိုက်လှပေ။

ကံထူးတဲ့ လှော်ဦးရွှေကို၊
စုတ်ထူးတွေ မင်မတုနိုင်ဘု၊
မြင်ရသူ့ ဇောဘဝင်၊
မြောသေလုပင်၊
ဂုဏ်ထူးတဲ့ ကညာခင်လို၊
ကမ္ဘာတွင်ရှိဘူးကွဲ့လေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။