မာတိကာသို့ ခုန်သွားရန်

ခွေးသာသာ သာအိုး တေးထပ်

ဝီကီရင်းမြစ် မှ
ခွေးသာသာ သာအိုး (1866)
by စလေ ဦးပုည

၁၂၂၈ ခု၊ ပြာသိုလဆန်း (၉) ရက် တနင်္ဂနွေနေ့ ဦးညိုအား ရေးစပ်ပေးသည်။ (မောင်လင်းခိုင်ရေး ဦးပုည (သို့) စာပေသမားတို့၏ ဘိုးအေကြီးအကြောင်း တစေ့တစောင့်။ ရွှေအမြုတေ မဂ္ဂဇင်း၊ မေလ ၂၀၁၁)

984ခွေးသာသာ သာအိုး1866စလေ ဦးပုည

စူရတီ တလိုင်းမ၊ မှိုင်းကျလို့ မွေးလာ၊
ရိုင်းမဟာ့ပဂေးချာ၊ ခွေးသာသာ သာအိုး။
စျေးတော်ရုံ မင်္ဂလာ၊ လူမြင်ရာ ဓမြဦးလို့၊
သူကောင်းသား တန်ပြန်၊ သရမ်း ဉာဏ်နသိုး။
ကြငှာန်းစံယူ ပျိုးလို့၊ လူဆိုးက မြို့ဝန်။
စလေကို အသေချွတ်မယ်လို့၊ ငကေဝဋ်ကျေးဆက် ကံကျွန်။
လောင်းမဟော့ ဉာဏ်တံခွန်လို၊ အကြံချွန် မောင်ညို့ကြောင့်၊
မသေမြို့ ရွာစည်ပျော်၊ ချမ်းသာရနော်။
ခင်သုံမိ လွတ်ရေးဖော်သည်၊ ကျေးမဟော်တနှုံးပလေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၃၁ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။