ထယ်စမ်းပါ တေးထပ်
ပုံပန်းသွင်ပြင်
တကယ်တန်း အခါကျရင်ဖြင့်
ဝါယမ စိုက်ပါ
ကဗျာများ သိုက်ဆရာ
ကြိုက်ရာက နေရော့
ဆဒ္ဒန်ဘွဲ့ နှစ်စီးဆင်လို
ခရီးစဉ်မြန်းဖို့အသော့
လာပါလိမ့် ဘဝဂ်လျှံအောင်
ဂယက်သံတွေနော့
ကနက်ပျံ ဗွေကြော့တောင်
ကြွေရော့မည့်ပုံနှယ်
ရာဟုတွင် စနေသွင်းပါလို့
လေအပြင်း လွှတ်လိုက်ပါတော့မယ်
ဉာဏ်ဖောင်ကြီး အနွယ်ငင်
ထယ်နိုင်ရင် ထယ်စမ်းပ
တောင်ကမ်းလုံး မဟီချာ
ခွင့်မယ့်လေပါ
ခုများဖြင့် စံဖက်ကိုရှာတယ်
ဉာဏ်စကြာ သွက်တုန်းမို့လေး ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |