တော်သလင်းလဘွဲ့ တေးထပ်
ပုံပန်းသွင်ပြင်
ကန်ရာသီ အမည်ရ
သစ်ဆင်းလ မာသာ
သတ္တဗိသျှ ကြယ်မဟာငယ်
တူမကွာ ယှဉ့်သုံး။
ဗာတ္တိံသ နေ့နာရီမှာ
အဋ္ဌ်စမ္မီ ညဉ့်မှန်ငဲ့ဘုန်း။
ဆဲ့သုံးလုံး နှစ်ပါဒ်လွန်သည်
စည်ဗုဇွန် ဆော်ဟုန်း။
ပန်းမာ ညှာချီရုံးလို့
ပွင့်ကြထုံး အခါ။
တေးတျာ သံပြိုင်ချီးပါလို့
ဟီးတိုက်ကြ သူ့ထက်ငါသာ။
ဘဝါးနှစ် စွန်းခါဝယ်
များသေနာ ဗိုလ်ပေါင်းနှင့်
အောင်မောင်း စည်တော်စင်
ဟီးခြိမ့်ခြိမ့်ပင်။
လေးကျွန်းလုံး ထိပ်တင်ငယ်
ရေသဘင် စံမြဲရှင့်လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |