မာတိကာသို့ ခုန်သွားရန်

သီတင်းကျွတ်လဘွဲ့ တေးထပ်

ဝီကီရင်းမြစ် မှ
3884သီတင်းကျွတ်လဘွဲ့ တေးထပ်အမတ်ကြီး ဦးပေါ်ဦး

သောင်းဒီပါ ထိန်ညီးအောင်
ထွန်းဆီမီး ရောင်ညီ
သတင်းကျွတ် တူရာသီမှာ
အဿဝဏီ ကြယ်မင်း။
နေ့နှင့်ညဉ့် နာရီမှာ
သုံးဆယ်စီ မြဲမှန်ဘိခြင်း။

ဆဲ့ငယ်လုံး သုံးပါဒ်မှီတွင်
ကြာငါးမည် ကြိုင်သင်း။
ရာ့ထီးပိုင် ဘုရင်မင်းတို့
မြေနန်းရင်း ဗဟိုရ်။
ရွှေမြင့်မိုရ် တောင်တော်ပွဲကိုတဲ့
ခြိမ့်သဲအောင် ထွက်စံမြန်းကို။

တည့်သုံးဘဝါး ရိပ်ခိုဝယ်
ရင်စလို ရွှေခချပ်ကယ်နှင့်
အသားမြတ် ခိုင်နှစ်စုံ
ပန်းကြာပွင့်ငုံ။
မြင်ရသူ ဆတ်ဆတ်တုန်တယ်
မသေရုံ ကျန်ခဲ့ရှင်လေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။