သွေမကွက်ပါနှင့် တေးထပ်
ပုံပန်းသွင်ပြင်
ခိုင်စပယ် ငွေရည်ဥ၊
မာလာယု မျက်ချယ်။
မောင်ဆွဲတဲ့ ပုလဲသွယ်ငယ်၊
ထယ်တော်လေမူအား။
ဆောင်ညွှန့်တဲ့ သဉ္ဇာကို၊
မသေချာစွဲမည် စိတ်ထား။
ရွှေစိတ်တော် ခုကာ ခံသည်၊
ဘယ်ဂုဏ်မာန် ထောက်ပွား။
ညှာပင်သူ မြသားက၊
စိမ်းကားမည့် အနေ၊
ရွှေဘောတော် သွေမကွက်ပါနဲ့၊
စိန်ဘယက် နန်းကြော့ ညာမေ။
မောင်ကဖြင့် သက်ဝေကို၊
ကမ္ဘာလေ အကုန် တိမ်းစေတော့၊
ယိမ်းပါဘူ့ မောင့်သစ္စာ၊
စွဲတဲ့စိတ်မှာ၊
ငွေသင်္ခါ သော်တာငယ်၊
မှန်သေချာ ပြောလိုက်ပါ့လေး……။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |