တေးထပ်စပ်မူနည်း
ပုံပန်းသွင်ပြင်
တေးထပ် တေးထပ် ရယ်နှင့်၊
ရေးစပ်ကြ သူငါ၊
တွေးကပ်လှ နမူနာ၊
ချူအချာ လွန်ပေါ၊
ယခုခေတ် ပြုသစ်စာမှာ၊
ရှုချစ်စရာ ရွေးမျှမနှော။
သို့မို့ကြောင့် ကျွန်ုပ်ညီငယ်၊
မဟုတ်သည် နယော၊
နှုတ်ဝသီ သဘောမှာ၊
အဟောသိ ပယ်ပါ၊
သပြေမှာ စလေနည်းကိုမှ၊
ဆွေမှီး၍ ပြုသင့်သည်သာ။
စပ်မူနည်း ရေးလိုပါလျှင်၊
တေးကိုသာ ရအောင်ကျက်ပါတော့၊
ခက်လှဘူး မျိုးသိင်္ဂါ၊
စိုးရိမ်နှင့်ဗျာ၊
ဖြိုးထိန်တဲ့ ကိုးစိန်လွှာမှာ၊
ခိုးရှိန်ဝါ တောက်ပါလိမ့်လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |