အလယ်နန်းတော် မိဖုရားဘွဲ့တေးထပ်
ပုံပန်းသွင်ပြင်
ရာပြည်ပြည် ရှိပန်သ၊ တိုင်းပူရ ဥသျှောင်။
ညာနန်းမ အခေါင်၊ သက်အယောင်မပြား။
စန်းငွေလတိမ်စင်လို၊ နှိုင်းမမြင် ထီးဖြူအောက်ဖွား။
တော်လေးဝ နတ်မူနီလို၊ မှတ်တူညီမခြား၊
သို့ပါသော်စိတ်ထားမှာ၊ မျက်အားတော် လွန်ကြွယ်။
တနာရီအချိန်လောက် အကောက်က များလှပါတယ်။
မဖြစ်သင့်မှုငယ်ကို ဋီကာကျယ်ဉာဏ်ချဲ့လို့၊
ပူရှာဖွဲ့မကြည်လင်၊ ငြိုးမာန်ဖွဲ့ဆင်။
ရွှေစိတ်တော် သူ့ကြည်လင်အောင်၊ သိကြားပင် လာစမ်းတော့လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |