ခေမကသေဋ္ဌိပုတ္တဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၂-နိရယဝဂ်
၄-ခေမကသေဋ္ဌိပုတ္တဝတ္ထု
၃၀၉။ စတ္တာရိ ဌာနာနိ နရော ပမတ္တော၊ အာပဇ္ဇတိ ပရဒါရူပသေဝီ။
အပုညလာဘံ န နိကာမသေယျံ၊ နိန္ဒံ တတိယံ နိရယံ စတုတ္ထံ။
၃၁၀။ အပုညလာဘော စ ဂတိ စ ပါပိကာ၊ ဘီတဿ ဘီတာယ ရတိ စ ထောကိကာ။
ရာဇာ စ ဒဏ္ဍံ ဂရုကံ ပဏေတိ၊ တသ္မာ နရော ပရဒါရံ န သေဝေ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရုပ်ဆင်းလှပသော်လည်း သူတပါးသားမယားကို လွန်ကျူးတတ်သော အနာထပိဏ်သူဌေး၏ တူ ခေမကသဌေးသားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ ခေမကသဌေးသား သောတာပန် ဖြစ်သည်။
အနက်
ပမတ္တော၊ သတိမထားပဲ တရားလမ်းမှန်ကို မေ့လျော့သော။ ပရဒါရူပသေဝီ၊ သူတပါးသားမယားကို မှီဝဲသော။ နရော၊ လူသည်။ အပုညလာဘံ၊ အကုသိုလ်ကို ရခြင်းလည်းကောင်း။ န နိကာမသေယျံ၊ အလိုရှိတိုင်း ချမ်းသာစွာ မအိပ်ရခြင်းလည်းကောင်း။ တတိယံ၊ သုံးခုမြောက်သော။ နိန္ဒံ၊ အကဲ့ရဲ့ခံရခြင်းလည်းကောင်း။ စတုတ္ထံ၊ လေးခုမြောက်သော။ နိရယံ၊ ငရဲခံရခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ ဌာနာနိ၊ လေးပါးသော ဆင်းရဲခြင်းအကြောင်းတို့သို့။ အာပဇ္ဇတိ၊ ရောက်ရ၏။
ဧဝံ၊ ဤသို့။ အပုညလာဘော စ၊ မကောင်းမှုကို လည်းရသည်။ ဟောတိ၊ ဖြစ်၏။ ပါပိကာ၊ ယုတ်မာသော။ ဂတိ စ၊ လားရာဂတိလည်းရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘီတဿ၊ ကြောက်ရွံ့ထိတ်လန့်သော ယောက်ျား၏။ ဘီတာယ၊ ကြောက်ထိတ်လန့်သော မိန်းမနှင့်။ ရတိ စ၊ မွေ့လျော် ပျော်ပါးရခြင်းသည်လည်း။ ထောကိကာ၊ အနည်းငယ်မျှသာ ဖြစ်၏။ ရာဇာ စ၊ မင်းသည်လည်း။ ဂရုကံ ဒဏ္ဍံ၊ ကြီးလေးသော အပြစ်ဒဏ်ကို။ ပဏေတိ၊ ပေး၏။ တသ္မာ၊ ထို့ကြောင့်။ နရော၊ ယောက်ျားသည်။ ပရဒါရံ၊ သူတပါးမယားကို။ န သေဝေ၊ မမှီဝဲရာ။
စကားပြေ
သတိမထားပဲ တရားမှန်ကို မေ့လျော့၍ သူတပါးသားမယားကို လွန်ကျူးသောသူသည် အကုသိုလ်ကို ရခြင်း အလိုရှိတိုင်း ချမ်းသာစွာ မအိပ်ရခြင်း ကဲ့ရဲ့ခံရခြင်း ငရဲခံရခြင်း ဟူသော လေးပါးသော ဆင်းရဲကြောင်းတို့သို့ ရောက်ရ၏။
သူတပါးမယားကို လွန်ကျူးသူသည် မကောင်းမှုကို ရခြင်း ယုတ်မာသော လားရာဂတိရှိခြင်း ကြောက်ရွံ့ထိတ်လန့်သူနှစ်ဦးတို့၏ မွေ့လျော်ပျော်ပါးရခြင်းသည် အနည်းငယ်မျှ ဖြစ်ခြင်း မင်း၏ ကြီးလေးသော အပြစ်ဒဏ်ပေးခြင်းတို့သို့ ရောက်ရသောကြောင့် သူတပါးမယားကို မမှီဝဲရာ။
စတ္တာရိ ဌာနာနိ၊ ဆင်းရဲခြင်းအကြောင်းလေးပါး
၁။ အကုသိုလ်ကို ရခြင်း။
၂။ အလိုရှိတိုင်း မအိပ်ရ အချိန်အနည်းငယ်သာ အိပ်ရခြင်း။
၃။ ကဲ့ရဲ့ခံရခြင်း။
၄။ ငရဲကျခြင်း။
ခေမက— ခေမကသည် အနာထပိဏ္ဍိကသူကြွယ်၏ တူဖြစ်သည်၊ ရုပ်အဆင်း အလွန်လှပချောမောသည်၊ များသောအားဖြင့် မိန်းမများသည် ခေမကကို မြင်လျှင် မချစ်ခင် မနှစ်သက်ပဲ မနေနိုင်အောင် ဖြစ်ကြသည်။ ခေမကသည် သူတပါးသားမယားကို ပြစ်မှားလေ့ရှိသည်၊ ကဿပဘုရားရှင် လက်ထက် လက်ဝှေ့သမား ဖြစ်စဉ် ရွှေတံခွန်နှစ်ခုကို ဘုရားရှင်၏ ရွှေစေတီတော်၌ လှူဒါန်းပြီး ဆွေမျိုးသားခြင်းမှ ကြွင်းသော အမျိုးသမီးများ ကျွန်ုပ်ကို ပြစ်လျှင် မချစ်ခင် မနှစ်သက်ပဲ မနေနိုင်ပါစေဟု ဆုတောင်းခဲ့သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၁)
ပါဠိသဒ္ဒါခက်ဆစ်
ပရဒါရူပသေဝီ = ပရဿ ဒါရာ ပရဒါရာ။ ပရ + ဒါရာ။ ပရဒါရံ ဥပသေဝတိ သီလေနာတိ ပရဒါရူပသေဝီ။ ပရဒါရာ + ဥပ + သိဝ် + ဏီ။
အပုညလာဘံ = အပုညဿ လာဘော အပုညလာဘော။ အပုည + လာဘ။
န နိကာမသေယျံ = နိကာမံ သေယျံ နိကာမသေယျံ။ နိကာမ + သေယျ။
ထောကိကာ = ထောကံ အဿ အတ္ထီတိ ထောကိကာ။ ထောက + ဏိက။ ထောကံ = ထု စ၊ ပသာဒေ၊ ဏော။
ခေမကသေဋ္ဌိပုတ္တဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၂-နိရယဝဂ်
၄-ခေမကသေဋ္ဌိပုတ္တဝတ္ထုပါဠိဂါထာ
အပုညလာဘံ န နိကာမသေယျံ, နိန္ဒံ တတီယံ နိရယံ စတုတ္ထံ။
ပမတ္တော၊ သတိကင်းပေါ့ မေ့လျော့သော။ ပရဒါရူပသေဝီ၊ သူတစ်ပါး၏ မယားကို မှီဝဲပြစ်မှားလေ့ရှိသော။ နရော၊ ယောကျ်ားဖြစ်သူသည်။ အပုညလာဘံ၊ မကောင်းမှုကို ရခြင်းလည်းကောင်း။ န နိကာမသေယျံ၊ အလိုရှိသလောက် မအိပ်ရ ခြင်းလည်းကောင်း။ တတိယံ၊ သုံးခုမြောက်ဖြစ်သော။ နိန္ဒံ၊ ကဲ့ရဲ့ခြင်းလည်းကောင်း။ ဝါ၊ အကဲ့ရဲ့ခံရခြင်းလည်းကောင်း။ စတုတ္ထံ၊ လေးခုမြောက်ဖြစ်သော။ နိရယံ၊ ငရဲလည်းကောင်း။ ဝါ၊ ငရဲသို့ ရောက်ရခြင်းလည်းကောင်း။ (ဣတိ၊ ဤသို့။) စတ္တာရိ၊ ၄မျိုးကုန် သော။ ဌာနာနိ၊ ဒုက္ခ၏ အကြောင်းတို့သို့။ အာပဇ္ဇတိ၊ ရောက်ရ၏။ (ပါ-၃၀၉)
ရာဇာ စ ဒဏ္ဍံ ဂရုကံ ပဏေတိ, တသ္မာ နရော ပရဒါရံ န သေဝေ။
(ယသ္မာ၊ အကြင်ကြောင့်။ တဿ၊ ထိုသူတစ်ပါးမယားကို မှီဝဲသူ၏။) အပုည လာဘော စ၊ မကောင်းမှုကို ရခြင်းသည်လည်းကောင်း။ ပါပိကာ၊ ယုတ်ညံ့သော။ ဂတိ စ၊ ငရဲဘုံသည်လည်းကောင်း။ ဝါ၊ ငရဲသို့ ရောက်ရခြင်းသည်လည်းကောင်း။ (ဟောတိ၊ ၏။) ဘီတဿ၊ ကြောက်လန့်နေသော ယောကျ်ား၏။ ဘီတာယ၊ ကြောက်လန့်နေသော မိန်းမနှင့်။ (သဒ္ဓိံ၊ အတူ။) ရတိ စ၊ မွေ့လျော်ပျော်ပါးခြင်းသည်လည်း။ ထောကိကာ၊ နည်းသည်။ (ဟောတိ) ရာဇာ စ၊ မင်းသည်လည်း။ ဂရုကံ၊ ကြီးလေးသော။ ဒဏ္ဍံ၊ ပြစ်ဒဏ်ကို။ ပဏေတိ၊ ပေးဆောင်ချမှတ်၏။ (တသ္မာ၊ ထိုကြောင့်။) နရော၊ ယောကျ်ား ဖြစ်သူသည်။ ပရဒါရံ၊ သူတစ်ပါး၏ မယားကို။ န သေဝေ၊ မမှီဝဲ မပြစ်မှားရာ။ [ဘီတာယ ကို သတ္တမျန္တယူ၍ “ဘီတာယ၊ ၌။ ရတိ စ၊ လည်း။ ထောကိကာ ဟောတိ”ဟုလည်း ပေးကြ၏။] (ပါ-၃၁၀)
ခေမကသေဋ္ဌိပုတ္တဝတ္ထုဂါထာနိဿယပြီးပြီ။