စားစား၊ တသွား လာလာ၊တဆာ လောင်လောင်၊တတောင် လည် လည်၊ တမြည် တီးတိုး ၊ တညှိုး ခြောက်ခြောက် ၊ တတောက် ပတ်ပတ် ၊ တညွတ် ယိုင်ယိုင် ၊ တမှိုင် တွေတွေ၊ တရေ ရွတ်ရွတ်၊ တဆွတ် ပျံ့ပျံ့၊ တအံ့ ချီးချီး၊ ပြည် ပျက်စီး၍၊ သမီးလည်း ဆုံး၊ နှလုံး မသာ၊ အသုရာသို့၊ အာဏာ မာန်ရှိန်၊ ညှိုးငယ်ပိန်လျက်၊ ကလိင်္ဂရာဇ်၊ တိုင်းစစ် သခင်၊ ရှိမည် ပင်တည့်။ ဆောလျင်မဆိုင်း၊ ကြံအားလှိုင်းလျက်၊ တိုင်းကလိင်္ဂ၊ မြို့, ပြ, မြင်း, ဆင် ၊ ကုန်စင် လက်နက် ၊ ယူ၍ ဆက်အံ့ ။ ရွှေလက်တော် ရောက် ၊ မဖေါက်ဧကန်၊ မှန်ပြီ မလွဲ၊ စိတ်တော်စွဲ၍၊ ၊ စစ်ပွဲ,ဝင်တော် မူပါ လော့[၁]။။”
၁၂။။ နန္ဒီသေန၊ ပဏ္ဍိတလျှင်၊ အဿကမင်း၊ ထွတ်သနင်းအား၊ နားသွင်း လျှောက်ပြီး၊ သမီး ကညာ၊ ကလျာ ရွှေသား၊ ထိုလေးပါးသည်၊ မိဖုရားအရာ၊ ရောက်သောခါမှ၊ ဗိုလ်ပါ အများ၊ သံတို့အားကို၊ စကား မခြွင်း၊ နားပါးသွင်း၍၊၊ လင်းလင်း,ဖော်ပြ ဆိုလတည်း။။
၁၃။။ “ကလိင်္ဂရာဇ်၊ မင်းစစ် စေသံ၊ ရေးရာပြုဟု၊ သူ နိုင်ငံကြီး၊ သည်ခရီးသို့၊ သမီး ကညာ၊ ဆက်ပို့လှာသည်၊ လိမ္မာ ဖြောင့်စင်း၊ အို အချင်းတို့၊၊ ရောင်ဆင်း လှတင့်၊ ပြစ်မျိုးလွင့်သည်၊ နတ်ရှင့်သမီး၊ မကြီး ရွှင်ပြုံး၊ လေးယောက်လုံးကို၊ လေးကုံး မဏိ၊ ရွှေနှင့်ညှိသို့၊ မင်းမိဖုရား၊ အရာထားလျက်၊ မြှောက်စား ကြည်လင်၊ ရွှေနန်းတင်ပြီး၊ ဆင်ယင် တန်ဆာ၊ စုံလင်စွာလျှင်၊ ပါဋလိမြို့၊ ရောက်အောင်ပို့ ဟု၊ သင်တို့ ဇနိန်၊ ကလိင်္ဂရာဇ်၊ မင်းစစ်, မင်းဖျား၊ မင်းတရားအား၊ ကြောင်းလျား ထုတ်ဖေါ်၊ ရေးရာမျှော်၍၊၊ နားတော်,သင်တို့ လျှောက်လေကုန်။။
၁၄။။ “နရာဓိပ၊ အဿကဟု၊ ပေါက်ပြ ကျော်ထင်၊ တို့အရှင်နှင့်၊ ကျွမ်းဝင် ဆပွါး၊ ရွှေနှစ်ပြား ကို ၊ တပြားတည်း ထပ်[၂] ၊ စပ်သောအလား၊ ရေဝယ်သားက၊ အခြား မတည်၊ ပြည်နှစ်ပြည်ကို၊ တပြည်တည်း ပြွမ်း၊ မေတ္တာဆမ်းလျက်၊ ရွှေလမ်း,ငွေလမ်း၊ ပြည့်မွမ်းလာရောက်[၃]၊ ခရီးပေါက် ၍၊ ခံသောက် စိတ်တူ ၊ သစ္စာ ယူက၊ ထီးဖြူ နန်းအိမ် ၊ မစိုးရိမ်ပင်[၄] ၊ စည်း