မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:နန္ဒီသေနပျို့.pdf/9

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖ်ဖတ်ပြီးပါပြီ
လက်ဝဲသုန္ဒရ

ကလိင်္ဂဟု၊ မည်ရ ကျော်ချီး၊ ထိုပြည်ကြီးက၊ သမီး ကညာ၊ လှ,မြတ်စွာတို့၊ ပြည် ပါဋလိ၊ ရောက်သည်ရှိသော်၊ မြေကြီး အထု၊ ဂုရု ပညာ၊ လိမ္မာ သိ , ညီ၊ ရှေးထုံးမှီသည်၊ နန္ဒီသေန၊ အဂ္ဂမဟာ၊ သေနာပတိ၊ ပြည်ကြီး ဦးကင်း၊ မတ်ခေါင်ချင်းကား၊ မျှော်တင်း ခန့်ရည်၊ တံခါးသည် ကို၊ ရွှေပြည် ဒွါရ၊ ဖွင့်ကြစေပြီး၊ သမီးကညာ၊ သိ,လိမ္မာသည်၊ ကလျာ ရောင်တောက်၊ မြို့တွင်း ရောက်မှ၊ ဝှန်ချောက် သတင်း၊ ပြည့်ရှင်မင်းအား၊ နားသွင်း တုံ့ခေါက်၊ ဤသို့လျှောက်၏။ “ရှေ့,နောက်,မြောက်,တောင်၊ တိုင်း ပြည်ထောင်ကို၊ နတ် လောင်မီးကျ၊ နှိုင်းတမျှလျှင်၊ သိကြား လက် နက်၊ ဝက်ဝက် ချိုးဖဲ့၊ ရှသကဲ့သို့[]၊ ပြည်တဲ့ အလုံး၊ အုပ်ဖုံး မဆံ့၊ လေး ကျွန်းနှံ့လျက်၊ ချီးအံ့ မကုန်၊ ဝသုန္ဓရေ၊ မြေလည်း စောင်းထောင်၊ တောင် လည်း ညွတ်လျ၊ တုန်လှုပ်ရရှင့်။ အဿက ရာဇာ၊ မည်တော်သာဖြင့်၊ ဆယ် ဖြာ တရား၊ ယွင်း,မမှားတည့်။ စော်ကား ရိုင်းပြ၊ ဒေါသ မာန်ယစ်၊ ရန်သူ ဖြစ်လည်း၊ ချစ်ချစ် ခင်ခင်၊ သားနှယ်ထင်၍၊ မှက်,ခြင်,ယင် ရောက်၊ သွေး တပေါက်မျှ၊ မသောက်စေချင်၊ စိတ်တော်ကြင်သည်။ နတ်ရှင် မင်းဖျား၊ စောတရား၊ ၊ပတ္တမြားတုံး၊ စဉ်သင့်ကုံးလျက်၊ ရွဲလုံး ပြည်တန်၊ ထွန်းသော ဟန်သို့၊ ကောင်းကြန် လက္ခဏာ၊ ရှုသာ မငြီး၊ သမီး ကညာ၊ ရတနာသည်၊ သမ္ဘာတက်တုန်း၊ ဖုန်းလည်း တက်တိုး၊ တန်ခိုး တောက်ပ၊ ဆက်လှာရဟု၊ ရွှင်ပျ လန်းလန်း၊ စိတ်တော်မှန်း၍၊၊ ရွှေနန်း,တင်တော် မူပါ လော့။

၁၀။။ “ ဇမ္ဗုဒီပ၊ ဤ ကျွန်းမြထက်[]၊ ရန်စ မပြုန်း၊ ဘယ်သူ နှုန်းအံ့။ ငါ့ဖုန်း ဖြိုးဖြိုး ၊ ငါ့တန်ခိုး က ၊ ငါစိုးသည့် ပြည် ၊ ငါ့ရည် ငါ့ချင်း၊ ငါ့မြင်း ငါ့ဆင်၊ ငါ့တွင် ပြည့်နှက် ၊ ငါ့လက်ထက်တိ[]၊ ငါ့ကရိယာ ၊ ငါ့ဗိုလ် ပါနှင့် ၊ လိမ္မာ ပွန်းတီး ၊ ငါ့မတ်ကြီး၏ ၊ ထွန်းညီး ထိန်ထိန် ၊ ပညာ ရှိန်ကို ၊ ကလိင်္ဂရာဇ် ၊ မသိဖြစ်က၊ ရန်စစ်ငြူစူ၊ မီးသည် ဟူလျက်[]၊ ယူသော် မလွဲ၊ စိတ်ကျိတ်ခဲ၍၊၊ မှတ်စွဲ,ထင်တော် မူပါလော့။

၁၁။။ “ မြင့်မိုတောင်ဖျား ၊ သူ့ တိုင်းကားနှင့် ၊ သိကြား နေရာ ၊ ရန်ရှာ ရန်ခိုက် ၊ စစ်မက် တိုက်သော် ၊ တရှိုက် ရှူရှူ[] ၊ တပူ ပင်ပင် ၊ တထင်


  1. ရှိသကဲ့သို့ (ဟံ)
  2. ဤကျွန်းမထက် (ဟံ)
  3. ငါ့လက်နက်တိ (ဟံ)
  4. မိသည်ဟူလျက် (ဟံ)
  5. တဟိုက်ရှူရှူ (ဆုံ, ဟံ)