မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:နန္ဒီသေနပျို့.pdf/8

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖတ်ပြီးပါပြီ
နန္ဒီသေနပျို့

မဖက်,မဆိုင်၊ မပြိုင်,မခိုင်၊ ယှဉ်မနှိုင်းတည့်။ တတိုင်း, ခရိုင်၊ တခြား ပိုင်သည်၊ တနိုင်ငံ ကွဲ၊ စိုးကဲ ဆောင်ယောင်၊ တပြည်ထောင်က၊ မရှောင် ကြော့ကြမ်း၊ ဒေါသမွမ်း၍၊ အစွမ်း အဆောင်၊ ဂုဏ်ရောင် ကျေးဇူး၊ မသိ ဖူးက၊ ဝှေ့ဆူး ရဲဟုန်၊ မာန်,မကုန်သည်။၊ ပြောင်မှန် ဖြူဝင်း၊ စွယ်ရောင် ကျင်းမူ၊ ခပင်း မြားမြောင်၊ လန့်ကြောက်ရှောင်သို့၊ ပြည်ထောင် တဝိုက်၊ အတိုက်တိုက်တွင်၊ ခြိမ်းရိုက် ကျော်သံ၊ စဲ,မညံတည့်။ နိုင်ငံ ပြည်ရေး၊ ဆွေးနွေး မင်းမှု၊ စီရင်စုလည်း၊ နုသော် ဝါဂွမ်း၊ ကြမ်းသော် သံယောင်၊ ရွက်ဆောင် ဓလေ့၊ ခြင်္သေ့ မင်းစိတ်၊ ရွှံ့မထိတ်သို့၊ မဖိတ်,မလည်၊ မြဲတည်ကြည်သည်၊၊ ဂုဏ်ရည် နက်နက် လေးလေးတည်း။

၈။။ မင်းအဿက၊ စောဒေ၀နှင့်၊ မြို့ပြ, ခရိုင်၊ ကိုယ်စီပိုင်၍၊ ထီးပြိုင် ဆောင်းချိန်၊ ကိုယ် အရှိန်နှင့်[]၊ ကလိင်္ဂရာဇ်၊ ထွန်းလစ် တေဇ၊ နရိန္ဒကား၊ “ဘယ်က စစ်မက်၊ ပြိုင်ဖော် ထွက်အံ့။ လက်နက်ကရိယာ၊ ဗိုလ်ပါ, မြင်း, ဆင်၊ အားပြချင်” ဟု၊ ဆင်ယင် မငြီး၊ ရထားကြီးတွင်၊ “သမီး ကညာ၊ ပါသည် လေးပါး၊ မိဖုရားလျှင်၊ မြှောက်ထားဝံ့သူ၊ စစ်မက်မူ”ဟု၊ ဇမ္ဗူ ကျွန်းမြေ၊ လှည့်ပတ်စေသော်၊ ဘယ် ဧကရာဇ်၊ စစ်မက် မရည်၊ ဘယ်ပြည်, ဘယ်မင်း၊ ဘယ် မြို့တွင်းက၊ ရန်ဘင်း မမာ၊ ပြည်ပါဋလိ၊ ရောက်သည်ရှိသော်၊ မတ်ကြီး ရည်သွား၊ စွမ်းအား ဗလ၊ ဉာဏ ဂမ္ဘီ၊ ပြည့်စုံညီသည်၊ နန္ဒီသေန၊ ကြံရေး မ,လျက်၊ အဿက မင်းကြီး၊ ဖုန်းရောင်ညီးသည်၊ သမီးကညာ၊ ပါသည်လေးပါး၊ မိဖုရားဟု၊၊ တင်ထား,ရွှေဘုံ မြန်းလတုံအံ့[]

တမ်းပလိတ်:Left margin


  1. ထိုအရှိန်ဖြင့် (ဟံ)
  2. ထင်ရှား,ရွှေဘုံ ပြန်တုံတုံအံ့ (မြန်)၊ ထင်ရှား,ရွှေဘုံ မြန်းတုံတုံအံ့ (ဦး)