မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:UN Charter (Burmese translation).djvu/38

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုမဖတ်ရသေးပါ
အပိုဒ် - ၁၀၀။

၁။ အတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် မည်သည် အစိုးရထံကမျှ၊ သို့မဟုတ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပြင်ပရှိ အခြားမည်သည့် အာဏာပိုင်ထံကမျှ ညွှန်ကြားချက်များကို တောင်းခံခြင်း၊ သို့မဟုတ် လက်ခံခြင်းမပြုရ။ အတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကိုသာ တာဝန်ခံရသည့် အပြည်ပြည်ဆိုင်ရာ ဝန်ထမ်းများ ဖြစ်သည့်အားလျော်စွာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် မလျော်သည့် အပြုအမူမှန်သမျှကို ရှောင်ကြဉ်ရမည်။

၂။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အသီးသီးသည် အတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများ၏ အပြည်ပြည်နှင့် သက်ဆိုင်သည့် သဘောလက္ခဏာသာ သက်ဝင်သော တာဝန်များကိုလေးစားရန်နှင့် ၎င်းတို့၏တာ၀န်များကို ဆောင်ရွက်ရာတွင် ၎င်းတို့အပေါ် ဩဇာလွှမ်းမိုးခြင်းမပြုရန် တာ၀န်ယူရသည်။

အပိုဒ် - ၁၀၁။

၁။ ဝန်ထမ်းများကို အတွင်းရေးမှူးချုပ်က အထွေထွေညီလာခံမှ ချမှတ်ထားသော စည်းမျဉ်းဥပဒေများအရ ခန့်ထားရမည်။

၂။ သင့်လျော်သော ဝန်ထမ်းများကို စီးပွားရေးနှင့် လူမှုရေးကောင်စီ သို့လည်းကောင်း၊ နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီသို့ လည်းကောင်း၊ လိုအပ်ပါက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အခြားလုပ်ငန်းအဖွဲ့များသို့လည်းကောင်း အမြဲတမ်း ချထားပေးရမည်။ ထိုဝန်ထမ်းများသည် အတွင်းရေးမှူးချုပ်ရုံးတွင် အပါအဝင် ဖြစ်ရမည်။

၃။ ဝန်ထမ်းများကို ခန့်ထားရာတွင်လည်းကောင်း၊ ဝန်ထမ်း စည်းကမ်းများကို သတ်မှတ်ရာတွင်လည်းကောင်း၊ အလုပ်အကိုင်၊ အရည်အချင်းနှင့် သိက္ခာ သမာဓိ ဂုဏ်အဆင့်အတန်း အမြင့်ဆုံးရရှိရန် လိုအပ်ခြင်းကို အဓိက ထား၍ ထည်သွင်းစဉ်းစားရမည်။ အရာထမ်းအမှုထမ်းများကို ခေါ်ယူခန့်ထားရာတွင် ပထဝီအခြေခံအရ ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်စေရေးကို မူတည်၍ ခန့်ထားရန် အရေးကြီးကြောင်းကို ထိုက်သင့်သလို ထောက်ထားရမည်။


တမ်းပလိတ်:Asc

အပိုဒ် - ၁၀၂။

ယခုလက်ရှိ ပဋိညာဉ်စာချုပ်စတင်အာဏာ တည်သည့် နောက်မည်သည့်ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံကမဆို ချုပ်ဆိုသော စာချုပ်အသီးသီးနှင့် ပြည်ထောင်