မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:UN Charter (Burmese translation).djvu/39

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုမဖတ်ရသေးပါ

အချင်းချင်းသဘောတူစာချုပ်အသီးသီးကို ဆောလျင်နိုင်သမျှဆောလျှင်စွာ အတွင်းရေးမှူးချုပ်ရုံးတွင် မှတ်ပုံတင်ရမည့်ပြင် ထိုရုံးကလည်း ထုတ်ပြန်ကျေညာရမည်။

၂။ အဆိုပါစာချုပ်ကို သို့မဟုတ် အဆိုပါ ပြည်ထောင် အချင်းချင်း သဘောတူစာချုပ်ကို ဤအပိုဒ်၏ စာပိုဒ် ၁ ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိပါက ထိုစာချုပ်၊ သို့မဟုတ် ထိုသဘောတူစာချုပ်တွင် သက်ဆိုင်ပါဝင်သော မည်သည့် နိုင်ငံတွင်မျှ ထိုစာချုပ် သို့မဟုတ် ထိုသဘော တူစာချုပ်နှင့် စပ်လျဉ်း၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ လုပ်ငန်းအဖွဲ့ တစ်ခုခုတွင် တိုင်တည်နိုင်ခွင့် မရှိစေရ။

အပိုဒ် - ၁၀၃ ။

ယခုလက်ရှိ ပဋိညာဉ်စာချုပ်အရဖြစ်သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တာဝန်များနှင့် အခြားပြည်ထောင်စု အချင်းချင်း သဘောတူစာချုပ်တစ်ခုခုအရဖြစ်သော ၎င်းတို့၏တာဝန်များ ဆန့်ကျင်ကွဲလွဲနေလျှင် ယခုလက်ရှိ ပဋိညာဉ် စာချုပ်အရဖြစ်သော ၎င်းတို့၏ တာဝန်များသာ အတည်ဖြစ်ရမည်။

အပိုဒ် - ၁၀၄။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံအသီးသီး၏ နယ်ပယ်တွင် မိမိ၏ အလုပ်ဝတ္တရားများဆောင်ရွက်ရေးနှင့် မိမိ၏ ရည်ရွယ်ချက်များ အထမြောက်ရေးအတွက် လိုအပ်သည့်အတိုင်း တရားဝင် အရေးယူဆောင်ရွက်နိုင်သော အခွင့်အရေးကို ခံစားခွင့်ရှိရမည်။

အပိုဒ် - ၁၀၅။

၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ အသီးသီး၏ နယ်ပယ်တွင် မိမိ၏ ရည်ရွယ်ချက်များ အထမြောက်ရေးအတွက် လိုအပ်သော အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များကို ခံစားခွင့်ရှိရမည်။

၂။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ကိုယ်စားလှယ်များနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ဝန်ထမ်းများသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် စပ်လျဉ်းသည် မိမိတို့၏ အလုပ်ဝတ္တရားများကို လွတ်လပ်စွာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော အခွင့်အရေးများနှင့် ကင်းလွတ်ခွင့် များကို အလားတူ ခံစားခွင့် ရှိရမည်။

၃။ အထွေထွေညီလာခံသည် ဤအပိုဒ်၏ စာပိုဒ် ၁ နှင့် ၂ အရ ခံစားရမည့် အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ အသေးစိတ်သတ်မှတ်ရေးကို ရှေ့ရှု၍ ထောက်ခံချက်များ ပေးနိုင်သည်။ သို့မဟုတ် ဤကိစ္စအလို့ငှာ သဘောတူစာချုပ်များ ချုပ်ဆိုရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ အဆိုပြုနိုင်သည်။