တန်ဆောင်တိုင်ပွဲတော်
ပုံပန်းသွင်ပြင်
သင်ခန်းစာ (၃၉)
တန်ဆောင်တိုင်ပွဲတော်
[ပြင်ဆင်ရန်]စတုဒီသာ တန်ဆောင်တိုင်ပွဲတော်တွင် လူအများစုပေါင်း၍ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသည်။
ဘုရားကျောင်းကန်နှင့် လူနေအိမ်များတွင် ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ကြသည်။ မီးပုံးပျံများကိုလည်း ပျော်ရွှင်စွာ လွှတ်တင်ကြသည်။
တစ်နိုင်ငံလုံး မြို့ရွာအနှံ့ ကထိန်အလှူပွဲများကို စည်စည်ကားကား ကျင်းပကြသည်။
တန်ဆောင်မုန်းလ
[ပြင်ဆင်ရန်]ဆီမီး ရောင်စုံ တမြိုင်မြိုင်၊
လမြတ်တန်ဆောင်တိုင်။
မြိုင်မြိုင်ဆိုင်ဆိုင် တို့ဆင်နွှဲ၊
ကထိန်ခင်းတဲ့ပွဲ။
သောသောညံလို့ ရွာထဲတွင်၊
နိဗ္ဗာန်ဈေးတွက် ပြင်။
ဆေးဖက်ဝင် မဲဇလီဖူး၊
ဝိုင်းဖွဲ့ စားလို့ ပျော်ရွှင်မြူး၊
အားလုံးစိတ်ကြည်နူး။ ။