မာတိကာသို့ ခုန်သွားရန်

သင်္ကြန်ပွဲတော်

ဝီကီရင်းမြစ် မှ
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၄ဝ) သင်္ကြန်ပွဲတော်
3569ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၄ဝ) သင်္ကြန်ပွဲတော်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄၀)

သင်္ကြန်ပွဲတော်

[ပြင်ဆင်ရန်]

သင်္ကြန်အခါတွင် အတာအိုးများ ထိုးကြသည်။ မုန့်လုံးရေပေါ် လုပ်စားကြသည်။ ပျော်ရွှင်စွာ ရေကစားကြသည်။

သက်ကြီးရွယ်အို ဘိုးဘွားများကို ပူဇော်ကန်တော့ကြသည်။

ဘုန်းကြီးကျောင်းသို့ သွား၍ သီလယူခြင်း၊ ဥပုသ်စောင့်ခြင်း၊ တရားအားထုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ သတ္တဝါများကို ဘေးမဲ့လွှတ်ခြင်း စသော ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။

နှစ်ဆန်းတစ်ရက်နေ့တွင် ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြသည်။