တပည့်ကျင့်ဝတ်
သင်ခန်းစာ (၂၂)
တပည့်ကျင့်ဝတ်
[ပြင်ဆင်ရန်]ဆရာ့စကား နားထောင်ပါ
ရှေးအခါက ဘုရားအလောင်းရသေ့သည် ရသေ့ငါးရာနှင့်အတူ နေထိုင်ခဲ့သည်။
ရသေ့လေးတစ်ပါးသည် မြွေပေါက်စလေး တစ်ကောင်ကို မွေးမြူထားလေသည်။
ဘုရားအလောင်းရသေ့ သိသောအခါ “မြွေဟောက်ဟာ အန္တရာယ်ရှိတယ်၊ မွေးမြူဖို့ မသင့်ဘူး၊ လွှတ်လိုက်ပါ” ဟု ရသေ့လေးအား ဆုံးမလေသည်။ သို့သော် ရသေ့လေးသည် ဘုရားအလောင်းရသေ့၏ စကားကို နားမထောင်ခဲ့ပေ။
တစ်နေ့တွင် သစ်သီးရှာသွားရာ မြွေဟောက်လေးကို ဝါးလုံးခေါင်းအတွင်း ထည့်ပိတ်ကာ တောထဲသို့ ထွက်ခွာသွားခဲ့သည်။ ရသေ့လေးသည် တောထဲ၌ နှစ်ရက်သုံးရက် ကြာသွားခဲ့သည်။
တောထဲမှ ပြန်ရောက်လာသော ရသေ့လေးသည် ဝါးလုံးအဖုံးကို ဖွင့်လိုက်ရာ အလွန်ဆာလောင်ပြီး ဒေါသထွက်နေသော မြွေဟောက်လေးသည် ရသေ့ လေးအား ကိုက်လိုက်လေသည်။ ရသေ့လေးသည် ထိုနေရာ၌ပင် ကွယ်လွန်သွားခဲ့လေသည်။ ထိုအခါ ဘုရားအလောင်းရသေ့က စေတနာဖြင့် ပြောကြား လာသော ဆရာ့စကားကို နားမထောင်သည့်အတွက် အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်း ရသေ့များအား ပြော ကြားခဲ့လေသည်။
တပည့်ကျင့်ဝတ်
[ပြင်ဆင်ရန်]ညီညာထကြွ၊ ဆုံးမနာယူ၊
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊ တပည့်ဝတ်၊
မချွတ်ငါးခုသာ။ ။