သစ္စာရှိသော တပည့်
သင်ခန်းစာ (၂၃)
သစ္စာရှိသော တပည့်
[ပြင်ဆင်ရန်]ရှေးအခါက ရွှေဟင်္သာမင်းသည် ရေကန်ကြီးတစ်ကန်တွင် ဟင်္သာများစွာ ခြံရံလျက် ပျော်ရွှင်စွာ ရေကစားလေ့ရှိ၏။
တစ်နေ့တွင် ရွှေဟင်္သာမင်းသည် မုဆိုးတစ်ယောက်၏ ကျော့ကွင်း၌ မိလေ၏။ ဟင်္သာအားလုံး လန့်၍ ပျံသွားကြသည်။ ဟင်္သာငယ်တစ်ကောင်သာ သူ့သခင် ရွှေဟင်္သာမင်းအနီးမှာ ရှိနေခဲ့သည်။
ကျော့ကွင်း၌ မမိသော်လည်း ပျံမပြေးသော တပည့်ဟင်္သာကို မုဆိုးတွေ့ သောအခါ အံ့ဩသွား၏။ အကြောင်းစုံကို မေးမြန်းကြည့်သည်။ ထိုအခါ မုဆိုးသည် တပည့်ဟင်္သာ၏ သစ္စာရှိမှု၊ ရဲစွမ်းသတ္တိရှိမှုတို့ကို သိရှိသွားသည်။
မုဆိုးသည် ဟင်္သာနှစ်ကောင်ကို ချစ်ခင်လေးစားသွားသည်။ ရွှေဟင်္သာမင်း၏ ဒဏ်ရာကို ကို သက်သာအောင် ပြုစုပေးပြီး နှစ်ကောင်လုံးကို ပြန်လွှတ်ပေးလိုက်လေသည်။
ကျေးဇူးရှင် ဆရာ ဆရာမ
[ပြင်ဆင်ရန်]ဘုရား တရား မြတ်သံဃာ၊
ဦးထိပ်ပန်ဆင်ကာ။
မိဘဆရာ ဆိုစကား၊
အမြဲတို့လေးစား။
သမီးသားတို့ တာဝန်ပေ၊
ကြိုးစားကြဖို့လေ။
ဆရာ ဆရာမတွေက သွန်သင်ပြ၊
ကျေးဇူးကြီးပေစွ။ ။