မာတိကာသို့ ခုန်သွားရန်

တမ်းပလိတ်:အထူးအကြောင်းအရာ

ဝီကီရင်းမြစ် မှ

Download this featured text as an EPUB file (suitable for most e-readers except Kindles). Download this featured text as a RTF file. Download this featured text as a PDF. Download this featured text as a MOBI file (suitable for Kindles). ဒေါင်းလုပ်ရယူပါ

မင်းထိပ်ဦးနေဧချင်း သည် ဝန်ကြီးပဒေသရာဇာ ရေးသားခဲ့သော ဧချင်းတစ်ပုဒ်ဖြစ်သည်။ ဧချင်းအဖွဲ့ခံမင်းသမီးဖြစ်သော မင်းထိပ်ဦးနေ၏ ခမည်းတော် အိမ်ရှေ့မင်း မဟာဓမ္မရာဇာ၏ အိမ်တော်တက်အခမ်းအနားကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

တိုးတက်မင်္ဂလာ ဘုန်းတေဇာတည့် ဖြာဖြာဖြိုးမြင့် မငြိုးပွင့်သည် ရာမင့်ဦးစွန်း ထိပ်ပန်းလုချာ ဧကရာလျှင် မဟာရာဇာဓိပတိ မည်တော်ရှိသည် သီရိထွန်းပ နရသင်းကျစ် ဧကရာဇ်၏ ရင်နှစ်သွေးရည် လှသည်ရောင်ဆင်း လနှယ်ဝင်းသည့် မင်းထိပ်ဦးနေ မြတ်သန္ဓေကို ရံရွေပြီးမှ ချီထိန်းယနှင့် နုရွငယ်သက် ကစားဖက်ကို စုံမက်ပျံ့ပျူး လွှဲကျူးစရာ ဧးချင်းစာကို ရုံးကာလွယ်လှ အကျဉ်းပြ၍ ဘုရားကျွန်တော် ထင်ပေါ်မင်းပွဲ မင်းရဲမင်းလှကျော်ထင် ဦးတင်ရှိမြောက် စီကုံးလျှောက်မည် စံမြောက်ရွှေလှော် နန်းထက်ဖျော်သည် နားတော်စေ့စေ့ နာတည့်လေ လျင်လျင်တည့်ဘုန်းမွေး စက်ပျော်ရေး ။ ရွှန်းရွှန်းတည့်ယဉ်ချေး နှုတ်ပျံ့မွှေး ။ ဧးယဉ်တည့်သံလေး သံယင်ဧး ။

ထွန်းပအသရေ ထွေထွေဆန်းထူး ရှုတိုင်းမူးသည် ထိပ်ဦးနေရှင် ရုပ်သွင်လှကျော် ရွှေနားဖျော်လော့ ထွန်းပေါ်ကမ္ဘာ တည်သောခါက မဟာသမ္မတ စ၍တိုင်ရှဲ့ မင်းဖြစ်ခဲ့ပြီး မြို့ကြီးသာစည် တကောင်းပြည်ကို စိုးသည်လုထိပ် ခုနစ်ကျိပ်နှင့် ရန်နှိပ်ပယ်ရှား ခုနစ်ပါးမှ ရွေ့ရှားတထွေ သရေခေတ္တရာ ပြည်အောင်ချာဝယ် ရာဇာဘုန်းကြွယ် နှစ်ဆယ်ကကျူး ခုနစ်ဦးလျှင် စိုးမှူးခဲ့နောက် ဘုန်းတောက်ထင်ရှား နေနဂါး၏ သည်းကြားပျူမင်း ထွတ်ရန်နင်းလျှင် ပွင့်လင်းသာစံ ပြည်ပုဂံကို ဘုန်းလျှံဥမျိုး စံ၍စိုးသည် တန်ခိုးပြင်းတေဇာတည့်လေ ရန်မာန်တည့်နီးဝေး ကြောက်တုန်ဧး စဉ်ရှည်တည့်ဆက်ရှေး သခင်ဘေး ။. . .

(ဆက်လက်ဖတ်ရှုရန်...)
Template documentation