မာတိကာသို့ ခုန်သွားရန်

တမ်းပလိတ်:အထူးအကြောင်းအရာ/ဖေဖော်ဝါရီ

ဝီကီရင်းမြစ် မှ

Download this featured text as an EPUB file (suitable for most e-readers except Kindles). Download this featured text as a RTF file. Download this featured text as a PDF. Download this featured text as a MOBI file (suitable for Kindles). ဒေါင်းလုပ်ရယူပါ

ငစဉ့်ကူးမင်း ရွှေနားတော်သွင်း ခေါ် ပလိပ်စားဧချင်း သည် ပုခန်းကြီးသား ပလိပ်ရွာစား မင်းရဲရာဇာဘွဲ့ခံ ငဖျော် ရေးသားခဲ့သော ဧချင်းတစ်ပုဒ်ဖြစ်သည်။

မင်္ဂလာချက်ဘွေ လေးရောင်ထွေကို ရစ်ခွေလက်ယာ တုံ့ကာမြောက်တောင် တထောင်နိမ့်မြင့် ဆဲ့နှစ်ဆင့်ဝယ် အသင့်စည်စီ စက်ဝန်းချီလျက် တလီနှစ်ခန်း သုံးမည်ကျွန်းကို ပယ်ထွန်းမိုက်မှောင် ခြည်တထောင်ဖြင့် ပြောင်ပြောင်လင်းထိန် စက်ရဝိန်သို့ မြတ်ဣန္ဒနီ ရောင်ညီလျှံဝါ ထွန်းလင်းဖြာသည် တောင်ညာမြငူ ကျွန်းဇမ္ဗူထက် ပစ္စူမိုးဖြန့် တန်ခိုးကွန့်သည် ဆဒ္ဒန့်သခင် မှန်နန်းရှင်ဟု သောင်းခွင်နှံ့မွှေ ညာကြေလွှံပတ် ကျွန်းလုံးနတ်၏ သည်းပွတ်တော်ကြီး ပွင့်နီးရင့်ငုံ လုံးစုံမချို့ ဘုန်းရောင်ပြို့သည် တို့ကျေးဇူးရှင် … မြန်းမည်သူကို ထုံးယူမှတ်စေ ကျမ်းဂန်ဘွေ၍ ရွှေနားတော်ကြူး ပျံ့ပျူးချိုသာ လျှောက်ဝံ့ပါသည် မင်္ဂလာတည့်မနှေး ပြီးလွယ်ရေး ။

ရှစ်သောင်းနှစ်ထောင် နှစ်ပြန်ဆောင်သား ကျောက်တောင်လည်စက် တိုက်အနက်ဝယ် ခွန်ထွက်သိမ်းကျုံး ထွဋ်မင်းဆုံးနှင့် ပတ်ကုံးဝိသယာ အာဏာဇာတိ ခေတ်အချိတွင် မရှိနှိုင်းအင် မဂ်ညာဏ်ရှင်တို့ ထွန်းထင်တေဇာ ဖြစ်ပွင့်ခါဝယ် ရတနာခုနစ် နတ်ဖြစ်ရိပ်ငြိမ် စည်းစိမ်နေကြ ထွန်းလှာရသို့ တူလှမယွင်း တို့ထိပ်နင်းမူ လေးစင်းပင်လယ် နက်ကျယ်ဝန်းလည် ကျွန်းတည်တည်ကို လှည့်မည်စကြာ မှန်လှစွာ၍ ဤစာရန်ကင်း နားတော်သွင်းလျှင် နန်းခင်းရည်ရော် ဘုန်းကြောင့်ပေါ်ရှင့် ရှိန်စော်ကြက်သရေ တက်နေနှုန်းစံ … ငါးဆူပွင့်ရာ မည်သာဘဒ္ဒ သမိုက်ကြရှင့် မဆွထိုခါ မိုဃ်းရပ်ချာမှ ဗြဟ္မာသက်ကျွန်း ကိုယ်ထင်ထွန်းက ရေဝန်းပေါ်တက် ချိုမြတ်ရသာ စားငှါချင်စိတ် ရောင်ဘိတ်မကွန့် လူပေါင်းလန့်သော် မှောင်ဟန့်လှစ်တွန်း နေဝန်းထွက်ပေါ် လော်ကဓါတ်လုံး ပေါင်းရုံးတူပင် နှံ့မျှမြင်၍ ပျံ့ရွှင်မြေဆီ စိတ်ညီယူစား ကျင့်ဖေါက်ပြားက ကွယ်ပြားမြေလွှာ ထိုနောက်လာသည် ပတာတည့်နွှယ်မွှေး ဆန်သလေး ။. . .

(ဆက်လက်ဖတ်ရှုရန်...)
<!--

-->{{အထူးအကြောင်းအရာ ဒေါင်းလုပ်|**pagename**}}<!--

-->''"'''[[**pagename**]]'''" 
(**short introductory statement**) [[Author:**name**|]].
(**Summary statement about work**)
''
[[File:**selected image name**.jpg|150px|right]] <!--80px if portrait orientation-->
<div style="margin-left: 2em; font-size: 0.88em;">
(**snippet of starting text of work**)
</div>
:('''[[**pagename**|Read on...]])''')