တိံသမတ္တပါဝေယျကဘိက္ခုဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၅-ဗာလဝဂ်။ ၆-တိံသပါဝေယျကဘိက္ခုဝတ္ထု
၆၅။ မုဟုတ္တမပိ စေ ဝိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ဝိဇာနာတိ၊ ဇိဝှာ သူပရသံ ယထာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိန်းမပျောက်ကို လိုက်ရှာနေကြသော သုံးကျိပ်သော ပါဝါပြည်သားတို့သည် ဘုရားရှင်၏ ပထမဆုံးတရားကို ဝါပင်တောအုပ်၌ ကြားနာရ၍ ဧဟိဘိက္ခုရဟန်းဖြစ်ပြီးလျှင် ကာလအတန်ကြာမျှ ဓုတင်ဆောင်ပုဂ္ဂိုလ်အဖြစ်ဖြင့် နေ၍ ဘုရားရှင်၏ အနမတဂ္ဂတရားတော်ကို ထိုင်၍ နာကြားစဉ်ပင် လျင်မြန်စွာ ရဟန္တာဖြစ်ကုန်သော ပါဝါပြည်သား ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ရဟန်းတို့ ရဟန္တာဖြစ်ကြသည်။
အနက်
ဇိဝှာ၊ လျှာသည်။ သူပရသံ၊ ဟင်း၏ အရသာကို။ ဝိဇာနာတိ ယထာ၊ သိသကဲ့သို့။ ဝိညူ၊ ပညာရှိသည်။ မုဟုတ္တမပိ၊ တခဏမျှ။ အညံ၊ တပါးသော။ ပဏ္ဍိတံ၊ ပညာရှိသို့။ စေ ပယိရုပါသတိ၊ အကယ်၍ ဆည်းကပ်အံ့။ ခိပ္ပံ၊ လျင်မြန်စွာ။ ဓမ္မံ၊ သူတော်ကောင်းတရားကို။ ဝိဇာနာတိ၊ သိနိုင်၏။
စကားပြေ
လျှာသည် လျှာဖျားသို့ တင်ကာမျှ ဟင်း၏ အရသာကို သိသကဲ့သို့ ပညာရှိသည် အခြားပညာရှိတဦးသို့ တခဏမျှ ဆည်းကပ်သော် သူတော်ကောင်းတရားကို သိနိုင်၏။
ပဏ္ဍိတံ ပယိရုပါသတိ၊ ပညာရှိသည် တပါးသော ပညာရှိထံ ဆည်းကပ်၍ သင်ကြားမေးမြန်းသော် ပရိယတ္တိဓမ္မကို သိ၍ ထို့နောက် ကမ္မဋ္ဌာန်းတောင်း၍ ပဋိပတ်ကို အားထုတ်သော် လျင်မြန်စွာ လောကုတ္တရာတရားကို သိနိုင်၏။
ဇိဝှာ သူပရသံ ယထာ၊ ဇိဝှာပသာဒရုပ် မချို့တဲ့သော သူသည် အရသာကို သိရန် လျှာဖျားပေါ် တင်ကာမျှပင် ဆားပေါ့၊ ဆားလေး စသော အရသာကို သိသကဲ့သို့ ဖြစ်သည်။
ပါဠိသဒ္ဒါခက်ဆစ်
ဝိညူ = ဝိဇာနာတိ သီလေနာတိ ဝိညူ။ ဝိ + ဉာ + ရူ။
ဇိဝှာ = ဇီဝတိ ဧတာယာတိ ဇိဝှာ။ ဇီဝ + ဟာ။
တိံသပါဝေယျကဘိက္ခုဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၅-ဗာလဝဂ်
၆- တိံသမတ္တပါဝေယျကဘိက္ခုဝတ္ထုပါဠိဂါထာ
ခိပ္ပံ ဓမ္မံ ဝိဇာနာတိ, ဇိဝှါ သူပရသံ ယထာ။
ဝိညူ၊ လိမ္မာမြင်သိ, ပညာရှိသည်။ မုဟုတ္တံ အပိ၊ တစ်ခဏမျှ လည်း။ ပဏ္ဍိတံ၊ ပညာရှိကို။ စေ ပယိရုပါသတိ၊ အံ့။ (ဧဝံ သတိလသော်။) ခိပ္ပံ၊ လျင်မြန်စွာသာလျှင်။ ဓမ္မံ၊ ပရိယတ္တိတရား, လော ကုတ္တရာတရားကို။ ဝိဇာနာတိ၊ သိနိုင်၏။ (ကိမိဝ၊ နည်း?) ဇိဝှါလျှာသည်။ သူပရသံ၊ ဟင်း၏အရသာကို။ ဝိဇာနာတိ ယထာ၊ သိသကဲ့သို့တည်း။ (ပါ-၆၅) တိံသမတ္တပါဝေယျကဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။