မာတိကာသို့ ခုန်သွားရန်

တိဿတ္ထေရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၃ - တိဿရဝတ္ထု

၃။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။

၄။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်နှင့် ညီအစ်ကိုတဝမ်းကွဲတော်စပ်၍ ဆုံးမခက်သော တိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ တိဿထေရ်သည် ဆုံးမလွယ်သူအဖြစ်သို့သာ ရောက်၍ တပါးသော ရဟန်းတသောင်းတို့သည် သောတာပန်စသည် ဖြစ်ကြသည်။

အနက်

(ဧသော)၊ ဤသူသည်။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီး။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ နိုင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ခိုးဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေ၊ အကြင်သူတို့သည်။ တံ၊ ထိုအမျက်ဒေါသကို။ ဥပနယှန္တိ၊ စိတ်၌မြဲစွာဖွဲ့ကြကုန်၏။ (ဝါ) ရန်ငြိုးဖွဲ့ကြကုန်၏။ တေသံ၊ ကိုရန်ငြိုးဖွဲ့ကြသောသူတို့အား။ ဝေရံ၊ ဖြစ်ပေါ်လာသော ရန်သည်။ န သမ္မတိ၊ မငြိမ်းအေးနိုင်။

(ဧသော)၊ ဤသူသည်။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ နိုင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ခိုးဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေ၊ အကြင်သူတို့သည်။ တံ၊ ထိုအမျက်ဒေါသကို။ န ဥပနယှန္တိ၊ စိတ်၌စွဲမြဲစွာမဖွဲ့ကြကုန်။ (ဝါ) ရန်ငြိုးမဖွဲ့ကြကုန်။ တေသံ၊ ထိုရန်ငြိုးမဖွဲ့ကြသောသူတို့အား။ ဝေရံ၊ ဖြစ်ပေါ်လာသောရန်သည်။ ဥပသမ္မတိ၊ ငြိမ်းအေး၏။

စကားပြေ

ဤသူသည် ငါ့ကို ဆဲရေး, ညှဉ်းဆဲ, နိုင်နေပါတကား၊ ငါ၏ ဥစ္စာကို ခိုးနေပါတကားဟု ဆဲရေးသူတို့၏အပေါ်၌ အမျက်ထားကာ ရန်ငြိုးဖွဲ့သူအား ရန်မငြိမ်းအေးနိုင်။ ဆဲရေးသူတို့အပေါ်၌ အမျက်မထား ရန်ငြိုးမဖွဲ့သူအားသာ ရန်ငြိမ်းအေး၏။

အဇိနိ— မမှန်ကန်သော နည်းပရိယာယ်ဖြင့် ကောက်ကျစ်စဉ်းလဲ၍ အမှု၌ သက်သေအဖြစ်သွင်းခြင်း, ရွှေနေကိုငှား၍ စကားတို့ပြောစေခြင်း, နိုင်ထက်ကလူပြုခြင်း စသည်တို့တွင် တမျိုးမျိုးဖြင့် အမှုကိုနိုင်အောင်ပြုသည်ကို “အဇိနိ” ခေါ်သည်။

ဥပနယှန္တိ— လှည်းဦးထမ်းပိုးကို သားရေလွန်ကြိုးဖြင့် ဖွဲ့ချည်သကဲ့သို့လည်းကောင်း, ငါးပိစသည်ကို သမန်းမြက်စသည်တို့ဖြင့် အထပ်ထပ်ရစ်ပတ်၍ ဖွဲ့ထုသကဲ့သို့လည်းကောင်း, အမျက်ဒေါသကို စိတ်၌ ဖွဲ့ချည်ထားမှုကို “ရန်ငြိုးဖွဲ့သည်” ဟုဆိုသည်။

န ဥပနယှန္တိ— ဆဲရေးခြင်းစသည်ကို ပြုသောသူအား-
(က) မအောက်မေ့မိစေခြင်း၊
(ခ) နှလုံးမသွင်းမိစေခြင်း၊
(ဂ) မိမိပြုခဲ့ဖူးသော အမှု(ကံ)ကို ဆင်ခြင်ခြင်းတို့ဖြင့် ရန်ငြိမ်းအေးအောင် ပြုလုပ်မှုကို “ရန်ငြိုးမဖွဲ့” ဟုဆိုသည်။

ဆိုဆုံးမခက်သူ— ဘုရားရှင်နှင့် ညီအစ်ကိုဝမ်းကွဲတော်သော တိဿရဟန်းကြီးသည် ဘုရားရှင်ကိုယ်တိုင် ဆုံးမသည်ကိုပင် နားမထောင်သူ ဒုဗ္ဗစရဟန်းကြီးဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၆။)

ပါဠိသဒ္ဒါခက်ဆစ်

ဝေရံ = ဝိရေသု ဘဝံ ဝေရံ။ ဝိရ + ဏ။

တိဿတ္ထေရဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁-ယမကဝဂ်

၃-တိဿတ္ထေရဝတ္ထုအဋ္ဌကထာဂါထာ

၃၇။ သဟဿရံသီ သတတေဇော, သူရိယော တမဝိနောဒနော၊
ပါတောဒယန္တေ သူရိယေ, မုဒ္ဓါ တေ ဖလတု သတ္တဓာ။

သူရိယော၊ နေသည်။ သဟဿရံသီ၊ ထောင်ပေါင်းများစွာသော ရောင်ခြည်ရှိ၏။ သတတေဇော၊ ရာပေါင်းများစွာသော တန်ခိုး ရှိ၏။ တမဝိနောဒနော၊ အမိုက်မှောက်ကို ပယ်ဖျောက်နိုင်၏။ ပါတော၊ နံနက်စောစော၌။ သူရိယေ၊ နေသည်။ ဥဒယန္တေ၊ အထက် ၌ဖြစ်လသော်။ ဝါ၊ ထွက်လသော်။ တေ၊ သင်၏။ မုဒ္ဓါ၊ ဥုးထိပ် သည်။ သတ္တဓာ၊ ၇စိတ်၇ဖြာ။ ဖလတု၊ ကွဲပါစေသတည်း။ (ဋ္ဌ-၃၅)

၃၈။ ကမ္မန္တာ နပ္ပဝတ္တန္တိ, ဇမ္ဗုဒီပဿ နာရဒ၊
ကေန လောကော တမောဘူတော, တံ မေ အက္ခာဟိ ပုစ္ဆိတော။

နာရဒ၊ နာရဒ! ဇမ္ဗုဒီပဿ၊ ဇမ္ဗူဒိပ်၏။ ကမ္မန္တာ၊ လုပ်ငန်းတို့ သည်။ နပ္ပဝတ္တန္တိ၊ မဖြစ်တော့ကုန်။ ကေန၊ အဘယ်ကြောင့်။ လောကော၊ ကမ္ဘာလောကသည်။ တမောဘူတော၊ အမှောင်ဖြစ် ၍ ဖြစ်ရပါသနည်း? မေ၊ ဒကာတော်သည်။ ပုစ္ဆိတော၊ လျှောက် ထားအပ်သော။ (တွံ၊ အရှင်ဘုရားသည်။) မေ၊ ဒကာတော်အား။ [အာဝုတ္တိနည်းဖြင့် မေကို ၂ခါပေးသည်။] တံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ မိန့်ကြားပါလော။ (ဋ္ဌ-၃၆)

တိဿတ္ထေရဝတ္ထုပါဠိဂါထာ

၃၉။ အက္ကောစ္ဆိ မံ အဝဓိ မံ, အဇိနိ မံ အဟာသိ မေ၊
ယေ စ တံ ဥပနယှန္တိ, ဝေရံ တေသံ န သမ္မတိ။

မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးဖူးပြီ။ မံ၊ ကို။ အဝဓိ၊ ညှင်းဆဲပုတ် ခတ်ဖူးပြီ။ မံ၊ ကို။ အဇိနိ၊ အောင်ဖူးပြီ။ ဝါ၊ အနိုင်ကျင့်ဖူးပြီ။ မေ၊ ငါ၏။ (သန္တကံ၊ ဥစ္စာကို။) အဟာသိ၊ ခိုးဆောင်ဖူးပြီ။ (ဣတိ၊ ဤ သို့ တွေး၍။) ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ တံ၊ ထိုကောဓကို။ ဝါ၊ ထိုရန်ငြိုးကို။ ဥပနယှန္တိ၊ ဖွဲ့ကုန်၏။ တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။ ဝေရံ၊ ရန်သည်။ န သမ္မတိ၊ မငြိမ်းအေးနိုင်။ (ပါ-၃)

၄၀။ အက္ကောစ္ဆိ မံ အဝဓိ မံ, အဇိနိ မံ အဟာသိ မေ၊
ယေ စ တံ နုပနယှန္တိ, ဝေရံ တေသူပသမ္မတိ။

မံ၊ ကို။ အက္ကောစ္ဆိ၊ ပြီ။ မံ၊ ကို။ အဝဓိ၊ ပြီ။ မံ၊ ကို။ အဇိနိ၊ ပြီ။ မေ၊ ၏။ (သန္တကံ၊ ကို။) အဟာသိ၊ ပြီ။ (ဣတိ၊ ၍။) ယေ၊ တို့သည်။ တံ၊ ကို။ နုပနယှန္တိ (န+ဥပနယှန္တိ)၊ မဖွဲ့ကုန်။ တေသံ၊ ထိုပုဂ္ဂိုလ် တို့၌။ (ဥပ္ပန္နံ၊ ဖြစ်သော။) ဝေရံ၊ သည်။ ဥပသမ္မတိ၊ ငြိမ်းအေးနိုင် ၏။ (ပါ-၄)

တိဿတ္ထေရဝတ္ထုပါဠိဂါထာနိဿယပြီးပြီ။

ယေ စ၌ စအနက် ။ ။ “ဗျတိရေက, အနွယ, သေဓ ပါ-မပါ(ဝါသိ- ၁၃၃)”အလို “န+သမ္မတိ”ဟု ပဋိသေဓပုဒ်ပါသောကြောင့် ရှေ့ကဏှ ပက္ခဂါထာသည် ဗျတိရေကဝါကျ, စသဒ္ဒါသည် ဗျတိရေကဇောတက၊ ထိုကြောင့် “စ-ဗျတိရိတ်ကား”ဟု ပေးရမည်၊ ပဋိသေဓပုဒ်မပါသောကြောင့် နောက်သုက္ကပက္ခဂါထာသည် အနွယဝါကျ၊ စသဒ္ဒါသည် အနွယဇောတက၊ ထိုကြောင့် “စ-အနွယကား”ဟု ပေးရမည်၊ အထက်၌ ပဒပူရဏ အနက်မဲ့ ယူ၍ ပေးခဲ့သည်။

တေသူပသမ္မတိ။ ။ “တေသု ပမာဒေန ဥပ္ပန္နမ္ပိ ဝေရံ ၊ပေ၊ ဝူပသမ္မတိ”ဟု ဖွင့်ရာ “တေသု” ဟူသော အဖွင့်သည် သန္ဓိလိင်္ဂပဒသံဝဏ္ဏနာ (ပဒစ္ဆေဒသံဝဏ္ဏနာ), ဝိဘျတ္ထသံဝဏ္ဏနာ(ဝိဘတ်အနက်ဖွင့်)၂မျိုးတွင် တစ် မျိုးမျိုး ဖြစ်နိုင်သည်၊ အထက်၌ ကဏှပက္ခဂါထာနှင့် ညီစေရန် ဝိဘတျတ္ထ- သံဝဏ္ဏနာ (ဆဋ္ဌီဝိဘတ် သတ္တမီအနက်ဖွင့်)ဟု ယူ၍ ပေးခဲ့သည်၊ ဤ၌ သမုဓာတ် သမ္ပဒါန်မငဲ့သောကြောင့် သမ္ပဒါန်အနက် မသင့်၊ ရန်ငြိုးမဖွဲ့သူ တို့အတွက် ရန်သည် ထိုသူတို့၏ ဥစ္စာမဖြစ်နိုင်ရကား သာမီ+သံအဖြစ်ဖြင့် မစပ်နိုင်သောကြောင့် သမ္ဗန်အနက်လည်း မသင့်၊ ကဏှပက္ခ ဂါထာ၌ကား ထိုသို့ စပ်နိုင်သောကြောင့် သမ္ဗန်အနက်ပေးရသည်၊ သန္ဓိလိင်္ဂပဒသံ- ဝဏ္ဏနာယူလျှင် “တေသု+ဥပသမ္မတိ”ဟု ဖြတ်၍ “တေသု-တို့၌၊ (ဥပ္ပန္နံသော၊) ဝေရံ သမ္မတိ”ဟုပေးပါ။