မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဣရိယာပထ - သမ္ပဇညရှုကွက်

ဝီကီရင်းမြစ် မှ

ဣရိယာပထ - သမ္ပဇညရှုကွက်

ယောဂီသူတော်ကောင်းသည် သမထကမ္မဋ္ဌာန်းပိုင်း, ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်းတို့ကို အစဉ်အတိုင်း ကျင့်လာပြီးမှ ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ကူးတက်လာသဖြင့် ထိုထို ဣရိယာပထပိုင်းဆိုင်ရာ ရှုကွက်, သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ခန္ဓာငါးပါး = ရုပ်-နာမ်နှစ်ပါးတို့ကို သိမ်းဆည်းတတ်ပြီးပင် ဖြစ်ပေသည်။ ဤသို့ ခန္ဓာငါးပါး = ရုပ်-နာမ်နှစ်ပါးတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ ရှေ့သို့ ဆက်၍ ကျင့်ရမည့် ကျင့်စဉ်ကို ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏ ..။

၁။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မံ ဝိဟရတိ။

၂။ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မံ ဝိဟရတိ။

၃။ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။[မှတ်စု ၁]

ဤဒေသနာတော်များနှင့် အညီ .. ယောဂီသူတော်ကောင်းသည် သွား-ရပ်-ထိုင်-လျောင်း စသည့် ထိုထို ဣရိယာပထအခိုက် သမ္ပဇဉ်အခိုက်တို့၌လည်း ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို စွမ်းအားရှိသမျှ သိမ်းဆည်းပါလေ။

“လူတွင် လူမြတ်၊ နတ်ထက်နတ် ဖြစ်အောင်

ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်နိုင်ပါစေသောဝ် ...။”

  1. (မ၊၁၊၇၁-၇၂။)