နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ခန္ဓာငါးပါးနည်းဖြင့် သိမ်းဆည်းပုံ
အပိုင်း (၃) - ခန္ဓာငါးပါးနည်းဖြင့် လက်တွေ့သိမ်းဆည်းပုံ အပိုင်း
အထူးသတိပြုရန်
၁။ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော၏ အာရုံ၊
၂။ လက်ရှိ ပစ္စုပ္ပန်ဘဝ ပဋိသန္ဓေ နာမ်တရားစု၏ အာရုံ၊
၃။ လက်ရှိ ပစ္စုပ္ပန်ဘဝ ဘဝင်မနောအကြည်ဓာတ် = ဘဝင်နာမ်တရားစု၏ အာရုံ၊
၄။ လက်ရှိ ပစ္စုပ္ပန်ဘဝ လာလတ္တံ့သော စုတိနာမ်တရားစု၏ အာရုံ –
ဤ (၄)မျိုးတို့၌ အာရုံချင်းတူညီရမည် ဖြစ်သည်။ ဤလေးမျိုးတို့တွင် ယောဂါဝစရပုဂ္ဂိုလ်အဖို့ အနာဂတ်ကို မရှုရသေးသဖြင့် (၁-၂ -၃)တို့ကို အာရုံချင်း တူညီမှု ရှိမရှိကို ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ဉာဏ်ဖြင့် စူးစိုက်၍ သေချာစွာ တိုက်ဆိုင် ရှုကြည့်ပါ။ တစ်ဖန် ပဋိသန္ဓေ-ဘဝင်-စုတိ ဤသုံးမျိုးတို့သည် စိတ်စေတသိက် အရေအတွက်ချင်း တူညီရမည် ဖြစ်သည်။ သေချာစွာ စူးစိုက်၍ ဆန်းစစ်ကြည့်ပါ၊ အကြိမ်ကြိမ် ရှုကြည့်ပါ။ ဤအချိန်တွင် ယောဂါဝစရပုဂ္ဂိုလ် သည် ဘဝင်မနောအကြည်ဓာတ်ကို ပုံစံမှန် ရှုနိုင်ပြီ ဖြစ်သည်။ အကယ်၍ မရှုနိုင်သေးပါက ပဋိသန္ဓေနာမ်တရားများကို သေချာစွာ ပြန်ရှုပါ။ ထိုနောင် ပဋိသန္ဓေနာမ်တရားစုတို့ ချုပ်ပျက်သွားပြီးနောက် ဝီထိစိတ်မဖြစ်မီအတွင်းဝယ် ဆက်တိုက် ဖြစ်နေသော စိတ်+စေတသိက် = နာမ်တရားစုတို့ကို ဆက်လက် သိမ်းဆည်းပါ။ ဘဝ၌ စိတ်အစဉ် မပြတ်စဲရေးအတွက် ဝီထိစိတ်များ မဖြစ်သည့်အချိန်တွင် ဘဝ၏ အကြောင်းတရားအဖြစ် ဆက်လက် ဖြစ်နေသည့် စိတ်များပင် ဖြစ်သည်၊ ဘဝင်စိတ်များပင်တည်း။ သဘောပေါက်ပါက လက်ရှိ အခြေအနေ၌လည်း ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်နေကြသော ဘဝင်နာမ်တရားများကို ဆက်လက် သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပေလိမ့်မည်။
ခန္ဓာငါးပါးဖွဲ့စည်းပုံ
ဤပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းအရ ကြောင်း-ကျိုး-ဆက်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် (၆)မျိုးသော ဝီထိတို့၏ စိတ္တက္ခဏတိုင်းတွင် ခန္ဓာငါးပါး ဖွဲ့၍ ခန္ဓာငါးပါးနည်းဖြင့် အကြောင်းနှင့် အကျိုးတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ ဝီထိမုတ်စိတ်နှင့် ဝီထိစိတ်တို့ကို ခွဲခြား သိမ်းဆည်းရမည် ဖြစ်သည်။ ပဋိသန္ဓေ-ဘဝင်-စုတိ စိတ်တို့မှာ ဝီထိစိတ်အစဉ်၏ အပြင်ဘက်၌ တည်ရှိကြသော ဝီထိမုတ်စိတ်တို့ ဖြစ်ကြ၏၊ ယင်း ဝီထိမုတ်စိတ်တို့၌လည်း ခန္ဓာငါးပါးဖွဲ့၍ ခန္ဓာတစ်ပါးတစ်ပါး၌ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရမည် ဖြစ်သည်။[မှတ်စု ၁] ဤ၌ ခန္ဓာဟူသည် အစုအပုံကို ဆိုလိုသည်။
၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော, အာသဝေါတရားတို့၏ အာရုံဖြစ်သော, တဏှာ-ဒိဋ္ဌိတို့ဖြင့် “ငါ-ငါ့ဟာ”ဟု စွဲယူရာဖြစ်သော ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာ မည်၏၊
၂။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာ-ဒိဋ္ဌိတို့ဖြင့် “ငါ-ငါ့ဟာ”ဟု စွဲယူရာဖြစ်သော ခံစားမှုဝေဒနာတရားအစုအပုံသည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏၊
၃။ အတိတ်။ ပ။ သညာတရားအစုအပုံသည် သညုပါဒါနက္ခန္ဓာ မည်၏၊
၄။ အတိတ်။ ပ။ စေတသိက် သင်္ခါရတရားအစုအပုံသည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏၊
၅။ အတိတ်။ ပ။ အသိစိတ် ဝိညာဏ်တရားအစုအပုံသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏၊[မှတ်စု ၂]
ယင်း (၁၁)မျိုးသော အခြင်းအရာတို့တွင် – အချို့ဝေါဟာရတို့၏ စကားလုံးအဓိပ္ပါယ်မှာ ဤသို့တည်း ..။
၁။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသောတရား၊
၂။ သုခုမ = သိမ်မွေ့နူးညံ့သောတရား၊
၃။ ဟီန = ယုတ်ညံ့သောတရား၊
၄။ ပဏီတ = မွန်မြတ်သောတရား၊
၅။ ဒူရ = ဝေးသောတရား၊
၆။ သန္တိက = နီးသောတရား –
ဤသို့လျှင် အဓိပ္ပါယ် ဆိုလိုရင်းကို မှတ်သားပါ။ ဤ (၁၁)မျိုးသော အခြင်းအရာတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌လည်း မှီရာဝတ္ထုရုပ် အာရုံရုပ်တို့နှင့် ပေါင်းစု၍ ခန္ဓာငါးပါး ရေတွက် နိုင်ပါသည်။
ဤအရာတွင် စက္ခုဝိညာဏ်စိတ္တက္ခဏတစ်ခုအတွင်း၌ ခန္ဓာငါးပါးဖွဲ့ပုံကို အဋ္ဌကထာကြီးများ[မှတ်စု ၃]က ဤသို့ ဖွင့်ဆိုထားကြ၏ ..။
“ရူပါရုံကို တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာတွင် ရူပါရုံကို သိမြင်သည့် စက္ခုဝိညာဏ်စိတ္တက္ခဏအခိုက်၌ ..
၁။ စက္ခုဝတ္ထုရုပ် (= ၆၃)နှင့် ရူပါရုံကား ရူပက္ခန္ဓာတည်း။
၂။ စက္ခုဝိညာဏ်နှင့် ယှဉ်နေသည့် ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း။
၃။ သညာကား သညာက္ခန္ဓာတည်း။
၄။ ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရတို့ကား သင်္ခါရက္ခန္ဓာတည်း။
၅။ စက္ခုဝိညာဏ်ကား ဝိညာဏက္ခန္ဓာတည်း။
ဤသို့လျှင် .. ဤခန္ဓာငါးပါးတို့၏ ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏၊”
ဤသို့ ဖွင့်ဆိုခြင်းသည်ကား အရိပ်ပြလျှင် အကောင်ထင်ရမည့် ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဖွင့်ဆိုထားတော်မူခြင်း ဖြစ်၏၊ စက္ခုဝိညာဏ်စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး တည်ရှိသကဲ့သို့ ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် ကြွင်းကျန်သည့် စိတ္တက္ခဏတို့၌လည်း ခန္ဓာငါးပါးစီ တည်ရှိကြသည်သာ ဖြစ်ကြ၏၊ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ သို့အတွက် စိတ္တက္ခဏတစ်ခုတစ်ခု၏ အခိုက်၌ –
၁။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်သည် ရူပက္ခန္ဓာ မည်၏၊
၂။ ယင်းစိတ္တက္ခဏ၏ အတွင်း၌ ပါဝင်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏၊
၃။ သညာသည် သညာက္ခန္ဓာ မည်၏၊
၄။ ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက်အားလုံးသည် သင်္ခါရက္ခန္ဓာမည်၏၊
၅။ အသိစိတ် ဝိညာဏ်သည် ဝိညာဏက္ခန္ဓာမည်၏၊
သင်္ခါရက္ခန္ဓာဝယ် ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက်များမှာ (၅)လုံးမှ စ၍ (၃၂)လုံးအထိ ရှိတတ်၏၊ မည်မျှပင် ရှိပါစေ၊ ကျန်စေတသိက်တရားစုအားလုံးသည် သင်္ခါရက္ခန္ဓာမည်၏ဟု မှတ်ပါ။ ဤအထက်ပါ ခန္ဓာငါးပါး ခွဲတမ်း သတ်မှတ်ချက်ကို သဘောပေါက်ပါက ရှေ့တွင် ဆက်လက်ဖော်ပြမည့် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့ပုံကိုလည်း သဘောပေါက်သွားမည် ဖြစ်ပါသည်။ တစ်ဖန် ယင်းခန္ဓာငါးပါးတို့တွင်လည်း တစ်ပါးတစ်ပါးစီ၌ ဆိုင်ရာဆိုင်ရာ အကြောင်းတရားများ ကိုယ်စီကိုယ်စီ ရှိကြသဖြင့် ဆိုင်ရာအကြောင်းတရားနှင့် ဆိုင်ရာအကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်း-အကျိုး စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။
ကလလရေကြည်တည်စခိုက် - ပဋိသန္ဓေခန္ဓာငါးပါး
ကလလရေကြည်တည်စ ပဋိသန္ဓေအခိုက်၌ ..
၁။ ဟဒယဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်ဟူသော ရုပ်ကလာပ်အမျိုးအစား သုံးမျိုး ရုပ်အမျိုးအစား (၃၀)သည် ရူပက္ခန္ဓာ မည်၏၊
၂။ ပဋိသန္ဓေနာမ်တရား (၃၄)မှ ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏၊
၃။ ပဋိသန္ဓေနာမ်တရား (၃၄)မှ သညာသည် သညာက္ခန္ဓာ မည်၏၊
၄။ ပဋိသန္ဓေနာမ်တရား (၃၄)မှ စေတနာသည် သင်္ခါရက္ခန္ဓာ မည်၏၊ (ပထမနည်း။)
ပဋိသန္ဓေနာမ်တရား (၃၄)မှ ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက် (၃၁)လုံးသည် သင်္ခါရက္ခန္ဓာ မည်၏၊ (ဒုတိယနည်း၊)
၅။ ပဋိသန္ဓေနာမ်တရား (၃၄)မှ အသိစိတ် = ဝိညာဏ်သည် ဝိညာဏက္ခန္ဓာ မည်၏၊
ဤအထက်ပါ ပဋိသန္ဓေခန္ဓာငါးပါးကား သောမနဿဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ် ပုဂ္ဂိုလ်အတွက်သာ ဖြစ်သည်။ အကယ်၍ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်မျိုး ဖြစ်မူ ပီတိ မပါသဖြင့် နာမ်တရား (၃၃)ဖြစ်သည်။ ဒွိ ဟိတ်ဖြစ်မူကား ဉာဏ်မယှဉ်သဖြင့် နာမ်တရား (၃၃/၃၂) အသီးအသီး ဖြစ်ပေမည်။ ဤ၌ သင်္ခါရက္ခန္ဓာကို နှစ်မျိုးခွဲ၍ ဖော်ပြထားခြင်းမှာ ဘုရားရှင်သည် ခန္ဓဝိဘင်းပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်းအားဖြင့် သင်္ခါရက္ခန္ဓာကို ဝေဖန်၍ ဟောကြားတော်မူရာ၌ စေတနာကိုသာ ပဓာနထား၍ ဟောကြားထားတော်မူသော ထုံးရှိခဲ့၏၊ ထိုကြောင့် စေတနာကိုပင် သင်္ခါရက္ခန္ဓာဟု ပဓာနနည်းအားဖြင့် ပထမနည်းကို ဖော်ပြထားခြင်း ဖြစ်သည်။ တစ်ဖန် စေတနာကိုသာ သင်္ခါရက္ခန္ဓာဟု ယူခဲ့သော် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ –
ဝေဒနာ သညာ စေတနာမှ ကြွင်းကျန်သော စေတသိက်တို့မှာ ခန္ဓာငါးပါးမှအလွတ် ဖြစ်ကြလေရာ၏၊ တစ်ဖန် ယင်းကြွင်းကျန်သော စေတသိက်တို့၌လည်း ဆိုင်ရာ အကြောင်းတရားများ ထင်ရှား မရှိတော့ပြီလောဟုလည်း မေးရန်ရှိလာပြန်၏၊ အထူးသဖြင့် ဖဿမှာ –
၁။ ဖဿသမုဒယာ ဝေဒနာသမုဒယော။
၂။ ဖဿသမုဒယာ သညာသမုဒယော။
၃။ ဖဿသမုဒယာ သင်္ခါရသမုဒယော။[မှတ်စု ၄]
ဤဒေသနာတော်များနှင့်အညီ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့၏ အကြောင်းတရား ဖြစ်နေ၏၊ ယင်းဖဿ၌လည်း အကြောင်းတရား မရှိတော့ပြီလောဟု မေးရန်ရှိလာပြန်၏၊ သို့အတွက် ယင်းဖဿနှင့် တကွသော ကျန်စေတသိက်တို့၌လည်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားများသည် ထင်ရှားရှိကြသည်သာဟု သိစေလိုသည်လည်း အကြောင်းတစ်ရပ်, ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသည်လည်း အကြောင်းတစ်ရပ် - ဤအကြောင်း နှစ်ရပ်ကြောင့် သင်္ခါရက္ခန္ဓာဖွဲ့ပုံ ဒုတိယနည်းကိုလည်း ထပ်မံ၍ ဖော်ပြခြင်းဖြစ်ပေသည်။ နေရာတိုင်း၌ နည်းတူမှတ်ပါ။
အကြောင်းနှင့် အကျိုးကို ဆက်စပ်လျက် သိမ်းဆည်းနည်း ရှုပွားနည်း
ရှေ့ဦးစွာ ယောဂီသူတော်ကောင်းကိုယ်တိုင် ရှာဖွေတွေ့ရှိထားသော အတိတ်အကြောင်းတရားငါးပါးတို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်ကြောင့် သင်္ခါရ ကံဟူသော ကမ္မဝဋ်နှစ်ပါး ဖြစ်ပုံကိုလည်း သဘော ပေါက်အောင် ရှုပါ။ ထိုနောင် သင်္ခါရ ကံဟူသော ကမ္မဝဋ်တွင် ပါဝင်သော ကမ္မသတ္တိကြောင့် ဝိပါကဝဋ်တွင် အကျုံး ဝင်သော ပဋိသန္ဓေ ရူပက္ခန္ဓာ၏ ကြောင်း-ကျိုး-ဆက်နွယ်လျက် ဖြစ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ အကြောင်းကံနှင့် အကျိုးပဋိသန္ဓေကမ္မဇရုပ်တို့၏ တစ်နည်းဆိုရသော် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော အကြောင်း သင်္ခါရ ကံနှင့် အကျိုး ပဋိသန္ဓေကမ္မဇရုပ်တို့၏ အကြောင်းတရားကို စွဲမှီ၍ အကျိုးတရား၏ ဖြစ်နေပုံ သဘောကို ဉာဏ်ဖြင့် မြင်သောအခါ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို စတင်၍ သိမ်းဆည်းပါ။
ပဋိသန္ဓေ - ရူပက္ခန္ဓာ (= ကမ္မဇရုပ် = ၃၀)
၁။ အဝိဇ္ဇာ (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ရူပက္ခန္ဓာ ဖြစ်၏၊
အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ရူပက္ခန္ဓာ ဖြစ်၏၊
တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ရူပက္ခန္ဓာ ဖြစ်၏၊
ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ရူပက္ခန္ဓာ ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ရူပက္ခန္ဓာ ဖြစ်၏၊
ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။ [မှတ်စု ၅]ဤသို့လျှင် အကြောင်းနှင့် အကျိုးကို ဆက်စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ၊ ရှုပွားပါ။
အလားတူပင် ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာတို့၌လည်း အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် = ထင်ရှား ရှိခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကို ရှေ့ဦးစွာ ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောအခါမှ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
ပဋိသန္ဓေ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၃၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံ-အာရုံ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
အာရုံ (= ကံ-အာရုံ)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤသို့ .. အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ သို့သော် စာနေကျဉ်းစေရန်အတွက် –အဝိဇ္ဇာ (= ၂၀)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊ – ဤသို့ စသော စကားရပ်များကို ချန်လှပ်ထားခဲ့၍ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား ဤသို့ စသည်ဖြင့်သာ ဖော်ပြသွားတော့မည် ဖြစ်သည်။ သို့သော် အကြောင်းတရား အကျိုးတရားတို့ကို လက်တွေ့သိမ်းဆည်းရှုပွားရာ၌ကား အထက်ပါအတိုင်းသာ သိမ်းဆည်း ရှုပွားပါ။ နည်းမှီးနိုင်ရန်အတွက် အထက်ပါ ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ ရှုကွက်ကို အတိုရေးနည်းဖြင့် ထပ်မံ တင်ပြအပ်ပါသည်။
ပဋိသန္ဓေ - ရူပက္ခန္ဓာ (= ကမ္မဇရုပ် = ၃၀)
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
ပဋိသန္ဓေ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရှင်းလင်းချက်များ
၁။ ဝတ္ထု – နာမ်တရားတို့သည် ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ် ရှိပါမှသာလျှင် ဖြစ်နိုင်သည့် စွမ်းအားရှိကြ၏၊ မှီရာဝတ္ထုရုပ် မရှိပါက ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြပေ။ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ အဝင်အပါ ပဋိသန္ဓေနာမ်တရားစုသည် ပဋိသန္ဓေအခိုက် မိမိနှင့်အတူ ဖြစ်သည့် ဟဒယဝတ္ထုရုပ်ကို မှီ၍သာ ဖြစ်ရ၏၊ မမှီရမူ၍ကား မဖြစ်နိုင်။ တစ်ဖန် ယင်းဟဒယဝတ္ထုရုပ်သည်လည်း မိမိချည်းသက်သက် တစ်ခုချင်း တစ်ခုတည်း မဖြစ်နိုင်၊ ရုပ်ကလာပ် ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်နိုင်၏၊ အထူးသဖြင့် မိမိနှင့် ကလာပ်တစ်ခုအတွင်း၌ အတူဖြစ်သော သဟဇာတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးနိုင်သည့် စွမ်းအားရှိသော မိမိနှင့် ကလာပ်တူ ဓာတ်ကြီးလေးပါးကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ဖြစ်နိုင်၏၊ မှီတွယ်ခွင့်ကို မရရှိပါက မဖြစ်နိုင်။ တစ်ဖန် ယင်းဟဒယဒသကကလာပ်သည်လည်း ပဋိသန္ဓေအခိုက်ဝယ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်တို့နှင့် အတူတကွသာ ဖြစ်နိုင်ပေသည်။ သို့ဖြစ်ရကား သုတ္တန်နည်းအရ –
“ဝတ္ထုမည်သည်ကား ကရဇကာယတည်း။ပ။ ထိုကရဇကာယဟူသည် ပရမတ္ထတရားကိုယ် အနက်သဘော အားဖြင့် ဘူတရုပ် ဥပါဒါရုပ်တို့တည်း။ ...
ဤသို့ ဖွင့်ဆိုထားတော်မူသော အဋ္ဌကထာ[မှတ်စု ၆] ဋီကာ[မှတ်စု ၇] အဖွင့်များနှင့် အညီ ဘူတရုပ် ဥပါဒါရုပ်အားလုံးကိုပင် ရုပ်တုံးရုပ်ခဲဟူသော ရုပ်ဃနအတုံးအခဲပြိုရေး ရုပ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် ဝတ္ထုရုပ်အရ တရားကိုယ် ကောက်ယူရသည်၊ သိမ်းဆည်းရှုပွားရသည်။ သို့အတွက် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ၏ မှီရာဝတ္ထုရုပ်မှာ အဘိဓမ္မာနည်း အရ ဟဒယဝတ္ထုရုပ် တစ်မျိုးကိုသာ ဧကန်မှီ၍ ဖြစ်သောကြောင့် ဟဒယဝတ္ထုရုပ်တစ်မျိုးကိုသာ အရကောက်ယူရသည်။ သုတ္တန်နည်းအရ ဟဒယဝတ္ထုရုပ်နှင့်တကွ ရုပ်အမျိုးအစား (၃၀)လုံးကိုပင် ဝတ္ထုရုပ်အရ တရားကိုယ် ကောက်ယူရသည်။ သုတ္တန်နည်းကား အလုပ်လုပ်သော နည်းဖြစ်၏၊ ဃန ပြိုရေး ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရေးကို ရှေးရှု၍ ရုပ် (၃၀)လုံးကိုပင် သိမ်းဆည်း ရှုပွားရသည်။ ထိုကြောင့် သုတ္တန်နည်းအရ ဟဒယဝတ္ထုနှင့် တကွ ရုပ်အမျိုးအစား (၃၀) လုံးသည်ပင် ဝတ္ထုရုပ်မည်သည်ဟု မှတ်ပါ။ ယင်းဝတ္ထုရုပ်ကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်နိုင်ပုံကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှု၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အရာရာတိုင်း၌ နည်းတူပင် မှတ်သားပါ။ ဤရှင်းလင်းချက်နှင့် အညီ – ဤသို့ သိမ်းဆည်းပါ။
ဝတ္ထု = ဟဒယဝတ္ထု (= ၃၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဝတ္ထု = ဟဒယဝတ္ထု (= ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ – ပဋိသန္ဓေနာမ်တရားစုတို့၏ အာရုံမှာ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ ဖြစ်ကြောင်းကို ရှင်းပြခဲ့ပြီး ဖြစ်၏၊ ယင်းအာရုံမှာ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟု သုံးမျိုးရှိရာ ဤတွင် ကံအာရုံကို စံထား၍ ဖော်ပြ ထားပါသည်။ ကမ္မနိမိတ်အာရုံ ဂတိနိမိတ်အာရုံတို့ တစ်ခုခု ဖြစ်ခဲ့ပါမူ နည်းမှီကာ ရှုပါ။
ဝေဒနာသည် ယင်းအာရုံ၏ အရသာကိုပင် ခံစားသည်။ ခံစားစရာ အာရုံ မရှိပါက ခံစားမှု ဝေဒနာ မဖြစ်နိုင်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သဘောပေါက်အောင် ရှုပါ။ အထက်တွင် ဖော်ပြခဲ့သော ပုံစံ၌ ဘုရားအား ဆွမ်းလှူသည့် အာရုံကို နမူနာအဖြစ်ဖြင့် သဘောပေါက်မြန်နိုင်ရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်တို့၏ ကံတရားများမှာ များသောအားဖြင့် တစ်ဦးနှင့် တစ်ဦး တူညီမှု မရှိကြပေ။ အချို့ပုဂ္ဂိုလ်တို့၌ ဒါနကံက အကျိုးပေးနေ၏၊ အချို့ပုဂ္ဂိုလ်တို့၌ သီလကံက အကျိုးပေးနေ၏၊ အချို့ပုဂ္ဂိုလ်တို့၌ ဘာဝနာကံက အကျိုးပေးနေ၏၊ တစ်ဖန် ဒါနကံ၌လည်း ဆွမ်းလှူသည့် ဒါနကံ သင်္ကန်းလှူသည့် ဒါနကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်၏၊ သီလကံ၌လည်း ငါးပါးသီလကံ၊ ရှစ်ပါးသီလကံ၊ ဆယ်ပါးသီလကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပြန်၏၊ ဘာဝနာကံ၌လည်း ကသိုဏ်းဘာဝနာကံ၊ အသုဘ ဘာဝနာကံ၊ အာနာပါနဘာဝနာကံ၊ မေတ္တာဘာဝနာကံ၊ ဝိပဿနာဘာဝနာကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပြန်၏၊ ထိုသို့ ကံအမျိုးမျိုး ဖြစ်နိုင်ရကား အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ၊ ပစ္စုပ္ပန် ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံသည်လည်း အမျိုးမျိုးပင် ဖြစ်နိုင်သည်။ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ၊ လက်ရှိ ပစ္စုပ္ပန် ပဋိသန္ဓေ၏ အာရုံကို ပုံစံမှန် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် သိမြင်အောင် သိမ်းဆည်းပြီးပါမှ ထိုခံစားစရာ အာရုံရှိပါမှ ပဋိသန္ဓေအခိုက် ခံစားမှု ဝေဒနာ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ဤသို့ သိမ်းဆည်းပါ။
အာရုံ (= ကံ-အာရုံ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
အာရုံ (= ကံ-အာရုံ)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ – “ဖဿသမုဒယာ ဝေဒနာသမုဒယော = ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏” – ဤသို့ ဟောတော် မူခြင်းမှာ ဖဿကို ဦးတည်၍ ပဓာနနည်းအားဖြင့် ဟောတော်မူခြင်း ဖြစ်သည်ဟု မှတ်ပါ။ ပဋ္ဌာန်းဒေသနာတော် မြတ်၌ကား ဤသို့ လာရှိ၏၊
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။
“နာမ်ခန္ဓာလေးပါးသည် အချင်းချင်း သဟဇာတပစ္စယသတ္တိ နိဿယပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏၊”[မှတ်စု ၈] ဤသို့ စသည်ဖြင့် အပြည့်အစုံ ဟောကြားထားတော်မူ၏၊ နာမ်တရားတို့သည် အချင်းချင်း “ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ” ဟူ၏သို့ အချင်းချင်း မှီလျက် ကျေးဇူးပြုနေကြသည်သာ ဖြစ်သည်။ သို့သော် အာဟာရတစ်ခုကို စားသုံးသောအခါ များများ ဝါးနိုင်လျှင် ရသဓာတ်ရည် ပို၍ ထွက်လာသဖြင့် ခံစားမှု အရသာ ပိုလာနိုင်သကဲ့သို့ စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ်နေကြသော နာမ်တရားတို့တွင်လည်းကောင်း, စိတ္တက္ခဏ ခြားနေသည့် နာမ်တရားတို့တွင် လည်းကောင်း ဖဿက အာရုံကို ကြိတ်ခြေပေးပါက ဖဿက အသိစိတ်နှင့် အာရုံကို ဆက်သွယ်ပေးပါက ပွတ်ချုပ် ထိခိုက်ပေးပါက အာရုံ၏ ရသဓာတ်ရည်များကို ဝေဒနာ၏ ခံစားမှုမှာ ပို၍ ပိုင်ပိုင်နိုင်နိုင် ရှိလာ၏၊ သို့အတွက် ဖဿကြောင့် ဝေဒနာဖြစ်သည်ဟု ပဓာနနည်းအားဖြင့် ဟောတော်မူခြင်း ဖြစ်သည်။ သို့သော် ဖဿကား မိမိဖဿ တစ်ခုတည်း ဖြစ်နိုင်သည့် အစွမ်းသတ္တိ မရှိ၊ ကျန်ယှဉ်ဖက် သမ္ပယုတ်တရားတို့က ဝိုင်းဝန်း၍ သဟဇာတ နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် ကျန်သမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲ၍သာ ဖြစ်နိုင်သည်။ ထိုကြောင့် “တစ်နွယ်ငင် တစ်စင်ပါ”ဟူ၏သို့ ဖဿဟု ဆိုလိုက်လျှင် ယှဉ်ဖက် သမ္ပယုတ်တရားတို့လည်း ပါဝင်သည်ဟု မှတ်ပါ။
လိုရင်းမှတ်သားရန် – စိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိသော ယှဉ်ဖက် သမ္ပယုတ်တရားစုတို့တွင် နာမ်တရား တစ်လုံးသည် အကျိုးတရားဖြစ်ပါက = နာမ်တရားတစ်လုံးကို အကျိုးတရား၏အဖြစ် ယူ၍ ရှုပါက ကြွင်းကျန်သော နာမ်တရားတို့မှာ အကြောင်းတရားတို့ ဖြစ်ကြသည်။ ဤကား လိုရင်းမှတ်သားထားရန်တည်း။ ဤဝေဒနာက္ခန္ဓာကို နည်းမှီ၍ ကျန်နာမ်ခန္ဓာတို့၌လည်း သဘောပေါက်ပါလေ။ နာမ်တရားတို့၏ စိတ္တက္ခဏခြား၍ ကျေးဇူးပြုပုံကား နောက်တွင် ထင်ရှားလတ္တံ့။ ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့၏ အချင်းချင်း တစ်ခုသည် တစ်ခုအား, တစ်နည်း ဖဿစသော နာမ်တရားအများစုက ဝေဒနာအား, တစ်နည်း – သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ သုံးပါးတို့က ဝေဒနာက္ခန္ဓာအား သဟဇာတ အညမည နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပုံ, တစ်ခုသည် တစ်ခုကို မှီ၍ဖြစ်ပုံ, တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး-ဆက်နွယ်နေပုံ သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ ရှုပါ။ ဉာဏ်ဖြင့် မြင်သောအခါမှ အကြောင်းတရား အကျိုးတရားတို့ကို ဤသို့ သိမ်းဆည်းပါ။
ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ဖြစ်ခြင်းကြောင့် ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပဋိသန္ဓေ - သညာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၃ = ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံ-အာရုံ) က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - သညာ = ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
ပဋိသန္ဓေ - သင်္ခါရက္ခန္ဓာ - (ပထမနည်း - စေတနာကို ကောက်ယူပါ။)
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၃ = ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံ-အာရုံ)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - စေတနာ = ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ဤနည်း၌ သင်္ခါရက္ခန္ဓာအရ စေတနာကိုသာ အရကောက်ယူထားသည့် ပဓာနနည်းတည်း။ ပရမတ္ထဓာတ်သား မကြွင်းမကျန်ရအောင် နောက်တစ်နည်း ထပ်မံ ဖော်ပြအပ်ပါသည်။
ပဋိသန္ဓေ - သင်္ခါရက္ခန္ဓာ - (ဒုတိယနည်း - စေတသိက် - ၃၁-ကို ကောက်ယူပါ။)
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၃ = ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံ-အာရုံ)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၈။ ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။ [မှတ်စု ၉]
ပဋိသန္ဓေ - ဝိညာဏက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၁) ပါး
၆။ နာမ်+ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၃၃။
ရုပ် = မှီရာဝတ္ထုရုပ် (= ၃ = ၃၀) + (အာရုံရုပ်တည်း)။[မှတ်စု ၁၀]
တစ်ဖန် ပဋိသန္ဓေနောင် ဘဝင် (၁၅)ကြိမ် သို့မဟုတ် (၁၆)ကြိမ် ဖြစ်၍ ယင်းဘဝင်၏ နောင်၌ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဘဝနိကန္တိက လောဘဇော (= ဘဝသစ်ကို တွယ်တာမက်မောသော လောဘဇော) ခုနစ်ကြိမ်ဟူသော ဝီထိစိတ်အစဉ်များသည် စတင်၍ ဖြစ်ပေါ်လာ၏၊ ထိုတွင် ပထမဘဝင်စသော ဘဝင်စိတ်များအခိုက်၌ စိတ္တဇရုပ်များ ဥတုဇရုပ်များ ဖြစ်လာကြပြီဖြစ်၏၊ ပဋိသန္ဓေ၏ ဌီကာလမှ စ၍ ဥတုဇရုပ်များ စတင်ဖြစ်ကြောင်း အဆိုအမိန့်များလည်း ကျမ်းဂန်များ၌ လာရှိသည်သာ ဖြစ်သည်။ အာဟာရဇရုပ်များကား အမိစားမျိုလိုက်သော အစာအာဟာရများသည် ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်အတွင်းသို့ ပျံ့နှံ့သည့်အချိန်ကာလကစ၍ ဖြစ်ပေါ်ကြ၏၊ သို့အတွက် ပဋိသန္ဓေနောင် ဘဝင်ခန္ဓာငါးပါးကို အကြောင်း-အကျိုးစပ်၍ ရှုလို သိမ်းဆည်းလိုပါက အောက်တွင် ဆက်လက်ဖော်ပြမည့် ဘဝင်ခန္ဓာ ငါးပါး ရှုကွက်တွင် အာဟာရဇရုပ်ကို ချန်လှပ်၍ ရှုပါ။ ဘဝနိကန္တိက လောဘဇောဝီထိ၌ မနောဒွါရာဝဇ္ဇန်းကို နောက်တွင် တင်ပြမည့် မနောဒွါရဝီထိများ၏ မနောဒွါရာဝဇ္ဇန်းခန္ဓာငါးပါး ရှုကွက်ကိုလည်းကောင်း၊ ဘဝနိကန္တိက လောဘဇော ခန္ဓာငါးပါး ရှုကွက်ကို နောက်တွင် ရေးသားတင်ပြမည့် မနောဒွါရဝီထိ လောဘဇောရှုကွက်ကိုလည်းကောင်း နည်းမှီ၍ ရှုပါလေ။ ယခုအခါ၌ ယောဂီသူတော်ကောင်း၏ သန္တာန်၌ ဖြစ်နေဆဲ ဘဝင်ခန္ဓာငါးပါး ရှုကွက်ကို ရေးသားတင်ပြပေအံ့။
ဘဝင် ခန္ဓာငါးပါး
၁။ လက်ရှိ ပစ္စုပ္ပန်ဘဝင်၏ မှီရာ ဟဒယ၌ တည်ရှိသော ရုပ်ကလာပ် (၇)မျိုး, ရုပ်အမျိုးအစား (၆၃)သည် ရူပက္ခန္ဓာတည်း။ (ဘဝင်၏ အာရုံသည် ရုပ်တရားဖြစ်ပါက ယင်းရုပ်တရားကိုပါ ထပ်ထည့်ပါ။)
၂။ ဘဝင်နာမ်တရား (၃၄)လုံးမှ ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏၊
၃။ ဘဝင်နာမ်တရား (၃၄)လုံးမှ သညာသည် သညာက္ခန္ဓာ မည်၏၊
၄။ ဘဝင်နာမ်တရား (၃၄)လုံးမှ စေတနာသည် သင်္ခါရက္ခန္ဓာ မည်၏၊ (ပထမနည်း။)
ဘဝင်နာမ်တရား (၃၄)လုံးမှ ကျန်စေတသိက် (၃၁)သည် သင်္ခါရက္ခန္ဓာ မည်၏၊ (ဒုတိယနည်း။)
၅။ ဘဝင်နာမ်တရား (၃၄)လုံးမှ အသိစိတ် ဝိညာဏ်သည် ဝိညာဏက္ခန္ဓာ မည်၏၊
ဘဝင် - ရူပက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ စိတ်က အကြောင်းတရား၊ စိတ္တဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၇။ ဥတုက အကြောင်းတရား၊ ဥတုဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၈။ အာဟာရက အကြောင်းတရား၊ အာဟာရဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
ဘဝင် - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံ-အာရုံ)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ –
(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) နောက်နောက်သော သဟဇာတ ဘဝင်မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊
ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။[မှတ်စု ၁၁]
ဘဝင် - သညာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ ဖဿ –
(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင် သညာက္ခန္ဓာက အကျိုးတရား။
( ခ ) နောက်နောက်သော သဟဇာတ ဘဝင်မနောသမ္ဖဿ (= ၃၄ - သညာ = ၃၃)က အကြောင်းတရား၊
ဘဝင် သညာက္ခန္ဓာက အကျိုးတရား။
ဘဝင် - သင်္ခါရက္ခန္ဓာ (စေတနာကို ကောက်ယူပါ - ပ -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ ဖဿ –
(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင် သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) နောက်နောက်သော သဟဇာတ ဘဝင်မနောသမ္ဖဿ (= ၃၄ - စေတနာ = ၃၃)က အကြောင်းတရား၊
ဘဝင် သင်္ခါရက္ခန္ဓာက အကျိုးတရား။
ဘဝင် - သင်္ခါရက္ခန္ဓာ (၃၁-ကို ကောက်ယူပါ - ဒု -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ ဖဿ –
(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင် သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ဘဝင် သင်္ခါရက္ခန္ဓာက အကျိုးတရား။
ဘဝင် - ဝိညာဏက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရားငါးပါး – ဝေဒနာက္ခန္ဓာနှင့် တူသည်။
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၆။ ရှေးရှေး ဘဝင်မနောသမ္ဖဿ (၃၄)က အကြောင်းတရား၊ ဘဝင် ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ နာမ်+ရုပ်က အကြောင်းတရား၊ ဘဝင် ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၃၃ တည်း။
ရုပ် = မှီရာဝတ္ထုရုပ်နှင့် (အာရုံရုပ်တည်း)။
––––––––––-
ရူပါရုံ (= အရောင်) လိုင်း - ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) ခန္ဓာငါးပါး
၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ ဟဒယ၌ ရှိသော ရုပ် (၆၃)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ သညာက သညာက္ခန္ဓာ။
၄။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပထမနည်း။)
ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ ကျန်စေတသိက် (၈)လုံးက သင်္ခါရက္ခန္ဓာ။ (ဒုတိယနည်း။)
၅။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။
ပဉ္စဒွါရာဝဇ္ဇန်း ( = ဆင်ခြင်) - ရူပက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ စိတ်က အကြောင်းတရား၊ စိတ္တဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၇။ ဥတုက အကြောင်းတရား၊ ဥတုဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၈။ အာဟာရက အကြောင်းတရား၊ အာဟာရဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
ပဉ္စဒွါရာဝဇ္ဇန်း ( = ဆင်ခြင်) - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ –
(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - သညာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား။ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ -
(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။
ပဉ္စဒွါရာဝဇ္ဇန်း ( = ဆင်ခြင်) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ –
(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
ပဉ္စဒွါရာဝဇ္ဇန်း ( = ဆင်ခြင်) - သင်္ခါရက္ခန္ဓာ (၈-လုံး - ဒု)
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ –
(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - ဝိညာဏက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၁။ ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ နာမ်ရုပ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၁၀။
ရုပ် = ဟဒယဝတ္ထု (= ၇ = ၆၃)နှင့် ရူပါရုံ။
––––––––––-
ရူပါရုံ (= အရောင်) လိုင်း - စက္ခုဝိညာဏ် (= မြင်သိ) ခန္ဓာငါးပါး
၁။ စက္ခုဝတ္ထု (= ၇ = ၆၃-မျိုးသော မှီရာရုပ်တရား)နှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ သညာက သညာက္ခန္ဓာ။
၄။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ ကျန်စေတသိက် (၅)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။
စက္ခုဝိညာဏ် (= မြင်သိ) - ရူပက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ စိတ်က အကြောင်းတရား၊ စိတ္တဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၇။ ဥတုက အကြောင်းတရား၊ ဥတုဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၈။ အာဟာရက အကြောင်းတရား၊ အာဟာရဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
စက္ခုဝိညာဏ် (= မြင်သိ) - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု = စက္ခုဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ စက္ခုသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ အာလောက (= အရောင်အလင်း)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
မနသိကာရ– မနသိကာရဟူသည်မှာ ဤ၌ အာရုံ (= ရူပါရုံ)ကို နှလုံးသွင်းမှု = ဆင်ခြင်မှု = ပဉ္စဒွါရာဝဇ္ဇန်း တည်း။ ယင်းကို ဝီထိပဋိပါဒကမနသိကာရဟု အဋ္ဌကထာဆရာမြတ်တို့က ခေါ်ဝေါ်သုံးစွဲတော်မူကြသည်။[မှတ်စု ၁၂] ဝီထိစိတ်တို့ ဖြစ်ပေါ်လာအောင် အာရုံကို နှလုံးသွင်းတတ် ရယူတတ်သော ဝီထိစိတ်တို့၏ အခြေခံ အကြောင်းရင်း တရားစုတည်း။
အာလောက – အာလောက = အရောင်အလင်းဟူသည် (၁) လရောင်, (၂) နေရောင်, (၃) မီးရောင်, (၄) ပညာရောင်ဟူသော အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် အာဘာသုတ္တန်[မှတ်စု ၁၃]စသည်တို့၌ လာရှိသော အရောင်လေးမျိုး လုံးသည်ပင် ဤ၌ အာလောက မည်ပေသည်။ ယခုကဲ့သို့ မျက်စိကို မှိတ်ကာ ထိုင်လျက် တရားနှလုံးသွင်းခိုက်၌ အထူးသဖြင့် ဉာဏ်အရောင်အလင်းမှာ ပို၍ အရေးကြီးလှ၏၊ ဉာဏ်အရောင်အလင်း မရှိပါက ရုပ်ကလာပ်တို့ကို လည်းကောင်း, ရုပ်ကလာပ်တို့၏ အရောင်အဆင်းကိုလည်းကောင်း, ပရမတ်ရုပ်တရားတို့ကိုလည်းကောင်း, ပရမတ် နာမ်တရားတို့ကိုလည်းကောင်း, အကြောင်းတရား အကျိုးတရားတို့ကိုလည်းကောင်း, အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကိုလည်းကောင်း မသိမြင်နိုင်ပေ။ ဝိပဿနာဉာဏ်ဖြစ်ခိုက် မဟုတ်လျှင် သို့မဟုတ် စွမ်းအင်ပြည့်ဝသော သမထဘာဝနာ ဝိပဿနာ ဘာဝနာကို နှလုံးသွင်းခိုက် မဟုတ်လျှင် ပကတိ မံသမျက်စိဖြင့် ရူပါရုံကို မြင်ခိုက်၌ လရောင် နေရောင် မီးရောင်ဟူသော အရောင်အလင်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် စက္ခုဝိညာဏ် နာမ်တရားစု၏ အကြောင်းတရား ဖြစ်ပေသည်။ စက္ခုဝိညာဏ်၏ အကြောင်းတရားများကို အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၁၄]၌ (၄)မျိုး ဖော်ပြထား၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းတရားကို ထည့်သွင်း၍ မဖွင့်ဆိုထားပေ။ သို့သော် – ဖဿသမုဒယာ ဝေဒနာသမုဒယော[မှတ်စု ၁၅] = ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊ –– ဤသို့ စသော ဒေသနာတော်များနှင့် အညီ ဤ၌ စက္ခုသမ္ဖဿကိုပါ ထည့်သွင်း၍ ပစ္စုပ္ပန်အကြောင်းတရားများကို (၅)မျိုး ဖော်ပြထားပါသည်။
စက္ခုဝိညာဏ် (= မြင်သိ) - သညာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။
၈။ စက္ခုသမ္ဖဿ (= ၈ - သညာ = ၇)က အကြောင်းတရား၊ မြင်သိ သညာက္ခန္ဓာက အကျိုးတရား။
စက္ခုဝိညာဏ် ( = မြင်သိ) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။
၈။ စက္ခုသမ္ဖဿ (= ၈ - စေတနာ = ၇)က အကြောင်းတရား၊ မြင်သိ သင်္ခါရက္ခန္ဓာက အကျိုးတရား။
စက္ခုဝိညာဏ် (= မြင်သိ) - သင်္ခါရက္ခန္ဓာ (၅-လုံးကို ယူပါ။ - ဒု -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။
၈။ ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ မြင်သိ သင်္ခါရက္ခန္ဓာက အကျိုးတရား။
စက္ခုဝိညာဏ် (= မြင်သိ) - ဝိညာဏက္ခန္ဓာ
၁။၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ နာမ်+ရုပ်က အကြောင်းတရား၊ မြင်သိ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ အာလောကက အကြောင်းတရား၊ မြင်သိ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၈။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ မြင်သိ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် (၇)လုံး။ (ယှဉ်ဖက် စေတသိက် ခုနစ်လုံး၌ ဖဿလည်း ပါဝင်၏၊)
ရုပ် = မှီရာဝတ္ထုရုပ် (= ၇ = ၆၃) နှင့် ရူပါရုံ။
––––––––––-
ရူပါရုံ (= အရောင်) လိုင်း - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) ခန္ဓာငါးပါး
၁။ သမ္ပဋိစ္ဆိုင်း၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ သညာက သညာက္ခန္ဓာ။
၄။ သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပထမနည်း။)
သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ ကျန်စေတသိက် (၈)လုံးက သင်္ခါရက္ခန္ဓာ။ (ဒုတိယနည်း။)
၅။ သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ အသိစိတ်ဝိညာဏ်က ဝိညာဏက္ခန္ဓာ။
သမ္ပဋိစ္ဆိုင်း ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း - ရူပက္ခန္ဓာနှင့် နည်းတူ ရှုပါ။
သမ္ပဋိ စ္ဆိုင်း ( = လက်ခံ) - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
သမ္ပဋိ စ္ဆိုင်း ( = လက်ခံ) - သညာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သညာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သညာက္ခန္ဓာက အကျိုးတရား။
သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
သမ္ပဋိ စ္ဆိုင်း ( = လက်ခံ) - သင်္ခါရက္ခန္ဓာ (၈-လုံး - ဒု -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - ဝိညာဏက္ခန္ဓာ
၁။၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရားများကို ဝေဒနာက္ခန္ဓာအတိုင်း ရှုပါ။
၆။ စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ သမ္ပဋိစ္ဆိုင်း နာမ်+ရုပ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = သမ္ပဋိစ္ဆိုင်းစိတ်နှင့် ယှဉ်ဖက် စေတသိက် (၁၀)တည်း။
ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)နှင့် ရူပါရုံတည်း။
––––––––––-
ရူပါရုံ (= အရောင်) လိုင်း - သန္တီရဏ (= စုံစမ်း) ခန္ဓာငါးပါး
၁။ သန္တီရဏ၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ သညာက သညာက္ခန္ဓာ။
၄။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
သန္တီရဏ နာမ်တရား (၁၂)လုံးမှ ကျန်စေတသိက် (၉)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ သန္တီရဏ နာမ်တရား (၁၂ )လုံးမှ အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။[မှတ်စု ၁၆]
သန္တီရဏ ( = စုံစမ်း) - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁/၁၀) (= ၁၂ - ဝေဒနာ = ၁၁/ ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
သန္တီရဏ (= စုံစမ်း) - သညာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁/၁၀) (= ၁၂ - သညာ = ၁၁/ ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။
သန္တီရဏ ( = စုံစမ်း) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာကအကျိုးတရား။
( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁/၁၀) (= ၁၂ - စေတနာ = ၁၁/ ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
သန္တီရဏ (= စုံစမ်း) - သင်္ခါရက္ခန္ဓာ (၉/၈ - ဒု -)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ဂ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
သန္တီရဏ (= စုံစမ်း) - ဝိညာဏက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၆။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ သန္တီရဏ နာမ်+ရုပ်က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် (သောမနဿဖြစ်လျှင် - ၁၁၊ ဥပေက္ခာဖြစ်လျှင် - ၁၀)။
ရုပ် = မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော (၇ = ၆၃)မျိုးသောရုပ်နှင့် ရူပါရုံ။
––––––––––-
ရူပါရုံ (အရောင်) လိုင်း - ဝုဋ္ဌော (= ဆုံးဖြတ်) ခန္ဓာငါးပါး
၁။ ဝုဋ္ဌော၏မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော (၇ = ၆၃)မျိုးသောရုပ်နှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ ဝုဋ္ဌောနာမ်တရား (၁၂ )လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ ဝုဋ္ဌောနာမ်တရား (၁၂ )လုံးမှ သညာက သညာက္ခန္ဓာ။
၄။ ဝုဋ္ဌောနာမ်တရား (၁၂ )လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
ဝုဋ္ဌောနာမ်တရား (၁၂ )လုံးမှ ကျန်စေတသိက် (၉)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ ဝုဋ္ဌောနာမ်တရား (၁၂ )လုံးမှ အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။[မှတ်စု ၁၇]
ဝုဋ္ဌော (= ဆုံးဖြတ်) - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂/၁၁)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဝုဋ္ဌော (= ဆုံးဖြတ်) - သညာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂/၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၂ - သညာ = ၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
ဝုဋ္ဌော (= ဆုံးဖြတ်) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂/၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၂ - စေတနာ = ၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
ဝုဋ္ဌော (= ဆုံးဖြတ်) - သင်္ခါရက္ခန္ဓာ (၉ - လုံး - ဒု -)
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂/၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ဂ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
ဝုဋ္ဌော (= ဆုံးဖြတ်) - ဝိညာဏက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၁။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂/၁၁)က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ ဝုဋ္ဌော နာမ်+ရုပ်က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ဝုဋ္ဌောနှင့် ယှဉ်ဖက် စေတသိက် = ၁၁။
ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံ။
––––––––––-
ဇဝနပဋိပါဒက-မနသိကာရ
ဤဝုဋ္ဌော၏ ဆုံးဖြတ်ချက်မှာ အာရုံကို ဣဋ္ဌ-အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်သော ဆုံးဖြတ်ချက်မျိုးဖြစ်လျှင် နှလုံး သွင်းမှားမှု = အယောနိသောမနသိကာရ ဖြစ်၍ ယင်းဝုဋ္ဌော၏ နောင်၌ အကုသိုလ်ဇောများ ထိုက်သလို စောကြမည် ဖြစ်သည်။ သို့သော် ပဉ္စဒွါရဝီထိများ၌ ပါဝင်သော ဝုဋ္ဌောမှာ အာရုံကို ဣဋ္ဌ-အနိဋ္ဌ-နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် တကယ်တမ်း ဆုံးဖြတ်ချက် ချနိုင်သည်ကား မဟုတ်ပေ။ ရှေးရှေးသော မနောဒွါရဝီထိများက အာရုံကို ဣဋ္ဌ-အနိဋ္ဌနိစ္စ-သုခ-အတ္တ-သုဘစသည်ဖြင့် ကြိမ်ဖန်များစွာ ဆုံးဖြတ်ချက်ချပြီးနောက် ပဉ္စဒွါရဝီထိများ ထပ်မံ ဖြစ်ပေါ်လာကြရာ ဝယ် ရှေးရှေးသော ယင်းမနောဒွါရဝီထိများက အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလိုက်ကြ သဖြင့် နောက်နောက်သော ယင်းပဉ္စဒွါရဝီထိများတွင် ပါဝင်သော ဝုဋ္ဌောက အာရုံကို ဣဋ္ဌ-အနိဋ္ဌ-နိစ္စ-သုခ-အတ္တသုဘ စသည်ဖြင့် ဆုံးဖြတ်သကဲ့သို့သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာ၏၊ အယောနိသောမနသိကာရပင်တည်း။ ယင်းအယောနိသောမနသိကာရကို အကြောင်းခံ၍ ယင်းဝုဋ္ဌော၏ နောင်၌ အကုသိုလ်ဇောများ စောကြရလေသည်။ တစ်ဖန် ယင်းဝုဋ္ဌော၏ ဆုံးဖြတ်ချက်မှာ ရူပါရုံအရောင်ကို ရူပါရုံအရောင် စသည်ဖြင့် ဆုံးဖြတ်မှုမျိုးဖြစ်မူ ယောနိသော မနသိကာရဖြစ်၍ ယင်းဝုဋ္ဌော၏ နောင်၌ ကုသိုလ်ဇောများ စောမည်ဖြစ်သည်။ ဤ၌လည်း ဝုဋ္ဌောက ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်သည်ကား မဟုတ်၊ ဆုံးဖြတ်သကဲ့သို့သာ ဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် ယင်း ဝုဋ္ဌောကိုပင် ဇဝနပဋိပါဒက မနသိကာရ = ဇော၏ အခြေခံ အကြောင်းရင်းဖြစ်သည့် အာရုံကို နှလုံးသွင်းမှုဟု ခေါ်ဆိုပေသည်၊၊[မှတ်စု ၁၈] ဤ၌ ယောနိသော မနသိကာရကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြသော ကုသိုလ်ဇောများ၌ အကြောင်းအကျိုးစပ်၍ သိမ်းဆည်းပုံကို ရှေးဦးစွာ ရေးသားတင်ပြပေအံ့ ..။
ရူပါရုံ (= အရောင်) လိုင်း - ကုသိုလ် ပထမဇော ခန္ဓာငါးပါး
၁။ ကုသိုလ်ပထမဇော၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၇ = ၆၃) မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ ပထမဇော နာမ်တရား (၃၄)မှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ ပထမဇော နာမ်တရား (၃၄)မှ သညာက သညာက္ခန္ဓာ။
၄။ ပထမဇော နာမ်တရား (၃၄)မှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
ပထမဇော နာမ်တရား (၃၄)မှ ကျန်စေတသိက် (၃၁)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ ပထမဇော နာမ်တရား (၃၄)မှ အသိစိတ် = ဝိညာဏ်က ဝိညာဏက္ခန္ဓာ။[မှတ်စု ၁၉]
မဟာကုသိုလ် ပထမဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
မဟာကုသိုလ် ပထမဇော - သညာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄ - သညာ = ၃၃)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
မဟာကုသိုလ် ပထမဇော - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄ - စေတနာ = ၃၃)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
မဟာကုသိုလ် ပထမဇော - သင်္ခါရက္ခန္ဓာ (၃၁-လုံး - ဒု )
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
မဟာကုသိုလ် ပထမဇော - ဝိညာဏက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ နာမ်-ရုပ်က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၃၃။
ရုပ် = မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)နှင့် ရူပါရုံ။[မှတ်စု ၂၀]
မဟာကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇော မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁။ တတိယဇော၏ အနန္တရအကြောင်းမှာ ဒုတိယဇော၊
၂။ စတုတ္ထဇော၏ အနန္တရအကြောင်းမှာ တတိယဇော၊
၃။ ပဉ္စမဇော၏ အနန္တရအကြောင်းမှာ စတုတ္ထဇော၊
၄။ ဆဋ္ဌဇော၏ အနန္တရအကြောင်းမှာ ပဉ္စမဇော၊
၅။ သတ္တမဇော၏ အနန္တရအကြောင်းမှာ ဆဋ္ဌဇော၊
၆။ ပထမတဒါရုံ၏ အနန္တရအကြောင်းမှာ သတ္တမဇော၊
၇။ ဒုတိယတဒါရုံ၏ အနန္တရအကြောင်းမှာ ပထမတဒါရုံ –
ဤသို့ စသည်ဖြင့် - အထက်ပါ (၃) (ခ)၌ သဘောပေါက်ပါ။
ရူပါရုံ (= အရောင်) လိုင်း - တဒါရုံ ခန္ဓာငါးပါး
၁။ တဒါရုံ၏ မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ သညာက သညာက္ခန္ဓာ။
၄။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ ကျန်စေတသိက် (၃၁)က သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ အသိစိတ် (= ဝိညာဏ်)က ဝိညာဏက္ခန္ဓာ။
တဒါရုံ ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာနှင့် နည်းတူ ရှုပါ။
မဟာဝိပါက် ပထမတဒါရုံ - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပထမတဒါရုံ သညာက္ခန္ဓာ – ၈။ (ဂ) ပထမတဒါရုံ မနောသမ္ဖဿ = ၃၄-သညာ = ၃၃။
ပထမတဒါရုံ သင်္ခါရက္ခန္ဓာ – ၈။ (ဂ) ပထမတဒါရုံ မနောသမ္ဖဿ = ၃၄-စေတနာ = ၃၃ - (ပ)။
ပထမတဒါရုံ သင်္ခါရက္ခန္ဓာ – ၈။ (ဂ) ကျန်နာမ်ခန္ဓာသုံးပါး = (ဝေဒနာ-သညာ-ဝိညာဏ်) - (ဒု)။
ဤမျှသာထူးသည်၊ ဝေဒနာက္ခန္ဓာကို နည်းမှီ၍ ရှုပါ။
မဟာဝိပါက် ပထမတဒါရုံ - ဝိညာဏက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)ကအကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၆။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ ပထမတဒါရုံ နာမ်ရုပ်က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၃၃။
ရုပ် = မှီရာဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံ။
အကယ်၍ မဟာဝိပါက်တဒါရုံသည် ဥပေက္ခာဝေဒနာဖြစ်လျှင် ပီတိ မယှဉ်၊ နာမ်တရား (၃၃)ဖြစ်သည်။ ဉာဏ်မယှဉ်လျှင် ဉာဏ်မပါသဖြင့် နာမ်တရား (၃၃)ဖြစ်သည်။ ဉာဏ်-ပီတိနှစ်မျိုးလုံး မယှဉ်သော် နာမ်တရား (၃၂) ဖြစ်သည်။ သောမနဿ-ဥပေက္ခာ-ဉာဏသမ္ပယုတ်-ဉာဏဝိပ္ပယုတ်သို့ လိုက်၍ နာမ်တရားအရေအတွက် ကွဲပြားခြင်း ဖြစ်သည်။ စေတသိက်အရေအတွက်သို့ လိုက်၍ သင်္ခါရက္ခန္ဓာ ဒုတိယနည်း၌ စေတသိက်အရေအတွက် အတိုးအဆုတ် ရှိသည်။ အကယ်၍ တဒါရုံသည် အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံ ဖြစ်အံ့၊ နာမ်တရား (၁၂ ) ဖြစ်သည်။ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ ဖြစ်အံ့၊ နာမ်တရား (၁၁)ဖြစ်သည်။ အဟိတ် အကုသလ ဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ ဖြစ်အံ့၊ နာမ်တရား (၁၁)ပင် ဖြစ်သည်။ အကယ်၍ အဟိတ်တဒါရုံဖြစ်လျှင် သင်္ခါရက္ခန္ဓာ ဒုတိယနည်း၌သာ စေတသိက်အရေအတွက် ကွဲပြားနိုင်သည်။ နည်းမှီး၍ ရှုပါ။ ဒုတိယတဒါရုံ၏ အနန္တရအကြောင်း တရားမှာ ပထမတဒါရုံဖြစ်သဖြင့် - ၈။ (ခ) မနောသမ္ဖဿ၌ နာမ်တရားအရေအတွက်မှာ (၃၄/၃၃/၃၃/၃၂/ ၁၂/၁၁/၁၁) ဤသို့ ထိုက်သလို အပြောင်းအလဲ ရှိနိုင်သည်။ သတိပြု၍ နည်းမှီ၍သာ သိမ်းဆည်းရှုပွားပါလေ။
––––––––––-
ရူပါရုံကို အာရုံယူသည့် မနောဒွါရဝီထိများ
ဤတွင် ကုသိုလ်ဇောများ စောသည့် စက္ခုဒွါရဝီထိအတွင်းဝယ် ဝီထိစိတ္တက္ခဏတိုင်း၌ တည်ရှိသော ခန္ဓာ ငါးပါးတို့ကို အကြောင်း-အကျိုး ဆက်စပ်၍ ရှုနည်း သိမ်းဆည်းနည်းကို အရိပ်အမြွက် ရေးသားတင်ပြပြီးလေပြီ။ ဤနည်းစနစ်ကိုပင် နည်းမှီး၍ ကြွင်းကျန်သော ကုသိုလ်ဇောစောသည့် စက္ခုဒွါရဝီထိ နာမ်တရားစုတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားနိုင်လောက်ပေပြီ။ တစ်ဖန် စက္ခုဒွါရဝီထိ၏နောင်၌ ဘဝင်များ ခြားလျက် ရူပါရုံကိုပင် ဆက်လက်၍ အာရုံယူသည့် မနောဒွါရဝီထိစိတ်အစဉ်များသည်လည်း ဆက်လက် ဖြစ်ပေါ်လာကြ၏၊ ထိုတွင် ဘဝင်ခန္ဓာ ငါးပါးတို့ကို ရှေ့တွင် ရေးသားတင်ပြခဲ့သော ဘဝင် ခန္ဓာငါးပါးအတိုင်းပင် သိမ်းဆည်း ရှုပွားပါ။ မနောဒွါရာဝဇ္ဇန်းနှင့် ဇောတို့တွင် ဝေဒနာက္ခန္ဓာတစ်ခုစီကို ပုံစံအဖြစ် ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး ဖွဲ့ပုံသည် ဝုဋ္ဌော၌ ခန္ဓာငါးပါး ဖွဲ့ပုံနှင့် တူပြီ။ ဇော တဒါရုံတို့၌ ခန္ဓာငါးပါး ဖွဲ့ပုံသည်လည်း စက္ခုဒွါရဝီထိ ဇော တဒါရုံတို့၌ ခန္ဓာငါးပါး ဖွဲ့ပုံနှင့် ပုံစံတူလေပြီ။
မနောဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
မဟာကုသိုလ် ပထမဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
မဟာကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ဒုတိယဇော မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ကြွင်းကျန်သော ခန္ဓာတို့၌လည်းကောင်း ကြွင်းကျန်သော ဇောနှင့် တဒါရုံတို့၌လည်းကောင်း ဤအထက်တွင် ရေးသားတင်ပြခဲ့သော နည်းစနစ်များကိုပင် နည်းမှီ၍ သိမ်းဆည်း ရှုပွားပါလေ။ သဘောပေါက်သင့်ပေပြီ။
ရှင်းလင်းချက်များ - စက္ခုသမ္ဖဿ + မနောသမ္ဖဿ
အပရိဇာနနသုတ္တန်[မှတ်စု ၂၁]စသည့် သံယုတ်ပါဠိတော်တစ်လျှောက်၌ ဘုရားရှင်သည် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ (စက္ခုသမ္ဖဿဇာ ဝေဒနာ) စသည့် ဖဿ (၆)မျိုးကြောင့် ဝေဒနာ (၆)မျိုး ဖြစ်ပုံတို့ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဟောကြားထားတော်မူ၏၊
စက္ခုဝိညာဏ်နှင့် ယှဉ်သော စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော ..
၁။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာ,
၂။ စက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ,
၃။ သမ္ပဋိ စ္ဆိုင်းနှင့် ယှဉ်သော ဝေဒနာ,
၄။ သန္တီရဏနှင့် ယှဉ်သော ဝေဒနာ,
၅။ ဝုဋ္ဌောနှင့် ယှဉ်သော ဝေဒနာ,
၆။ (က) ကာမာဝစရကုသိုလ်ဇောနှင့် ယှဉ်သော ဝေဒနာ,
( ခ ) အကုသိုလ်ဇောနှင့် ယှဉ်သော ဝေဒနာ,
( ဂ ) ကာမာဝစရကြိယာဇောနှင့် ယှဉ်သော ဝေဒနာ (ရဟန္တာအရှင်မြတ်များအတွက် ဖြစ်သည်),
၇။ တဒါရုံနှင့် ယှဉ်သော ဝေဒနာ –
ဤ ကုသိုလ် အကုသိုလ် အဗျာကတ = ဝိပါက်ကြိယာတို့နှင့် ယှဉ်သော ဝေဒနာဟူသမျှသည် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ (= စက္ခုသမ္ဖဿဇာ ဝေဒနာ) မည်ပေသည်။
တစ်ဖန် ဥပရိပဏ္ဏာသပါဠိတော် စူဠရာဟုလောဝါဒသုတ္တန်[မှတ်စု ၂၂]၌ကား ဘုရားရှင်သည် စက္ခုသမ္ဖဿကြောင့် ဝေဒနာတစ်ခုတည်းသာ ဖြစ်သည်မဟုတ် - ယမိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ - ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် နာမ်ခန္ဓာ (၄)ပါးလုံးပင် ဖြစ်ကြသည်ဟု ဟောကြားထားတော်မူ၏၊ ထိုကြောင့် စက္ခုဝိညာဏ်နှင့် ယှဉ်သော စက္ခုသမ္ဖဿက ဝေဒနာဦးဆောင်နေသည့် စက္ခုဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံ နာမ်ခန္ဓာ (၄)ပါး အသီးအသီးအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်ဟု မှတ်ပါ။ သို့သော် စက္ခုသမ္ဖဿက စက္ခုသမ္ဖဿကြောင့် ဖြစ်ကြသော နာမ်တရားစုတို့အား ကျေးဇူးပြုရာ၌ သမာနဝီထိ = တူညီသောဝီထိ = စက္ခုဒွါရဝီထိအတွင်း၌သာ ကျေးဇူးပြုမှုကို အဋ္ဌကထာက ဖွင့်ဆိုထားသော်လည်း ..
“စက္ခုသမ္ဖဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ အနုပါဒိန္နအနုပါဒါနိယော အသံကိလိဋ္ဌအသံကိလေသိကော အဝိတက္ကအဝိစာရော ...” –
ဤသို့စသော ပါဠိတော်များကို ကိုးကား၍ နာနာဝီထိ = ဝီထိချင်းမတူ ကွဲပြားသော နာမ်တရားစုတို့အားလည်း
= ရူပါရုံကို ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိ နာမ်တရားစုတို့အားလည်း စက္ခုသမ္ဖဿ၏ ကျေးဇူးပြုမှုကို အဋ္ဌကထာက မပယ်မြစ်ကြောင်းကိုလည်းကောင်း, သမာနဝီထိ = တူသောဝီထိ = စက္ခုဒွါရဝီထိအတွင်း၌ တည်ရှိ ကြသော နာမ်တရားစုတို့အား စက္ခုသမ္ဖဿက ကျေးဇူးပြုမှုမှာ ဧကန်ဖြစ်သောကြောင့်လည်းကောင်း စက္ခုသမ္ဖဿက စက္ခုဒွါရဝီထိ နာမ်တရားစုတို့အား ကျေးဇူးပြုပုံကို အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်ဟုလည်း မူလဋီကာ[မှတ်စု ၂၃]က ရှင်းလင်းတင်ပြထားတော်မူ၏၊ ယောဂီအများစုကို သုတေသနပြုကြည့်ရာ၌ မူလဋီကာဆရာတော်၏ ရှင်းလင်းချက်ကို ထောက်ခံလျက်ပင် ရှိနေပေသည်။
တစ်ဖန် သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး[မှတ်စု ၂၄]က –– ဇောတွင် လောကီ ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာ ဇောများ အားလုံး ဖြစ်နိုင်ကြောင်းကိုလည်း ဖွင့်ဆိုထားတော်မူ၏၊ တစ်ဖန် စက္ခုဒွါရဝီထိအတွင်းဝယ် တည်ရှိသော ကိရိယမနောဓာတ် အမည်ရသည့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာကိုလည်း စက္ခုသမ္ဖဿကြောင့် ဖြစ်ကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊ အကြောင်းပရိယာယ် တစ်မျိုးဟု မှတ်ပါ။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာမှာ အလျင်ဖြစ်နှင့်၍ ယင်းဝေဒနာနှင့်တကွသော ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစု ချုပ်ပျက်ပြီးပါမှ စက္ခုဝိညာဏ်နှင့်ယှဉ်သော စက္ခုသမ္ဖဿ ဖြစ်ခွင့် ရရှိ၏၊ အကျိုးက အလျင်ဖြစ်၍ အကြောင်းက နောက်မှ ဖြစ်ပေါ်လာနေ၏၊ ရှေးဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာအား နောက်မှ ဖြစ်သော စက္ခုဝိညာဏ်နှင့် ယှဉ်သော စက္ခုသမ္ဖဿက ကျေးဇူးပြုလျက် ရှိ၏၊ ပစ္ဆာဇာတပစ္စည်းမျိုးသို့ သက်ဝင်နေ၏၊ သို့သော် နာမရူပပစ္စယာ သဠာယတနံဟူသော အပိုင်း[မှတ်စု ၂၅]တွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ပစ္ဆာဇာတပစ္စည်း၌ အကြောင်းပစ္စည်းတရားမှာ နာမ်တရားဖြစ်၍ အကျိုး ပစ္စယုပ္ပန်တရားမှာ ရုပ်တရားဖြစ်၏၊ ဤ၌ကား အကြောင်း-အကျိုး နှစ်ရပ်လုံးတို့မှာ နာမ်တရားတို့ချည်းသာ ဖြစ်ကြ၏၊ ထို့ကြောင့် ပစ္ဆာဇာတပစ္စည်း၌လည်း အကျုံးမဝင်ပေ။
သို့သော် စက္ခုပသာဒ ထင်ရှားရှိ၍ စက္ခုသမ္ဖဿ ဖြစ်ခွင့်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ရူပါရုံကို ဆင်ခြင် တတ်သော ပဉ္စဒွါရာဝဇ္ဇန်းသည် ဖြစ်နိုင်ခွင့်ရှိ၏၊ စက္ခုပသာဒချို့တဲ့၍ စက္ခုသမ္ဖဿဖြစ်ခွင့်မရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ ရူပါရုံကို ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်းသည်လည်း ဖြစ်ခွင့် မရှိနိုင်တော့ပေ။ စက္ခုပသာဒချို့တဲ့သူ၏ သန္တာန်၌ စက္ခုဒွါရတစ်ဝီထိလုံး ဖြစ်နိုင်ခွင့် မရှိသောကြောင့်တည်း။ ဤသို့သော အကြောင်းပရိယာယ်အားဖြင့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာသည်လည်း စက္ခုသမ္ဖဿကြောင့် ဖြစ်ရသည်ဟုပင် ဆိုသင့် ဆိုထိုက်လှပေသည်ဟူလို။
ဤရှင်းလင်းချက်များအရ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာမှာ စက္ခုဒွါရဝီထိ တစ်ဝီထိလုံး၌ တည်ရှိသော ဝေဒနာအားလုံးနှင့် ရူပါရုံကိုပင် ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိတို့၌ တည်ရှိသော ဝေဒနာအားလုံးကို ဆိုလိုသည်ဟု မှတ်သားပါ။ ယင်းဝေဒနာအားလုံးမှာ စက္ခုသမ္ဖဿဇာ ဝေဒနာပင်တည်း။ သို့သော် အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်းဝီထိတို့၏ စိတ္တက္ခဏတိုင်း၌ ဝေဒနာနှင့် အတူယှဉ်တွဲဖြစ်ကြသည့် နာမ်ခန္ဓာ (၄)ပါးလုံးကိုပင် ဆိုလိုသည်ဟုလည်း မှတ်ပါ။ သောတသမ္ဖဿ စသည်တို့က သောတဒွါရဝီထိ သဒ္ဒါရုံကို အာရုံယူသည့် မနောဒွါရဝီထိ စသည်တို့အား ကျေးဇူးပြုရာ၌လည်း နည်းတူပင် မှတ်သားပါလေ။
မနောသမ္ဖဿ–– မနောဒွါရဝီထိတို့တွင် မနောဒွါရာဝဇ္ဇန်းနှင့် ကပ်လျက်ရှိသော, မနောဒွါရာဝဇ္ဇန်းအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ရှိသော ဘဝင်နှင့် ယှဉ်သော ဖဿသည် မနောသမ္ဖဿ မည်၏၊ ယင်း မနောသမ္ဖဿကလည်း မနောဒွါရာဝဇ္ဇန်း၊ ဇော၊ (တဒါရုံ) ဟူသော မနောဒွါရဝီထိနာမ်တရားစုတို့အားလည်း ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေးလျက်ရှိ၏၊ အပ္ပနာဝီထိဖြစ်မူ မနောဒွါရာဝဇ္ဇန်းနှင့် ဥပစာရသမာဓိဇော အပ္ပနာဇောတို့အား ဖြစ်ပေါ်လာအောင် ယင်းမနောသမ္ဖဿက ကျေးဇူးပြုပေးလျက်ပင်ရှိ၏၊ ထိုကြောင့် ရူပါရုံကို ဆက်လက် အာရုံယူသည့် မနောဒွါရဝီထိ နာမ်တရားစုတို့အား စက္ခုသမ္ဖဿကလည်းကောင်း, ဘဝင်မနောသမ္ဖဿကလည်းကောင်း, ယှဉ်ဖက် သမ္ပယုတ် မနောသမ္ဖဿကလည်းကောင်း ကျေးဇူးပြုမှုကို ဖော်ပြထားပါသည်။ ဒုတိယဇော စသည်တို့၌ ပထမဇော စသည့် အနန္တရမနောသမ္ဖဿ အကြောင်းတရားများကိုပါ ထည့်သွင်းဖော်ပြထားပါသည်။
သို့ဖြစ်ရကား ယောဂီသူတော်ကောင်းသည် စက္ခုဒွါရိကနာမ်တရားစုတို့၌ စက္ခုသမ္ဖဿ, အနန္တရမနောသမ္ဖဿ, သဟဇာတ မနောသမ္ဖဿ[မှတ်စု ၂၆]တို့၏ ဆိုင်ရာ နာမ်ခန္ဓာတို့အား ကျေးဇူးပြုပေးမှုကိုလည်းကောင်း, ရူပါရုံကိုပင် ဆက်လက် အာရုံယူသည့် မနောဒွါရိကနာမ်တရားစုတို့၌ စက္ခုသမ္ဖဿ, ဘဝင်မနောသမ္ဖဿ, အနန္တရမနောသမ္ဖဿ, သဟဇာတ မနောသမ္ဖဿတို့၏ ကျေးဇူးပြုပေးမှုကိုလည်းကောင်း အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဤတွင် ရူပါရုံကို အာရုံယူသည့် စက္ခုဒွါရ မနောဒွါရ ကုသိုလ်ဇောဝီထိတို့၌ စိတ္တက္ခဏတိုင်းဝယ် ခန္ဓာငါးပါးနည်းဖြင့် အကြောင်း တရား အကျိုးတရား သိမ်းဆည်းပုံကို ရပ်နား၍ ရူပါရုံကိုပင် အာရုံပြုသည့် စက္ခုဒွါရ မနောဒွါရ အကုသိုလ်ဇောဝီထိစိတ်အစဉ်တို့၌ စိတ္တက္ခဏတိုင်းဝယ် ခန္ဓာငါးပါးနည်းဖြင့် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ဆက်လက်၍ ရေးသားတင်ပြပေအံ့ ..။
ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရ မနောဒွါရ အကုသိုလ်ဇောဝီထိတို့ဝယ် - ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ တဒါရုံ၊ (ဘဝင်)၊ မနောဒွါရာဝဇ္ဇန်း၊ တဒါရုံတို့ကား ကုသိုလ်ဇော ဝီထိရှုကွက်နှင့် ပုံစံတူသည်။ ဇော၌သာ ကွဲလွဲချက် အနည်းငယ် ရှိသဖြင့် ဤတွင် လောဘ-ဒိဋ္ဌိအုပ်စု အလုံး (၂၀)ကို ပုံစံထုတ်၍ ဖော်ပြအပ်ပါသည်။ အကုသိုလ်ဇော နာမ်တရားစုတို့၌လည်း ကုသိုလ်ဇော နာမ်တရားစုတို့ကဲ့သို့ပင် အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန်အကြောင်းတရားသာ ရှိပေသည်။
ရူပါရုံ (= အရောင်) လိုင်း - လောဘ - ဒိဋ္ဌိအုပ်စု ဇော - ခန္ဓာငါးပါး
၁။ ဇော၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် သညာက သညာက္ခန္ဓာ။
၄။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် ကျန်စေတသိက် (၁၇)က သင်္ခါရက္ခန္ဓာ (ဒု)။
၅။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။
ဇော ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာကို နည်းမှီ၍ ရှုပါ။
လောဘ-ဒိဋ္ဌိအုပ်စု ပထမဇော - ဝေဒနာက္ခန္ဓာ (စက္ခုဒွါရဝီထိ)
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၂၀ - ဝေဒနာ = ၁၉)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
လောဘ-ဒိဋ္ဌိအုပ်စုပထမဇော - ဝိညာဏက္ခန္ဓာ (စက္ခုဒွါရဝီထိ)
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ နာမ်+ရုပ်က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၁၉။
ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)နှင့် ရူပါရုံ။
လောဘ-ဒိဋ္ဌိအုပ်စုဒုတိယဇော - ဝေဒနာက္ခန္ဓာ (စက္ခုဒွါရဝီထိ)
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇောမနောသမ္ဖဿ (= ၂၀)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇောမနောသမ္ဖဿ (= ၂၀ - ဝေဒနာ = ၁၉)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
လောဘ-ဒိဋ္ဌိအုပ်စုဒုတိယဇော - ဝိညာဏက္ခန္ဓာ (စက္ခုဒွါရဝီထိ)
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၂၀)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ နာမ်+ရုပ်က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၁၉။
ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)နှင့် ရူပါရုံ။
သတိပြုရန်အချက်
ဤမျှ နည်းမှီရလျှင် ရူပါရုံလိုင်း၌ စက္ခုဒွါရဝီထိ မနောဒွါရဝီထိဟူသော အကုသိုလ်ဇောဝီထိတို့ဝယ် စိတ္တက္ခဏ တိုင်း၌ ခန္ဓာငါးပါးနည်းဖြင့် အကြောင်း အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘော ပေါက်နိုင်လောက်ပေပြီ။ ရူပါရုံလိုင်း၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို စိတ္တက္ခဏတိုင်းဝယ် ခန္ဓာ ငါးပါးနည်းဖြင့် အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘောပေါက်ခဲ့သော် သဒ္ဒါရုံလိုင်း စသည်သို့ ပြောင်းရှုနိုင်ပြီ။ စိတ္တက္ခဏတိုင်းဝယ် ယှဉ်ဖက်စေတသိက် အနည်းအများသို့ လိုက်၍ စေတသိက် အရေအတွက် အတိုးအဆုတ်များကို သဘောပေါက်လောက်ပြီဟု ယူဆပါသည်။ စိတ္တက္ခဏတစ်ခုအတွင်းဝယ် ယှဉ်ဖက် စေတသိက်အရေအတွက်သို့ လိုက်၍ သင်္ခါရက္ခန္ဓာ၌လည်းကောင်း, သဟဇာတ မနောသမ္ဖဿတွင်လည်းကောင်း အပြောင်းအလဲ ရှိသည်ကိုကား သတိပြုပါလေ။ အကယ်၍ ယောဂီသူတော်ကောင်းသည် အဘိဓမ္မာ အခြေခံပညာ အားနည်းသူ သို့မဟုတ် အဘိဓမ္မာအခြေခံပညာကို မသင်ကြားဖူးသူဖြစ်မူ ဆရာသမား၏ အကူအညီကိုကား လိုအပ် နေမည်သာ ဖြစ်ပေသည်။ သို့အတွက် ဤတွင် ထူးခြားချက် အနည်းငယ်မျှကိုသာ ဖော်ပြအပ်ပါသည်။
အပြောင်းအလဲအချို့
၂။ သဒ္ဒါရုံလိုင်း၌ – အာရုံ-အရ ရူပါရုံနေရာ၌ သဒ္ဒါရုံဟုလည်းကောင်း, စက္ခုသမ္ဖဿနေရာ၌ သောတသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
၃။ ဂန္ဓာရုံလိုင်း၌ – အာရုံ၌ ဂန္ဓာရုံဟုလည်းကောင်း, ဖဿနေရာ၌ ဃာနသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
၄။ ရသာရုံလိုင်း၌– အာရုံ၌ ရသာရုံဟုလည်းကောင်း, ဖဿနေရာ၌ ဇိဝှါသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
၅။ ဖောဋ္ဌဗ္ဗာရုံလိုင်း၌– အာရုံ၌ ဖောဋ္ဌဗ္ဗာရုံဟုလည်းကောင်း, ဖဿနေရာ၌ ကာယသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
သဒ္ဒါရုံ (= အသံလိုင်း) - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) မနောသမ္ဖဿ (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဤမျှဆိုလျှင် ကျန်နာမ်ခန္ဓာတို့၌ သဘောပေါက်လောက်ပေပြီ။ နည်းရရုံလောက် အချို့စိတ္တက္ခဏ၌ ခန္ဓာတစ်ပါး နှစ်ပါး စသည်ကိုသာ ဖော်ပြသွားပါမည်။ ရှုသည့်အခါ၌ကား နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးလုံးကို ပြည့်စုံအောင် သိမ်းဆည်း ရှုပွားပါ။
သဒ္ဒါရုံ (= အသံ) လိုင်း - သောတဝိညာဏ် (= ကြားသိ) - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု = သောတဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ သောတသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ အာကာသ (= အကြားအပေါက်)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း (= ၁၁)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
အာကာသ –– သောတပသာဒနှင့် သဒ္ဒါရုံတို့၏ အကြားတွင် အာကာသ = အကြားအပေါက် ရှိရ၏၊ ယင်းအာကာသဓာတ်ကို အမှီ ရရှိပါမှသာလျှင် သောတဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏၊ ထိုအာကာသဓာတ်နှင့် ကင်း၍ သောတဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ မှန်ပေသည် နားပေါက်ကို ပိတ်ထားသူ ပိတ်ထားခံရသူ၏ သန္တာန်၌ သောတဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် အာကာသဓာတ်သည်လည်း သောတဝိညာဏ်နာမ်တရားစု ဖြစ်ပေါ်လာရေးအတွက် အကြောင်းတရားတစ်ခု အပါအဝင် ဖြစ်ရပေသည်။[မှတ်စု ၂၇]
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
သဒ္ဒါရုံ (= အသံလိုင်း) - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - သင်္ခါရက္ခန္ဓာ (ဒု)
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၈။ (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
သဒ္ဒါရုံ ( = အသံလိုင်း) - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - ဝိညာဏက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၆။ သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ နာမ်+ရုပ်က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၁၀။
ရုပ် = ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၇ = ၆၃)နှင့် သဒ္ဒါရုံ။
သဒ္ဒါရုံ (= အသံလိုင်း) - သန္တီရဏ (= စုံစမ်း) - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
သဘောပေါက်နိုင်ရုံ အမြွက်မျှကိုသာ ရေးသားတင်ပြထားပါသည်။ ဤမျှ အမှီရလျှင် သဒ္ဒါရုံလိုင်း၌ သဘော ပေါက်လောက်ပေပြီဟု ယူဆပါသည်။ ယခုတစ်ဖန် ဂန္ဓာရုံလိုင်း - စိတ္တက္ခဏတို့၌ ခန္ဓာငါးပါးနည်းဖြင့် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ဆက်လက်၍ အမြွက်မျှ တင်ပြပေအံ့။
––––––––––-
ဂန္ဓာရုံ (= အနံ့) လိုင်း - ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဂန္ဓာရုံ (= အနံ့) လိုင်း - ဃာနဝိညာဏ် - ဝေဒနာက္ခန္ဓာ
အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု = ဃာနဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဃာနသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ ဝါယောဓာတ်က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဝါယောဓာတ် - ဃာနအကြည်ဓာတ် တည်ရှိရာ နှာခေါင်းဖုအတွင်းသို့ အနံ့ဂန္ဓာရုံကို သယ်ဆောင်တတ်သော လေသည် = ဝါယောဓာတ်သည် ဝင်သွားပါမှသာလျှင် အနံ့ဂန္ဓာရုံကို သိတတ်သော အာရုံယူတတ်သော ဃာနဝိညာဏ်နှင့် တကွသော နာမ်တရားစုသည် ဖြစ်ပေါ်လာနိုင်၏၊ အနံ့ ဂန္ဓာရုံကို သယ်ဆောင်တတ်သော ထိုလေသည် = ဝါယောဓာတ် သည် ထင်ရှားမရှိလတ်သော် ယှဉ်ဖက်သမ္ပယုတ်တရားတို့နှင့် တကွသော ဃာနဝိညာဏ်နာမ်တရားစုသည် မဖြစ်ပေါ်နိုင်။ ထိုကြောင့် ဝါယောဓာတ်သည် အကြောင်းတစ်ခု ဖြစ်ရပေသည်။
ဂန္ဓာရုံ (= အနံ့) လိုင်း - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ဃာနသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဂန္ဓာရုံ (= အနံ့) လိုင်း - သန္တီရဏ (= စုံစမ်း) ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ဃာနသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁) (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
အထူးမှာထားချက် – ဃာနဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏစသော စိတ္တက္ခဏတို့ရှိ ဝိညာဏက္ခန္ဓာတို့၏ ပစ္စုပ္ပန်အကြောင်းတရားတို့တွင် နာမ်ရုပ်ဟူသော အကြောင်းတရား၌ နာမ်အရ ထိုထို အသိစိတ် ဝိညာဏက္ခန္ဓာနှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲဖြစ်သည့် ယှဉ်ဖက်သမ္ပယုတ် စေတသိက်တရားစုကို အရကောက်ယူပါ။ ရုပ်အရ မှီရာဝတ္ထုရုပ်နှင့် ဂန္ဓာရုံကို အရကောက်ယူပါ။ ကျန်လိုင်းတို့၌လည်း ဆိုင်ရာ ယှဉ်ဖက် စေတသိက်၊ ဆိုင်ရာ မှီရာဝတ္ထုရုပ်၊ ဆိုင်ရာ အာရုံရုပ်တို့ကို ထိုက်သလို အရကောက်ယူပါ။
––––––––––-
ရသာရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရသာရုံလိုင်း - ဇိဝှါဝိညာဏ် - ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု = ဇိဝှါဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဇိဝှါသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ အာပေါဓာတ်က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
အာပေါဓာတ် – လျှာကို စွတ်စိုစေတတ်သော အာပေါဓာတ်ရည်ကို ရရှိပါမှသာလျှင် ဇိဝှါဝိညာဏ်နှင့် သမ္ပယုတ် တရားစုသည် ဖြစ်ပေါ်လာနိုင်၏၊ ထိုအာပေါဓာတ်ရည်နှင့် ကင်း၍ကား မဖြစ်ပေါ်လာနိုင်။ ခြောက်သွေ့သော လျှာ ရှိကြကုန်သော သူတို့၏ လျှာပေါ်သို့ ခြောက်သွေ့သော ခဲဖွယ်တို့ကို တင်ထားလိုက်သော်လည်း ဇိဝှါဝိညာဏ်သည် ဖြစ်ပေါ်မလာသည်သာတည်း။[မှတ်စု ၂၈]
ဇိဝှါဝိညာဏ်စသည့် စိတ္တက္ခဏတို့ရှိ ဝိညာဏက္ခန္ဓာတို့၏ ပစ္စုပ္ပန်အကြောင်းတရားတို့တွင် နာမ်တရားအရ ဆိုင်ရာ ယှဉ်ဖက် စေတသိက်တို့ကို ကောက်ယူပါ။ ရုပ်တရားအရ ဆိုင်ရာ မှီရာဝတ္ထုရုပ်နှင့် ရသာရုံကို ကောက်ယူပါ။
ရသာရုံလိုင်း - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ရသာရုံလိုင်း - သန္တီရဏ (= စုံစမ်း) - ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိ စ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁) (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
––––––––––-
ဖောဋ္ဌဗ္ဗာရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဖောဋ္ဌဗ္ဗာရုံလိုင်း - ကာယဝိညာဏ် - ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု = ကာယဝတ္ထုရုပ် (= ၆ = ၅၃)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ကာယသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ ပထဝီဓာတ်က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပထဝီဓာတ် – ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒ = ကာယအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်သောအခါ ထိခိုက်သော အခါ ကာယပသာဒတွင်သာမက ကာယပသာဒ၏ မှီရာ နိဿယအကြောင်းတရားဖြစ်သည့် ကလာပ်တူ မဟာဘုတ် အထိ ရှေးရှု ရိုက်ခတ်မိ ထိခိုက်မိ၏၊ ထိုမဟာဘုတ်တို့တွင် ပထဝီဓာတ်ကား ကာယပသာဒ၏ ပဓာနအကြောင်းတရား ဖြစ်၏၊ ကာယဝိညာဏ်နာမ်တရားစုသည် ကာယပသာဒ၏ မှီရာအကြောင်းရင်းစစ်ဖြစ်သော ကလာပ်တူပထဝီဓာတ်ကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ဖြစ်ပေါ်လာနိုင်၏၊ ထိုပထဝီဓာတ်နှင့် ကင်း၍ကား ဖြစ်ပေါ်မလာနိုင်။ မှန်ပေသည် ကာယဒွါရ၌ ဖောဋ္ဌဗ္ဗာရုံ အမည်ရသော ဗဟိဒ္ဓ မဟာဘုတ်အာရုံသည် (= ဗဟိဒ္ဓ ပထဝီ-တေဇော-ဝါယောသည်) အဇ္ဈတ္တိက ကာယပသာဒကို ရှေးရှုရိုက်ခတ်ပြီး ထိခိုက်ပြီး၍ ကာယပသာဒ၏ မှီရာအကြောင်းရင်း ဖြစ်ကုန်သော ကလာပ်တူ မဟာဘုတ်တို့၌လည်း ထိခိုက်မိလေသည်။ ထိုကြောင့် ယင်းပထဝီဓာတ်သည် ကာယဝိညာဏ်နာမ်တရားစု ဖြစ်ပေါ်လာဖို့ရန် အကြောင်းရင်းတစ်ခု ဖြစ်ရပေသည်။[မှတ်စု ၂၉]
ကာယဝိညာဏ်-ဝိညာဏက္ခန္ဓာ၏ ပစ္စုပ္ပန်အကြောင်းတရားတို့တွင် နာမ်-ရုပ်ဟူသော အကြောင်းတရား၌ နာမ်အရ ကာယဝိညာဏ်၏ ယှဉ်ဖက် စေတသိက် (၇)လုံးကို ကောက်ယူပါ။ ရုပ်တရားအရ ကာယဝတ္ထုရုပ်နှင့် တကွသော (၅၃)မျိုးသော ရုပ်တရားနှင့် ဖောဋ္ဌဗ္ဗာရုံ အမည်ရသည့် ပထဝီ တေဇော ဝါယောဟူသော အာရုံရုပ်တို့ကို ကောက်ယူပါ။ တစ်နည်း - ယင်းအာရုံရုပ်သုံးမျိုးတို့နှင့် တကွ ကလာပ်တူရုပ်တို့ကို ကောက်ယူပါ။
ဖောဋ္ဌဗ္ဗာရုံလိုင်း - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဖောဋ္ဌဗ္ဗာရုံလိုင်း - သန္တီရဏ (= စုံစမ်း) - ဝေဒနာက္ခန္ဓာ
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁/၁၀) (= ၁၂ - ဝေဒနာ = ၁၁/ ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
––––––––––-
ဓမ္မာရုံလိုင်း - ကုသိုလ်ဇောဝီထိ (စက္ခုအကြည်ဓာတ် အာရုံ)
ပထမဇော - ဝေဒနာက္ခန္ဓာ (မနောဒွါရဝီထိ)
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= စက္ခုအကြည်ဓာတ်အာရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃) (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂ )က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ဒုတိယဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= စက္ခုအကြည်ဓာတ်အာရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇော မနောသမ္ဖဿ (= ၃၃) (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
––––––––––-
ဓမ္မာရုံလိုင်း - ပထမစျာနသမာပတ္တိဝီထိ (အာနာပါနပဋိဘာဂနိမိတ်အာရုံ)
ပထမဇော - ဝေဒနာက္ခန္ဓာ
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= အာနာပါနပဋိဘာဂနိမိတ်အာရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
ပထမဇော နာမ်တရား (၃၄)မှ ဝေဒနာကို နုတ်သော် ပထမဇော မနောသမ္ဖဿ (၃၃) ဖြစ်သည်။ ဒုတိယဇော စသည်၌ ပထမဇော စသော ရှေးရှေးသော နာမ်တရားဟူသော အနန္တရအကြောင်းတစ်ခု ပိုသည်သာ ထူးသည်။
ဤစျာနသမာပတ္တိဝီထိဇော ဝိညာဏက္ခန္ဓာ၏ နာမ်-ရုပ်အကြောင်းတရား၌ ရုပ်တရားအရ မှီရာဝတ္ထုရုပ်ဟူသော ဟဒယဝတ္ထုနှင့် တကွသော (၆၃)မျိုးသော ရုပ်ကိုသာ အရကောက်ယူပါ။ အာနာပါနပဋိဘာဂနိမိတ်ဟူသော အာရုံမှာကား ပညတ်အာရုံ ဖြစ်နေသည်။ အရိုးစုပဋိဘာဂနိမိတ် သို့မဟုတ် အဖြူရောင် ဩဒါတကသိုဏ်းပဋိဘာဂနိမိတ် စသည့် သမထနိမိတ်တစ်ခုခုကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော စျာန်နာမ်တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ အာရုံဟူသော အကြောင်းတရား၌ မိမိရှုပွားနေသည့် စျာန်နာမ်တရားစု၏ အာရုံဖြစ်သည့် သမထပဋိဘာဂနိမိတ်အာရုံကို ပြောင်းလဲထည့်ပါ။ ဥပမာ “အဖြူရောင် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ” – ဤသို့ စသည်ဖြင့် ပြောင်းလဲထည့်ပါ။ ပထမစျာန်၌ နာမ်တရား (၃၄), ဒုတိယစျာန်၌ (၃၂), တတိယစျာန်၌ (၃၁), စတုတ္ထစျာန်၌ (၃၁), အရူပစျာန် (၄)ပါးလုံး၌လည်း (၃၁)စီပင် အသီးအသီး ဖြစ်သဖြင့် ဇောမနောသမ္ဖဿအရာတွင် စေတသိက်အရေအတွက်ကို ထိုက်သလို လျှော့ပါ။ အပ္ပနာစျာန် ဇောများ၏ နောင်၌ တဒါရုံ မကျပေ။
ဓမ္မာရုံလိုင်း ရုပ်တရားအာရုံ
ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သော ပသာဒရုပ် = အကြည်ရုပ် (၅)ပါး၊ သုခုမရုပ် = သိမ်မွေ့သောရုပ် (၁၆)ပါး ဟူသော ရုပ်တရားတို့တွင် ရုပ်တရားတစ်ခုခုကို အာရုံယူ၍ ရှုခဲ့သော် ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇောများ၊ အယောနိသောမနသိကာရဖြစ်က အကုသိုလ်ဇောများ ထိုက်သလို စောကြမည် ဖြစ်ပေသည်။ ရုပ်တရားဟု အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘဟု နှလုံးသွင်းပါက ယောနိသောမနသိကာရ ဖြစ်၏၊ စက္ခုအကြည်ဓာတ်စသည်ဖြင့် နှလုံး သွင်းပါကလည်း ယောနိသောမနသိကာရပင် ဖြစ်သည်။ အယောနိသောမနသိကာရ ဖြစ်ပုံကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ၊ သံယောဇဉ် (၁၀)ပါး ဖြစ်ပုံအပိုင်းတွင် ရေးသားတင်ပြပြီးခဲ့လေပြီ။ ကျန်အကြောင်းတရားများကား တူပြီ ဖြစ်သည်။ အကုသိုလ်ဇောဝီထိများ၌လည်း အကြောင်း-အကျိုးစပ်ပုံကို သဘောပေါက်လောက်ပေပြီ။ တဒါရုံ ကျခဲ့သော် ရှေးတွင် ဖော်ပြခဲ့သော တဒါရုံ ရှုကွက်ကို နည်းမှီ၍ သိမ်းဆည်းရှုပွားပါ။
တစ်စိတ် - တစ်ဒေသ
ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်းဟူသော (၆)လိုင်းလုံး၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိတို့ဝယ် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ ခန္ဓာငါးပါးနည်းဖြင့် အကြောင်း-အကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ ထိုသို့ သိမ်းဆည်းရှုပွားရာ၌ –
ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ ....
ဤသို့ ဖွင့်ဆိုထားတော်မူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၃၀]နှင့် အညီ ယောဂီသူတော်ကောင်းသည် ကံ-ကံ၏ အကျိုးတရားကို တစ်စိတ်တစ်ဒေသအားဖြင့် သိရှိအောင် ဆက်လက်၍ သိမ်းဆည်းရဦးမည် ဖြစ်ပေသည်။ စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးတို့၏ အတွင်း၌ တည်ရှိ ကြသော ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံဟူသော ပဝတ္တိ ဝိပါက်ဝိညာဏ်တိုင်းသည်ကား ပဋိသန္ဓေ, ဘဝင်, စုတိဟူသော ဝိပါက်ဝိညာဏ်တို့ကို ဖြစ်စေတတ်သော ကံကြောင့်ချည်း သက်သက် ဖြစ်ကြသည်ကား မဟုတ်။ အချို့သော ပဝတ္တိဝိပါက်ဝိညာဏ်တို့ကား ပဋိသန္ဓေ-ဘဝင်-စုတိ ဝိပါက် တရားတို့ကို ဖြစ်စေတတ်သော ကံကြောင့်ပင် ဖြစ်ကြသည်လည်း ရှိ၏၊ အချို့သော ပဝတ္တိဝိပါက်ဝိညာဏ်တို့ကား ယင်းကံကြောင့်ပင် မဖြစ်သည်လည်း ရှိကြ၏၊ ဘုရားရှင်၏ ဝိပါက်တော် (၁၂)ပါးကို ကြည့်ပါ။ ဝိပါက်တော် တစ်မျိုးစီ တစ်မျိုးစီ၌ သီးသန့် ကံတစ်မျိုးစီ တစ်မျိုးစီ ရှိနေသည်ကို သတိပြုပါ။ ထို့ကြောင့် ယောဂီသူတော်ကောင်းသည် အတိတ်ခန္ဓာငါးပါးတို့ကို တစ်ဖန် ပိုက်စိပ်တိုက်၍ သိမ်းဆည်းပါ။ ယင်းသို့ သိမ်းဆည်းရာ၌ အချို့အချို့သော ကုသိုလ်ကံ အကုသိုလ်ကံတို့ကို သိမ်းဆည်းမိပါက ယင်းကံတို့ကြောင့် ဤပစ္စုပ္ပန်ဘဝ ယခုကဲ့သို့သော ပဝတ္တိအခါမျိုး၌ မည်သို့သော ကောင်းကျိုး-ဆိုးပြစ်များကို ရရှိနေသည်ကိုပါ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း-အကျိုး စပ်၍ သိမ်းဆည်းပါ။
ဗဟိဒ္ဓနှင့် အတိတ်အဆက်ဆက် - အနာဂတ်အဆက်ဆက်သို့
အတိတ်အကြောင်းတရား ငါးပါးနှင့် ပစ္စုပ္ပန်အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားတို့ကို အထက်ပါအတိုင်း (၆) လိုင်းလုံး ကုန်စင်အောင် အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားပြီးသော် ဗဟိဒ္ဓ၌လည်း ထိုနည်းကို မှီ၍ နည်းတူပင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရှုပွားပါ။ သို့သော် ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန်အားဖြင့် ပေါင်းစုခြုံငုံ၍သာ သိမ်းဆည်းရ၏၊
အောင်မြင်မှုကို ရရှိခဲ့သော် ဒုတိယအတိတ်အကြောင်းတရားနှင့် ပထမအတိတ်အကျိုးတရား၊ တတိယအတိတ် အကြောင်းတရားနှင့် ဒုတိယအတိတ်အကျိုးတရား စသည်ဖြင့် အတိတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ အချို့သော အတိတ်ဘဝတို့၌ ပရမတ် ရုပ်နာမ်တို့ကို မသိမ်းဆည်းခဲ့ဖူးလျှင် ထိုပရမတ်ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းမှုကိုလည်းကောင်း, ယင်းနာမ်တရားတို့နှင့် ဆက်စပ်သည့်အကြောင်းတရားတို့ကိုလည်းကောင်း သိမ်းဆည်းရန် မလိုပါ။ အလားတူပင် စျာန်မရခဲ့ဖူးသော အတိတ်ဘဝ၌လည်း စျာန်နာမ်တရားတို့ကိုလည်းကောင်း, စျာန်နာမ်တရား တို့နှင့် ဆက်စပ်သည့် အကြောင်းတရားတို့ကိုလည်းကောင်း သိမ်းဆည်းရန် မလိုပါ။
အလားတူပင် ပစ္စုပ္ပန်အကြောင်းတရားနှင့် အနာဂတ်အကျိုးတရားတို့ကိုလည်း အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အနာဂတ်ဆုံးသည့်တိုင်အောင် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ ရနိုင်သမျှ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံး၌ပင် အဇ္ဈတ္တ၌ အကြောင်း-အကျိုး သိမ်းဆည်းသည့် ပုံစံအတိုင်း ဗဟိဒ္ဓ၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
စရဏမျိုးစေ့ကောင်းနှင့် ဝိဇ္ဇာမျိုးစေ့ကောင်း
ထိုသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားရာ၌ အတိတ်ဘဝထိုထိုက နိဗ္ဗာန်ကို ရည်ရွယ် တောင့်တ၍ ပြုစုပျိုးထောင်ခဲ့သော ဖြည့်ကျင့်ဆည်းပူးခဲ့သော ..
၁။ ဒါန သီလ သမထ ကျင့်စဉ်ဟူသော စရဏမျိုးစေ့,
၂။ (က) ဓာတ်ကြီးလေးပါးကို သိမ်းဆည်းခဲ့ဖူးခြင်း,
( ခ ) ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးခြင်း,
( ဂ ) နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးခြင်း,
(ဃ) ရုပ်-နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးခြင်း,
( င ) အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့ဖူးခြင်း,
( စ ) ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ် ခဲ့ဖူးခြင်းတည်းဟူသော အချို့အချို့သော ဝိဇ္ဇာမျိုးစေ့ (အချို့အချို့သော စရဏမျိုးစေ့) –
ဤ စရဏမျိုးစေ့ ဝိဇ္ဇာမျိုးစေ့များကို ဉာဏ်ဖြင့် မြင်အောင် အလေးဂရုပြု၍ သိမ်းဆည်းရှုပွားပါ။ ယင်း စရဏမျိုးစေ့ ဝိဇ္ဇာမျိုးစေ့တို့က အားပေးထောက်ပံ့တတ်သည့် ဥပတ္ထမ္ဘကသတ္တိ, တိုက်ရိုက်ဖြစ်စေတတ်သည့် ဇနက သတ္တိတို့ဖြင့် အဆက်ဆက် ကျေးဇူးပြုနေပုံကိုလည်း ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားပါ။
ဘဝင်၏ အနန္တရ အကြောင်းတရား
ဘဝတစ်ခုဝယ် စိတ်အစဉ် စိတ်အယဉ် မပြတ်စဲရေးအတွက် ဘဝ၏ အကြောင်းတရားအဖြစ်ဖြင့် ရပ်တည်ကာ ဖြစ်ပေါ်နေသော စိတ်သည် ဘဝင် မည်ပေသည်။ ထိုဘဝင်သည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - ဝတ္ထု အာရုံ ဖဿ စသော ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြောင်းကို ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။ ဘဝင်သည် ဘဝတစ်လျှောက်၌ အများဆုံး ဖြစ်လေ့ရှိသော စိတ်တစ်မျိုး ဖြစ်သဖြင့် ထိုဘဝင်၌ အနန္တရ အကြောင်းတရားများလည်း များစွာ ရှိနေမည်သာ ဖြစ်သည်။ လိုရင်းမှတ်သားရန်မှာ မိမိ ရှုပွားသော ဘဝင်စိတ်နှင့် အနီးကပ်ဆုံး စိတ္တက္ခဏသည် တစ်နည်း - အခြားမရှိ ကပ်လျက်ဖြစ်သွားသော ရှေ့စိတ္တက္ခဏသည် ထိုဘဝင်၏ အနန္တရအကြောင်းတရားပင် ဖြစ်သည်။ သို့အတွက် ..
၁။ ပဋိသန္ဓေသည် ပထမဘဝင်အားလည်းကောင်း,
၂။ ပထမဘဝင်သည် ဒုတိယဘဝင်အားလည်းကောင်း,
၃။ ရှေးရှေးဘဝင်သည် နောက်နောက်ဘဝင်အားလည်းကောင်း,
၄။ ဝုဋ္ဌောနောင် ဘဝင်ကျသည် ဖြစ်အံ့၊ ဝုဋ္ဌောသည် ထိုဘဝင်အားလည်းကောင်း,
၅။ ဇောနောင် ဘဝင်ကျသည် ဖြစ်အံ့၊ အဆုံးဇောသည် ထိုဘဝင်အားလည်းကောင်း,
၆။ တဒါရုံနောင် ဘဝင်ကျသည်ဖြစ်အံ့၊ ဒုတိယတဒါရုံသည် ထိုဘဝင်အားလည်းကောင်း –အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသည်သာ ဖြစ်ပေသည်။ ဘဝင်နောင် ဘဝင် ထပ်၍ ဖြစ်ရာ၌ ရှေးရှေးဘဝင်က နောက်နောက်ဘဝင်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသည်သာ ဖြစ်ပေသည်။
ဉာတပရိညာစခန်းသို့ ဆိုက်ပြီ
အာယတနဒွါရအလိုက် ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို (၆)လိုင်းလုံး ကုန်စင်အောင် သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် “ဤနာမ်ရုပ်သည်ကား တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်းတရား = ဇနက အကြောင်းတရား ထင်ရှားမရှိဘဲ, အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရား = ပစ္စယအကြောင်းတရား ထင်ရှားမရှိဘဲ ဖြစ်ပေါ်နေသည်ကား မဟုတ်။ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနက အကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင်, အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရား = ပစ္စယ အကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင် ဖြစ်ပေါ်နေ၏၊ ထိုနာမ်-ရုပ်၏ ဟေတုအကြောင်းတရားကား အဘယ်နည်း၊ ပစ္စယအကြောင်းတရားကား အဘယ်ပါနည်းဟု ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် – “အဝိဇ္ဇာဟူသော အကြောင်းတရားကြောင့်လည်းကောင်း, တဏှာဟူသော အကြောင်းတရားကြောင့်လည်းကောင်း, ကံဟူသော အကြောင်းတရားကြောင့်လည်းကောင်း, အာဟာရဟူသော အကြောင်းတရားကြောင့်လည်းကောင်း ဖြစ်ပေါ်လာ၏”ဟု ထိုနာမ်-ရုပ်၏ အကြောင်းတရားကို ပိုင်းခြားမှတ်သား၍ – (အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ကမ္မဇရုပ်-ရူပက္ခန္ဓာ ဖြစ်၏၊ အဝိဇ္ဇာက အကြောင်းတရား ပဋိသန္ဓေ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား – ဤသို့ စသည်ဖြင့် ပိုင်းခြား မှတ်သား၍) –
၁။ အတိတ်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ ရှိကြကုန်၏၊
၂။ အနာဂတ်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ ရှိကြကုန်၏၊
၃။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ ရှိကြကုန်၏၊
ထိုအကြောင်းတရား အကျိုးတရားထက် ပိုလွန်၍ ပြုလုပ်တတ် = ဖန်ဆင်းတတ်သော ပုဂ္ဂိုလ် သတ္တဝါသည် လည်းကောင်း, အပြုလုပ်ခံရ အဖန်ဆင်းခံရသော ပုဂ္ဂိုလ် သတ္တဝါသည်လည်းကောင်း, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်သည်လည်းကောင်း မရှိ။ ရုပ်တရား+နာမ်တရား+အကြောင်းတရား+အကျိုးတရားတည်းဟူသော သင်္ခါရတရားအစုအပုံသက်သက်မျှသာလျှင် ရှိ၏ – ဟု သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သော် ထိုသမ္မာဒိဋ္ဌိ ဉာဏ်ပညာသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ပယ်ဖျောက်နိုင်ပေ၏၊ ပယ်ရှားနိုင်ပေ၏၊ ဤဉာဏ်သည်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် ..
၁။ ရုပ်တရား,
၂။ နာမ်တရား,
၃။ အကြောင်းတရား,
၄။ အကျိုးတရား ––
ဤသင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းပိုင်းခြားခြား သိတတ်သော ဉာတပရိညာ မည်ပေသည်။[မှတ်စု ၃၁]
သို့သော် ဤမျှဖြင့်ကား မပြီးဆုံးသေးပါ။ ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို လက္ခဏ-ရသပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် တစ်ဖန် ထပ်မံ၍ ကြိတ်ခြေရဦးမည်သာ ဖြစ်ပေသည်။ ထိုသို့ ကြိတ်ခြေပြီးနောက် ဆက်လက်ပြုကျင့်ရမည့် လုပ်ငန်းခွင်မှာ ဤသို့ ဖြစ်၏၊
သာသနာတော်မှ မခွဲနိုင်အောင် အမြစ်တွယ်လေပြီ
ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားပြီး၍ တည်နေသော ယောဂါဝစရရဟန်းတော်သည် ယင်းသင်္ခါရတရားတို့ကို ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းမိသောအခါ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား (ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘော တရား) စသည်တို့အပေါ်၌ ယုံမှားခြင်း ကင်္ခါတရားကို ကျော်လွှားလွန်မြောက်၍ သန့်ရှင်းသော ဉာဏ်အမြင်ရှိခြင်း တည်းဟူသော ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ ဆိုက်ရောက်သည်ဖြစ်၍ ဗုဒ္ဓမြတ်စွာသာသနာတော်မှ မခွာနိုင်အောင် သာသနာတော်ဝယ် အမြစ်တွယ်ပြီး ဖြစ်တော့သည်။ သာသနာတော်၌ ထောက်ရာတည်ရာကို ရရှိသည် မည်၏၊ မြဲသော သုဂတိလျှင် လဲလျောင်းရာရှိသော စူဠသောတာပန် မည်၏၊ အရဟတ္တဖိုလ်ကို ရယူနိုင်လောက်သော သဘောရှိသော ––
၁။ ဥတုသပ္ပါယ = လျောက်ပတ်သော ဥတုကိုလည်းကောင်း,
၂။ ပုဂ္ဂလသပ္ပါယ = လျောက်ပတ်သော ကလျာဏမိတ္တပုဂ္ဂိုလ် မိတ်ကောင်းဆွေကောင်း ဆရာကောင်းသမားကောင်း ကိုလည်းကောင်း,
၃။ ဘောဇနသပ္ပါယ = လျောက်ပတ်သော ဘောဇဉ်ကိုလည်းကောင်း,
၄။ ဓမ္မဿဝနသပ္ပါယ = လျောက်ပတ်သော တရားတော်ကို နာရခြင်းကိုလည်းကောင်း –ဤသပ္ပါယလေးပါးကို ရရှိလတ်သော် .. တစ်နေရာတည်း၌ တစ်ထိုင်တည်းအတွင်းဝယ် ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်၍ ဝိပဿနာဉာဏ်စဉ်အားဖြင့် အစဉ်အတိုင်း ဝိပဿနာ ရှုပွားသုံးသပ်လတ်သော် အရဟတ္တဖိုလ်ကို ရယူနိုင်ပေသည်။[မှတ်စု ၃၂]
- ↑ မှတ်ချက်---- အသက်ရှင်နေဆဲ သတ္တဝါတစ်ဦး၏ သန္တာန်၌ ဘဝတစ်လျှောက်ဝယ် ရူပါရုံကဲ့သို့သော အာရုံတစ်ခုကို သိမြင်နေသည့် စက္ခုဒွါရဝီထိ, မနောဒွါရဝီထိကဲ့သို့သော ဝီထိပေါင်းကား အကြိမ်ပေါင်းများစွာ ဖြစ်နိုင်ကြ၏၊ ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် ဘဝတစ်လျှောက်ဖြစ်ပေါ်နေသည့် ယင်းဝီထိစိတ်အားလုံးတို့ကိုကား ကုန်စင်အောင် ဝိပဿနာ မရှုနိုင်ပေ၊ အချို့အဝက်မျှကိုသာ ရှုနိုင်၏၊ သို့သော် စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ စသည့် ဝီထိအမျိုးအစား (၆)မျိုးတို့ကိုကား ကုန်စင်အောင် ရှုရမည်သာ ဖြစ်ပေသည်။ ယင်းဝီထိအမျိုးအစား (၆)မျိုးတို့၏ အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း၌ကား ခန္ဓာငါးပါးစီ ငါးပါးစီ ရှိနေသဖြင့် ယင်းခန္ဓာငါးပါးတို့၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည်သာ ဖြစ်ပေသည်။ ယင်းခန္ဓာ ငါးပါးတို့ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဇယားများဖြင့် ဖော်ပြထားပါသည်။
- ↑ (သံ၊၂၊၃၉၊ ခန္ဓသုတ္တန်။)
- ↑ ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)
- ↑ (သံ၊၂၊၅၁-၅၂။)
- ↑ မှတ်ချက်---- အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၌ (၂၀)ဟူသည် ကိလေသဝဋ် မနောဒွါရိကဇောဝီထိအတွင်း လောဘဇောအသီးအသီး၌ တည်ရှိသော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရားများကို ဆိုလိုပေသည်။ သင်္ခါရ-ကံတို့၌ (၃၄)ဟူသည် ကမ္မဝဋ် မနောဒွါရိကဇောဝီထိ အတွင်း မဟာကုသိုလ်ဇောအသီးအသီး၌ တည်ရှိသော သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄)ကို ဆိုလိုသည်။ အကယ်၍ ယောဂီ သူတော်ကောင်းသည် ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ဥပေက္ခာဝေဒနာနှင့် ယှဉ်တွဲနေသည့် ကံကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်ငြားအံ့၊ ထိုသင်္ခါရ-ကံတို့၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်နေ၍ ပီတိ မပါနိုင်ရကား နာမ်တရား (၃၃) ဖြစ်သည်။ ယခုကဲ့သို့ ရုပ်-နာမ်-ကြောင်းကျိုး တရားတို့ကို သိမ်းဆည်းနိုင်သူ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သူ ရှုပွားနိုင်သူတို့သည် ယေဘုယျအားဖြင့် တိဟိတ်ပုဂ္ဂိုလ်များသာ ဖြစ်ကြသဖြင့် ဤ၌ တိဟိတ်ပုဂ္ဂိုလ်ကိုသာ စံနမူနာထား၍ ဖော်ပြထားပါသည်။ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်မူကား ဉာဏ်မယှဉ်သဖြင့် နာမ်တရား (၃၃-၃၂)စသည်ဖြင့် သဘောပေါက်ပါလေ။ စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့သည် ပဋိသန္ဓေ၏ ဥပါဒ်ကာလ = ဖြစ်ဆဲအခိုက်၌ မဖြစ်ကြသေးသဖြင့် ကမ္မဇရုပ်တစ်မျိုးသာ ဥပါဒ်ဆဲ ဖြစ်သဖြင့် ကမ္မဇရုပ်များနှင့်သာ အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ရေးသားတင်ပြထားပါသည်။ သို့သော် ပဋိသန္ဓေ၏ ဌီကာလမှစ၍ ယင်းကမ္မဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတု အသီးအသီးသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိလာပြီ ဖြစ်၍ ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပေပြီ။ ပဋိသန္ဓေနောင် ပထမဘဝင်မှ စ၍ စိတ္တဇရုပ်တို့ကား စတင်ဖြစ်ကြပြီ ဖြစ်၏၊ မိခင် စားမျိုလိုက်သော အစာအာဟာရ၏ ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်အတွင်းသို့ ပျံ့နှံ့သည့် အချိန်ကာလမှ စ၍ အာဟာရဇရုပ်တို့ကား စတင် ဥပါဒ်ကြလေပြီ။ ထိုကြောင့် ထိုထို အခိုက်အတန့်တို့၌လည်း ဉာဏ်ကို စေလွှတ်၍ ရှုလိုက ရှုပါလေ။
- ↑ သော “ဣမေ ဖဿပဉ္စမကာ ကိံ နိဿိတာ”တိ ဥပဓာရေန္တော “ဝတ္ထုံ နိဿိတာ”တိ ပဇာနာတိ။ ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ “ဣဒဉ္စ မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ”န္တိ။ သော အတ္ထတော ဘူတာနိစေဝ ဥပါဒါရူပါနိ စ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄-၃၁၅။ မ၊ဋ္ဌ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။)
- ↑ နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ “ဝတ္ထု နာမ ကရဇကာယော”တိ အာဟ န စက္ခာဒီနိ ဆ ဝတ္ထူနီတိ။ ကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ “ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓ”န္တိ သုတ္တံ အာဘတံ။ (မူလဋီ၊၂၊၁၅၇။)
- ↑ (ပဋ္ဌာန၊၁၊၅။)
မှတ်ချက်----အချင်းချင်းဟူသည် နာမ်ခန္ဓာ (၁)ပါးသည် ကျန်နာမ်ခန္ဓာ (၃)ပါးတို့အား၊ နာမ်ခန္ဓာ (၂)ပါးတို့သည် ကျန်နာမ်ခန္ဓာ (၂)ပါးတို့အား၊ နာမ်ခန္ဓာ (၃)ပါးတို့သည် ကျန်နာမ်ခန္ဓာ (၁)ပါးအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏၊ - ↑ မှတ်ချက်---- ပဋိသန္ဓေနာမ်တရား (၃၄)တို့တွင် ဝေဒနာ, သညာ, ဝိညာဏ်နုတ်လိုက်သော် ဖဿ စေတနာ ဦးဆောင်သည့် စေတသိက် (၃၁)လုံး ကျန်၏၊ ဤဒုတိယနည်း၌ ယင်း (၃၁)လုံးသော စေတသိက်တို့သည် သင်္ခါရက္ခန္ဓာဟူသော အမည်ကို ရရှိကြ၏၊ အကျိုးတရားဘက်၌ တည်နေကြ၏၊ ယင်း ဖဿ စေတနာ ဦးဆောင်သည့် သင်္ခါရက္ခန္ဓာ၏ ပစ္စုပ္ပန်အကြောင်းတရားကို ရှာဖွေသော်- သေသခန္ဓတ္တယပဒဋ္ဌာနာ (ဝိသုဒ္ဓိ၊၂၊၉၂။)ဟူသော သင်္ခါရက္ခန္ဓာ၏ ပဒဋ္ဌာန်နှင့် အညီ ဝေဒနာ သညာ ဝိညာဏ်ဟူသော ကျန်နာမ်ခန္ဓာသုံးပါးသည် အကြောင်းတရား ဖြစ်သည်။ အနီးစပ်ဆုံး ပဒဋ္ဌာန် အကြောင်းတရားတည်း။ ပဋ္ဌာန်းဒေသနာတော် (ပဋ္ဌာန၊၁၊၅။)နှင့် အညီပင်တည်း။ ဤဒုတိယနည်းရှုကွက်ကို ရှုခြင်းသည်- ဖဿသည် နာမ်ခန္ဓာတို့၏ အကြောင်းတရားဖြစ်ခဲ့သော် ယင်းဖဿ၌လည်းကောင်း, သင်္ခါရက္ခန္ဓာအမည်ရသော ကျန်စေတသိက်တရားစု၌လည်းကောင်း အကြောင်းတရား မရှိတော့ပြီ လောဟု မေးဖွယ်ရာရှိ၍ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင် သိမ်းဆည်းလိုသောကြောင့် ဖြစ်သည်။ နောက်၌လည်း သင်္ခါရက္ခန္ဓာကို နှစ်မျိုးခွဲ၍ ရှုကွက်ကို ဖော်ပြရာ၌ နည်းတူ မှတ်ပါ။
- ↑ မှတ်ချက်---- နာမ်ဟူသည် ဝိညာဏက္ခန္ဓာနှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲဖြစ်သည့် စေတသိက်တရားစုတည်း။ ဤပဋိသန္ဓေအခိုက်၌ကား ယင်းပဋိသန္ဓေဝိညာဏ်နှင့် အတူယှဉ်တွဲဖြစ်သည့် စေတသိက် (၃၃)ကို ဆိုလိုသည်။ အကယ်၍ ယောဂီ သူတော်ကောင်းသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်ပါမူ ပီတိ မယှဉ်နိုင်သဖြင့် နာမ်တရားအရ စေတသိက် (၃၂)ဖြစ်သည်။ ရုပ်ဟူသည် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တည်း။ ဤ၌ကား ပဋိသန္ဓေနာမ်တရားစု၏ အာရုံဖြစ်သည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံသည် ရူပါရုံဖြစ်မူ ယင်းရူပါရုံသည် အာရုံရုပ်တည်း၊ သဒ္ဒါရုံဖြစ်မူ ယင်းသဒ္ဒါရုံသည် အာရုံရုပ်တည်း၊ ဤသို့စသည်ဖြင့် သိရှိပါလေ။ တစ်ဖန်- နာမရူပသမုဒယာ ဝိညာဏသမုဒယော (သံ၊၂၊၅၃ ) = နာမ်ရုပ်ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟူသော ဒေသနာတော်များ ရှိသကဲ့သို့ ဝိညာဏပစ္စယာ နာမရူပံ (အဘိ၊၂၊၁၄၂) = ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ်ဖြစ်၏ဟူသော ဒေသနာတော်များသည်လည်း ရှိသည်သာ ဖြစ်ပေသည်။ ထိုကြောင့် ဝိညာဏ်နှင့် နာမ်ရုပ်တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေကြသော တရားတို့သာ ဖြစ်ကြသည်ဟု မှတ်သားပါလေ။ ဤ၌ကား ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ရုပ်ကြောင့် ဝိညာဏ် = ဝိညာဏက္ခန္ဓာဖြစ်ပုံ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။ ဤရှင်းလင်းချက်များအရ ဝတ္ထု+အာရုံ+ ဖဿဟူသော အကြောင်းတရားနှင့် နာမ်ရုပ်ဟူသော အကြောင်းတရားတို့မှာ စကားလုံးသာ ကွဲပြားသော်လည်း ပရမတ္ထတရားကိုယ် ဓာတ်သား အနက်သဘောသွားအားဖြင့်မူကား အတူတူပင် ဖြစ်သည်ဟု သဘောပေါက်ပါလေ။ ရှုကွက်မှာ ဤသို့ ဖြစ်၏၊--
နာမ်ရုပ်ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏက္ခန္ဓာ ဖြစ်၏၊
နာမ်ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။ - ↑ မှတ်ချက်---- ရှေးရှေး ဘဝင်မနောသမ္ဖဿ (၃၄)ဟူသည် မိမိ သိမ်းဆည်းရှုပွားနေသော ဘဝင်၏ ရှေး၌ ကပ်လျက်ရှိသော အနန္တရဘဝင်တည်း၊ အနန္တရအကြောင်းတရားတည်း။ နောက်နောက်သော သဟဇာတ ဘဝင်မနောသမ္ဖဿဟူသည် မိမိသိမ်းဆည်း ရှုပွားနေသော ဘဝင်တည်း။ ဝေဒနာက္ခန္ဓာသည် အကျိုးတရားဘက်၌ တည်ရှိလျှင် ယင်းဝေဒနာကို နုတ်လိုက်ပါက (၃၄-ဝေဒနာ = ၃၃) ဖြစ်သည်။ ဘဝင် သညာက္ခန္ဓာ စသည်တို့၌လည်း နည်းတူ မှတ်သားပါလေ။
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၇၇။)
- ↑ (အံ၊၁၊၄၅၆၊ စာပိုဒ်၊၁၄၁။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၃၂၁။)
- ↑ (သံ၊၂၊၄၉၊၊)
- ↑ မှတ်ချက်---- သ န္တီရဏသည် သောမနဿဝေဒနာနှင့် ယှဉ်သော် နာမ်တရား (၁၂)လုံး ဖြစ်၏၊ ပီတိယှဉ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်သော် နာမ်တရား (၁၁) ဖြစ်၏၊ ပီတိ မယှဉ်။ ဇော၌ ပီတိယှဉ်သော် သန္တီရဏ၌လည်း ပီတိယှဉ်တတ်၏၊ သန္တီရဏ ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာအတိုင်း ရှုပါ။
- ↑ မှတ်ချက်---- ဝုဋ္ဌော ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာနှင့် နည်းတူ ရှုပါ။ ဤဝုဋ္ဌော (= ဆုံးဖြတ်)စိတ်သည် ပြုကာမတ္တ = ကိရိယာစိတ်မျှသာဖြစ်၍ အတိတ်အကြောင်းတရားများကြောင့် မဖြစ်ရကား ဝုဋ္ဌောနာမ်ခန္ဓာ (၄)ပါးလုံး၌ အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန်အကြောင်းတရားများကြောင့်သာ ဖြစ်ရကား ပစ္စုပ္ပန်အကြောင်းတရားသာ ရှိသည်။
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၇၇။)
- ↑ မှတ်ချက်--- အထက်ပါ ကုသိုလ်ပထမဇော ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာအတိုင်း နည်းတူရှုပါ။ ဇောနာမ်တရားတို့သည် အတိတ်အကြောင်းတရားများကြောင့် မဖြစ်မူ၍ ပစ္စုပ္ပန်အကြောင်းတရားများကြောင့်သာ ဖြစ်ကြရကား ဇောနာမ်တရားတို့၌ အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန်အကြောင်းတရားသာ ရှိသည်။
- ↑ မှတ်ချက်---- အကယ်၍ ဇော၌ ဥပေက္ခာဝေဒနာ ဖြစ်ခဲ့သော် ပီတိ မယှဉ်။ အထက်ပါ (၃၄) စသည်၌ ပီတိတစ်လုံး လျော့မည် ဖြစ်သည်။ ဉာဏ်မယှဉ်သော် ဉာဏ်လျော့မည်။ ဉာဏ်-ပီတိ နှစ်မျိုးလုံး မယှဉ်သော် နှစ်မျိုးလုံး လျော့မည်။ ဝေဒနာ-သညာ-ဝိညာဏ် နုတ်သော် ကျန်စေတသိက်ဟူသမျှသည် နည်းနည်းများများ သင်္ခါရက္ခန္ဓာအမည်ရသည်သာဟု မှတ်ပါ။ တစ်ဖန် ဒုတိယဇော စသည်၌ကား- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၃။)
ဤသို့ စသည်ဖြင့် ဘုရားရှင်သည် ပဋ္ဌာန်းဒေသနာတော်၌ ဟောကြားထားတော်မူခြင်းကြောင့် ရှေးရှေးဇောသည် နောက်နောက် ဇော၏ အနန္တရအကြောင်းတရား ဖြစ်သည်။ အလားတူပင် ပဋ္ဌာန်းဒေသနာတော်၌ ဘုရားရှင်သည် .... ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၃။)---
“ရှေးရှေးစိတ်သည် နောက်နောက်စိတ်၏ = ရှေးရှေးနာမ်တရားစုသည် နောက်နောက်နာမ်တရားစု၏ အနန္တရအကြောင်းတရား ဖြစ်ကြောင်း”ကိုလည်း ဟောကြားထားတော်မူ၏၊ ထိုအနန္တရအကြောင်းတရားတစ်ခုကို ထပ်တိုး၍ ဒုတိယဇောစသည်တို့၌ လည်းကောင်း တဒါရုံတို့၌လည်းကောင်း ရှုရမည် ဖြစ်သည်။ ယင်းသို့ဖြစ်သော် ပထမဇော၌ အနန္တရအကြောင်းတရား မရှိတော့ပြီ လောဟု မေးရန်ရှိ၏၊ ရှိသည်သာ ဖြစ်သည်။ ဝုဋ္ဌောကား ပထမဇော၏ အနန္တရအကြောင်းတရား ဖြစ်၏၊ သို့သော် ဤ၌ ယင်းဝုဋ္ဌော ကို ယောနိသောမနသိကာရဟူသော အမည်ဖြင့် ဖော်ပြပြီး ဖြစ်၍ ထပ်မဆိုသည်ဟု မှတ်ပါ။ ဤ၌ မဟာကုသိုလ် ဒုတိယဇော ဝေဒနာက္ခန္ဓာတစ်ခုကို ပုံစံထုတ်၍ ဖော်ပြအပ်ပါသည်။ ကျန်နာမ်ခန္ဓာတို့၌လည်းကောင်း ကျန်ဇော-တဒါရုံတို့၌လည်းကောင်း နည်းမှီ၍ ရှုပါလေ။ ဇောစိတ္တက္ခဏတိုင်း၌လည်းကောင်း တဒါရုံစိတ္တက္ခဏတိုင်း၌လည်းကောင်း ခန္ဓာငါးပါးဖွဲ့၍ ရှုရန် မမေ့ပါနှင့်။ - ↑ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ (သံ၊၂၊၂၄၉၊ စာပိုဒ်၊၂၆။)
စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတန္တိ စက္ခုသမ္ဖဿံ မူလပစ္စယံ ကတွာ ဥပ္ပန္နာ သမ္ပဋိ စ္ဆန-သန္တီရဏ-ဝေါဋ္ဌဗ္ဗန-ဇဝနဝေဒနာ။
စက္ခုဝိညာဏသမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။ သောတဒွါရာဒိဝေဒနာပစ္စယာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၃၊၅။)
ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ (သံ၊၂၊၂၄၈။)
မနောသမ္ဖေဿာ တိ ဘဝင်္ဂသဟဇာတော သမ္ဖေဿာ။ ဝေဒယိတန္တိ ဇဝနသဟဇာတာ ဝေဒနာ။ သဟာဝဇ္ဇနေန ဘဝင်္ဂသဟဇာတာပိ ဝဋ္ဋတိယေဝ။ (သံ၊ဋ္ဌ၊၃၊၅။)
သဟာဝဇ္ဇနဝေဒနာယ ဇဝနဝေဒနာ “ဝေဒယိတ”န္တိ အဓိပ္ပေတာ။ ဘဝင်္ဂသမ္ပယုတ္တာယ ပန ဝေဒနာယ ဂဟဏေ ဝတ္တဗ္ဗမေဝ နတ္ထိ။ (သံ၊ဋီ၊၂၊၂၈၆။) - ↑ (မ၊၃၊၃၂၅။)
- ↑ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ အနုပါဒိန္နအနုပါဒါနိယော အသံကိလိဋ္ဌအသံကိလေသိကော အဝိတက္ကအဝိစာရော”တိအာဒိနာ နာနာဝီထိဂတာနံ လဗ္ဘမာနတာယ ဝုတ္တတ္တာ ကုသလတ္တိကဿပိ နာနာဝီထိယံ လဗ္ဘမာနတာ ယောဇေတဗ္ဗာ။ အဋ္ဌကထာယံ ပန သမာနဝီထိယံ စက္ခုသမ္ဖဿပစ္စယာဒိကတာ ဧကန္တိကာတိ ကတွာ ဧတ္ထ လဗ္ဘမာနတာ ဒဿိတာ၊ န ပန အသမာနဝီထိယံ လဗ္ဘမာနတာ ပဋိက္ခိတ္တာ။ (မူလဋီ၊၂၊၃၀။)
- ↑ (အဘိ၊ဋ္ဌ၊၂၊၃၆။)
- ↑ (စာမျက်နှာ၊၆၀၀။)
- ↑ မနောဝိညာဏ် အမည်ရသည့် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ ပြိုင်တူ ယှဉ်တွဲဖြစ်သည့် ယှဉ်ဖက် သမ္ပယုတ် မနောသမ္ဖဿကို သဟဇာတ မနောသမ္ဖဿဟု ခေါ်ဆိုသည်။
- ↑ (အဘိ၊ဋ္ဌ၊၂၊၃၂၂။)
- ↑ (အဘိ၊ဋ္ဌ၊၂၊၃၂၂။)
- ↑ (အဘိ၊ဋ္ဌ၊၂၊၃၂၂။)
- ↑ (ဝိသုဒ္ဓိ၊၂၊၂၃၇။)
- ↑ သော “ဣဒံ နာမရူပံ န အဟေတု အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ၊ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယော”တိ ဥပပရိက္ခန္တော “အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာ”တိ တဿ ပစ္စယံ ဝဝတ္ထပေတွာ “အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝါ”တိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)
- ↑ ဧဝံ သင်္ခါရေ သလ္လက္ခေတွာ ဌိတဿ ပန ဘိက္ခုနော ဒသဗလဿ သာသနေ မူလံ ဩတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။ တထာရူပံ ပန ဥတုသပ္ပါယံ ပုဂ္ဂလသပ္ပါယံ ဘောဇနသပ္ပါယံ ဓမ္မဿဝနသပ္ပါယံ လဘိတွာ ဧကာသနေ ဧကပလ္လင်္ကဝရဂတော တီဏိ လက္ခဏာနိ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ သင်္ခါရေ သမ္မသန္တော အရဟတ္တံ ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)