မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်း

ဝီကီရင်းမြစ် မှ

ဥဒယဗ္ဗယဉာဏ်ခန်း

ရုပ်နာမ်နှစ်ပါးနည်း + ခန္ဓာငါးပါးနည်း

ဥဒယဗ္ဗယဉာဏ်၏ အရှုခံအာရုံတို့ကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[မှတ်စု ၁]၌လည်းကောင်း, ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂]၌ လည်းကောင်း ဖော်ပြထားသည်၊ သမ္မသနဉာဏ်ခန်း၌ ဖော်ပြထားသည့် သမ္မသနဉာဏ်၏ အရှုခံအာရုံစာရင်းတို့တွင် ခန္ဓာငါးပါးမှသည် ဘဝသို့တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့အထိ ဖြစ်ကြသည်။ သို့အတွက် ဥဒယဗ္ဗယဉာဏ်၏ အရှုခံအာရုံတို့ကို အကျဉ်းချုပ်လိုက်ပါက ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိ စ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ပင် ဖြစ်ကြသည်။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ အဝိဇ္ဇာမှသည် ဘဝသို့တိုင်အောင်သော အင်္ဂါရပ်တို့သာ ဥဒယဗ္ဗယာနုပဿနာဉာဏ်၏ အရှုခံအာရုံ စာရင်းတွင် ပါဝင်ပေသည်။[မှတ်စု ၃]

ဥဒယဗ္ဗယဉာဏ်ကို အားသစ်လိုသော ယောဂီသူတော်ကောင်းသည် ရှေးဦးစွာ ပစ္စုပ္ပန်၌ –
၁။ ရုပ်သက်သက်ကိုလည်းကောင်း, (အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ)
၂။ နာမ်သက်သက်ကိုလည်းကောင်း, (အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ)
၃။ ရုပ်နှင့်နာမ်ကို တွဲ၍လည်းကောင်း, (အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ)

ရံခါ အနိစ္စလက္ခဏာယာဉ် တင်၍, ရံခါ ဒုက္ခလက္ခဏာယာဉ် တင်၍, ရံခါ အနတ္တလက္ခဏာယာဉ် တင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးလုံး၌ အတန်းတိုင်း အတန်းတိုင်းဝယ် ရုပ်သက်သက်ကို ရှုရာ၌လည်းကောင်း, နာမ်သက်သက်ကို ရှုရာ၌ လည်းကောင်း ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပါ။ အလားတူပင် ယင်းနာမ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထားသည့် အတန်းတိုင်း အတန်းတိုင်း၌ ခန္ဓာငါးပါးနည်းဖြင့် –

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ဝေဒနာသက်သက်ကိုလည်းကောင်း,
၃။ သညာသက်သက်ကိုလည်းကောင်း,
၄။ သင်္ခါရသက်သက်ကိုလည်းကောင်း,
၅။ ဝိညာဏ်သက်သက်ကိုလည်းကောင်း –

ရံခါ အနိစ္စလက္ခဏာတင်၍, ရံခါ ဒုက္ခလက္ခဏာတင်၍, ရံခါ အနတ္တလက္ခဏာတင်၍ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။

အလားတူပင် အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ (= ကမ္မဘဝ+ဥပပတ္တိဘဝ) ဟူသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုလည်း အကြောင်းအကျိုး မစပ်သေးဘဲ ယင်းအင်္ဂါရပ် တို့၏ ဖြစ်မှုပျက်မှုကိုသာ အာရုံယူ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပါ။ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ရှုပါ။

အတိတ်-အနာဂတ်-ပစ္စု ပ္ပန်-အဇ္ဈတ္တဗဟိဒ္ဓ

ပစ္စုပ္ပန်ဝယ် ယင်းသင်္ခါရတရားတို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ခဲ့သော် အသိဉာဏ်လည်း သန့်ရှင်းခဲ့သော် မိမိ ရှုထားသမျှ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ် ဆုံးသည်အထိ .....

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့်နာမ်ကိုတွဲ၍လည်းကောင်း, တစ်ဖန် –
၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ဝေဒနာသက်သက်ကိုလည်းကောင်း,
၃။ သညာသက်သက်ကိုလည်းကောင်း,
၄။ သင်္ခါရသက်သက်ကိုလည်းကောင်း,
၅။ ဝိညာဏ်သက်သက်ကိုလည်းကောင်း ..

ဤသို့လျှင် ရုပ်နာမ်နှစ်ပါးနည်း, ခန္ဓာငါးပါးနည်းတို့ဖြင့် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် –

၁။ ရံခါ အနိစ္စလက္ခဏာယာဉ် တင်၍,
၂။ ရံခါ ဒုက္ခလက္ခဏာယာဉ် တင်၍,
၃။ ရံခါ အနတ္တလက္ခဏာယာဉ် တင်၍ ..

တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ အနိစ္စ အခေါက်ပေါင်းများစွာ, ဒုက္ခ အခေါက်ပေါင်းများစွာ, အနတ္တ အခေါက်ပေါင်း များစွာ ရှုဖို့လိုအပ်ပါသည်။ အခေါက်ပေါင်းများစွာ ရှုပြီးသောအခါ ရှု၍ အကောင်းဆုံးလက္ခဏာတစ်ခုကို ဦးစားပေး၍ အချိန်ခပ်ကြာကြာ ရှုနိုင်သည်။ ကျေနပ်မှုရခဲ့သော် ယင်းသင်္ခါရတရားတို့၏ ဖြစ်မှုပျက်မှုသည် ခဏပစ္စုပ္ပန်သို့ဆိုက်အောင် အလွန့်အလွန် လင်းလင်းထင်ထင် လျင်လျင်မြန်မြန် ဉာဏ်ဝ၌ ထင်လာခဲ့သော် ဥဒယဗ္ဗယဉာဏ်အကျယ်ရှုပွားနည်းသို့ ပြောင်း၍ ရှုနိုင်ပေပြီ။

ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်း

၁။ သမုဒယဓမ္မာနုပဿီ = ဥဒယဒဿန = အဖြစ်သက်သက်ရှုနည်း

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် ကျင့်စဉ်ပိုင်းတွင် ..
၁။ သမုဒယဓမ္မာနုပဿီ,
၂။ ဝယဓမ္မာနုပဿီ,
၃။ သမုဒယဝယဓမ္မာနုပဿီ - ဟု –

သတိပဋ္ဌာန်တိုင်း သတိပဋ္ဌာန်တိုင်း၏ အခန်းတိုင်း အခန်းတိုင်း၌ (၃)မျိုးစီခွဲ၍ ရှုရန် ညွှန်ကြားထားတော်မူခဲ့၏၊ ယင်းညွှန်ကြားတော်မူချက်၏ ဆိုလိုရင်းအချက်ကိုလည်း ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး[မှတ်စု ၄]၌ – အဝိဇ္ဇာသမုဒယာ ရူပသမုဒယော – စသည်ဖြင့် တရားစစ်မှူး အဦးအခိုင်ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဟောကြားထားတော်မူခဲ့၏၊ ယင်းညွှန်ကြားချက်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဤဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းကို ရှုပွားရတော့မည် ဖြစ်၏၊ ဤ၌ ရူပက္ခန္ဓာနှင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ စသည့် နာမ်ခန္ဓာ (၄)ပါးတို့ကို ပုံစံအဖြစ် ရေးသား တင်ပြထားပါသည်။ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား ပဉ္စမနည်းရှုကွက်ကို ကျေပွန်ပြီးသော ယောဂီသူတော်ကောင်းအဖို့ ကြွင်းကျန်သော စိတ္တက္ခဏ အသီးအသီးအခိုက်၌ (= နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသော စိတ္တက္ခဏ အသီးအသီးအခိုက်၌) တည်ရှိသော ခန္ဓာငါးပါး တို့ကိုလည်း နည်းမှီ၍ ရှုနိုင်လောက်ပေပြီ။ ပဋိ စ္စသမုပ္ပါဒ် ပဉ္စမနည်း ကြောင်း-ကျိုး-ဆက်နွယ်မှုပုံစံအတိုင်း ဤ၌ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုရန်ဖြစ်ပေသည်။

ရူပက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
၂။ တဏှာ (၂၀) ဖြစ်ခြင်းကြောင့် ။ ။
၃။ ဥပါဒါန် (၂၀) ဖြစ်ခြင်းကြောင့် ။ ။
၄။ သင်္ခါရ (၃၄) ဖြစ်ခြင်းကြောင့် ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
* ကမ္မဇရုပ် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။
၆။ စိတ် ဖြစ်ခြင်းကြောင့် စိတ္တဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
* စိတ္တဇရုပ် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။
၇။ ဥတု ဖြစ်ခြင်းကြောင့် ဥတုဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
* ဥတုဇရုပ် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။
၈။ အာဟာရ ဖြစ်ခြင်းကြောင့် အာဟာရဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
* အာဟာရဇရုပ် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။[မှတ်စု ၅]

ပဋိသန္ဓေ - ဝေဒနာက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
၆။ ဝတ္ထု (= ဟဒယဝတ္ထု ) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏ အာရုံ) ။ ။
၈။ ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ။ ။
* ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။

ပဋိသန္ဓေ - သညာက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏၊
၂။ တဏှာ (၂၀)။ ။
၃။ ဥပါဒါန် (၂၀)။ ။
၄။ သင်္ခါရ (၃၄)။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏၊
၆။ ဝတ္ထု (= ဟဒယဝတ္ထု ) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏ အာရုံ) ။ ။
၈။ ဖဿ (= ၃၄ - သညာ = ၃၃) ။ ။
* ပဋိသန္ဓေ သညာက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။

ပဋိသန္ဓေ - သင်္ခါရက္ခန္ဓာ (= စေတနာ)

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏၊
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏၊
၆။ ဝတ္ထု (= ဟဒယဝတ္ထု) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏ အာရုံ) ။ ။
၈။ ဖဿ (= ၃၄ - စေတနာ = ၃၃) ။ ။
* ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။

ပဋိသန္ဓေ - သင်္ခါရက္ခန္ဓာ (= ၃၄ - ဝေဒနာ သညာ ဝိညာဏ် = ၃၁)

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏၊
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏၊
၆။ ဝတ္ထု (= ဟဒယဝတ္ထု) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏အာရုံ)။ ။
၈။ ကျန်နာမ်ခန္ဓာသုံးပါး ။ ။
* ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။[မှတ်စု ၆]

ပဋိသန္ဓေ - ဝိညာဏက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏ် ဖြစ်၏၊
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄- ၏ ကမ္မသတ္တိ) ။ ။
၆။ နာမ်ရုပ် ။ ။
* ပဋိသန္ဓေ ဝိညာဏ်၏ ဖြစ်ခြင်းသဘော။
နာမ် = ယှဉ်ဖက် စေတသိက် (= ၃၃)
ရုပ် = ဟဒယဝတ္ထု (= ရုပ်-၃၀) + (အာရုံရုပ်)[မှတ်စု ၇]

ဘဝင် ခန္ဓာငါးပါး, စုတိ ခန္ဓာငါးပါး, ပဉ္စဒွါရာဝဇ္ဇန်း ခန္ဓာငါးပါး, စက္ခုဝိညာဏ် ခန္ဓာငါးပါး – ဤသို့ စသည်ဖြင့် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့် စိတ္တက္ခဏတိုင်း၏ ခန္ဓာငါးပါးတို့ကို နည်းမှီ၍သာ ရှုပါလေ။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ကျွမ်းကျင်ပြီးသော သူတော်ကောင်းများ အတွက် ဤရှုကွက်မှာ များစွာ ခက်ခဲဖွယ်ရာ မရှိပေ။ အထူးသဖြင့် ဤဥဒယဗ္ဗယဉာဏ်အကျယ်ရှုပွားနည်းကို ရှုတတ်ရေး အတွက် ရည်ရွယ်ကာလည်း ပဋိစ္စသမုပ္ပါဒ်ပဉ္စမနည်းရှုကွက်ဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရန် ရေးသားတင်ပြခဲ့ခြင်းလည်း ဖြစ်ပေသည်။[မှတ်စု ၈]

၂။ ဝယဓမ္မာနုပဿီ = ဝယဒဿန = အပျက်သက်သက် ရှုနည်း

အဝိဇ္ဇာစသော အကြောင်းတရားများ ဖြစ်ခြင်းကြောင့် ရုပ်စသော အကျိုးတရားတို့၏ ဖြစ်ပုံကို ဝိပဿနာဉာဏ် ပညာမျက်စိဖြင့် တပ်အပ် ထင်ထင်လင်းလင်း သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝိဇ္ဇာစသော အကြောင်း တရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း သွားခြင်းကြောင့်, ရုပ်စသော အကျိုးတရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားပုံကိုလည်း နောင်အနာဂတ် အရဟတ္တမဂ်ရမည့် အချိန်အခါနှင့် ပရိနိဗ္ဗာနစုတိ၏ နောက်ပိုင်း အချိန်ကာလတို့ကို လှမ်းမျှော်၍ ဝိပဿနာဉာဏ်ဖြင့် ကြည့်ရှုပါက လွယ်ကူစွာပင် တွေ့ရှိမည်ဖြစ်သည်။ ဤအရာတွင် ယောဂီသူတော်ကောင်းသည် ဥပ္ပါဒနိရောဓနှင့် အနုပ္ပါဒနိရောဓအကြောင်းကိုလည်း သိထားသင့်ပေသည်။

ဥပ္ပါဒနိရောဓ –– အကြောင်းသင်္ခါရတရားတို့သည်လည်းကောင်း, အကျိုးသင်္ခါရတရားတို့သည်လည်းကောင်း ဖြစ်ပြီးလျှင် ပျက်တတ်သော သင်္ခါရတရားတို့သာ ဖြစ်ကြ၏၊ ထိုသင်္ခါရတရားတို့၏ အနိစ္စအနေအထားအားဖြင့် ခဏမစဲ တသဲသဲ ဖြစ်ပြီး ပျက်သွားမှု = ဖြစ်ချုပ်သဘောကို ဥပ္ပါဒနိရောဓဟု ခေါ်ဆိုပေသည်။ အကြောင်းတရားတို့က အဆက်ဆက် ကျေးဇူးပြုပေးနေသမျှ ကာလပတ်လုံး အကျိုးတရားတို့သည် ထိုပုံစံအတိုင်း = ဖြစ် ချုပ် = ဥပ္ပါဒနိရောဓ သဘောအားဖြင့် အဆက်မပြတ် တည်ရှိနေကြမည်သာ ဖြစ်ပေသည်။ (အကြောင်းတရားများသည်လည်း – ယင်းတို့၏ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်နေကြရသော အကျိုးသင်္ခတတရားများပင် ဖြစ်ကြသည်ကို သတိပြုပါ) ချုပ် = ပျက်ပြီးနောက် အကြောင်း မကုန်သေးသဖြင့် ထပ်မံ၍ ဖြစ်ရ-ချုပ်ရသည့်သဘောဖြစ်ရကား ဥပ္ပါဒနိရောဓဟု ခေါ်ဆိုခြင်း ဖြစ်သည်၊ ဖြစ်မှုရှိနေသေးသော ချုပ်ခြင်းတည်း၊ ခဏိကနိရောဓဟုလည်း ခေါ်ဝေါ်သုံးစွဲသည်။

အနုပ္ပါဒနိရောဓ –– သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ်တို့သည် ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို အသီးအသီး အကြွင်းမဲ့ပယ်သတ်ကြ၏၊ အဂ္ဂမဂ္ဂ = အမြတ်ဆုံးမဂ် အမည်ရသော အရဟတ္တမဂ်ဉာဏ်သည် အဝိဇ္ဇာ စသော ကြွင်းကျန်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်၏၊ ထိုအရဟတ္တမဂ်ဉာဏ်သို့တိုင်အောင်သော အရိယမဂ်ဉာဏ်တို့က မိမိတို့ဆိုင်ရာ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သော် ထိုကိလေသာတို့သည် နောက်ထပ် တစ်ဖန် ရုပ်နာမ်ခန္ဓာအစဉ်၌ ထပ်မံ၍ ဖြစ်ပေါ်ခွင့် လုံးဝမရှိတော့ပေ။ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် အကြွင်းမဲ့ အမြစ်ပြတ် ချုပ်ငြိမ်းသွားကြ၏၊ ဤကဲ့သို့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို – အနုပ္ပါဒနိရောဓဟု ခေါ်ဆိုပေသည်၊ အကြောင်းအကျိုး နှစ်ရပ်လုံးတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် အသေသဝိရာဂနိရောဓဟူ၍လည်း ခေါ်ဆိုပေသည်။

အဝိဇ္ဇာ စသော အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓ ဟူသော နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားသောအခါ ပရိနိဗ္ဗာနစုတိ၏ နောင်အနာဂတ်၌ အကြောင်း မကုန်သေးပါက ဆက်လက် ဖြစ်နိုင်ခွင့်ရှိသည့် ရုပ်တရားစသော အကျိုးတရားစုတို့သည်လည်း ဆက်လက်ဖြစ်ပေါ်ခွင့် မရှိတော့ဘဲ နောက်ထပ်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြပြန်၏၊ အနုပ္ပါဒနိရောဓဟုပင် ခေါ်ဆိုပေသည်။ အကြောင်းတရားများ ထင်ရှားမရှိက အကျိုးတရားများလည်း ထင်ရှားမရှိနိုင်သောကြောင့် ချုပ်ငြိမ်းသွားကြခြင်း ဖြစ်၏၊ အကြောင်း အကျိုး နှစ်ရပ်လုံးတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် အသေသဝိရာဂနိရောဓဟုပင် ခေါ်ဆိုပေသည်။[မှတ်စု ၉]

ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ယင်းအနုပ္ပါဒနိရောဓသဘောကို မိမိရရှိမည့် အရဟတ္တမဂ်သို့တိုင်အောင်သော အနာဂတ်ဘက်သို့လည်းကောင်း, ပရိနိဗ္ဗာနစုတိသို့တိုင်အောင်သော အနာဂတ်ဘက်သို့လည်းကောင်း ဝိပဿနာ ဉာဏ်ကို စေလွှတ်၍ = ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရှုရမည် ဖြစ်သည်။ အကြောင်းတရားများ၏ အနုပ္ပါဒ နိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးတရားတို့၏လည်း အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ပညာမျက်စိဖြင့် အကယ်တိတိ သိမြင်သောအခါမှ အောက်ပါရှုကွက်ကို ဆက်လက်ရှုပါ။

ရူပက္ခန္ဓာ ရှုကွက်ပုံစံ

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
၂။ တဏှာ ချုပ်ခြင်းကြောင့် ။ ။
၃။ ဥပါဒါန် ချုပ်ခြင်းကြောင့် ။ ။
၄။ သင်္ခါရ ချုပ်ခြင်းကြောင့် ။ ။
၅။ ကံ ချုပ်ခြင်းကြောင့် ။ ။
[ဤကား အနုပ္ပါဒနိရောဓတည်း၊ အနာဂတ်ရုပ်များ၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုတည်း၊၊]
* ကမ္မဇရုပ် ရူပက္ခန္ဓာ၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)
၆။ စိတ် ချုပ်ခြင်းကြောင့် စိတ္တဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊ (အနုပ္ပါဒနိရောဓတည်း။)
* စိတ္တဇရုပ် ရူပက္ခန္ဓာ၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)
၇။ ဥတု ချုပ်ခြင်းကြောင့် ဥတုဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊ (အနုပ္ပါဒနိရောဓတည်း။)
* ဥတုဇရုပ် ရူပက္ခန္ဓာ၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)
၈။ အာဟာရ ချုပ်ခြင်းကြောင့် အာဟာရဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊ (အနုပ္ပါဒနိရောဓတည်း။)
* အာဟာရဇရုပ် ရူပက္ခန္ဓာ၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)

ယောဂါဝစရပုဂ္ဂိုလ်သည် ဤရှုကွက်၌ အနုပ္ပါဒနိရောဓ = နောင်တစ်ဖန် ဖြစ်ခြင်းမရှိသော ချုပ်ခြင်းနှင့် ဥပ္ပါဒနိရောဓ = နောင်တစ်ဖန် ဖြစ်ခြင်းရှိသော ချုပ်ခြင်းဟူသော ချုပ်ခြင်းနှစ်မျိုးကို ကွဲကွဲပြားပြား သိအောင် ရှုရမည်ဖြစ်သည်။ ဥပ္ပါဒနိရောဓကို ဝိပရိဏာမလက္ခဏံ-ဟု ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[မှတ်စု ၁၀]၌ ခေါ်ဝေါ်သုံးစွဲထားပေသည်။ သင်္ခါရတရားတို့၏ ခဏဘင်သဘောအားဖြင့် ပျက်မှုတည်း။ ဤနည်း ရှုကွက်၌လည်း ရူပါရုံလိုင်းစသည့် (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော, နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာ ငါးပါးဖွဲ့၍ (ပဋိစ္စသမုပ္ပါဒ်ပဉ္စမနည်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း) ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ထိုသို့ ရှုရာ၌ နာမ်ခန္ဓာပိုင်းဝယ် နည်းမှီနိုင်ရန်အတွက် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ရှုကွက်တစ်ခုကို တင်ပြအပ်ပါသည်။

စက္ခုဝိညာဏ် - ဝေဒနာက္ခန္ဓာ ရှုကွက်ပုံစံ

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ချုပ်၏၊
၂။ တဏှာ ချုပ်ခြင်းကြောင့် ။ ။
၃။ ဥပါဒါန် ချုပ်ခြင်းကြောင့် ။ ။
၄။ သင်္ခါရ ချုပ်ခြင်းကြောင့် ။ ။
၅။ ကံ ချုပ်ခြင်းကြောင့် ။။
၆။ စက္ခုဝတ္ထု ချုပ်ခြင်းကြောင့် ။ ။
၇။ ရူပါရုံ ချုပ်ခြင်းကြောင့် ။ ။
၈။ စက္ခုသမ္ဖဿ (= ၇) ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ချုပ်၏၊
၉။ အာလောက = အရောင်အလင်း ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ချုပ်၏၊
၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း = ၁၁) ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ချုပ်၏၊
(အနုပ္ပါဒနိရောဓတည်း။)
* စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)

မိမိ စွမ်းနိုင်သမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ပုံစံတူရှုပါ။

၃။ သမုဒယဝယဓမ္မာနုပဿီ = ဥဒယ-ဝယဒဿန = ဖြစ်ပျက် ရှုနည်း

မဟာသတိပဋ္ဌာနသုတ္တန်ပါဠိတော်[မှတ်စု ၁၁] ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[မှတ်စု ၁၂] ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၃]တို့၌ ညွှန်ကြားထား တော်မူသည်နှင့် အညီ ဥဒယဗ္ဗယဉာဏ်အကျယ်ရှုပွားနည်းကို အားသစ်နေဆဲဖြစ်သော ယောဂီသူတော်ကောင်းသည် အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံ ကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ရှုပွားရမည် ဖြစ်ပေသည်။ ထိုသို့ရှုရာ၌ ..

သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ “အနိစ္စံ ဒုက္ခံ အနတ္တာ”တိ သမ္မသန္တော ဝိစရတိ။ ..........

ဤသို့ စသော မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ[မှတ်စု ၁၄] စသော အဋ္ဌကထာများ၏ ညွှန်ကြားချက်များနှင့် အညီ အကြောင်းတရား အကျိုးတရား နှစ်ရပ်လုံးကို လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုရမည်ဖြစ်ပေသည်။ ထိုကြောင့် ဤတွင် အကြောင်းအကျိုး ဆက်စပ်လျက် အနိစ္စလက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပုံကို တင်ပြအပ်ပါသည်။ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ အသီးအသီး တင်၍ ဝိပဿနာ ရှုပုံကိုလည်း နည်းတူ သဘော ပေါက်ပါလေ။

ဥဒယ-ဝယဒဿန - ရူပက္ခန္ဓာ

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
အဝိဇ္ဇာ – (ဖြစ်-ပျက်) အနိစ္စ၊ ကမ္မဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၂။ တဏှာ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
တဏှာ ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
တဏှာ – (ဖြစ်-ပျက်) အနိစ္စ၊ ကမ္မဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၃။ ဥပါဒါန် ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
ဥပါဒါန် ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
ဥပါဒါန် – (ဖြစ်-ပျက်) အနိစ္စ၊ ကမ္မဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၄။ သင်္ခါရ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
သင်္ခါရ ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
သင်္ခါရ – (ဖြစ်-ပျက်) အနိစ္စ၊ ကမ္မဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၅။ ကံ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
ကံ ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
ကံ (= စေတနာ) – (ဖြစ်-ပျက်) အနိစ္စ၊ ကမ္မဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၆။ စိတ် ဖြစ်ခြင်းကြောင့် စိတ္တဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
စိတ် ချုပ်ခြင်းကြောင့် စိတ္တဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
စိတ် – (ဖြစ်-ပျက်) အနိစ္စ၊ စိတ္တဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၇။ ဥတု ဖြစ်ခြင်းကြောင့် ဥတုဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
ဥတု ချုပ်ခြင်းကြောင့် ဥတုဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
ဥတု – (ဖြစ်-ပျက်) အနိစ္စ၊ ဥတုဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၈။ အာဟာရ ဖြစ်ခြင်းကြောင့် အာဟာရဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
အာဟာရ ချုပ်ခြင်းကြောင့် အာဟာရဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
အာဟာရ – (ဖြစ်-ပျက်) အနိစ္စ၊ အာဟာရဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။

စက္ခုဝိညာဏ် - ဝေဒနာက္ခန္ဓာ ရှုကွက်ပုံစံ

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
အဝိဇ္ဇာ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
အဝိဇ္ဇာ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၂။ တဏှာ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
တဏှာ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
တဏှာ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၃။ ဥပါဒါန် ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဥပါဒါန် ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
ဥပါဒါန် – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၄။ သင်္ခါရ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
သင်္ခါရ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
သင်္ခါရ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၅။ ကံ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ကံ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
ကံ (စေတနာ/စေတနာနှင့်တကွ ယှဉ်ဖက်နာမ်တရားစု) – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ
– (ဖြစ်-ပျက်) အနိစ္စ။
၆။ စက္ခုဝတ္ထု ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
စက္ခုဝတ္ထု ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
စက္ခုဝတ္ထု – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၇။ ရူပါရုံ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ရူပါရုံ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
ရူပါရုံ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၈။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
စက္ခုသမ္ဖဿ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
စက္ခုသမ္ဖဿ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၉။ အာလောက ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
အာလောက ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
အာလောက – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။[မှတ်စု ၁၅]၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း = ၁၁) ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊ မနသိကာရ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
မနသိကာရ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။

ရှင်းလင်းချက်များ

ပဋိ စ္စသမုပ္ပါဒ်ပဉ္စမနည်း၌ ကျွမ်းကျင်လိမ္မာပြီးသော ကျေပွန်ပြီးသော ယောဂီသူတော်ကောင်းအဖို့ ဤမျှဆိုလျှင် ဤရှုကွက်ကို နည်းမှီးနိုင်လောက်ပေပြီ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ ဤဥဒယဗ္ဗယအကျယ်ရှုပွားနည်းကို ရှုရမည် ဖြစ်ပေသည်။

ဤရှုကွက်များ၌ ပထမအတိတ်အကြောင်းတရားများနှင့် ပစ္စုပ္ပန်အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍လည်း ရှုနိုင်၏၊ ဒုတိယအတိတ်ကြောင်းတရားများနှင့် ပထမအတိတ် အကျိုးတရား, ပစ္စု ပ္ပန်အကြောင်းတရားများနှင့် အနာဂတ်အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရား ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍လည်း ရှုနိုင်၏၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားများနှင့် ဆိုင်ရာဆိုင်ရာ အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ပဋိ စ္စသမုပ္ပါဒ်ပိုင်း ပဉ္စမနည်းတွင် တင်ပြခဲ့သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ မိမိရှုထားပြီးသမျှ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ ရှုနိုင်သော ရှုကွက်များ ဖြစ်ကြသည်။

ကိလေသဝဋ်ချင်း တူညီသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို တစ်စုထား၍လည်းကောင်း, ကမ္မဝဋ်ချင်းတူညီသော သင်္ခါရ ကံတို့ကို တစ်စုထား၍လည်းကောင်း ဤသို့ နှစ်စုခွဲ၍သော်လည်း ရှုလိုက ရှုနိုင်သည်။

ယင်းအကြောင်းတရားတို့မှာ ပထမအတိတ်အကြောင်းတရားများ ဖြစ်လျှင် ပထမအတိတ် ဘဝင်မနောအကြည် = မနောဒွါရကို ရှေ့ဦးစွာ သိမ်းဆည်း၍ ယင်းဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်သွားကြကုန်သော ယင်းအကြောင်းတရားတို့၏ ဖြစ်ပျက်သဘောကို = အနိစ္စသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌လည်း နည်းတူသဘောပေါက်ပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ဖော်ပြခဲ့သည့် အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့မှာ –

ဤသို့သော မနောဒွါရဝီထိအနေအထားဖြင့် ယေဘုယျအားဖြင့် ဖြစ်ခဲ့၏၊ ပီတိယှဉ်သည်လည်း ရှိ၏၊ မယှဉ် သည်လည်း ရှိ၏၊ တဒါရုံကျသည်လည်း ရှိ၏၊ မကျသည်လည်း ရှိ၏၊ တဒါရုံကျခဲ့သော် အဟိတ်တဒါရုံလည်း ကျနိုင်၏၊ သဟိတ်တဒါရုံလည်း ကျနိုင်၏၊ ထိုက်သလို ကျနိုင်၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့မှာ ပုထုဇန်သူတော်ကောင်းများအဖို့ ယေဘုယျအားဖြင့် လောဘ-ဒိဋ္ဌိအုပ်စုဇောများ ဖြစ်ကြ၏၊ ယင်းလောဘ-ဒိဋ္ဌိအုပ်စု နာမ်တရားစုတို့မှာ (၂၀/၁၉/ ၂၂/၂၁) ထိုက်သလို ဖြစ်နိုင်ကြ၏၊ ဤဇယားတွင်ကား ပုံစံတစ်ခုအနေဖြင့် (၂၀)ဟု ဖော်ပြထားပါသည်။ ယင်းဝီထိ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့၏ ဖြစ်ပျက် အနိစ္စသဘောကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် = စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဖြစ်ပျက်သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ တစ်ဖန် သင်္ခါရ-ကံ အုပ်စုတို့မှာလည်း အောက်ပါ ဝီထိစဉ်အတိုင်း ယေဘုယျအားဖြင့် ဖြစ်ခဲ့ကြ၏ ..။

ဤမနောဒွါရဝီထိ၌ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်ဖြစ်သော် ပီတိလည်း ယှဉ်၏၊ ဉာဏ်လည်း ယှဉ်၏၊ နာမ်တရား (၃၄) ဖြစ်၏၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်ဖြစ်သော် ပီတိ မယှဉ်ဘဲ ဉာဏ်သာ ယှဉ်၏၊ နာမ်တရား (၃၃) ဖြစ်၏၊ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ သဟိတ်တဒါရုံ သို့မဟုတ် အဟိတ်တဒါရုံ ထိုက်သလို ကျခွင့်ရှိသည်။ ယင်းသင်္ခါရ-ကံ နာမ်တရားတို့ကိုလည်း ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဖြစ်ပျက်သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။

သင်္ခါရ နှင့် ကမ္မဘဝ

ကမ္မသတ္တိကား လက္ခဏာယာဉ်တင်၍ ဝိပဿနာ မရှုကောင်းသောတရား ဖြစ်၏၊ လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုရာ၌ကား ကုသိုလ်သင်္ခါရအုပ်စုကိုပင် ပဓာနထား၍ ရှုရမည်ဖြစ်သည်။ လူသားများအတွက်သာ ပဓာန ထား၍ ပြောဆိုခြင်းဖြစ်သည်။ ထိုကြောင့် ဝိပဿနာ ရှုကောင်းသော သင်္ခါရနှင့် ကမ္မဘဝ အထူးကိုလည်း သိထားသင့်ပေသည်။ ဒါနကုသိုလ်ကို ပုံစံထုတ်၍ တင်ပြပေအံ့ ..။

၁။ မလှူမီ = ကောင်းမှုကုသိုလ်မပြုမီ ရှေးအဖို့၌ဖြစ်သော ပုဗ္ဗစေတနာကား သင်္ခါရ၊ လှူဆဲ = ကောင်းမှုကုသိုလ် ပြုဆဲခဏ၌ ဖြစ်သော မုဉ္စစေတနာကား ကမ္မဘဝ။
၂။ ကံကို အားထုတ်စဉ်က ဖြစ်ခဲ့သော ဇော (၇)ကြိမ်တို့တွင် ပထမဇောမှ ဆဋ္ဌဇောတိုင်အောင်သော ဇောတို့၌ ယှဉ်သော စေတနာကား သင်္ခါရ၊ သတ္တမဇောစေတနာကား ကမ္မဘဝ။
၃။ ကံကို အားထုတ်စဉ်က ဖြစ်ခဲ့သော ဇောစိတ္တက္ခဏတို့တွင် စေတနာကား ကမ္မဘဝ၊ ယှဉ်ဖက် သမ္ပယုတ် တရားစုတို့ကား သင်္ခါရ။[မှတ်စု ၁၆]

ဤအထက်ပါ ခွဲထားသတ်မှတ်ချက်များနှင့် အညီ ကံပြုစဉ်က ဖြစ်ခဲ့သော သို့မဟုတ် ဖြစ်လတ္တံ့သော အထက်ပါ မနောဒွါရိက ကုသိုလ်ဇောဝီထိစိတ်အစဉ်တစ်ခုလုံးကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ နာမ်တရားအားလုံးကို ခြုံငုံ၍ ဝိပဿနာရှုနိုင်ပါက သင်္ခါရနှင့် ကမ္မဘဝနှစ်မျိုးလုံးကိုပင် ဝိပဿနာရှုပြီးဖြစ်သည်ကို သဘောကျလေရာသည်။[မှတ်စု ၁၇]

အားလုံးကိုပင် ဝိပဿနာရှုပါ

ပဋိသန္ဓေခန္ဓာငါးပါး, ဘဝင်ခန္ဓာငါးပါး, စုတိခန္ဓာငါးပါး, မနောဒွါရာဝဇ္ဇန်းခန္ဓာငါးပါး, စက္ခုဝိညာဏ်ခန္ဓာငါးပါး ဤသို့စသည့် စက္ခုဒွါရဝီထိ စသည့် ထိုထိုဝီထိတို့၏အတွင်း၌ တည်ရှိကြသော နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ အထက်ပါအတိုင်း ဝိပဿနာရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရှုပါ။ ထိုသို့ရှုရာ၌ –

၁။ အတိတ်နှင့် ပစ္စုပ္ပန်ကို အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏၊
၂။ အတိတ် အတိတ်ချင်း အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏၊
၃။ ပစ္စုပ္ပန်နှင့် အနာဂတ်ကို အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏၊
၄။ အနာဂတ် အနာဂတ် အချင်းချင်း အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏၊

ပဋိစ္စသမုပ္ပါဒ် - ပထမနည်း

ဘုရားရှင်သည် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် နတုမှသုတ္တန်[မှတ်စု ၁၈]တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။

“ရဟန်းတို့ ...ဤ ရူပကာယ နာမကာယ = ရုပ်တရားအပေါင်း နာမ်တရားအပေါင်းသည် သင်ချစ်သားတို့၏ ကိုယ်ပိုင်ဥစ္စာ မဟုတ် (= သင်ချစ်သားတို့၏ အတ္တ မဟုတ် = အတ္တပင် မရှိသောကြောင့် ဟူလို)။ သူတစ်ပါး၏ ကိုယ်ပိုင်ဥစ္စာလည်း မဟုတ် (= သူတစ်ပါးတို့၏ အတ္တလည်း မဟုတ်)။ ဤ ရူပကာယ နာမကာယသည်ကား အဟောင်းဖြစ်သော ရှေးကံသည် ဖြစ်စေအပ်သော တရားသာတည်း၊ ကုသိုလ်ကံ အကုသိုလ်ကံသည် ပြုပြင်အပ်၏၊ ကုသိုလ်စေတနာ အကုသိုလ်စေတနာလျှင် အကြောင်းရင်းခံ ရှိ၏၊ ခံစားမှု ဝေဒနာ၏ တည်ရာဝတ္ထု ဖြစ်၏၊

ရဟန်းတို့ ...ထိုအရာ၌ အာဂမသုတ = သင်သိ, အဓိဂမသုတ = ကျင့်သိဟူသော အကြားအမြင် ဗဟုသုတ ရှိသော အရိယသာဝကသည် (ဝါ) အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကိုသာလျှင် ကောင်းမွန်ရိုသေစွာ နှလုံးသွင်းရှုပွား၏ ..။

’ဤအကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤအကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဤအကြောင်း တရား၏ ထင်ရှားဖြစ်ပေါ်လာခြင်းကြောင့် ဤအကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊။ ဤအကြောင်းတရားသည် ထင်ရှားမရှိလတ်သော် ဤအကျိုးတရားသည် ထင်ရှားမဖြစ်။ ဤအကြောင်းတရား၏ ချုပ်ခြင်းကြောင့် ဤအကျိုးတရား သည် ချုပ်၏၊ ယင်းကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကား ဤသို့တည်း ..

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရတို့ ဖြစ်ခြင်းကြောင့် (ဝိပါက်)ဝိညာဏ်ဖြစ်၏၊ ပ။

ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤ ဒုက္ခတုံး ဒုက္ခအစုအပုံသည် ထင်ရှားဖြစ်ပေါ်လာ၏ – ဟု ရှု၏၊

အဝိဇ္ဇာ၏သာလျှင် (အရဟတ္တမဂ်ကြောင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့သည် ချုပ်ကုန်၏၊ သင်္ခါရတို့၏ ချုပ်ကုန်ခြင်းကြောင့် (ဝိပါက်)ဝိညာဏ်သည် ချုပ်၏၊ ပ။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ချုပ်ငြိမ်းခြင်းသည် ဖြစ်၏’ – ဟု ရှု၏” .....

ဤသို့စသော ဒေသနာတော်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်ပထမနည်းဖြင့်လည်း –သမုဒယသက်သက်ကိုလည်းကောင်း, ဝယသက်သက်ကိုလည်းကောင်း, သမုဒယနှင့် ဝယကိုလည်းကောင်း ရှုနိုင်ပေသည်၊ ရှုသင့်ပေသည်။

သမုဒယဓမ္မာနုပဿီ

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ (ပစ္စယတော ဥဒယဒဿန)
၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏၊ (။ )
သင်္ခါရ ဖြစ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ဖြစ်၏၊ (။ )
သင်္ခါရ ဖြစ်ခြင်းကြောင့် စုတိဝိညာဏ် ဖြစ်၏၊ (။ )
သင်္ခါရ ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် ဖြစ်၏၊ ပ။ ... (။ )

ဤသို့စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် ပထမနည်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အဖြစ်သက်သက်ကိုသာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရှုပါ။ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ ဘဝသုံးခု ဘဝသုံးခုတို့ကို ကြောင်းကျိုး-ဆက်စပ်လျက် ရှုပါ။ ပဋိစ္စသမုပ္ပါဒ်ပထမနည်း ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရား၌ ကျေပွန်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ မခက်ခဲတော့ပြီ။ ဤ၌ “ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဥပပတ္တိဘဝ ဖြစ်၏”အထိသာ ရှုပါ။

ဝယဓမ္မာနုပဿီ

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်ပုံ စသည့် ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရားကို အနာဂတ်ဆုံးသည် အထိ ဉာဏ်အမြင် သန့်ရှင်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ အရဟတ္တမဂ်ဉာဏ်သို့ ဆိုက်မည့် အချိန်ကာလ ဟူသော အနာဂတ်ဝယ် ယင်းအရဟတ္တမဂ်ကြောင့် ဧကတ္တနည်းအရ အလားတူ အဝိဇ္ဇာ စသော ကိလေသာတရား အပေါင်း၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကြောင့် သင်္ခါရစသော အကျိုးတရားအပေါင်း၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု အနုပ္ပါဒနိရောဓသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါ ရှုကွက်ကို ရှုပါ။ ဤ၌လည်း “ကမ္မဘဝချုပ်ခြင်းကြောင့် ဥပပတ္တိဘဝ ချုပ်၏”အထိသာ ရှုပါ။

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏၊ (ပစ္စယတော ဝယဒဿန)
၂။ သင်္ခါရ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏၊ (။ )
သင်္ခါရ ချုပ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ချုပ်၏၊ (။ )
သင်္ခါရ ချုပ်ခြင်းကြောင့် စုတိဝိညာဏ် ချုပ်၏၊ (။ )
သင်္ခါရ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ချုပ်၏၊ ပ။ ... (။ )
ဤသို့ စသည်ဖြင့် အချုပ်သက်သက်ကိုလည်း ရှုပါ။ ကာလသုံးပါး သန္တာန်နှစ်ပါးလုံး၌ ရှုပါ။

သမုဒယဝယဓမ္မာနုပဿီ

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်ပုံ, အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်ပုံ စသည့် သဘောတရားတို့ကို = ဖြစ်-ချုပ် နှစ်မျိုးလုံးကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အောက်ပါ ရှုကွက်ကို ရှုပါ။

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ (ပစ္စယတော ဥဒယဒဿန)
အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏၊ (ပစ္စယတော ဝယဒဿန)
အဝိဇ္ဇာ (ဖြစ်-ပျက်) အနိစ္စ၊ သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ။ (ခဏတော ဥဒယဗ္ဗယဒဿန)
၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏၊ (ပစ္စယတော ဥဒယဒဿန)
သင်္ခါရ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏၊ (ပစ္စယတော ဝယဒဿန)
သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ၊ ပဋိသန္ဓေဝိညာဏ် (ဖြစ်-ပျက်) အနိစ္စ။ (ခဏတော ဥဒယဗ္ဗယဒဿန)
၃။ သင်္ခါရ ဖြစ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ဖြစ်၏၊ (ပစ္စယတော ဥဒယဒဿန)
သင်္ခါရ ချုပ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ချုပ်၏၊ (ပစ္စယတော ဝယဒဿန)
သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ၊ ဘဝင်ဝိညာဏ် (ဖြစ်-ပျက်) အနိစ္စ။ (ခဏတော ဥဒယဗ္ဗယဒဿန)
၄။ သင်္ခါရ ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် ဖြစ်၏၊ (ပစ္စယတော ဥဒယဒဿန)
သင်္ခါရ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ချုပ်၏၊ (ပစ္စယတော ဝယဒဿန)
သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ၊ စက္ခုဝိညာဏ် (ဖြစ်-ပျက်) အနိစ္စ။ (ခဏတော ဥဒယဗ္ဗယဒဿန)

ဤမျှဆိုလျှင် ပဋိစ္စသမုပ္ပါဒ် ပထမနည်း၌ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကို ကျေပွန်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ နည်းမှီး၍ ရှုနိုင်လောက်ပေပြီ။ ကမ္မဘဝ+ဥပပတ္တိဘဝ အမည်ရသော ဘဝသို့တိုင်အောင် ရှုပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်း ပထမနည်းတွင် တင်ပြခဲ့သည့်အတိုင်း (၆)လိုင်းလုံး ရှုသင့်သော နေရာဌာနတို့၌ (၆)လိုင်းလုံး ရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ဘဝသုံးခု သုံးခုတို့ကို ကွင်းဆက်၍ ရှုပါ။ အနည်းဆုံး လက္ခဏာရေးသုံးတန် တစ်ခေါက်စီ မိမိရှုထားပြီးသမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနိုင်လျှင်ကား “တိုင်းထက်အလွန် တံခွန်နှင့်ဘုရား” ဖြစ်ချေသည်။

ရရှိနိုင်သော အကျိုးတရားများ

အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုခြင်းသည်ကား ပစ္စယတော ဥဒယဒဿန မည်၏၊ အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံကို ဉာဏ်ဖြင့်မြင်အောင် ရှုခြင်းသည်ကား ပစ္စယတော ဝယဒဿန မည်၏၊ အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ငြိမ်းပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုခြင်းသည်ကား ပစ္စယတော ဥဒယဗ္ဗယဒဿန မည်၏၊

ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် အကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ ထိုထို ဥပါဒ်ခဏ၌ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ရှုခြင်းသည်ကား ခဏတော ဥဒယဒဿန မည်၏၊ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် အကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ ထိုထို ဘင်ခဏ၌ ပျက်မှုကို ဉာဏ်ဖြင့် မြင်အောင် ရှုခြင်းသည်ကား ခဏတော ဝယဒဿနမည်၏၊ ယင်းအကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ပင် ထိုထို ဥပါဒ်ခဏ ဘင်ခဏ၌ ဖြစ်မှု-ပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဉာဏ်ဖြင့်မြင်အောင် ရှုခြင်းသည်ကား ခဏတော ဥဒယဗ္ဗယဒဿန = ခဏအားဖြင့် ဖြစ်ပျက်ရှုနည်း မည်၏၊

ထိုသို့ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ပစ္စယတော ဥဒယဗ္ဗယဒဿန, ခဏတော ဥဒယဗ္ဗယဒဿန ဟူသော နှစ်မျိုးနှစ်စားသော ဥဒယဗ္ဗယသဘောအားဖြင့် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ နှလုံးသွင်းရှုပွား ခဲ့သော် – “ဤသင်္ခါရတရားတို့ကား ရှေးက မရှိမူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာကြကုန်စွတကား၊ ဖြစ်ပြီးကြ၍လည်း ချုပ်ပျောက်သွားကြပါကုန်စွတကား” – ဟု ဝိပဿနာဉာဏ်အမြင်သည် အထူးသဖြင့် သန့်ရှင်းစင်ကြယ်လာ၏၊ ထိုသို့ နှစ်မျိုးနှစ်စားအားဖြင့် ဖြစ်-ပျက်ကို ရှုမြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ –

(၁) သစ္စာလေးပါး, (၂) ပဋိစ္စသမုပ္ပါဒ်သဘောတရား, (၃) နည်းလေးပါး, (၄) လက္ခဏာငါးပါးတို့သည် .. ထင်ရှားလာကုန်၏၊[မှတ်စု ၁၉]

သစ္စာလေးပါး ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကျိုး ရုပ်နာမ် သင်္ခါရတရားတို့ကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်ကုန်သော ဇနကအကြောင်းတရားတို့ကို ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ သမုဒယသစ္စာသည် ထင်ရှားလာ၏၊

၂။ ခဏတော ဥဒယဒဿန = ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲဖြစ်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် သင်္ခါရတရားတို့၏ဖြစ်မှု ဇာတိဒုက္ခကို ထိုးထွင်း၍သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဒုက္ခသစ္စာတရားသည် ထင်ရှားလာ၏၊

၃။ ပစ္စယတော ဝယဒဿန = အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရား၏ ထင်ရှားမရှိခြင်း ထင်ရှားမဖြစ်ခြင်းဖြင့် အကြောင်းရှိသော အကျိုးတရား၏ = အကြောင်းတရား ထင်ရှားရှိပါမှ ဖြစ်ပေါ်လာနိုင်သော အကျိုးတရား၏ မဖြစ်ခြင်းသဘောကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ နိရောဓသစ္စာတရားသည် ထင်ရှားလာ၏၊ (အနုပ္ပါဒနိရောဓတည်း။)[မှတ်စု ၂၀]

၄။ ခဏတော ဝယဒဿန = ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် (= သင်္ခါရတရားတို့၏ ခဏဘင်ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင် နိုင်သဖြင့်) သင်္ခါရတရားတို့၏ သေကျေပျက်စီးရမှု မရဏဒုက္ခကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဒုက္ခသစ္စာတရားသည်ပင်လျှင် ထင်ရှားလာ၏၊ (ခဏိက မရဏဒုက္ခကို ဆိုလိုသည်။)

၅။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံဟူသော အကြောင်းတရားအားဖြင့် ဖြစ်မှု+ချုပ်မှုကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်ခြင်း, - ခဏတော ဥဒယဗ္ဗယဒဿန = ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု+ပျက်မှုသဘောကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်ခြင်း - ဟူသော ဤနှစ်မျိုးသော ဥဒယဗ္ဗယဉာဏ်အမြင်သည် ဝိပဿနာသမ္မာဒိဋ္ဌိတည်း။ တစ်နည်း - သမ္မာဒိဋ္ဌိ ပြဓာန်းသော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဟူသော တရားအစုအပုံတည်း။ ယင်းတရားအစုအပုံကား လောကီမဂ္ဂသစ္စာ တည်း။ ယင်းလောကီမဂ္ဂသစ္စာတရားသည် ထိုရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုကို မသိအောင် ဖုံးလွှမ်းထား တတ်သော မောဟ အမိုက်တိုက်ကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်၏၊ ထိုသို့ ယင်းလောကီမဂ္ဂသစ္စာတရားအစုတို့က ယင်းမောဟဓာတ်ကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်သောကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မဂ္ဂသစ္စာတရား သည် ထင်ရှားလာပေသည်။[မှတ်စု ၂၁]

တစ်နည်း – ယင်းသမ္မာဒိဋ္ဌိဟု ခေါ်ဆိုအပ်သော လောကီမဂ္ဂသစ္စာသည် လောကုတ္တရာ အရိယမဂ်ဟူသော မဂ္ဂသစ္စာကို ရခြင်းရောက်ခြင်း၏ အကြောင်းဥပါယ်ဖြစ်သော အသမ္မောဟသဘောတရားတည်း။ ယင်းအသမ္မောဟ သဘောတရားသည် – ပကတိ တောက်လောင်နေသော ဆီမီးတိုင်သည် မိမိဆီမီးတိုင်ကို ထင်ရှားပြနေသကဲ့သို့ အလားတူပင် မိမိကိုယ်ကို အသမ္မောဟသမ္မာဒိဋ္ဌိသဘောတရား ဖြစ်ကြောင်းကို ထင်ရှားပြနေရကား (သစ္စာလေးပါးကို သိနေပြီဟု သမ္မာဒိဋ္ဌိက ထင်ရှားပြနေသည် ဟူလို။) မဂ္ဂသစ္စာတရားသည် ထင်ရှားလာပေသည်။ ယင်းသို့ ထင်ရှားမှုမှာ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟတည်းဟူသော အမိုက်တိုက်ကို ပယ်ဖျောက်နိုင်သောအခါ မှသာ ထင်ရှားလာသည်ဖြစ်ရကား ယင်းသမ္မာဒိဋ္ဌိသည် လောကီမဂ္ဂသစ္စာ[မှတ်စု ၂၂]ဟူသော အမည်ကို ရရှိပေသည်။[မှတ်စု ၂၃]

လောကီမဂ္ဂသစ္စာ = လောကီမဂ္ဂင် ငါးပါး

၁။ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ပရမတ်ဆိုက်အောင် ထိုးထွင်းသိသောဉာဏ်, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို ထိုးထွင်းသိသောဉာဏ် ဤဝိပဿနာဉာဏ်တို့သည်ကား လောကီသမ္မာဒိဋ္ဌိမဂ္ဂင်တည်း။

၂။ ယင်းသင်္ခါရတရားအာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေးရှု တင်ပေးခြင်းသဘော, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက် အာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေးရှု တင်ပေးခြင်းသဘော – ဤသဘော တရားတို့ကား လောကီသမ္မာသင်္ကပ္ပမဂ္ဂင်တည်း။

၃။ ယင်းသင်္ခါရတရားတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်းသဘော, ယင်းသင်္ခါရ တရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်းသဘော –ဤသဘောတရားတို့ကား လောကီသမ္မာဝါယာမမဂ္ဂင်တည်း။

၄။ ယင်းသင်္ခါရတရားတို့ကို အမှတ်ရတတ်သောသဘော သိမ်းဆည်းတတ်သောသဘော, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို အမှတ်ရတတ်သောသဘော သိမ်းဆည်းတတ်သောသဘော, ယင်း သင်္ခါရအာရုံနှင့် ယင်းတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်အာရုံ၌ နစ်မြုပ်နေခြင်းသဘော – ဤသဘော တရားတို့ကား လောကီသမ္မာသတိမဂ္ဂင်တည်း။ (အာရုံကို မမေ့ပျောက်ခြင်းသဘောတည်း၊၊)

၅။ ယင်းသင်္ခါရတရားအာရုံ၌ ဝိပဿနာစိတ်၏ ကောင်းစွာတည်ကြည်နေခြင်းသဘော, ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တစ်မျိုးမျိုး၌ ဝိပဿနာစိတ်၏ ကောင်းစွာ တည်ကြည် နေခြင်းသဘော – ဤသဘောတရားတို့ကား သမ္မာသမာဓိမဂ္ဂင်တည်း။ (ဝိပဿနာခဏိကသမာဓိတည်း။) [မှတ်စု ၂၄]

လောကီအခိုက်ဝယ် – ဤမဂ္ဂင်ငါးပါးတို့နှင့် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော သီလမဂ္ဂင် သုံးပါးတို့သည် အာရုံချင်း မတူညီသောကြောင့် စိတ္တက္ခဏတစ်ခု၏အတွင်း၌ ပြိုင်တူ မဖြစ်နိုင်ကြပေ။ အထက်ပါ မဂ္ဂင်ငါးပါးတို့သည်သာလျှင် ဝိပဿနာစိတ္တက္ခဏတစ်ခု၏ အတွင်း၌ ပြိုင်တူ ဖြစ်နိုင်ကြသည်။

ပဋိစ္စသမုပ္ပါဒ်သဘောတရားများ ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံကို ရှုမြင်နိုင်သဖြင့် “ဤအကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤအကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏” – ဟု ဝိပဿနာ ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ – အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏.. ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော အနုလောမ ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ထင်ရှားလာပေသည်။

၂။ ပစ္စယတော ဝယဒဿန = အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် – “ဤအကြောင်းတရားသည် ချုပ်ငြိမ်းခြင်းကြောင့် ဤအကျိုးတရားသည် ချုပ်ငြိမ်း၏” – ဟု ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ – အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏၊ သင်္ခါရ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏.. ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ပဋိလောမပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ထင်ရှားလာပေသည်။

၃။ ခဏတော ဥဒယဗ္ဗယဒဿန= အကြောင်းသင်္ခါရ+အကျိုးသင်္ခါရ = အကြောင်းရုပ်နာမ်+အကျိုးရုပ်နာမ် = သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှုပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် ယင်းသင်္ခါရတရားတို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် = သင်္ခတလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ကြသော အကျိုးတရားတို့ဟူသော ပဋိစ္စသမုပ္ပန္နဓမ္မများသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာကြကုန်၏၊ မှန်ပေသည် – သင်္ခတတရားတို့ကား ဖြစ်ခြင်း ပျက်ခြင်း သဘော ရှိကြကုန်၏၊ ထိုသင်္ခတတရားတို့သည် အကြောင်းတရားတို့ကို အစွဲပြု၍သာ ဖြစ်ပေါ်လာကြရသဖြင့် ပဋိစ္စသမုပ္ပန္နဓမ္မလည်း အမည်ရကြပေသည်။ (အကြောင်းတရားများကိုယ်တိုင်က အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ကြသဖြင့် ယင်းအကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာကြရကုန်သော အကျိုးပဋိစ္စသမုပ္ပန္နတရားတို့လည်း အနိစ္စ ဒုက္ခ အနတ္တပင် ဖြစ်ကြရပေသည် ဟူလို။) [မှတ်စု ၂၅]

နည်းလေးပါး ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ အကြောင်းအကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပေါ် နေသော ရုပ်နာမ်သန္တာန်အစဉ်၏ အဆက်မပြတ် ဖြစ်နေခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် “ရုပ်နာမ်သန္တာန် အစဉ်တစ်ခုတည်းအဖြစ် သိမြင်သော = ဧကတ္တနည်းသည်” ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာပေသည်။

ရှေးယခင် အကြောင်းတရားနှင့် အကျိုးတရားတို့ကို ဆက်စပ်လျက် သိမ်းဆည်းစဉ် ပဋိစ္စသမုပ္ပါဒ်ပိုင်း = ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌ အတိတ်အကြောင်းတရားများကို ထူထောင်ခဲ့သော ရုပ်နာမ်သန္တာန်အစဉ်နှင့် ပစ္စုပ္ပန် ရုပ်နာမ် သန္တာန်အစဉ်ကို တစ်ဆက်တည်း အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်လာနေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် သဘော ပေါက်နေ၏၊ အထူးသဖြင့် - သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာဟူသော မူလဋီကာ[မှတ်စု ၂၆]နှင့်အညီ စိတ်အားလုံးသည် ဖြူစင်သောသဘောရှိရကား အတိတ်အကြောင်းတရားများကို ထူထောင်ခဲ့စဉ်က မနောအကြည်ဓာတ်နှင့် ပစ္စုပ္ပန် မနောအကြည်ဓာတ်တို့ကို နာမ်သန္တတိအစဉ်အတန်းအားဖြင့် အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တ အနေအထားအားဖြင့် တစ်ဆက်တည်း အစဉ်အတန်းတစ်ခုတည်းအဖြစ် အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်နေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် သဘောပေါက်နေ၏၊

တစ်ဖန် ဘဝတစ်လျှောက်တွင် အများဆုံးဖြစ်နေသောစိတ်ကား ဘဝင်စိတ်ပင် ဖြစ်၏၊ ယင်းဘဝင်စိတ်သည် လည်း - ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ[မှတ်စု ၂၇] - ဟူသော ဒေသနာတော်များနှင့် အညီ ပြိုးပြိုးပြက်ပြက် တလက်လက် ကြည်လင်တောက်ပလျက်ပင် ရှိ၏၊ ယင်းဘဝင်စိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဝီထိစိတ်တို့ကလည်း ကြည်လင်၏ = ပဏ္ဍရ = ဖြူစင်၏၊ ဘဝင်စိတ်ကလည်း ကြည်လင်၏၊ ယင်းဘဝင်စိတ်နှင့် ဝီထိစိတ်ဟူသော မနောအကြည် နာမ်သန္တတိအစဉ်အတန်းကို အတိတ်မှသည် ပစ္စုပ္ပန်သို့တိုင်အောင် ပစ္စုပ္ပန်မှသည် ရှု၍ရနိုင်သမျှ အတိတ်သို့တိုင်အောင် ဝိပဿနာဉာဏ်ဖြင့် လှမ်းမျှော်ကြည့်လိုက်ပါက အပ်ချည်ကြိုးတစ်ချောင်းကို သွယ်တန်း ထားဘိသကဲ့သို့ အစဉ်အတန်းတစ်ခုတည်းအဖြစ် အနိစ္စပုံသွင်ဖြင့် အဆက်မပြတ် အထပ်ထပ်ဖြစ်ပေါ်လာနေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်နေ၏၊ ထိုအတိတ်မနောအကြည်သည် မိမိ၏ မနောအကြည် ဟုတ်မဟုတ်ကိုလည်းကောင်း, လက်ရှိ မိမိ၏ မနောအကြည်နှင့် တစ်ဆက်တည်း အစဉ်အတန်းတစ်ခုတည်း ဟုတ်မဟုတ် ကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် သိမြင်နေ၏၊ အနာဂတ်၌လည်း ထိုနည်းလည်းကောင်း မှတ်ပါ။

သို့သော် အနိစ္စအခြင်းအရာကို တွင်တွင်ကြီး နှလုံးမသွင်းရသေးသဖြင့် အချို့အချို့သော စိတ္တက္ခဏ၌ သို့မဟုတ် အနည်းငယ်သော စိတ္တက္ခဏအချို့၌ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဖြစ်ပျက်မှုကို သိတန်သလောက် သိသော်လည်း အချို့သော စိတ္တက္ခဏ၌ သို့မဟုတ် စိတ္တက္ခဏအများစု၌ကား ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဖြစ်ပျက်မှုကို မသိသေးပေ။ ယခု ဤဥဒယဗ္ဗယဉာဏ်ပိုင်း၌ကား မနောအကြည်ဓာတ်၏ တဆက်တည်း ဖြစ်ပေါ်လာနေသည်ကိုလည်း သိ၏၊ ထိုမနောအကြည်ဓာတ်၏ အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တအနေအထားအားဖြင့် ခဏမစဲ တသဲသဲ ဖြစ်ပျက်မှုကိုလည်း ခဏပစ္စုပ္ပန်သို့ဆိုက်အောင် သိနေ၏၊ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အနိစ္စ ဒုက္ခ အနတ္တ အနေအထားအားဖြင့် အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်နေသည်ဟုလည်း သိရှိနေပေသည်။ ထိုအခါ ယင်းသို့ သိမြင်နေသော ဝိပဿနာဉာဏ်က – “ပြုလုပ်သူကား တစ်ယောက်, ခံစားသူကား တစ်ယောက်”ဟု မှားမှားယွင်းယွင်း စွဲယူတတ်သော ဥစ္ဆေဒဒိဋ္ဌိကို သာလွန် ကောင်းမွန်စွာ ပယ်စွန့်နိုင်ပေသည်။ ရှေးရှေးသော တရားတို့၏ ချုပ်မှုကို နောက်နောက်သော တရားတို့၏ သို့မဟုတ် အထက်အထက်သော တရားတို့၏ ဖြစ်မှု ဥပ္ပါဒသဘောက အစဉ် ဖွဲ့စပ်လျက်ရှိမှုကို ဝိပဿနာဉာဏ်ဖြင့် မြင်တွေ့နေသောကြောင့် ဖြစ်၏၊[မှတ်စု ၂၈]

၂။ ခဏတော ဥဒယဒဿန = ထိုသို့ အကြောင်းအကျိုး ဆက်စပ်လျက် ဖြစ်ပေါ်နေကြသော အကြောင်းရုပ်နာမ် သင်္ခါရ, အကျိုးရုပ်နာမ်သင်္ခါရတို့၏ ခဏမစဲ တသဲသဲဖြစ်နေမှု ဥဒယသဘောကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အသစ်အသစ်သော ရုပ်နာမ်ပရမတ်တရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်ပေါ် နေခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ နာနတ္တနည်းသည် ထင်ရှားလာပေသည်။ (ရုပ်နာမ်သန္တတိအစဉ်အားဖြင့် တစ်ဆက်တည်း မှန်သော်လည်း ဖြစ်မှု ပျက်မှု မရှိသော သန္တတိအစဉ်ကား မဟုတ်၊ ဖြစ်-ပျက်သန္တတိအစဉ်သာ ဖြစ်သည်။ ရှေးရှေး ရုပ်နာမ်သန္တတိအစဉ်နှင့် နောက်နောက်သော ရုပ်နာမ်သန္တတိအစဉ်တို့၏လည်းကောင်း, ရှေးရှေး ရုပ်နာမ်နှင့် နောက်နောက် ရုပ်နာမ်တို့၏လည်းကောင်း မတူကွဲပြား အသီးအခြားသာ ဖြစ်သည်ဟု သိနေ၏၊ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် အပျက်ကို မြင်နေသဖြင့် ရှေးရှေး ပရမတ္ထ ဓာတ်သားနှင့် နောက်နောက် ပရမတ္ထဓာတ်သားတို့သည် အသီးအသီး အုပ်စုတစ်ခုစီ အုပ်စုတစ်ခုစီသာဟု သိနေ၏၊ ယောဂါဝစရပုဂ္ဂိုလ်၏ဉာဏ်၌ သန္တတိဃန သမူဟဃန ကိစ္စဃနများ ပြိုနေပြီ ဟူလို။) ထိုသို့ သိမြင်သောအခါ၌ –“ထိုသူသည်ပင် ပြုလုပ်၏၊ ထိုသူသည်ပင် ခံစား၏”ဟု မှားမှားယွင်းယွင်း စွဲယူတတ်သော သဿတဒိဋ္ဌိကို သာလွန် ကောင်းမွန်စွာ ပယ်စွန့်နိုင်ပေသည်။[မှတ်စု ၂၉]

၃။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံ သဘောတရားကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားသည် ထင်ရှားရှိလတ်သော် အကျိုးတရား၏ ထင်ရှားဖြစ်ပေါ်လာခြင်း, အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် အကျိုးတရား၏ ထင်ရှား မရှိခြင်းဟူသော သဘောတရား၏ အလိုလိုပြီးစီးရကား ရုပ်နာမ်ပရမတ်တရားတို့၏ တစ်စုံ တစ်ခုသော ပုဂ္ဂိုလ်သတ္တဝါ၏ အလိုဆန္ဒအတိုင်း ဖြစ်မှု မရှိပုံကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အဗျာပါရနည်းသည် ထင်ရှားလာပေသည်။ [အကြောင်းတရားဘက်၌လည်း အကျိုးတရားတို့ကိုဖြစ်အောင် ပြုလုပ်မည်ဟူသော ဗျာပါရ, အကျိုးတရားဘက်၌လည်း အကြောင်းတို့သည် ဖြစ်ပေါ် လာခဲ့သော် တို့ (= အကျိုးတရားတို့) ဖြစ်ကြမည်ဟူသော ဗျာပါရ မရှိပုံကို သိသည် ဟူလိုသည်။ အဝိဇ္ဇာ၌လည်း သင်္ခါရဖြစ်အောင် ပြုလုပ်မည်ဟူသော ဗျာပါရ မရှိ။ အလားတူပင် သင်္ခါရ၌လည်း ဝိညာဏ်ဖြစ်အောင် ပြုလုပ်မည် ဟူသော ဗျာပါရ မရှိ၊ ဤသို့ စသည်ဖြင့် အကြောင်း-အကျိုး နှစ်ဘက်လုံး၌ ဗျာပါရ မရှိပုံကို သဘောပေါက်ပါ။]

ထိုသို့ သိမြင်ခဲ့သော် – ဖန်ဆင်းရှင် ပရမအတ္တ, အဖန်ဆင်းခံရသော ဇီဝအတ္တ ရှိသည်ဟု မှားမှားယွင်းယွင်း စွဲယူတတ်သော အတ္တဒိဋ္ဌိကို သာလွန် ကောင်းမွန်စွာ ထိုဝိပဿနာဉာဏ်က ပယ်စွန့်နိုင်ပေသည်။ (အကြောင်း အကျိုး နှစ်ရပ်လုံး၌ ဗျာပါရ မရှိ၊ အကြောင်း-အကျိုး နှစ်ရပ်လုံးသည်လည်း အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံသာ ဖြစ်သည်ဟု ထိုဝိပဿနာဉာဏ်က ပုံစံမှန် သိမြင်နေသောကြောင့်ဟူလို။)

၄။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံသဘောကို ဝိပဿနာ ဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားနှင့်လျော်သော အကျိုးတရား၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် သိမြင်ရာဝယ် အကျိုးတရားတို့သည် ဖြစ်ချင်တိုင်း ဖြစ်ချင်သလို စည်းကမ်းမရှိ ပရမ်းပတာ ဖြစ်နေသည်ကား မဟုတ်။ အကြောင်းတရားနှင့် လျော်ညီစွာသာလျှင် အကျိုးတရားတို့သည် ဖြစ်ကုန်၏၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသော အကြောင်းတရားကြောင့် အကျိုးတရားများ ဖြစ်ခဲ့ကြသော် – ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော အကြောင်းနှင့် လျော်သော အကျိုးတရားတို့သာ ဖြစ်ကုန်၏၊ အကြောင်းနှင့် မလျော်ညီသော အခြားအကျိုးတစ်စုံတစ်ရာသည် မဖြစ်ပေဟု သိမြင်နေ၏၊ ထိုကြောင့် ဧဝံဓမ္မတာနည်းသည် ထင်ရှားလာပေသည်။

ထိုသို့ သိမြင်ခဲ့သော် – “ပြုသော်လည်း ပြုသည်မမည်” – ဟု အကြောင်းကံကို တားမြစ်သော အကိရိယဒိဋ္ဌိ အယူမှားကို ယင်းဝိပဿနာဉာဏ်က သာလွန်ကောင်းမွန်စွာ ပယ်စွန့်နိုင်ပေသည်။[မှတ်စု ၃၀]

လက္ခဏာငါးပါး ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကို .. ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားသည် ထင်ရှားရှိလတ်သော် အကျိုးတရား၏ ဖြစ်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏ဟု ဤသို့လျှင် အကြောင်းတရားတို့သည် ထင်ရှားရှိသည်၏ အဖြစ်မျှဖြင့်သာ အကျိုးတရားတို့ကို ကျေးဇူးပြုတတ်သည် ဖြစ်ရကား သင်္ခတတရားတို့၏ အားထုတ်ခြင်း ဗျာပါရ မရှိသည်၏ အဖြစ်သည် ထင်ရှား၏၊ တစ်ဖန် အကြောင်းတရားသည် ထင်ရှား မရှိလတ်သော် အကျိုးတရား၏ ထင်ရှား မရှိခြင်းသည်လည်း ဖြစ်ပေါ်လာရကား သင်္ခတအကျိုးတရားတို့၏ အကြောင်းပစ္စည်းတရားနှင့် ဆက်စပ်မှုရှိသည်၏ အဖြစ်သည်လည်း ထင်ရှား၏၊ သင်္ခါရ တရားတို့၏ ထိုကဲ့သို့သော အားထုတ်ခြင်း ဗျာပါရကင်းမှု, အကြောင်းတရားနှင့်သာ ဆက်စပ်၍ ဖြစ်ခြင်းရှိမှုကို ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နေခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ပရမတ္တ = ပရမအတ္တ = ဖန်ဆင်းရှင်အတ္တနှင့် ဇီဝအတ္တ = အဖန်ဆင်းခံအတ္တ မရှိမှုကို သိမြင်နေရကား အနတ္တလက္ခဏာသည် ထင်ရှားလာပေသည်။ ယင်းအသိဉာဏ်က အတ္တဆိတ်သုဉ်းမှုကို ထင်ရှားပြနေပေသည်။

၂။ ခဏတော ဥဒယဗ္ဗယဒဿန = အကြောင်းသင်္ခါရ အကျိုးသင်္ခါရဟူသော သင်္ခတတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု-ပျက်မှု ဥဒယ-ဝယ သဘောကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သဖြင့် – မဖြစ်ခင် ရှေးကမရှိ, ယခုမှ ရုတ်ခြည်းဖြစ်၍ မရှိခြင်းသဘာဝသို့ပင် ဆိုက်ရောက်သွားမှုကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့်လည်းကောင်း (= မဖြစ်ခင် ရှေးအဖို့က မရှိခြင်း, ဖြစ်ပြီးနောက် = ပျက်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်း နှစ်မျိုးကိုလည်းကောင်း, ယင်းမရှိခြင်းနှစ်မျိုးတို့၏ အလယ်၌သာလျှင် ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်မှုကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့်လည်းကောင်း) တစ်ဖန် – သင်္ခါရတရားတို့သည် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏသုံးပါးအပေါင်း၏ ရှေး၌လည်း ထင်ရှားမရှိကုန်၊ နောက်၌လည်း ထင်ရှားမရှိကုန်၊ ဥပါဒ် = ဖြစ်ခြင်းဟူသော အစနှင့်, ဘင် = ပျက်ခြင်းဟူသော အဆုံးသာ ရှိကြကုန်၏၊ ယင်းသို့ သင်္ခတတရားတို့၏ ဖြစ်-ပျက်ဟူသော အစနှင့် အဆုံးရှိမှုကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့်လည်းကောင်း ––- ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အနိစ္စလက္ခဏာသည် ထင်ရှားလာပေသည်။

၃။ ယင်းသင်္ခါရတရားတို့၌ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်တို့ဖြင့် အမြဲမပြတ် အဖန်ဖန် အထပ်ထပ် အညှဉ်းပန်း အနှိပ်စက်ခံရမှုသဘောကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နေခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ (အနိစ္စလက္ခဏာသည်သာမက) ဒုက္ခလက္ခဏာသည်လည်း ထင်ရှားလာပေသည်။

၄။ သင်္ခတတရားတို့၏ ဖြစ်ခြင်း (= ဥပါဒ်)နှင့် ပျက်ခြင်း (= ဘင်)၏ အတွင်း၌သာ တည်နေနိုင်မှု = ဖြစ်ခြင်း ပျက်ခြင်းဖြင့် ပိုင်းခြားထားမှုကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ (အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာသာမက) သင်္ခတတရားတို့၏ ကိုယ်ပိုင်သဘာဝသတ္တိတည်းဟူသော သဘာဝလက္ခဏာသည်လည်း ထင်ရှားလာပေသည်။

၅။ သင်္ခတတရားတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှား ခဲ့သော် သင်္ခတလက္ခဏာ၏ အခိုက်အတန့် တာဝကာလိကမျှသာ တည်နေနိုင်မှုသဘော = ဥပါဒ်-ဌီ-ဘင် ဟူသော အလွန်တိုတောင်းသော အချိန်ကာလမျှသာ တည်ရှိနိုင်မှုသဘောသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာပေသည်။ ဥဒယ = ဖြစ်ဆဲခဏ၌ ဝယ = ပျက်မှုသဘော၏ မရှိခြင်း, ဝယ = ပျက်ဆဲခဏ၌လည်း ဥဒယ = ဖြစ်မှုသဘော၏ မရှိခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍သိမြင်နေသောကြောင့် ဖြစ်သည်။

ဤသည်တို့ကား ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်+ချုပ်ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်း = အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံ, အကြောင်းတရား ချုပ်ငြိမ်း ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းနှင့် ခဏတော ဥဒယဗ္ဗယဒဿန = သင်္ခါရ တရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု-ပျက်မှုတည်းဟူသော ခဏအားဖြင့် ဖြစ်-ပျက်ကို ရှုမြင်ခြင်းကြောင့် ရရှိအပ်သော အသိထူး ဉာဏ်ထူး အကျိုးထူးများပင် ဖြစ်ကြပေသည်။[မှတ်စု ၃၁]

ဥဒယဗ္ဗယ ဝိပဿနာလုပ်ငန်းစဉ်

ဘဝတစ်ခုအတွင်း၌ တည်ရှိသော ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်သော ရုပ်တရား နာမ်တရားတို့ကို အဒ္ဓါပစ္စုပ္ပန်တရားဟု ခေါ်ဆိုပေသည်။ စက္ခုဒွါရဝီထိ စသော ဝီထိစိတ်အစဉ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို သန္တတိပစ္စုပ္ပန်တရားတို့ဟူ၍ ခေါ်ဆိုပေသည်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ် ဥတုကြောင့်ဖြစ်သော လေး-ငါး-ခြောက်ဆင့် စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပွားသော ရုပ်အစဉ်အတန်း တစ်ခုကို တစ်ဥတုကြောင့်ဖြစ်သော ရုပ်အစဉ်အတန်းတစ်ခုဟုလည်းကောင်း, ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဇနက-ဩဇာသည် ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသော အခါ လေး-ငါး-ခြောက်ဆင့် စသော ရုပ်အစဉ်အတန်းတစ်ခုကို ဖြစ်စေသဖြင့် ယင်းရုပ်အစဉ်အတန်းတစ်ခုကို တစ်အာဟာရကြောင့်ဖြစ်သော ရုပ်အစဉ်အတန်းဟုလည်းကောင်း အသီးအသီး ခေါ်ဆိုပေသည်။ ယင်း တစ်ဥတု တစ်အာဟာရအတွင်း၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်အစဉ်အတန်းတစ်ခုသည် သန္တတိပစ္စုပ္ပန်တရားတည်း။ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏငယ် သုံးပါးနှင့် ပြည့်စုံသော စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရား, ဥပါဒ်-ဌီ-ဘင် ဟူသော ခဏငယ်သုံးပါး အခိုက်အတန့်အတွင်း၌ တည်ရှိသော ရုပ်တရားတို့သည် ခဏပစ္စုပ္ပန် အမည် ရသော ရုပ်တရား နာမ်တရားတို့တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ သန္တတိပစ္စုပ္ပန်၏ အစွမ်းဖြင့် ရုပ်တရား နာမ်တရားတို့ကို ဖြစ်ခြင်းသဘော အားဖြင့်လည်းကောင်း, ပျက်ခြင်းသဘောအားဖြင့်လည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် နှလုံးသွင်း ရှုပွားရ၏၊ ထိုကဲ့သို့ အစဉ်သဖြင့် နှလုံးသွင်းရှုပွားခဲ့သော် ဝိပဿနာဘာဝနာဉာဏ်၏ အားကောင်းမောင်းသန်ခြင်းသို့ ရောက်ရှိ လာသောအခါ ဝိပဿနာဘာဝနာဉာဏ်၏ ထက်မြက်စူးရှမှု သန့်ရှင်းသထက် သန့်ရှင်းမှုသို့ ရောက်ရှိသွားခြင်းကြောင့် သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲအားဖြင့် ဖြစ်မှု-ပျက်မှု သဘောတရားတို့သည် ခဏပစ္စုပ္ပန်သို့ ဆိုက်သည့် တိုင်အောင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာကြပေကုန်သည်။

မှန်ပေသည် – ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးပထမတွင် အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ – ဤသို့ စသည်ဖြင့် ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်မှု ပျက်မှုကို နှလုံးသွင်းရှုပွား၏၊ ထိုသို့ နှလုံးသွင်းလျက် အဝိဇ္ဇာစသော အကြောင်းတရားတို့ကို လွှတ်လိုက်၍ (= အဝိဇ္ဇာ စသော အကြောင်းတရားကြောင့် ရုပ်စသော အကျိုးတရားတို့၏ ဖြစ်မှုကို မြင်အောင် ရှုမှုကို လွှတ်လိုက်၍) ဖြစ်မှု ပျက်မှုသဘော ထင်ရှားရှိကြကုန်သော အကြောင်းခန္ဓာ အကျိုးခန္ဓာတို့ကို ဝိပဿနာဉာဏ်ဖြင့် လှမ်းယူ သိမ်းဆည်းလျက် ထိုခန္ဓာတို့၏ အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်း = ပစ္စယတော ဥဒယဗ္ဗယဒဿနကို အဦးမူသဖြင့် ယင်းခန္ဓာတို့၏ ခဏအားဖြင့် လည်း ဖြစ်မှု-ပျက်မှု = ဥဒယဗ္ဗယသဘောကို နှလုံးသွင်း ရှုပွား၏၊

(အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ အဝိဇ္ဇာ-ဖြစ်ပျက်-အနိစ္စ၊ ရုပ်-ဖြစ်ပျက်အနိစ္စ ဤသို့ စသည်ဖြင့် နှလုံးသွင်း ရှုပွားမှုကို ဆိုလိုပေသည်။)

ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်သည် ထိုသို့ နှလုံးသွင်းဖန် များလတ်သော် အကြင်အခါ၌ ထက်မြက် စူးရှလာ၏ သန့်ရှင်းလာ၏၊ ထိုအခါ၌ ရုပ်တရားနာမ်တရားတို့သည် ခဏတိုင်း ခဏတိုင်း ဖြစ်ကုန်သည် ပျက်ကုန်သည် ဖြစ်၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာကုန်၏၊ ယင်းသို့ ထင်ရှားလာလတ်သော် ဥဒယဗ္ဗယာနုပဿနာ မည်သော နုနယ်သော တရုဏဝိပဿနာဉာဏ်ကို ရရှိပေပြီ။ ယင်းယောဂါဝစရပုဂ္ဂိုလ်ကို အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုပေသည်။[မှတ်စု ၃၂]

  1. (ပဋိသံ၊၅၂၊ စာပိုဒ်၊၄၉။)
  2. (ဝိသုဒ္ဓိ၊၂၊၂၆၅၊ စာပိုဒ်၊၇၂၃။)
  3. ဘဝသည် ကမ္မဘဝ ဥပပတ္တိဘဝဟု နှစ်မျိုးရှိရာ ဥပပတ္တိဘဝမှာ ဇာတိအမည်ရသည့် အနာဂတ်ခန္ဓာငါးပါးပင် ဖြစ်သည်။ ယင်းခန္ဓာငါးပါးတို့၏ ဖြစ်မှုသဘောကား ဇာတိ၊ တည်မှုသဘောကား ဇရာ၊ ပျက်မှုသဘောကား မရဏတည်း။ ယင်းဇာတိကို ဖြစ်ပျက်၊ ယင်းဇရာကို ဖြစ်ပျက်၊ ယင်းမရဏကို ဖြစ်ပျက် ထပ်ရှုလို့ မရနိုင်သဖြင့် ဖြစ်ပျက်ရှုလို့ ရနိုင်သည့် ဥပပတ္တိဘဝအမည်ရသည့် အနာဂတ်ခန္ဓာငါးပါးတိုင်ရုံသာ ဥဒယဗ္ဗယဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ဖော်ပြထားခြင်း ဖြစ်ပေသည်။
  4. ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ရူပက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ ဖဿသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ ဖဿနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ဝေဒနာက္ခ္ခ္ခ္ခ္ခန္ဓဿ ဝယံ ပဿတိ။
    ဝေဒနာက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    သညာက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ ဖဿသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    သညာက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ ဖဿနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ သညာက္ခန္ဓဿ ဝယံ ပဿတိ။
    သညာက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ ဖဿသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ ဖဿနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    သင်္ခါရက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ နာမရူပသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ နာမရူပနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ဝိညာဏက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    ပဉ္စန္နံ ခန္ဓာနံ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စဝီသတိ လက္ခဏာနိ ပဿတိ၊
    ဝယံ ပဿန္တော ဣမာနိ ပဉ္စဝီသတိ လက္ခဏာနိ ပဿတိ၊
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ပညာသ လက္ခဏာနိ ပဿတိ။ (ပဋိသံ၊၅၂-၅၅။ စာပိုဒ်၊၅၀။)
  5. မှတ်ချက်---- ပဋိသန္ဓေ၏ ဥပါဒ်ကာလအခိုက်၌ ကမ္မဇရုပ်သာ ဖြစ်သေး၏၊ စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကား မဖြစ်ကြသေးပေ။ ပဋိသန္ဓေ၏ ဌီကာလမှစ၍ ဥတုဇရုပ်တို့ စတင် ဖြစ်ပွားကြသည်၊ ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်ကာလမှ စ၍ စိတ္တဇရုပ်တို့ စတင် ဖြစ်ကြသည်၊ အာဟာရဇရုပ်တို့ကား မိခင်စားမျိုလိုက်သော အစာအာဟာရသည် ကိုယ်ဝန်သားငယ်၏ ချက်ကြိုးမှတစ်ဆင့် ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်အတွင်းသို့ ပြန့်နှံ့သွားသော အချိန်အခါမှစ၍ အာဟာရဇရုပ်တို့ စတင် ဖြစ်ပွားကြသည်။ ထိုသို့ ဖြစ်ပွားရာ၌ ..၁။ ကမ္မဇရုပ်တို့ကား ပဋိသန္ဓေစိတ္တက္ခဏမှစ၍ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ္တက္ခဏသို့ တိုင်အောင် ဘဝတစ်လျှောက်ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နေ ကြသည်။
    ၂။ စိတ္တဇရုပ်တို့ကား ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်ကာလမှစ၍ ဘဝတစ်လျှောက်ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ ဖြစ်နေကြသည်၊ ဌီကာလနှင့် ဘင်ကာလတို့တွင်ကား မဖြစ်နိုင်ကြပေ။
    ၃။ ဥတုဇရုပ်တို့ကား ပဋိသန္ဓေ၏ ဌီကာလမှစ၍ ဘဝတစ်လျှောက်ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နေကြသည်။
    ၄။ အာဟာရဇရုပ်တို့ကား အထက်တွင်ဖော်ပြထားသည့်အတိုင်း အာဟာရဇရုပ် စတင်ဖြစ်ရာ အချိန်ကာလမှစ၍ ဘဝတစ်လျှောက် ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နေကြသည်။ သို့သော် ပဋိသန္ဓေစိတ္တက္ခဏ ဥပါဒ်ကာလအခိုက်ဝယ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကား မဖြစ်ကြသေးပေ။ သို့သော် နောက်နောက်သော စိတ္တက္ခဏတို့၌တည်ရှိသော ရူပက္ခန္ဓာအတွက်သာ ထည့်သွင်း၍ ဖော်ပြခြင်း ဖြစ်သည်ဟု မှတ်ပါ။
  6. မှတ်ချက်---- ကျန်နာမ်ခန္ဓာသုံးပါးဟူသည် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကို ဆိုလိုပေသည်။ နာမ်တရား (၃၄)လုံးတို့တွင် ယင်းခန္ဓာသုံးပါးမှ ကြွင်းသော (၃၁)လုံးသော စေတသိက်တို့သည် အကျိုးတရားဘက်၌ တည်ရှိနေကြ၏၊ ယင်းတို့တွင် ဖဿလည်း ပါဝင်၏၊ ထိုကြောင့် ကြွင်းသော ဝေဒနာ သညာ ဝိညာဏ် သုံးမျိုးတို့သည်သာ အကြောင်းတရားတို့ ဖြစ်ကြရသည်။ ဘုရားရှင်သည် ပဋ္ဌာန်းဒေသနာတော် (၇၆၇)၌- စိတ္တက္ခဏတစ်ခုတစ်ခု၏အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော နာမ်ခန္ဓာလေးပါးတို့သည် အချင်းချင်း ခန္ဓာတစ်ပါးသည် ခန္ဓာတစ်ပါးအား သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုနေကြောင်းကို ဟောကြားထားတော် မူခဲ့၏၊
  7. ပဋိသန္ဓေနာမ်ခန္ဓာတို့၏ အာရုံမှာ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟု သုံးမျိုးရှိရာ လူသားများအတွက် ကံအာရုံမှာ ကုသိုလ်သင်္ခါရ ကံအာရုံ ဖြစ်၏၊ ကမ္မနိမိတ်အာရုံမှာ အာရုံ (၆)မျိုး ထိုက်သလို ဖြစ်နိုင်၏၊ ဂတိနိမိတ်အာရုံမှာကား လူသားများအတွက် ကမ္ဗလာနီရောင်အဆင်းရှိသော အမိဝမ်းရေလွှာတည်းဟူသော ရူပါရုံအဆင်း ဖြစ်တတ်၏၊ သို့အတွက် ပဋိသန္ဓေ၏ အာရုံဖြစ်သော တရားကို ပုံစံတစ်ခု ထုတ်ပြသည့်အနေဖြင့် အာရုံရုပ်ဟု လက်သည်းကွင်း ( ) အတွင်းတွင် ဖော်ပြထားပါသည်။ သို့သော် ပဋိသန္ဓေ၏ ဖြစ်ပေါ်သည့် အာရုံမှန်ကိုသာ ထည့်သွင်းရှုပါ။
  8. သတိပြုရန်-- ဤ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၌ (၂၀)ဟု ဖော်ပြခြင်းမှာ နမူနာပုံစံတစ်ခုကိုသာ ထုတ်၍ ဆိုခြင်းဖြစ်သည်။ သင်္ခါရ (၃၄)ဟု ဖော်ပြခြင်းမှာလည်း အလားတူပင် နမူနာပုံစံတစ်ခုကိုသာ ထုတ်၍ ဆိုခြင်းဖြစ်သည်။ မိမိ၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်းသာ ကိလေသဝဋ်တရားစု ကမ္မဝဋ်တရားစု ဝိပါကဝဋ်တရားစုတို့ကို သိမ်းဆည်းရှုပွားပါ။ စိတ်စေတသိက် အရေအတွက်လည်း အပြောင်းအလဲ ရှိနိုင်၏၊ ကုသိုလ်သင်္ခါရနှင့် အကုသိုလ်သင်္ခါရ အပြောင်းအလဲလည်း ရှိနိုင်၏၊ ဝိပါကဝဋ် အပြောင်းအလဲလည်း ရှိနိုင်၏၊ မိမိစွမ်းနိုင်သမျှ ရှုနိုင်သမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ရှုပါ။
  9. အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ (ပဋိသံ၊၅၄။) (ပဋိသံ၊ဋ္ဌ၊၁၊၂၃၆။)
    အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။) ၄၃
  10. (ပဋိသံ၊၅၃။)
  11. သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)
  12. အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ။ ပ။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓော။ (ပဋိသံ၊၅၃-၅၄။)
  13. တေသံ ဝသေန ဧဝမ္ပိ ရူပဿ ဥဒယော၊ ဧဝမ္ပိ ရူပဿ ဝယော၊ ဧဝမ္ပိ ရူပံ ဥဒေတိ၊ ဧဝမ္ပိ ရူပံ ဝေတီတိ ပစ္စယတော စေဝ ခဏတော စ ဝိတ္ထာရေန မနသိကာရံ ကရောတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
  14. (မ၊ဋ္ဌ၊၁၊၂၈၁၊၊)
  15. မှတ်ချက်---- အာလောကအရောင်အလင်းအကြောင်း စာမျက်နှာ (၅၃၆) (အံ၊၁၊၄၅၆၊ စာပိုဒ်၊၁၄၁။) တွင် ပြန်ကြည့်ပါ။ သို့သော် ဤ၌ မျက်စိမှိတ်ကာ ဝိပဿနာရှုနေသည့်အပိုင်း ဖြစ်သဖြင့် ယင်းအာလောကမှာ ဉာဏ်အရောင်အလင်းသာ ဖြစ်သည်။ အထက်က အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း ယင်းဉာဏ်ရောင်မှာ ရှုနေသည့် ဝိပဿနာစိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇရုပ်ကလာပ်တို့နှင့် ယင်းစိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် ဥတုကြောင့် ထပ်ဆင့်ဖြစ်ပွားလာကြသော ဥတုဇရုပ်ကလာပ်တို့၏ အတွင်း၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံတို့၏ အရောင်အလင်းများ ဖြစ်ကြသဖြင့် ယင်းအရောင်အလင်းကို ဝိပဿနာ ရှုလိုသော ပုဂ္ဂိုလ်သည် ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲကာ အရောင်အလင်းနှင့် တကွသော ယင်းရုပ်ပရမတ်တရားတို့ကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပါ။
  16. (ဝိသုဒ္ဓိ၊၂၊၂၁၄-၂၁၅။)
  17. သင်္ခါရနှင့် ကမ္မဘဝ = ကံ ခွဲခြားသတ်မှတ်ချက်ကို ရှေ့ပိုင်း (စာမျက်နှာ၊၄၈၄) [၇၁၄] တွင်လည်း ပြန်ကြည့်ပါ။
  18. နာယံ ဘိက္ခဝေ ကာယော တုမှာကံ၊ နပိ အညေသံ၊ ပုရာဏမိဒံ ဘိက္ခဝေ ကမ္မံ အဘိသင်္ခတံ အဘိသေဉ္စတယိတံ ဝေဒနိယံ ဒဋ္ဌဗ္ဗံ။
    တတြ ခေါ ဘိက္ခဝေ သုတဝါ အရိယသာဝကော ပဋိစ္စသမုပ္ပါဒညေဝ သာဓုကံ ယောနိသော မနသိ ကရောတိ- “ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ။ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ။ ယဒိဒံ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ။ ပ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော။ ပ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ (သံ၊၁၊၂၉၄-၂၉၅။ နတုမှသုတ္တန်။)
  19. တေဿဝံ မနသိကရောတော “ဣတိ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ”တိ ဉာဏံ ဝိသဒတရံ ဟောတိ။ တေဿဝံ ပစ္စယတော စေဝ ခဏတော စ ဒွေဓာ ဥဒယဗ္ဗယံ ပဿတော သစ္စပဋိစ္စသမုပ္ပါဒနယလက္ခဏဘေဒါ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
  20. မှတ်ချက်---- ဤ နိရောဓသစ္စာတရားသည်ကား ပစ္စယတော ဝယဒဿနဉာဏ်ကဲ့သို့သော ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သော နိရောဓသစ္စာတရား ဖြစ်ပေသည်။ လောကုတ္တရာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင် အပ်သော လောကုတ္တရာ နိရောဓသစ္စာတရား မဟုတ်သေးဟု မှတ်သားထားပါ။
  21. ပစ္စယတော ဥဒယဒဿနေန သမုဒယသစ္စံ ပါကဋံ ဟောတိ ဇနကာဝဗောဓတော။ ခဏတော ဥဒယဒဿနေန ဒုက္ခသစ္စံ ပါကဋံ ဟောတိ ဇာတိဒုက္ခာဝဗောဓတော။ ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ ခဏတော ဝယဒဿနေန ဒုက္ခသစ္စမေဝ ပါကဋံ ဟောတိ မရဏဒုက္ခာဝဗောဓတော။ ယဉ္စဿ ဥဒယဗ္ဗယဒဿနံ၊ မဂ္ဂေါဝါယံ လောကိကောတိ မဂ္ဂသစ္စံ ပါကဋံ ဟောတိ တတြ သမ္မောဟဝိဃာတတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈)
  22. မှတ်ချက်---- ဤ အရာဝယ် ကြိုတင်ဆောက်တည်ကာ ကျင့်သုံးထားအပ်သော ကျင့်သုံးနေဆဲလည်းဖြစ်သော သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟူသော သီလမဂ္ဂင်သုံးပါးနှင့် တကွ ရှုနေသော ဝိပဿနာဇောဝီထိ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း ၌ ဖြစ်ပေါ်နေကြကုန်သော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတည်းဟူသော လောကီမဂ္ဂင်တို့ကို သမ္မာဒိဋ္ဌိကို ဦးတည်ကာ ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ လောကီဝိပဿနာဉာဏ်အခိုက် မဂ္ဂင်ရှစ်ပါး ဖြစ်ပေါ်နေပုံကို သဘောတရား ရေးရာအပိုင်း၊ စာမျက်နှာ (၃၇)တွင်လည်း ကြည့်ပါ။
  23. (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။ မဟာဋီ၊၂၊၄၂၃-၄၂၄။)
  24. မှတ်ချက်-- ဝိပဿနာခဏိကသမာဓိအကြောင်းကို လုပ်ငန်းခွင်အပိုင်း စာမျက်နှာ (၁၉၈)တွင် ပြန်ကြည့်ပါ၊၂၈၉
  25. (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄၊၊)
  26. (မူလဋီ၊၁၊၁၂၅။)
  27. (အံ၊၁၊၅။)
  28. (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄။)
  29. (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄။)
  30. (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄-၄၂၅။)
  31. (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၅။)
  32. သန္တတိဝသေန ဟိ ရူပါရူပဓမ္မေ ဥဒယတော, ဝယတော စ မနသိ ကရောန္တဿ အနုက္ကမေန ဘာဝနာယ ဗလပ္ပတ္တကာလေ ဉာဏဿ တိက္ခဝိသဒဘာဝပ္ပတ္တိယာ ခဏတော ဥဒယဗ္ဗယာ ဥပဋ္ဌဟန္တီတိ။ အယဥှိ ပဌမံ ပစ္စယတော ဥဒယဗ္ဗယံ မနသိ ကရောန္တော အဝိဇ္ဇာဒိကေ ပစ္စယဓမ္မေ ဝိဿဇ္ဇေတွာ ဥဒယဗ္ဗယဝန္တေ ခန္ဓေ ဂဟေတွာ တေသံ ပစ္စယတော ဥဒယဗ္ဗယဒဿနမုခေန ခဏတောပိ ဥဒယဗ္ဗယံ မနသိ ကရောတိ။
    တဿ ယဒါ ဉာဏံ တိက္ခံ ဝိသဒံ ဟုတွာ ပဝတ္တတိ၊ တဒါ ရူပါရူပဓမ္မာ ခဏေ ခဏေ ဥပ္ပဇ္ဇန္တာ, ဘိဇ္ဇန္တာ စ ဟုတွာ ဥပဋ္ဌဟန္တိ။ (မဟာဋီ၊၂၊၄၂၂။)