မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/(၆) ဒွါရ၌ တည်ရှိသော ရုပ်ကလာပ်များ

ဝီကီရင်းမြစ် မှ

(၆) ဒွါရ၌ တည်ရှိသော ရုပ်ကလာပ်များ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁]၌ကား စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ မနောဒွါရတို့၌ (၅၄)မျိုးသော ရုပ်တရား၊ ကာယဒွါရ၌ (၄၄)မျိုးသော ရုပ်တရားတို့ကို ရေတွက်ပြထား၏၊ သို့သော် ယင်းဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ပင် တေဇော ကောဋ္ဌာသ (၄)မျိုးနှင့် အဿာသပဿာသကောဋ္ဌာသမှ တစ်ပါးသော ဝါယောကောဋ္ဌာသ (၅)မျိုးတို့၌ ဇီဝိတနဝက ကလာပ်ရုပ်တရားတို့ အသီးအသီး ရှိကြောင်းကို ဖော်ပြထား၏၊ ယင်းတေဇောကောဋ္ဌာသ ဝါယောကောဋ္ဌာသ ရုပ်တရားတို့ကား ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိကြသော ရုပ်တရားတို့ ဖြစ်ကြ၏၊ သို့အတွက် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့သည် ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေကြသကဲ့သို့ အလားတူပင် ဇီဝိတနဝက ကလာပ်ရုပ်တို့သည်လည်း ခန္ဓာအိမ်တစ်ခုလုံး၌ အနှံ့အပြားပင် တည်ရှိနေကြပေသည်။ ထို့ကြောင့် လယ်တီဆရာတော်ဘုရားက မိမိ၏ ပရမတ္ထဒီပနီ[မှတ်စု ၂]တွင် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ် (၃)မျိုးတို့သည် ခန္ဓာအိမ်တစ်ခုလုံး၌ အနှံ့အပြား တည်ရှိနေကြသည့် “သကလသရီရဗျာပီ” ရုပ်ကလာပ် (၃)မျိုးတို့ ဖြစ်ကြောင်းကို အထက်ပါ ယင်းဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကိုပင် ကိုးကား၍ ဖွင့်ဆိုထားပေသည်။ သို့အတွက် ယင်းဇီဝိတနဝကကလာပ်ကိုပါ (၆)ဒွါရလုံးတို့၌ ထပ်မံ ပေါင်းစပ်လိုက်ပါက ကာယဒွါရ၌ ရုပ်ကလာပ်အမျိုးအစား (၆)မျိုး ရုပ်အမျိုးအစား (၅၃)မျိုး၊ ကျန် ဒွါရ (၅)မျိုးတို့၌ ရုပ်ကလာပ်အမျိုးအစား (၇)မျိုးစီ ရုပ်အမျိုးအစား (၆၃)မျိုးစီ အသီးအသီး တည်ရှိနေပေသည်။ သို့သော် ဤ၌ အမျိုးအစား၏ အရေအတွက်ကိုသာ ဆိုလိုသည်။ တစ်မျိုးမျိုး၌ကား ရုပ်ကလာပ်ပေါင်း များစွာ ရုပ်အမျိုးအစားပေါင်း များစွာ တည်ရှိနိုင်ပေသည်။

ထိုဇီဝိတနဝကကလာပ်တို့တွင် အစာကို ကြေကျက်စေတတ်သည့် ဂဟဏီအမည်ရသော ပါစကဝမ်းမီး ခေါ် ပါစကတေဇောဓာတ် ပါဝင်သည့် ဇီဝိတနဝကကလာပ်ရုပ်တရားတို့လည်း ပါဝင်ကြ၏၊ ယင်းဇီဝိတနဝကကလာပ် ရုပ်တို့သည်လည်း ခန္ဓာအိမ်တစ်ခုလုံး၌ပင် အနှံ့အပြား တည်ရှိနေကြ၏၊ ယင်းသို့ တည်ရှိနေသည့်အတွက် – သရီရေ မက္ခိတာဟာရောပိ ရူပံ သမုဋ္ဌာပေတိ[မှတ်စု ၃] – ခန္ဓာကိုယ်ပေါ်၌ လိမ်းကျံပေးလိုက်သော အာဟာရဆေးဝါးသည်လည်း တစ်နည်းဆိုရသော် ခန္ဓာကိုယ်ပေါ်၌ လိမ်းကျံပေးလိုက်သော အာဟာရဆေးဝါးဟု ခေါ်ဆိုအပ်သော ဥတုဇရုပ် ကလာပ်တွင် ပါဝင်သော ဩဇာသည်လည်း ယင်းလိမ်းကျံသည့်နေရာတွင် အသင့်တည်ရှိနေသည့် ယင်းဇီဝိတနဝက ကလာပ်ရုပ်တို့တွင် ပါဝင်သော ပါစကတေဇောဓာတ်၏ အထောက်အပံ့ကို ရရှိသဖြင့် အာဟာရဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပေသည်။ ထို့ကြောင့် မျက်စိအတွင်းသို့ မျက်စဉ်းဆေးကို ခပ်လိုက်လျှင် နားအတွင်းသို့ နားဆီဆေးကို ထည့်ပေးလိုက်လျှင် အလားတူပင် အာဟာရဇရုပ်ကလာပ်များသည် မျက်စိအတွင်း နားအတွင်းသို့ ပျံ့နှံ့ ဖြစ်ပေါ်သွားပေသည်။ (ပျံ့နှံ့ ဖြစ်ပွားသွားပုံကို အာဟာရဇရုပ် ဖြစ်ပုံအပိုင်းတွင် ကြည့်ပါ။) ထို့ကြောင့် ဇီဝိတနဝကကလာပ်ရုပ်၏ ဒွါရ (၆)ပါးလုံးတို့၌ အနှံ့အပြားတည်ရှိမှုမှာ ဒွါရ (၆)ပါးလုံးတို့၌ တည်ရှိကြသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီး၏ အာဟာရဇရုပ်ကို ဖြစ်စေရာ၌ မရှိမဖြစ်သော လိုအပ်ချက်တစ်ခုပင် ဖြစ်ပေသည်။

မနောဒွါရ ဟူသည်

ဤအရာ၌ အဋ္ဌကထာဆရာတော်[မှတ်စု ၄]က ဟဒယကို မနောဒွါရဟု ခေါ်ဝေါ်သုံးစွဲထား၏၊ ဤကဲ့သို့သော အသုံးအနှုန်းနှင့် ဆက်စပ်၍ မနောဒွါရအကြောင်းကို ဆက်လက်တင်ပြအပ်ပါသည်။

သံယုတ်အဋ္ဌကထာ[မှတ်စု ၅]နှင့် မဟာဋီကာ[မှတ်စု ၆]တို့၏ ဖွင့်ဆိုချက်နှင့် အညီ –

၁။ ဘဝင်ကိုလည်း မနောဒွါရဟု ခေါ်ဆို၏၊
၂။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်ကိုလည်း မနောဒွါရဟု ခေါ်ဆို၏၊
၃။ ဟဒယဝတ္ထုကိုလည်း ဌာနျူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဆို၏၊

ဌာနျူပစာရ – ဘဝင်သည် တစ်နည်း အာဝဇ္ဇန်းနှင့် တကွသော ဘဝင်သည် ဟဒယဝတ္ထုကိုပင် မှီ၍ဖြစ်ရ၏၊ မှီတတ်သော ဘဝင်၏ တစ်နည်း မှီတတ်သော အာဝဇ္ဇန်းနှင့် တကွသော ဘဝင်၏ မနောဒွါရဟူသော အမည်ကို မှီအပ်သော မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်၌ တင်စား၍ တစ်နည်းဆိုရသော် ဌာနီဖြစ်သော ဘဝင်၏ သို့မဟုတ် အာဝဇ္ဇန်းနှင့် တကွသော ဘဝင်၏ မနောဒွါရဟူသော အမည်ကို ဌာနဖြစ်သော ဟဒယဝတ္ထု၌ တင်စား၍ ဌာနဖြစ်သော (= မှီရာ ဖြစ်သော) ဟဒယဝတ္ထုရုပ်ကိုပင် ဌာနျူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဆိုထားပေသည်။



မှတ်သားလွယ်ကူစေရန် ဒွါရ (၆)ပါး၌ တည်ရှိကြသော ရုပ်ကလာပ်အမျိုးအစားနှင့် ရုပ်အရေအတွက် အမျိုးအစားတို့ကို ဇယားများဖြင့် ဖော်ပြထားပါသည်။

၁။ စက္ခုဒသကကလာပ် = ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော စက္ခုအကြည်ဓာတ်လျှင် (၁၀)ခုမြောက် ရှိသော (ကြည်သော) ရုပ်ကလာပ်။
၂။ ကာယဒသကကလာပ်= ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ကာယအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။
၃။ ဘာဝဒသကကလာပ်= ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။
၄။ ဇီဝိတနဝကကလာပ်= ဇီဝိတရုပ်လျှင် (၉)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။
၅။ စိတ္တဇအဋ္ဌကလာပ်= ယဒယဝတ္ထုကို မှီ၍ဖြစ်သောစိတ်ကြောင့် ဖြစ်သော ဩဇာလျှင် (၈)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။
၆။ ဥတုဇအဋ္ဌကလာပ်= ရုပ်ကလာပ်တစ်ခုအတွင်း၌ ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဖြစ်သော ဩဇာလျှင် (၈)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။ ၇။ အာဟာရဇအဋ္ဌကလာပ် = အာဟာရ (= ဩဇာ)ကြောင့် ဖြစ်သော ဩဇာလျှင် (၈)ခုမြောက် ရှိသော (မကြည်သော) ရုပ်ကလာပ်။

မှတ်ချက်–– ဤ (၆၃)မျိုးသော ရုပ်တို့ကို သသမ္ဘာရစက္ခုဟု ခေါ်ဆို၏၊ ထိုတွင် စက္ခုပသာဒမှာ ပသာဒစက္ခုလည်း အမည်ရသည်။

၁။ သောတဒသကကလာပ် = သဒ္ဒါရုံ (= အသံ)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော သောတအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။

မှတ်ချက် –– ဤ (၆၃)မျိုးသော ရုပ်တို့ကို သသမ္ဘာရသောတဟု ခေါ်ဆို၏၊ ထိုတွင် သောတပသာဒမှာ ပသာဒသောတဟူသော အမည်ကိုလည်း ရရှိသည်။ ကာယဒသကကလာပ် စသော ကျန် (၆)မျိုးသော ရုပ်ကလာပ်တို့၏ သဘောအဓိပ္ပါယ်ကို ရှေး စက္ခုဒွါရ၌ ဆိုခဲ့သည့်နည်းအတိုင်းပင် မှတ်ပါ။

၁။ ဃာနဒသကကလာပ်= ဂန္ဓာရုံ (= အနံ့)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ဃာနအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။

မှတ်ချက် –– ဤ (၆၃)မျိုးသော ရုပ်တို့ကို သသမ္ဘာရဃာနဟု ခေါ်ဆို၏၊ ထိုတွင် ဃာနပသာဒမှာ ပသာဒဃာနဟူသော အမည်ကိုလည်း ရရှိသည်။

၁။ ဇိဝှါဒသကကလာပ် = ရသာရုံ (အရသာ)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ဇိဝှါအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။

မှတ်ချက် –– ဤ (၆၃)မျိုးသော ရုပ်တို့ကို သသမ္ဘာရဇိဝှါဟု ခေါ်ဆို၏၊ ထိုတွင် ဇိဝှါပသာဒမှာ ပသာဒဇိဝှါဟူသော အမည်ကိုလည်း ရရှိသည်။

မှတ်ချက်–– ဤ (၅၃)မျိုးသော ရုပ်တို့ကို သသမ္ဘာရကာယဟု ခေါ်ဆို၏၊ ထိုတွင် ကာယပသာဒမှာ ပသာဒကာယဟူသော အမည်ကိုလည်း ရရှိပေသည်။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း၌ လာရှိသော (၄၂)ကောဋ္ဌာသဟူသည် ဤကာယဒွါရ (= ကိုယ်ဌာန)၌ တည်ရှိသော ရုပ်တရားများကိုပင် ထပ်မံ၍ (၄၂)ပုံ ပုံကာ ခွဲခြားစိတ်ဖြာ၍ ရှုခြင်း ဖြစ်သည်။ သို့အတွက် ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း၌ အချို့အချို့သော ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားတို့ကို ရေတွက်ပြရာ၌ (၅၃)ဟု တွေ့လျှင် အထက်ပါ (၅၃)မျိုးသော ရုပ်တရားတို့ကိုပင် ဆိုလိုသည်ဟု မှတ်ပါ။

၁။ ဟဒယဒသကကလာပ်= မနောဓာတ်+မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်လျှင် (၁၀)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။

မှတ်ချက်–– ဤ (၆၃)မျိုးသော ရုပ်တရားတို့ကို သသမ္ဘာရဟဒယဟု ခေါ်ဆို၏၊ ထိုတွင် ဟဒယရုပ်မှာ ဟဒယဝတ္ထုဟူသော အမည်ကိုလည်း ရရှိပေသည်။

  1. စက္ခုဒွါရသ္မံ ဟိ စက္ခု-ကာယ-ဘာဝဒသကဝသေန တိံသ ကမ္မဇရူပါနိ၊ ဥပတ္ထမ္ဘကာနိ ပန တေသံ ဥတု-စိတ္တာ-ဟာရသမုဋ္ဌာနာနိ စတုဝီသတီတိ စတုပဏ္ဏာသ ဟောန္တိ။ တထာ သောတ-ဃာန-ဇိဝှါဒွါရေသု။ ကာယဒွါရေ ကာယ- ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုစတ္တာလီသ။ မနောဒွါရေ ဟဒယဝတ္ထု-ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၉။)
    သေသေသု စတုသမုဋ္ဌာနေသု အဋ္ဌသု ဇီဝိတနဝကဉ္စေဝ တီဏိ စ ဩဇဋ္ဌမကာနီတိ တေတ္တိံသ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။ စာပိုဒ်၊၆၆၄။)
    သေသေသူတိ သန္တပ္ပနာဒိဝသေန စေဝ ဥဒ္ဓင်္ဂမာဒိဝသေန စ ပဝတ္တေသု တေဇောဝါယောကောဋ္ဌာသေသု။ (မဟာဋီ၊၂၊၃၅၂)
  2. ဝိသုဒ္ဓိမဂ္ဂေ ပန သေသေသု စတုသမုဋ္ဌာနေသု အဋ္ဌသု ဇီဝိတနဝကဉ္စေဝ တီဏိ ဩဇဋ္ဌမကာနိ စာတိ တေတ္တိံသ တေတ္တိံသ ရူပါနိ ပါကဋာနိ ဟောန္တီတိ ဝုတ္တံ။ တတ္ထ အဋ္ဌသူတိ ပါစကဂ္ဂိအဿာသပဿာသဝဇ္ဇိတေသု တီသု တေဇောကောဋ္ဌာသေသု ပဉ္စသု ဝါယောကောဋ္ဌာသေသူတိ အဋ္ဌသု။ ဣတိ ကာမလောကေပိ သကလသရီရဗျာပီသု တေဇောဝါယောကောဋ္ဌာသေသု လဗ္ဘမာနတ္တာ ဧတံ သကလသရီရေဧဝ ဒဋ္ဌဗ္ဗန္တိ။ (ပရမတ္ထဒီပနီ၊၃၂၁။)
  3. (ဝိသုဒ္ဓိ၊၂၊၂၅၁။ စာပိုဒ်၊၇၀၃။)
  4. စက္ခုဒွါရသ္မံ ဟိ စက္ခု-ကာယ-ဘာဝဒသကဝသေန တိံသ ကမ္မဇရူပါနိ၊ ဥပတ္ထမ္ဘကာနိ ပန တေသံ ဥတု-စိတ္တာ-ဟာရသမုဋ္ဌာနာနိ စတုဝီသတီတိ စတုပဏ္ဏာသ ဟောန္တိ။ တထာ သောတ-ဃာန-ဇိဝှါဒွါရေသု။ ကာယဒွါရေ ကာယ- ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုစတ္တာလီသ။ မနောဒွါရေ ဟဒယဝတ္ထု-ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၉။)
    သေသေသု စတုသမုဋ္ဌာနေသု အဋ္ဌသု ဇီဝိတနဝကဉ္စေဝ တီဏိ စ ဩဇဋ္ဌမကာနီတိ တေတ္တိံသ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။ စာပိုဒ်၊၆၆၄။)
    သေသေသူတိ သန္တပ္ပနာဒိဝသေန စေဝ ဥဒ္ဓင်္ဂမာဒိဝသေန စ ပဝတ္တေသု တေဇောဝါယောကောဋ္ဌာသေသု။ (မဟာဋီ၊၂၊၃၅၂)
  5. ဧတ္ထ ပန မနောတိ ဘဝင်္ဂစိတ္တံ။ပ။ အာဝဇ္ဇနံ ဘဝင်္ဂတော အမောစေတွာ မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ (သံ၊ဋ္ဌ၊၃၊၅၊၊)
  6. မနောဒွါရံ နာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတဝေါဟာရေန “မနောဒွါရေ”တိ ဝုတ္တံ။ ယတ္ထ မနောဒွါရုပ္ပတ္တိ။ (မဟာဋီ၊၂၊၄၁၀။)