မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော်သမ္မတရုံး ကြေညာချက်အမှတ် ၉/၂၀၁၁

ဝီကီရင်းမြစ် မှ
1918အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း2011သိန်းစိန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း
(ကြေညာချက်အမှတ် ၉/ ၂၀၁၁)
၁၃၇၂ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်
(၂၀၁၁ ခုနှစ်၊ ဧပြီလ ၆ ရက်)

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

(က) ဦးသိန်းစိန် နိုင်ငံတော်သမ္မတ
(ခ) သီဟသူရ
ဦးတင်အောင်မြင့်ဦး
ဒုတိယသမ္မတ
(ဂ) ဒေါက်တာစိုင်းမောက်ခမ်း (ခ)
မောင်အုန်း
ဒုတိယသမ္မတ
(ဃ) သူရဦးရွှေမန်း ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်
(င) ဦးခင်အောင်မြင့် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်
(စ) ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(ဆ) ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(ဇ) ဗိုလ်ချုပ်လှမင်း ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး
(ဈ) ဦးဝဏ္ဏမောင်လွင် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး
(ည) ဒုတိယဗိုလ်ချုပ်ကြီးကိုကို ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး
(ဋ) ဗိုလ်ချုပ်သိန်းဌေး နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး

၂။ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး သည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးဖြစ်သည်။


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်