နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၃၇/၂၀၁၈
ပုံပန်းသွင်ပြင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်ကောင်စီဝင်ခန့်အပ်တာဝန်ပေးခြင်း
အမိန့်အမှတ်၊ ၃၇/ ၂၀၁၈
၁၃၈၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက်
(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၅၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၂ နှင့် နေပြည်တော်ကောင်စီဥပဒေပုဒ်မ ၄ တို့ပါ ပြဋ္ဌာန်းချက်များ အရ ဦးညီထွန်း ကို နေပြည်တော်ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်