မာတိကာသို့ ခုန်သွားရန်

ပတ္ထနာအာသီသဒဿနနိဂုံး

ဝီကီရင်းမြစ် မှ
မဟာသုတကာရီ မဃဒေဝလင်္ကာသစ်
by မာန်လည်ဆရာတော်
၁၃။ ပတ္ထနာအာသီသဒဿနနိဂုံး
2038မဟာသုတကာရီ မဃဒေဝလင်္ကာသစ် — ၁၃။ ပတ္ထနာအာသီသဒဿနနိဂုံးမာန်လည်ဆရာတော်


(၆၀၆) ဤသို့ ယခု၊ ရေးစီပြုသား၊ ကောင်းမှု မင်္ဂလာ၊ ထူးမြတ်စွာသည့်၊ ပုညာဘိသန်၊ မဟာဉာဏ်ကြောင့်၊ ဆုပန် လက်ရောက်၊ မမြောက်သမျှ၊ ဘဝထိုထို၊ ဖြစ်ရာ ကိုယ်နှိုက်၊ အလိုယှိရာ၊ ဣစ္ဆာသယ၊ ပြီး ကိစ္စနှင့်၊ နိမ့်ကျ မယှိ၊ ဇာတိပုည၊ ဂုဏ မဟတ်၊ အမြတ်*စတေ၊ တိဟိတ်နေလျက်၊ သန္ဓေ ဥက္ကဋ္ဌ၊ လောင်း မဃသို့၊ ကာမ ညစ်ညူး၊ မယစ်မူးဘဲး၊ အထူး မကွာ၊ ဉာဏ် သမ္မာဖြင့်၊ ကျွတ်ကာမတ္တ၊ ကျွတ်ကုန်ကြသား၊ သာဝကဆု၊ ကိုယ်တခုမျှ၊ လွတ်မှု မကြံ၊ ဆုကြီး သံ၍့၊ သယမ္ဘူ တ၊ မြတ်ဉာဏနှင့်၊ သစ္စ နာမံ၊ နွတ္ထ ခံသည်၊ သမ္မာသမ္ဗုဒ်၊ နုတ္တရစစ်၊ တု မရစ်ဘဲး၊ ရှစ် *မာရဂင်၊ မဂ်*ယာဉ်ညင်ဖြင့်၊ ခေမင်္ဂတ၊ ဘုံသို့ကျအောင်၊ များလှ တတွေ၊ ဘော် မိတ်ဆွေတို့၊ ဝေနေ ယှိသရွေ့၊ မကျန်စေ့အောင်၊ ဆောင်၍့ ကိုယ်တိုင်၊ မြို့ *တောင်ကိုင်သို့၊ ပို့နိုင်တုံထ၊ သုံးလောကဂိုဏ်း၊ သုံးခေတ် တိုင်းကို၊ ကွပ်ထိုင်း သိမ်းခြုံ၊ သုံးဘုံ စိုးလစ်၊ ဓမ္မရာဇ်ဟု၊ ဖြစ်စိမ့် မယွင်း၊ နှလုံးသွင်းလျက်၊ *ရိုးရင်း ပတ္ထနာ၊ ငါ *ပန်ထွာ၏၊ သစ္စာ ဉာဏ်ပင်၊ မပွင့်ခင်လည်း၊ ရာဝင် စည်ကား၊ ငါးကျိပ်ငါးတွင်၊ ရှေးဖျားမည်ထုတ်၊ ရန်မြစ် ခုတ်သည်၊ သမုဒ္ဒရာဇ်၊ *စောစစ် မဟာ၊ နော်ရထာနှင့်၊ ကျစွာမင်းကြီး၊ ပြူစောထီးက၊ နန်း-ထီး တည်ထောင်၊ သေဉ်လည်ကြောင် ကျန်စစ်သား၊ ပိုင်းခြား တထွေ၊ စလေ ကုလားကျ၊ သီဟပတေ့၊ ဘုန်း*ဟေ့ *ရန်ငူး၊ မင်း သုံးဦးစီ၊ ထူး၍့ မင်းချည်း၊ တယောက်တည်းလျက်၊ ကျော်သည်း နာမံ၊ ပြည် ပုဂံဝယ်၊ နန်းစံ မင်းစစ်၊ ပြန်ကာဖြစ်သို့၊ မြတ်ခေတ် ငါးထောင်၊ သာသနာရောင်လျှင်၊ ထွန်းပြောင်သမျှ၊ လူ့ဘဝနှင့်၊ သမဏချည်း၊ သူတော့်နည်းကို။။ ငါလည်း ဖြည့်လို ဘန်လဲးတည်း။ (၁)

(၆၀၇) ဤသို့ *၄င်း၊ ဇာတိ ပြောင်းလည်း၊ ကျင့်ဟောင်း ဝသီ၊ မြတ် စာရီနှင့်၊ အညီ လေ့တူ၊ သူတော့်မူဖြင့်၊ အယူ သမ္မာ၊ တည်ကြည်စွာလျက်၊ မန္ဒာ ခိဍ၊ ငယ်သော်ကလျှင်၊ စ၍့ နည်းနာ၊ တတ်စရာသား၊ သဒ္ဒါ ရုပ်ပိုင်း၊ ဓာတ်-ပုဒ် ဂိုဏ်းနှိုက်၊ ဆုတ်ဆိုင်း မယှိ၊ လိမ္မာ သိ၍့၊ အဘိဂမ္ဘီ၊ လေးလီ ပရမတ်၊ နှုတ်လွတ် လေ့လာ၊ နေ့ညဝါလည်း၊ မဟာပြောင်မြောက်၊ နည်း*ကုံလောက်လျက်၊ အာသောက် မုန်ဝ၊ စွယ်စုံလှသား၊ ကု ဉ္ဇရကြီး၊ ထေရ်*ပေါက်ထီးတို့၊ ပွဲးသီးခံရာ၊ သုဓမ္မာဝယ်၊ ငါသာ ငါနှင့်၊ နှိုင်းသော် သင့်အောင်၊ ရဲးရင့် တောက်တောက်၊ ခြင်္သေ့ ဟောက်သို့၊ ပြန်လျှောက် ဘောင်ဘောင်၊ ပွဲးတိုင်း အောင်၍့၊ လေးထောင် ရှစ်သောင်း၊ အပေါင်း ဓမ္မက္ခန်၊ မဟဏ္ဏဝ၊ သာဂ†ရစက်၊ န†ယ ကျယ်ဝင့်၊ ဟောဘော်ဘွင့်သား၊ ရှင်ပင့် အာဂုံ၊ အလုံးစုံတိ၊ သုံးပုံ ပိဋကတ်၊ ပရိယတ်ကို၊ တတ်မှတ် မကျန်၊ အောက်-ထက် လှန်ပြီး၊ ဂန္ထန္တရ၊ သုတ *ပွားလူး၊ ဆည်းပူး စုံစီ၊ နာဂရီ ဗင်္ဂရီ၊ မာဂဓီက၊ ထို-ဤ များစွာ၊ ဘာသာ *ဖြင်ပြွမ်း၊ ထိုထိုကျမ်းလည်း၊ ဘက်ကမ်း ပါရဂူ၊ ရောက်စိမ့်ဟူ၍့၊ ဆုယူ *ပန်ထွာ၊ ပတ္ထနာ၏၊ သံသရာကာလ၊ မဆုံးဆကြောင့်၊ သမဏ သကျ၊ မြတ်ဘာဝကို၊ မရ တဆစ်၊ ထိုထို ဇာစ်ဖြင့်၊ ဖြစ်ရာ ဖြစ်ရာ၊ ဘဝမှာလည်း၊ သတ္တဝါ *ဗိုလ်လူ၊ ဟိန္ဒဂူကို၊ ချိန်ယူ မဆိုင်း၊ စိုးကွပ်ထိုင်း၍့၊ လိုတိုင် မချွတ်၊ ပြီးစေတတ်သား၊ ကြီးမြတ် ဂုဏ်ဟိတ်၊ ပုညဇိဒ်မျိုး၊ တန်းခိုး နုဘော်၊ တု မမြော်နှင့်၊ ကြံသော် မယွင်း၊ ပြည့်စုံ†ခြင်းဖြင့်၊ အ†ချင်းခပ်သိမ်း၊ ပြီးငြိမ်း လိုရာ၊ ဖြည့်နိုင်စွာသား၊ စကြာမင်းစစ်၊ နန္ဒရာဇ်သို့၊ သစ်သစ် မကြွင်း၊ ဘုန်း ဘန်ဆင်းလျက်၊ *ခပင်း လောက၊ လူထိုမျှ၏့၊ ဟိတ သုခ၊ အတ္ထကိုသာ၊ ပြုနိုင်စွ၍့၊ နောင်လာဘဝ၊ ပစ္ဆိမသို့၊ ရောက်ထသော့ခါ၊ အကြင် ငါလျှင်၊ မဟာဗောဓိ၊ သိရီံ လျှံဘိတ်၊ ပရာဇိတ်နှိုက်၊ ဖြတ်ရိတ် ပယ်ရှင်း၊ မာရ် ငါးသင်းကို။။ ခါခြင်း ပြီးစေ အောင်ပွဲးတည်း။ (၂)

(၆၀၈) ယင်းသည့် ကုသိုလ်၊ အဘို့ကိုလည်း၊ နှိုင်းဆို *တန္တု ပမာပြုသော်၊ တခုအနက်၊ ဆီမီးခွက်က၊ ကူးဆက် သောင်းထောင်၊ မကအောင်လျှင်၊ ယူဆောင် ယူဆောင်၊ ညှိ ထွန်းပြောင်တိုင်း၊ အရောင် ဆင့်ဆင့်၊ ထပ်ထပ် ပွင့်လျက်၊ ကုန်လင့် မနား၊ ပွားသား ပွားသို့၊ မခြား ထို့တူ၊ မည်သူမဆို၊ ရစေလို၍့၊ မြင်းမိုရ် စက္ကဝါ၊ ပမာ ဆယ်စု၊ နှိုင်း မတုအောင်၊ ဗဟုပကာရ၊ ဂုဏ် ကြီးလှသား၊ မိဘ နှစ်ဖြာ၊ မြတ်ဆရာနှင့်၊ ရာဇာ*သနင်း၊ *ရောင်းရင်း ငယ်ဘော်၊ ဆွေတော် မျိုးစပ်၊ အရပ်နေစု၊ စတုပစ္စယာ၊ ဒါယကာ ဒါယိကာမ၊ ဂေါစရဂံ၊ နိယံ မပြတ်၊ နိစ္စဗဒ်ဖြင့်၊ ယုတ်-မြတ် ကြည်ဖြူ၊ ပေးလှူတတ်စွာ၊ မြို့-ရွာ ပတ်ကုံး၊ သိမ်းကျုံး လုံးစုံ၊ နိဂုံ ဇနပဒ၊ ဝေး-နီး စသည်၊ ယှိကြ ထိုထို၊ များ လူ*ဗိုလ်ပါ၊ ကိုယ်ကို စောင့်တတ်၊ နတ်နှင့် တကွ၊ ဘုမ္မ ရုက္ခာ၊ အာကာသ*စိုး၊ တန်းခိုး မဟိဒ်၊ ပုညဇိဒ်နှင့်၊ စိတ္တသေန၊ ဂန္ဓဗ္ဗက၊ စသည် တွက်ဘွဲ့၊ နှစ်ဆဲ့ရှစ်ဦး၊ နတ်စစ်မှူးဟု၊ အထူးမည်ရ၊ အဋ္ဌဝီသ၊ ယက္ခ မဟာ၊ သေနာပတိ၊ ထိုပြီ့း တထွေ၊ မဟေ သုရာ၊ ဥမ္မာပတေ့၊ မုနေ့ ဒါယကာ၊ ငါးရာ သားပေါင်း၊ ဆင့်ခေါင်း နတ်ကိုယ်၊ အလို ဖြည့်တတ်၊ သူရဿတီ၊ စန္ဒီ သီဝ၊ သောမ ယမ၊ ဝဿဝရော၊ လောကပါလာ၊ ပိတရာလည်း၊ ဣန္ဒာ သူယံ၊ သဟံ တုရူ၊ သနံကူနှင့်၊ ဘိဘူ ဗက၊ ဟာရိတ် စသား၊ ဒသ ဣဿရ၊ လောက သဟသ်၊ ဝန်းပတ် ရံခြုံ၊ မဟာ*ဗြုံတို့၊ *ပြောဟုံ ဆူဆူ၊ မိုးသူ မိုးသား၊ မြေဘွား ရေပေါက်၊ ထိုရွေ့လောက်တိ၊ ထက်-အောက် ဝန်း†ကျင်၊ များ *ပုံယင်အား၊ အ†ကြင် ယှိသမျှ၊ မကျန်ရအောင်၊ စေ့င မသွေ၊ အမျှဝေသည်။။ ရစေ ငါ့နှယ် *တပဲးတည်း။ (၃)

(၆၀၉) ဤကုသလ၊ နုဘာဝကြောင့်၊ ခတ္တိယမျိုး၊ ဘုန်းရှိန်မိုးသား၊ မြေစိုး ရေစိုး၊ တန်းခိုး ပုညဇိဒ်၊ ဂုဏ် မဟိဒ်နှင့်၊ ဘိသိက် သွန်းခံ၊ ရွှေနန်းစံတို့၊ နိုင်ငံ ခြားသီး၊ သား သမီးမှု၊ အစပြုလျက်၊ ပေါင်းစု မှတ်သား၊ ဆဲ့သုံးပါးကြောင့်၊ တိုင်းကား ပြည်ကြီး၊ ပျက်စီး နစ်နာ၊ မချမ်းသာအောင်၊ ဗိုလ်ပါ အားကိုး၊ လက်ရုံး မိုး၍့၊ စစ်ထိုး မပြု၊ မာန် မခုဘဲး၊ ပြည်သူ့ ချမ်းသာ၊ ပွားကြောင်း ရှာလျက်၊ မေတ္တာ ရောရှက်၊ တဝမ်းထွက်သို့၊ စုံမက်သော့အား၊ တရား *ခိုင်†ကျည်၊ ဆယ်ပါး တည်၍့၊ †ကြည်စေသတည်း၊ မိုးလည်း ချိန်မှန်၊ ကာလ တန်ရုံ၊ မလွန် မချို့၊ မင်းတို့ တရား၊ စောင့်သော့အားဖြင့်၊ မမှား ရာသီ၊ ကြိမ် အညီမြင့်၊ လေးလီ မာသ၊ ဝဿန္တစက်၊ မိုးလတွက်နှိုက်၊ ငါးရက် ဆယ်ရက်၊ ဆဲ့ငါးရက်တိုင်း၊ မပျက်စေကြောင်း၊ ရွာသွန်း လောင်း၍့၊ မိုးကောင်း နတ်ရည်၊ မြည်စေသတည်း၊ လူလည်း လူချင်း၊ ရာ့ တသင်းတို့၊ *သီတင်း သိက္ခာ၊ ပညာ အယူ၊ သဘောတူတည့်၊ ရှင်မူ ရှင့်လျောက်၊ ကျင့် မဘောက်ဘဲး၊ မနောက် စိတ်ဖြူ၊ ငြူစူ ချင်း†ချင်း၊ မယှိ†ခြင်းဖြင့်၊ မကင်း ဗြဟ္မစိုရ်၊ ချစ် ကြည်ညိုလျက်၊ နှစ်ကိုယ် တစိတ်၊ ဆွေမိတ် ပြကတေ့၊ သူတော့်လေ့မှ၊ မရွေ့သော့အား၊ တရားရောင်†ခြည်၊ မြဲး နှောင်†ချည်၍့၊ တည်စေသတည်း၊ ပွားဆည်း ကုသိုလ်၊ သမ္မာလိုဖြင့်၊ ထိုထို ပုည၊ မြတ်ဓမ္မနှင့်၊ နိစ္စ မကင်း၊ ပြုနိုင်ခြင်းကြောင့်၊ ကိုယ်တွင် တည်ဘိ၊ ကိန်းနေယှိသား၊ ဒိဋ္ဌိနှင့် ဉာဏ်၊ နှစ်တန် အာသ†ယည်း၊ ပွား ပယ်နည်းကို၊ နိဿ†ရည်း ရရ၊ ကြိုး လုံ့လ၍့၊ မချ ရံခါ၊ စဉ် မကွာဘဲး၊ နတ်ရွာ ခြောက်တန်၊ ဗြဟ္မာဆန်သည်။။ နိဗ္ဗာန် ရောက်စေ ဆင့်ကဲးတည်း။ (၄)

(၆၁၀) အကြောင်း တစိတ်၊ ထူးဂုဏ်ဟိတ်နှင့်၊ နိမိတ် ဝိသေသ်၊ ကျမ်းရိုးစစ်က၊ အပြစ်တင်ဘွယ်၊ ပယ်၍့ ခဲးခက်၊ အထူးထွက်သော်၊ မိန့်မြွက် ဝိသေ၊ သတ္ထပေဟု၊ ကဝေမြောက်စွာ၊ မဟာပုင်္ဂဝ၊ ထူးဂုဏ်လှသား၊ အာသဘကြီး၊ ညီးညီး ဉာဏ်ဝါ၊ ရှေးဆရာတို့၊ ကဗျာ နိယံ၊ ဆိုမိန့်သံတိုင်း၊ နာခံ မှတ်သား၊ အထူး ကြားပိမ့်၊ ဘုရားဆုပန်၊ ပွင့်လုမှန်သား၊ ဘုန်းသန် မဃ၊ လောင်း ဒေဝသို့၊ လောကဟိတ၊ စရိယ၏့၊ ဒိဋ္ဌ တမလွန်၊ ကျိုး နှစ်တန်ကို၊ ရွှေဉာဏ် တိဟိတ်၊ ခွဲးစိတ် လက်ယှိ၊ မြင်-သိ မုချ၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မည်ထိုက်စွာအောင်၊ ရတနာ ပုံ၊ ရွှေဘုံ ပြည်ကြီး၊ နန်း-ထီး စိုက်ထူ၊ တည်တော်မူသည်၊ ပြည်သူမျာ့း ဘ၊ လောက *ဥသျှောင်၊ ထွတ်မင်းခေါင်ကား၊ ပြည်ထောင် အုပ်စိုး၊ မင်းအမျိုးက၊ နွယ်ရိုး လေးဖြာ၊ ဝေနေယျာအား၊ ကြင်နာ*ပိုက်ဖြား၊ ဆောင် စီးပွားနှင့်၊ ဘုရားမြတ်စွာ၊ သာသနာကို၊ ပစ္စယာ ဓမ္မ၊ နုဂ္ဂဟနှင့်၊ ဆုံးဆ မယှိ၊ အသဒိသ၊ နိစ္စ မပြတ်၊ ခြီးမြှောက်လတ်၍့၊ ဇာသတ် ကာဠာ၊ ဓမ္မာသောက၊ မင်းဝဋ္ဋတို့၊ ပထမ ဒုတီယ၊ တတီယနှင့်၊ စတုတ္ထစင်၊ သင်္ဂိတင်လည်း၊ နှုတ်တွင် ရွတ်ကာ၊ ပေထက်သာတည့်၊ ရတနာပုံမည်၊ မန်းရွှေပြည်ကို၊ ထောင်တည် အာဒိ၊ *စောဘုန်းယှိမူ၊ ရဝိ သသိ၊ ဂိရိ ဗဟို၊ ယုဂန္ဓိုရ်နှင့်၊ မြင်းမိုရ် စက္ကဝါ၊ စကြာ နေ-လ၊ သဿတတို့၊ ထွန်းပ မြဲးယှိ၊ တည်နေဘိသို့၊ တိပိဋကာ၊ ကျမ်း သုံးဖြာကို၊ သာသနာ ငါးထောင်၊ *ယခေါင် ထိုမျှ၊ ကာလပတ်လုံး၊ ကမ္ဘာဆုံးအောင်၊ ကျုံး၍့ မကျေ၊ တည်ပစေဟု၊ ရွှေဉာဏ် စိန်စက်၊ အမြင် ထက်၍့၊ သေလက္ခရ၊ ရေး ထုသပြီး၊ ပဉ္စမသဘင်၊ သင်္ဂါတင်၏၊ ဘုရင် ခေါင်မှူး၊ ဘုန်းတော် ထူးဖြင့်၊ ကျေးဇူး ကြီးလှ၊ ဝိသေသကြောင့်၊ သာသနာ့ဒါယကာ၊ မင်းမြတ်စွာလျှင်၊ စကြာဒေဝီ၊ မဟေသီက၊ ရွေညီ လေးဖြာ၊ ရံ များစွာနှင့်၊ ဒေဝါလယ၊ နတ်ဌာနနှိုက်၊ ဆဆ ဝေဖြိုး၊ ဘုန်းတော် တိုး၍့။။ တန်းခိုး တောက်စေ မ*စဲးတည်း။ (၅)

(၆၁၁) အတူမျှသာ၊ စုဒ်ထုတ်ရာဖြင့်၊ မှတ်ကာ ပက္ခန်၊ တဘို့ ပြန်အံ့၊ ဘုန်းသန် ဓိပတိ၊ နေပြိုင်ညိလျက်၊ အာဒိကမ္မိက၊ နန်းတည် စ၍့၊ ပဉ္စမတွင်၊ သင်္ဂါတင်သည်၊ ဘုရင်ထွတ်ဖျား၊ မင်းတရားကား၊ ရာပွား ထောင်ပွား၊ သိကြားမျက်စိ၊ သဟဿိသို့၊ ဇာတိ ဥက္ကဌ်၊ ဉာဏ်တော်မြတ်နှင့်၊ မဟတ္တဟိတ်၊ ထူး နိမိတ်ကြောင့်၊ ခု-တိတ် နာဂတ်၊ ဆုံးဖြတ်ချက်†မှန်၊ စစ်သဏ္ဌာန်ဖြင့်၊ ဗိ†မာန် ပြည်ကြီး၊ ထောင်တည် ပြီးမှ၊ ရှစ်ထီးကနက်၊ မိုး မပျက်ဘဲး၊ စိုးလျက် နန်းပေါ်၊ နတ်ပြည် ပျော်၏၊ သားတော် နွယ်ဆက်၊ နောက်နန်းတက်မူ၊ ရွှေသက် နုနယ်၊ နှစ်နှစ်ဆယ်က၊ လူဝယ် နတ်စစ်၊ ဘုန်းတော်သစ်၍့၊ မင်းဖြစ် နန်းထိုင်၊ ပြည်ကြီး ပိုင်လျက်၊ ရောက်တိုင် ခုနစ်၊ နန်းစံခေတ်တွင်၊ ကိုယ့်ပစ် စိုးစိ၊ မြူ မယှိလည်း၊ ပြည်ကြီ့းကိစ္စ၊ မှု ကမ္မကြောင့်၊ ရာဇဓမ္မ၊ သဘာဝဖြင့်၊ လောကထုံးစံ၊ လောကဓံလျောက်၊ နိုင်ငံ တိုင်းမှု၊ မင်းတွင် စု၍့၊ ပြည်သူ့အတွက်၊ ဝန်ကြီး ရွက်ပြီး၊ သူ့ဘက် လိုရာ၊ ကိုယ်တိုင်သာလျှင်၊ တောင်ညာ ဧကီ၊ မဟေသီနှင့်၊ သိင်္ဂိ ရွှေသီး၊ ရှုမညီးသား၊ သမီးတော်မြတ်၊ နှစ်ပါးနတ်ပါ၊ ပြာသာဒ် ရွှေဘုံ၊ နန်း *နိတုံက၊ လုံးစုံ ပြည်ကြီး၊ စွန့်ခွါပြီးလျှင်၊ မနီး ပင်လယ်၊ ခြားရာ နယ်သို့၊ နေကွယ် လပျောက်၊ ချုပ် ဝင်ရောက်သို့၊ ဘုန်းတောက် လေးဖြာ၊ မငြင်းစွာဘဲး၊ ဝင်္ကပါတောင်၊ တောမြိုင်ချောင်ဝယ်၊ မင်းခေါင် ဝေဿန်၊ ဝင်သော့ဟန်တိ၊ ဒေသန္တရ၊ စံမြန်းကြသား၊ ဒိဋ္ဌလောလော၊ ဤသဘောဖြင့်၊ ထူးသော ကြောင်းဟိတ်၊ ထိုနိမိတ်ကို၊ ပဏ္ဍိတ် သူတော်၊ များ တဘော်တို့၊ ရှုမြော် လုံးစုံ၊ အာရုံ ဝမ်းတွင်း၊ ပြုမိလျှင်းက၊ လွန်ပြင်း ကြင်†နာ၊ ဖြစ်ထိုက်စွာ၏၊ ကရု†ဏာရသ၊ ဤကိစ္စဖြင့်၊ ကာရုညပတ်၊ *စောမင်းမြတ်လည်း၊ ညာနတ်ဒေဝီ၊ တူညီ နှစ်ဘော်၊ ရင်သွေးတော်က၊ ကိုယ်ပေါ် ကိုယ်တွင်း၊ ဘေးရန် ကင်း၍့၊ ဘုန်းရင်း သမ္ဘာ၊ ပွင့်လင်း သာလျက်၊ မဟာပုရိ၊ ဗောဓိသတ္တော၊ ဝေဿန်*စောသို့၊ မနောရထာ၊ စကြာ ရွှေစိတ်၊ မကိလိဌ်ဘဲး၊ ယထိစ္ဆိတ၊ သိကြား မ၍့၊ တောင့်တ မကြာ၊ လိုရာ မဆိုင်း၊ ဉာဏ်ကရိုဏ်းဖြင့်။။ ကြံတိုင်း ပြည်စေ မလဲးတည်း။ (၆)

(၆၁၂) သမ္မုတိနတ်၊ ဥပပတ်နှင့်၊ အမြတ် ဝိသုဒ်၊ သမုတ်ခေါ်ရိုး၊ နတ် သုံးမျိုးတို့၊ ရိုကျိုး ထိပ်နှိုက်၊ စက်စုံခိုက်လျက်၊ သုံးတိုက်လုံ့း ထွတ်၊ *တမွတ် ရတနာ၊ မဟာအတုလ၊ မကုဋဖြင့်၊ ဒေဗ ဒေဗေါ်၊ ခေတ်လုံးကျော်၍့၊ အဟော် အစ္ဆရိ၊ တုမယှိအောင်၊ ကလိယုဂ်လူ၊ မှောင်မိုက် ထူတွင်၊ ရောင်ဖြူ ဝင်းပ၊ အလင်းပြသည့်၊ သကျသီဟ၊ ဂေါတမဟု၊ ဂေါတ္တ မည်ကျော်၊ ဂုဏ်း ကိုးဘော်နှင့်၊ တိလော်ကနတ်၊ မြတ်ထက် မြတ်၏့၊ ပညတ် တင်ထား၊ မိန့်ခဲ့ ကြားသား၊ သုံးပါး စကြာ၊ သာသနာလည်း၊ ဝေဖြာ မမှိန်၊ နေဝါထိန်သို့၊ အရှိန် မညှိုး၊ တိုးထက် တိုး၍့၊ ဖြိုးဖြိုး မဆုံး၊ ကမ္ဘာလုံးနှင့်၊ ခုံးခုံး မိုးအောက်၊ ထိုရွေ့လောက်ဖြင့်၊ တည်ဆောက် မဇ္ဈေ၊ ကပ်လုံး နေသည့်၊ ရွှေ တခဲးနက်၊ ရဲးရဲးလက်တိ၊ အောက်-ထက် ခပ်သွယ်၊ အလယ် ခပ်ဖြိုး၊ စည် မုရိုးသို့၊ *တူနိုး နှိုင်းချိန်၊ လေရောင် ထိန်လျက်၊ အာလိန် ငါးဆင့်၊ နိမ့်-မြင့် တောင်စဉ်၊ ဥယျာဉ် နတ်မြစ်၊ ကသစ် အာသာ၊ နန္ဒာ နန္ဒဝန်၊ *အမွန် ဓိပတိ၊ သိရီ့ *မျှို့ပေါင်း၊ မြင့်ဆောင်း *ဗဟို၊ ရွှေ*တန်သိုသို့၊ မြင်းမိုရ် ယုဂန်၊ သတ္တဗ္ဘာန်ပါ၊ ဟေမဝန်တောင်-တော၊ အံ့ဘွယ်*ပြောသား၊ သာမော တင့်ဆန်း၊ *ဦးဆောက်ပန်းနှင့်၊ တွင်းဝန်း စက္ကဝါ၊ တောင်ကြီး ကာ၍့၊ မဟာလောဏိ၊ ဆားတိ ငန်ငန်၊ ပြည့်ဝှန် တင်းကျမ်း၊ နပ္ပကမ်းမျှ၊ မောက်လျှမ်း ရေလျှံ၊ ပင်လယ်†ယံဝယ်၊ အ†ရံ အပွား၊ ငါးရာ ငါးရာ၊ ကိုယ်စီပါလျက်၊ မဟာဒီပ၊ ဌာန လေးကျွန်း၊ တဝန်း တဝန်း၊ ပေါ်ထွန်း မောက်မောက်၊ လူနေပေါက်သည့်၊ လူရောက်သမျှ၊ တိုက်လောကနှိုက်၊ တည်ကြ ရပ်ခွင်၊ အကြင် အ†ကြင်၊ ထက်ဝန်း†ကျင်တိ၊ မြေပြင် ရေပြင်၊ နေဝင် နေထွက်၊ နယ်စက် ပတ်ကုံး၊ အဆုံး နှံ့အောင်၊ ဘုန်းတော် ဆောင်၍့၊ *မြားမြောင် *ပေါယယ်၊ ဗိုလ်နိကာယ်၏့၊ စိတ်ဝယ် စွဲးဘိ၊ အမြဲး ငြိသား၊ ဒိဋ္ဌိ နှစ်ဖြာ၊ မိစ္ဆာ မိုက်မည်း၊ အာသယည်းကို၊ ပယ်လှည်း ရှင်းချ၊ အလင်း ပြလျက်၊ သဒ္ဓမ္မခေတ်၊ ငါးထောင်နှစ်ထက်၊ ပွားသစ် သရေ၊ ရွှန်းရွှန်းဝေသည်။။ ထွန်စေ ရောင်ဝါ အမြဲးတည်း။ (၇)

(ဤ ၇-ပိုဒ်ကား 'အာသီသာလင်္ကာရ'ပိုဒ်တို့တည်း။)

ပတ္ထနာအာသီသဒဿနနိဂုံး (၇)ပိုဒ် ပြီး၏၊