ပဘဝဒဿနနိဂုံး
(၆၀၂) မှတ်စိမ့် သေချာ၊ အကြင် ငါကား၊ မကာရလောပ၊ အံ့ခြီးကြလျက်၊ ဉာဏဝရဇိန်၊ တောက်ထိန် ပြောင်ဝင်း၊ အခေါင်ချင်းသည့်၊ တောင်တွင်းအကျော်၊ ဆရာတော်၏့၊ အာဘော် နည်းယူ၊ တံခွန်ထူသား၊ တဆူ လက်တွင်း၊ တပည့်ရင်းမှ၊ သက်ဆင်း နွယ်လာ၊ ထေရာဝံသ၊ ပဒီပဖြင့်၊ စတုတ္ထမြောက်၊ ရောက်ခဲ့တုံပြီး၊ ခံ ရင်းနှီး၍့၊ ဉာဏ်ကြီး လက်ဝေ၊ မျိုးလိုက်မွေသို့၊ အခြေပါဒ၊ ကြံ့ကြံ့ရအောင်၊ နည်းပြ လိမ္မာ၊ မြတ်ဆရာမှ၊ စဉ်လာ ဟောရိုး၊ နည်းနာ ခိုး၍့၊ *တံပိုး *တံစယ်၊ ရေပင်လယ်နှိုက်၊ လှေငယ် *တံစွက်၊ ကူးနိုင် ခက်သို့၊ ကျယ်-နက်လှစွာ၊ အဏ္ဏဝါနှင့်၊ ခြင်းရာ*တမျှ၊ ပမာ ပြလည်း၊ ယောက်ျာ့းတံခွန်၊ လူ့ရည်*မွန်သော်၊ မိုးစွန် အထွတ်၊ ကြယ်ကို ဆွတ်က၊ မလွတ်ဟူထ၊ နည်းအရဖြင့်၊ သဒ္ဒဗျူဟာ၊ သင်္ချာ လိန်-အန်၊ ကာရန် ရုပ်-ဓာတ်၊ အန္တတ် ဗာဟျတ်၊ သင် ဆုံးဖြတ်လျက်၊ သမာသ် တဒ္ဓုတ်၊ အာချာတ် ကြုတ်ဟု၊ လေးပုဒ် မူလ၊ အရင်း စပြီး၊ ဝါကျ နိပ္ဖန်၊ ခြောက်တန် ကာရက၊ သာဓနနှင့်၊ ပဒ ရူပ၊ လိင်္ဂ ဓာတု၊ လေးခု မာလာ၊ လက္ခဏာလည်း၊ လိမ္မာ အဟုတ်၊ သူငယ့်နှုတ်က၊ ပြယုဂ်ပြီးတူ၊ ပေါင်းယူ အာကတိ၊ နိရုတ်ယှိတိုင်း၊ ပိသောဒရ၊ စသည် ဂုဏ်မျိုး၊ ဟောရိုး စုံစွာ၊ ဆယ်ဖြာ ဝါစ္စ၊ ဝါစကအပြား၊ လေးပါး ဆယ်ပါး၊ ပိုင်းခြား စေ့စပ်၊ ဒြဗ် သကတ်၊ ပညတ် ပရမတ်၊ ဝါစ္စတ် ဒဿန၊ ငါးတန်ပြသား၊ မုချ ဥပစာ၊ အလင်္ကာနှိုက်၊ ကိုးဖြာ ဗျင်္ဂျ၊ နည်း နယနှင့်၊ ဘာဝ ဝိဘာဝ၊ နုဘာဝတိ၊ သဘာဝဝုတ်၊ ဝင်္ကဝုတ်က၊ ဝုတ် မတြာ၊ ဂါထာဘွဲ့နည်း၊ တောဒည်း မ ဉ္ဇရီ၊ ဝစီ နှုတ်တက်၊ ဆောင် လေ့ကျက်၍့၊ အနက်ဟောဘွယ်၊ အသွယ်သွယ်ဖြင့်၊ ပရိယာယ် ဝေဝုစ်၊ သမ္ဗန်ထုတ်လည်း၊ *တဖြုတ် မဆိုင်း၊ စက်သို့ ပိုင်းလျက်၊ မထိုင်းသဘော၊ ပွတ်နှယ် ချောသည်။။ စုဒ်-စော အာဘော် နှိုက်နှဲးတည်း။ (၁)
(၆၀၃) စုဒ်-စော အာဘော်၊ ထုတ်မျှော် *နှိုက်နှဲး၊ ဝက်ဝက်†ကွဲးအောင်၊ ဖြတ်†ခွဲး နှိုင်းဆ၊ စက်နှယ် ရှလျက်၊ ဆရာ့လက်ဆုပ်၊ အတွင်းငုပ်သား၊ *မှန်ထုပ် ရှို့ဝှက်၊ သိ ခဲးခက်တိ၊ အနက် အဓိပ္ပါယ်၊ ကျဉ်း-ကျယ် ချဲ့-ချုပ်၊ သရုပ် သကန်၊ ကျမ်းရိုး*ပွန်အောင်၊ နှုတ်ဝန် မလေး၊ စိန့်နှယ် သွေးလျက်၊ ဆိုရေး ဆန်းကြယ်၊ လေးဆယ် နည်းမြတ်၊ အတ္ထာပတ်နှင့်၊ နိတတ် နေယျစ်၊ ပုဒ်စစ် ပါဌ်ကောက်၊ ရှေ့နောက် နုသန်၊ သမ္ဗန် ယောဇန၊ စသည် သံဝဏ္ဏနာ၊ ဘိဓမ္မာနှိုက်၊ ခန္ဓာ အာယတန၊ ဓာတု စသား၊ ထိုမျှ နည်းမျိုး၊ အာဂုံ ကိုး၍့၊ ဟောရိုး လေ့လာ၊ လက္ခဏာက၊ လွန်စွာ ခက်စု၊ သိမ်မွေ့ နုသည့်၊ ပစ္စု ပဒဌ်၊ ဂမ္ဘီရတ်နှင့်၊ ပရမတ် ပစ္စည်း၊ ဓာတ်-ပစ္စည်းလည်း၊ သိမ်းဆည်း ဖြာ†ဖြာ၊ နှီးနှော†ဖျာမှ၊ ပညာ သုတ၊ မရသေးစွာ၊ ကျမ်းဂန် စာကို၊ နှုတ်မှာ အမြဲး၊ တတ်နိုင်ခဲး၏၊ နှုတ်ထဲး လေ့လေ့၊ တတ်နိုင်၍့လည်း၊ မမေ့ မှတ်စွဲး၊ ဆောင်နိုင်ခဲး၏၊ ဝမ်းထဲး အကယ်၊ ဆောင်-မှတ် လွယ်လည်း၊ ဓိပ္ပါယ် အနက်၊ ဝက်ဝက် ဝေခွဲး၊ သိနိုင်ခဲး၏၊ ထိုခဲး သုံးဖြာ၊ လွန်မြောက်စွာမှ၊ ပညာယှိမြတ်၊ ကဝိထွတ်ဟု၊ မချွတ် မှတ်ရာ၊ မိန့် စဉ်လာတိုင်း၊ စိန္တာ သုတ၊ အတ္ထ ပဋိဘာန်၊ လေးတန် ကဝိ၊ ဖြစ်ကြောင်း ညှိလျက်၊ သု-စိ-ပု-ဘား၊ ဝိလိအားဖြင့်၊ ခြောက်ပါး အင်္ဂါ၊ ပြီး စုံစွာအောင်၊ ဘာသာ တခန်း၊ ထူးဆန်း ပွေလီ၊ ဘင်္ဂရီနှင့်၊ နာဂရီ သီဟိုဠ်၊ ထိုထို အက္ခရာ၊ နာနာ လိက္ခန၊ တကိစ္စဖြင့်၊ သိပ္ပ ဝိဇ္ဇာ၊ တတ်ကောင်းရာကို၊ ဝါသနာ စရိုက်၊ ဝသီ လိုက်၍့။။ ငါနှိုက် အစဉ် ကပ်စွဲးတည်း။ (၂)
(၆၀၄) မြင်းမိုရ့် ခြေရင်း၊ လေးရောင်လင်းသား၊ လေးစင်း နက်ကျယ်၊ ရှစ် အံ့ဘွယ်နှင့်၊ လေးသွယ် *အစုတ်၊ ရေ သမုဒ်နှိုက်၊ လှိုင်းပုတ် ထက်-အောက်၊ မြူး မွှေနှောက်သည့်၊ ထောင်လောက် ယူဇနာ၊ အာနန္ဒာသို့၊ ဓမ္မက္ခန္ဓာ ရှစ်သောင်း၊ လေးထောင် ပေါင်းထက်၊ ကျမ်းဟောင်း ကျမ်းသစ်၊ ဘွင့်လှစ် သံဝဏ္ဏနာ၊ ဋ္ဌကထာနှင့်၊ ဋီကာ အနု၊ မဓု ဆက်သန်း၊ ဆန်း အလင်္ကာ၊ ယောဇနာ ဂဏ္ဌိ၊ နေတ္တိဟာရ၊ နီတိ စသား၊ နျာသ သံ†ပျင်၊ ထို့†ပြင် များစွာ၊ မဟာကစ္စည်း၊ နိရုတ်နည်းဖြင့်၊ သိမ်းဆည်း ကျယ်ဝင်း၊ ဟောရင်း မာဂဓ၊ ကျမ်း ထိုမျှကို၊ ဆရာ့ နည်းယူ၊ ပါရဂူစိမ့်၊ ရွယ်ချူ အားထုတ်၊ မယုတ် ပြင်းစွာ၊ သင် လေ့လာလျက်၊ စကြာ မန္ဓာတ်၊ လေးကျွန်းနတ်တို့၊ အမြတ်ရတနာ၊ ခုနစ်ဖြာထက်၊ အရာ အရာ၊ မက သာအောင်၊ မဟာဒုလ္လဘ၊ ရကြီး ရဟု၊ ရွှင်ပျ မနသီ၊ လက်ရုံးချီ၍့၊ လောကီ ဝေဒလ်၊ ဘာသန္တရ၊ သက္ကဋလည်း၊ လေ့လာ နှုတ်တက်၊ သင်အံ ကျက်မှ၊ ဝိဒဂ် ဒဏ္ဍီ၊ ကျမ်း ပဉ္စီနှင့်၊ ပါဏီ မုဒ္ဓ၊ သိဒ္ဓန္တက၊ စသည့် ဗျာကရိုဏ်း၊ ယှိတိုင်း မကျန်၊ မောဂ္ဂလာန်ပါ၊ ဘိဓာန် အမရ၊ ကောသ ကျမ်းစု၊ နိဃဏ္ဍုမျိုး၊ ဟောရိုး ထိုထို၊ ဂန္ထန္တိုရ်ကို၊ ပုဂ္ဂိုလ်တယောက်၊ ဝိဇ္ဇာမြောက်အောင်၊ လမ်းပေါက် ခရီး၊ သိဒ္ဓိ ပြီး၍့၊ အံ့ခြီး ထောမနာ၊ တသြဘာဖြင့်၊ ငါသာ ငါနှိုင်း၊ ပမာခိုင်းသည်။။ ပြိုင်တိုင်း အောင်စိမ့် ကျော်သဲးတည်း။ (၃)
(၆၀၅) *မခို့သရို့၊ ဉာဏ်နို့စို့နှင့်၊ အချို့ ရှင်-လူ၊ ငါ့အောက်သူတို့၊ ငြူစူမကင်း၊ ဝန်တိုခြင်းဖြင့်၊ ဝမ်းတွင်း စိတ်ကြံ၊ ဤစာသံကို၊ နာခံ မဆိမ့်၊ မနှစ်*သိမ့်ဘဲး၊ မစိမ့် နားတွင်၊ မာန *ဖြင်ဟု၊ နှုတ်လွင် နှုတ်ဦး၊ နှုတ် မကျူးလင့်၊ အထူး ငါ့လား၊ သင် ကြိုးစား၍့၊ တအားကျရန်၊ ဟုတ်တိုင်း ပြန်၏၊ ဉာဏ်လည်း တဝ၊ ကံ တဝနှင့်၊ လုံ့လ မယုတ်၊ *အားသွန်ထုတ်က၊ *ခြုတ်ခြုတ် အောက်တိုင်၊ ငုပ်နိုင် သဲး†ကျ၊ ဆိုစ†ကြသည့်၊ ရှေးက စကား၊ မယုံမှားလင့်၊ မြို့ဘွား တောဘွား၊ ဇာတိအားဖြင့်၊ မြို့သား တောနေ၊ မဟူ†ချေတည့်၊ ဉာဏ်†ခြေယှိသူ၊ ကဝိဟူသည်၊ ဝေဘူတောင်က၊ မြမဏိရာဇ်၊ ကျောက်မင်းစစ်နှင့်၊ ရှေ့ မဇ္ဈဂုံ၊ မြို့ မစုံမှ၊ မီးပုံကြီးလယ်၊ မီးပုံငယ်သို့၊ တင့်တယ် ထွန်းလစ်၊ မဟော် ဖြစ်၏၊ စင်စစ် မှတ်လေ၊ သို့ ဖြစ်ချေလည်း၊ သေလေ သေလေ၊ တောင်တောင်တွေတိုင်း၊ လွန်ထွေ ဘိုး†များ၊ ပတ္တ†မြား မထွက်၊ ဖြူ-နက် ဆင်တွေ၊ ဂဇေ ဇေတိုင်း၊ *မြုတေ ရိုးရဲး၊ ပုလဲး မယှိ၊ များဘိ မြိုင်ခြေ၊ ဝနေ နေတိုင်း၊ နီ-ရွှေ နံ့မြူး၊ စန္ဒကူး မပေါက်၊ မိုးအောက် ရပ်မြေ၊ ဌာနေ နေလည်း၊ ကဝေ မြောက်သူ၊ ပဏ္ဍိတ်လူလျှင်၊ တဆူ ဖြစ်ခဲး၊ မလွဲး ဧကန်၊ ဟုတ်လှ မှန်၏၊ ဉာဏ်နှင့် သတိ၊ ဝီရိယိန္ဒြေ၊ သုံးထွေ ပြဌာန်း၊ သဒ္ဓါ လန်း၍့၊ စပ်ဆန်း မဟူ၊ ပါရဂူကြီး၊ *ပြောင်မြောက်ပြီးသား၊ ရှေး*တီး ဉာဏဝန်၊ ဆရာ*မွန်တို့၊ နည်းညွှန် လက်သုံး၊ လေးလုံး ကာရန်၊ သုံးချက်မှန်ဖြင့်၊ နယ်ပြန် နယ်မှန်၊ စိတ်ဘန် သီရုံး၊ စပ်ရိုးထုံးကို၊ နှလုံးနှိုက် ရှု၊ ကသိုဏ်းပြု၍့၊ ဤခု နောင်လာ၊ သုတ ရှာသား၊ ပစ္ဆာဂတ၊ သဇ္ဇနတို့၊ ဓမ္မသံဝေ၊ ရ,ပစေနှင့်၊ ဉာဏ်ခြေ နည်းမူ၊ မှတ်ယူစိမ့်ငှာ၊ ကရုဏာလည်း၊ ငါနှိုက် အပြင်း၊ တိုက်တွန်းခြင်းကြောင့်၊ ယင်းအလင်္ကာ၊ ဤကျမ်းစာကို၊ နာနာနယ၊ နည်းစုံ ပြ၍့၊ အစ အဆုံး၊ စီခဲ့ ကုံးသည်။။ နတ်သုံး တိမ်တိုက် ပုလဲးတည်း။ (၄)
ပဘဝဒဿနနိဂုံး (၄)ပိုဒ် ပြီး၏၊