မာတိကာသို့ ခုန်သွားရန်

ပေသကာရဓီတာဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၃-လောကဝဂ်။ ၇-ပေသကာရဓီတာဝတ္ထု

၁၇၄။ အန္ဓဘူတော အယံ လောကော၊ တနုကေတ္ထ ဝိပဿတိ။
သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝစေတီတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်၏ မရဏဿတိဘာဝနာကိုကြားနာရသည်မှစ၍ သုံးနှစ်ပတ်လုံး နေ့ရောညဉ့်ပါ မရဏဿတိဘာဝနာကိုပွားများသော တဆယ့်ခြောက်နှစ်အရွယ်သာရှိသေးသော ယက်ကန်းသည်၏သမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ မရဏဿတိဘာဝနာကို ပွားများသော ယက်ကန်းသည်၏သမီး သောတာပန်ဖြစ်သည်။

အနက်

အယံ လောကော၊ ဤလူအပေါင်းသည်။ အန္ဓဘူတော၊ ပညာမျက်စိ မရှိသဖြင့် အကန်းအတိသာဖြစ်၏။ ဧတ္ထ၊ ဤလူအပေါင်း၌။ တနုကော၊ အနည်းငယ်မျှသောသူသည်။ ဝိပဿတိ၊ အနိစ္စစသောသဘောအားဖြင့် ရှုမြင်နိုင်၏။ ဇာလမုတ္တော၊ ပိုက်ကွန်မှလွတ်သော။ သကုဏော၊ ငှက်သည်။ တနုကော ဣဝ၊ နည်းပါးသကဲ့သို့။ အပ္ပေါ၊ အနည်းငယ်မျှသောသူသည်။ သဂ္ဂါယ၊ နတ်ရွာနိဗ္ဗာန်အလို့ငှာ။ ဂစ္ဆတိ၊ သွား၏။

စကားပြေ

ပညာမျက်စိမရှိသဖြင့် အကန်းသဖွယ်ဖြစ်ကုန်သော လူအပေါင်းတွင် အနည်းငယ်မျှသာ အနိစ္စစသောအားဖြင့်ရှုမြင်၏။ ပိုက်ကွန်မှလွတ်သောငှက်သည် အနည်းငယ်မျှရှိသကဲ့သို့ အနည်းငယ်မျှသောသူသာ နတ်ရွာနိဗ္ဗာန်သို့ ရောက်သည်။
အန္ဓဘူတော— ပညာမျက်စိမရှိသဖြင့် ကန်းသည်အဖြစ်သို့ ရောက်သော ပုထုဇဉ်။
လောက— လောကီလူအပေါင်းရ၏။
သကုဏော ဇာလမုတ္တောဝ— ကျွမ်းကျင်သော ငှက်မုဆိုးသည် ကွန်ဖြင့်ငုံးတို့ကို ဖမ်းသည်ရှိသော် တကောင်နှစ်ကောင်သာလျှင် ကွန်မှလွှတ်၍ များစွာသော ငုံးတို့သည် ကွန်အတွင်းသို့ ဝင်ကုန်သကဲ့သို့ ထို့အတူ သေမင်းတည်းဟူသော ကွန်ယက်ဖြင့် တွေ့ထိသော သတ္တဝါတို့တွင် များစွာသောသူတို့သည် အပါယ်သို့လားကြကုန်၏။ အနည်းငယ်မျှသော သတ္တဝါတို့သာ သုဂတိသို့လည်းကောင်း နိဗ္ဗာန်သို့လည်းကောင်း ရောက်၏။
မရဏဿတိပွားကျိုး— အသက်ရှင်ခြင်းသည်မမြဲ သေခြင်းသည်မြဲ၏၊ ငါသည် ဧကန်သေရမည်။ ငါ၏အသက်ရှင်မှုသည် သေခြင်းအဆုံးရှိ၏ဟု မရဏဿတိမပွားများသူသည် နောင်အခါသေခြင်းနှင့်တွေ့သော် ကြောက်လန့်တတ်သည်။ ပွားများသူသည် ကြောက်လန့်မှုမဖြစ်။ မသိနှင့်သိ— သတ္တဝါများသည် ဘယ်ဘဝမှလာသည်ကိုလည်း မသိ၊ ဘယ်ဘဝကိုသွားမည်ကိုလည်း မသိ၊ သေမည်ဆိုသည်ကိုသာ သိသည်၊ အဘယ်ချိန် ဘယ်နေရာ ဘယ်ရောဂါဖြင့် သေမည်ကို မသိ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၁-၁၁၃။)

ပါဠိသဒ္ဒါခက်ဆစ်

အန္ဓဘူတော = အန္ဓော ဟုတွာ ဘူတော အန္ဓဘူတော။ အန္ဓ + ဘူတ။
သကုဏော = သက္ကောတိ ဥဒ္ဓံ ဂန္တုတိ သကုဏော။ သက် + ဥဏ။
ဇာလမုတ္တော = ဇာလေဟိ မုတ္တော ဇာလမုတ္တော။ ဇာလ + မုတ္တ။

ပေသကာရဓီတာဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၃-လောကဝဂ်

၇-ပေသကာရဓီတာဝတ္ထုပါဠိဂါထာ

၃၅၂။ အန္ဓဘူတော အယံ လောကော, တနုကေတ္ထ ဝိပဿတိ၊
သကုဏော ဇာလမုတ္တောဝ, အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

အယံ လောကော၊ ဤလောကီလူအပေါင်းသည်။ အန္ဓဘူတော၊ ပညာမျက်စိ, အမှန်မရှိသဖြင့်, အကန်းသဖွယ်ဖြစ်၍ ဖြစ်၏။ ဧတ္ထ၊ ဤလောကီလူအပေါင်းတွင်။ တနုကော၊ အနည်းငယ်သောလူသည်။ ဝိပဿတိ၊ အနိစ္စစသည်၏အစွမ်းဖြင့် ရှုမြင်၏။ အပ္ပေါ၊ အနည်းငယ်သော။ သကုဏော၊ ငှက်သည်။ ဇာလမုတ္တော ဣဝ၊ မုဆိုးလက်နက်, ပိုက်ကွန်ရက်မှ, လွတ်ထွက်သကဲ့သို့။ (ဧဝံ၊ တူ။) အပ္ပေါ၊ အနည်းငယ်သော သတ္တဝါသည်။ သဂ္ဂါယ၊ သုဂတိ, နိဗ္ဗာန်သို့။ ဂစ္ဆတိ၊ ရောက်၏။၁ (ပါ-၁၇၄)

၁။ အဗ္ဘာ။ ။ အဝတိ သတ္တေ ရက္ခတီတိ အဗ္ဘံ၊ [အဝ+ဘ၊-မောဂ်-၁၂၇။] အဗ္ဘတိ အနေကပဋလော ဟုတွာ ဂစ္ဆတီတိ အဗ္ဘံ၊ [အဗ္ဘ+အ၊-နီတိဓာတု-၁၂၅။] အာပံ ဘရတီတိ အဗ္ဘံ၊ [အာပ+ဘရ+ကွိ၊ ပကို ဗပြု။] အဗ္ဘသဒ္ဒါ လိင်သုံးပါးတည်း(နီတိဓာတု-၁၂၅၊ ဓာန်-၄၈)၊ ဥပလက္ခဏနည်းအားဖြင့် “ဆီးနှင်း, မြူ, တိမ်, ရာဟုအသူရိန်, မီးခိုး”ဟူသော ဥပက္ကိလေသငါးမျိုး လုံးကို ယူစေလိုသောကြောင့် “အဗ္ဘာဒီဟိ”ဟု ဖွင့်သည်။(မ၊ဋ္ဌ၊၃၊၂၃၅)

၁။ သဂ္ဂါယ ဂစ္ဆတိ။ ။ ကစ္စည်းအလို သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် ဂတျတ္ထကမ္မသမ္ပ ဒါန်အနက်၌ စတုတ္ထီသက်၏၊ ဝဏ္ဏနာ, ဝိဗောတို့အလို သမ္ပဒါနေ စတုတ္ထီသုတ်၌ “စတုတ္ထီ” ဟူ သော ယောဂဝိဘာဂဖြင့် ကံအနက်၌ စတုတ္ထီသက်၏၊ မောဂ်၂, ၂၅သုတ်အလို တဒတ္ထသမ္ပဒါန် အနက်၌ စတုတ္ထီသက်၍ “သဂ္ဂါယ-သုဂတိ, နိဗ္ဗာန်အလို့ငှာ၊ ဂစ္ဆတိ-၏”ဟု ပေး။

နိဒ္ဒေသ-၁၁၁။ ။ ထို၌ ဂစ္ဆတိကို ကြိယာပုဒ်မလုပ်ဘဲ ဒြပ်ကိုဟောသော ရုဠှီနာမ်ပုဒ် တစ်မျိုးလုပ်၍ ထိုနောင် သိဝိဘတ်သက်ချေသောနည်းကို ပြသေး၏၊ ထိုအလို “ဇာလမုတ္တောမုဆိုးလက်နက်, ပိုက်ကွန်ရက်မှ, လွတ်ထွက်လာသော၊ သကုဏော-သည်၊ အပ္ပေါ ဣဝ-နည်း သကဲ့သို့၊ (ဧဝံ-တူ၊) သဂ္ဂါယ-သို့၊ ဂစ္ဆတိ-ရောက်သူသည်၊ အပ္ပေါ-နည်း၏”ဟု ပေး။

ပေသကာရဓီတာဝတ္ထုဂါထာနိဿယပြီးပြီ။