မာတိကာသို့ ခုန်သွားရန်

ဗန္ဓနာဂါရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၄-တဏှာဝဂ်။ ၄-ဗန္ဓနာဂါရဝတ္ထု

၃၄၅။ န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ယဒါယသံ ဒါရုပဗ္ဗဇဉ္စ။
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု၊
ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။

၃၄၆။ ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ဩဟာသိနံ သိထိလံ ဒုပ္ပမုဉ္စံ။
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊
အနပေက္ခိနော ကာမသုခံ ပဟာယ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပစ္စည်းယူ၍ လူသတ်ခြင်း အမှုတို့ကို ပြုလုပ်နေကြသော ခိုးသူတို့အား ကြိုး သံခြေချင်း ထောင်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အာယသံ၊ သံဖြင့်ပြုလုပ်အပ်သော။ ယံ ဗန္ဓနံ၊ အကြင် သံခြေချင်းစသော အနှောင်အဖွဲ့သည်လည်းကောင်း။ ယံ ဒါရုပဗ္ဗဇံ၊ သစ်သားဖြင့်လည်းကောင်း မြက်လျှော်ဖြင့် လည်းကောင်း ပြုလုပ်သော အကြင် ထိတ်တုံးကြိုး စသော အနှောင်အဖွဲ့သည် လည်းကောင်း၊ အတ္ထိ၊ ရှိ၏။ တံ ဗန္ဓနံ၊ ထိုသံခြေချင်း ထိတ်တုံး ကြိုးစသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ ခိုင်မြဲသောအနှောင်အဖွဲ့ဟု။ ဓီရာ၊ ဘုရားစသော ပညာရှိတို့သည်။ န အာဟု၊ မဆိုကုန်။ မဏိကုဏ္ဍလေသု စ၊ ပတ္တမြားနားတောင်း စသော ရတနာတို့၌လည်းကောင်း။ ပုတ္တေသု စ၊ သားသမီးတို့၌လည်းကောင်း။ ဒါရေသု စ၊ မယားတို့၌လည်းကောင်း။ သာရတ္တရတ္တာ၊ အလွန်တပ် နှစ်သက်အပ်သော။ ယာ အပေက္ခာ၊ အကြင်ငဲ့ကွက်မှုတဏှာသည်။ အတ္ထိ၊ ရှိ၏။

ဧတံ ဗန္ဓနံ၊ ဤကိလေသာ အနှောင်အဖွဲ့မျိုးကို။ ဒဠှံ၊ ခိုင်မြဲသောအနှောင်အဖွဲ့ဟု။ ဓီရာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ အာဟု၊ ဆိုကြကုန်၏။ ဩဟာသိနံ၊ အပါယ်လေးပါးတည်းဟူသော ယုတ်နိမ့်ရာသို့ ဆောင်တတ်သော။ သိထိလံ၊ ဖွဲ့မှန်းမသိစေပဲ လျော့ဟန်ရှိသော။ ဒုပ္ပမုဉ္စံ၊ လွတ်မြောက်ရန် ခဲယဉ်းသော။ ဧတမ္ပိ၊ ဤတဏှာတည်းဟူသော အနှောင်အဖွဲ့ကို။ ဆေတွာန၊ ရုန်းကန်ဖြတ်၍။ အနပေက္ခိနော၊ မငဲ့ကွက်ပဲ။ ကာမသုခံ၊ ကာမချမ်းသာကို။ ပဟာယ၊ ပယ်စွန့်၍။ ပရိဗ္ဗဇန္တိ၊ တောထွက်ကုန်၏။

စကားပြေ

သံခြေချင်း ထိတ်တုံး ကြိုးစသော အနှောင်အဖွဲ့ကို ခိုင်မြဲသောအနှောင်အဖွဲ့ဟု ဘုရားစသော ပညာရှိတို့သည် မဆိုကုန်၊ ပတ္တမြား နားတောင်း စသော ရတနာ သားသမီး မယားတို့၌ အလွန်တပ်မက်မောသော တဏှာဟူသော အနှောင်အဖွဲ့ကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ဘုရားစသောပညာရှိတို့ဆိုကုန်၏။ အပါယ်လေးပါးတည်းဟူသော ယုတ်နိမ့်ရာသို့ ဆောင်တတ်သော ဖွဲ့မှန်းမသိစေပဲ လျော့ဟန်ရှိလျက် လွတ်မြောက်ရန်ခဲယဉ်းသော တဏှာဟူသော အနှောင်အဖွဲ့ကို ရုန်းကန်ဖြတ်တောက်ပြီးလျှင် မငဲ့ကွက်ပဲ ကာမချမ်းသာကို စွန့်၍ ပညာရှိများ တောထွက်ကြကုန်၏။

အာယသံ… သံဖြင့်ပြုအပ်သော သံခြေချင်း၊
ဒါရုပဗ္ဗဇံ… သစ်သားဖြင့်ပြုအပ်သော ထိတ်အနှောင်အဖွဲ့၊
ပဗ္ဗဇံ… မြက် လျှော်တို့ဖြင့် ကျစ်သောကြိုး။

သံခြေချင်း စသော အနှောင်အဖွဲ့ ထိတ်စသော အနှောင်အဖွဲ့ မြက်ကြိုး လျှော်ကြိုးစသော အနှောင်အဖွဲ့တို့သည် သန်လျက် သံဖြတ် လွှ စသည်တို့ဖြင့် ဖြတ်လျှင် ပြတ်နိုင်သောကြောင့် တင်းသော ခိုင်သော အနှောင်အဖွဲ့ဟုမဆိုပဲ လျော့သောအနှောင်အဖွဲ့ဟု ပညာရှိများ ဆိုကြကုန်၏။

ပတ္တမြားနားတောင်း စသည်တို့၌ နှစ်သက်သောတဏှာ သား မယားတို့၌ ငဲ့ကွက်သောတဏှာ ဤကိလေသာတို့ဖြင့် ပြီးသော အနှောင်အဖွဲ့သည် အပါယ်သို့ ကျစေတတ်သည်။ နှောင်ဖွဲ့ရာတွင် အရေအသားတို့ကို မထိခိုက်စေပဲ အမှုကြီးငယ်တို့ကို ပြုခွင့်ပေးပြီး အလွန်ခိုင်ခံ့၍ လွတ်နိုင်ခဲသောကြောင့် တင်းသောအနှောင်အဖွဲ့ ဟု ပညာရှိများ ဆိုကြကုန်၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ယဒါယသံ = ယံ+အာယသံ။ အာယသံ = အယသာ နိဗ္ဗတ္တံ အာယသံ။ အယသ်+ဏ။
ဒါရုပဗ္ဗဇံ = ဒါရုနာ ဇာတံ ဒါရုဇံ။ ဒါရု+ဇန+ကွိ။ ပဗ္ဗေဟိ ဇာတံ ပဗ္ဗဇံ၊ ပဗ္ဗ+ဇန+ကွိ။
သာရတ္တရတ္တာ= သံ+ရတ္တတ္တာ။ သာရတ္တာ ဟုတွာ ရတ္တာ သာရတ္တရတ္တာ။
မဏိကုဏ္ဍလေသု= မဏိ စ ကုဏ္ဍလံ စ (တနည်း) မဏိနာ (ဝိစိတ္တံ) ကုဏ္ဍလံ မဏိကုဏ္ဍလံ။
ဩဟာရိနံ= အဝဟရတိ ဟေဌာ ဟရတီတိ ဩဟာရီ။ အဝ+ဟရ+ဏီ။

ဗန္ဓနာဂါရဝတ္ထုပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၄-တဏှာဝဂ်

၄-ဗန္ဓနာဂါရဝတ္ထုပါဠိဂါထာ

၆၁ဝ ။ န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ, ယဒါယသံ ဒါရုဇ ပဗ္ဗဇဉ္ဇ၊
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု, ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။

အာယသံ၊ သံဖြင့်ဖြစ်စေအပ်, ပြုလုပ်အပ်သော။ [အယသာ+နိဗ္ဗတ္တံ, ကတံ ဝါ အယသော ဝိကာရော ဝါ အာယသံ၊ အယ+ဏ။ သ-လာ။ မောဂ်-၄, ၆၆။] ယံ ဗန္ဓနံ၊ အကြင် သံခြေချင်းဟူသော အနှောင်အဖွဲ့သည်လည်းကောင်း။ ဒါရုဇံ၊ သစ်သားဖြင့် ဖြစ်စေ အပ်, ပြုလုပ်အပ်သော။ [ဆန်းကြောင့် နိဂ္ဂဟိတ်ချေ၍ ဂါထာ၌ “ဒါရုဇ”ဟု ရှိသည်။] ယံ ဗန္ဓနံ၊ အကြင်ထိတ်တုံးဟူသော အနှောင်အဖွဲ့သည်လည်းကောင်း။ ပဗ္ဗဇံ၊ ဗြိတ်မြက် တို့ဖြင့် ပြုအပ်သော။ ယံ ဗန္ဓနံ စ၊ အကြင်ကြိုးဟူသော အနှောင်အဖွဲ့သည်လည်းကောင်း။ (အတ္ထိ၊ ရှိ၏။) ဓီရာ၊ ဘုရားစသား, ပညာရှိများတို့သည်။ တံ ဗန္ဓနံ၊ ထိုသံခြေချင်း စသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍။ န အာဟု (န ဝဒန္တိ)၊ မိန့်တော်မမူကုန်။ (ယေ၊ အကြင်သူတို့သည်။) မဏိကုဏ္ဍလေသု၊ ပတ္တမြား နားတောင်း တို့၌။ ဝါ၊ ပတ္တမြားတို့ဖြင့် ဆန်းကြယ်သော နားတောင်းတို့၌။၁ သာရတ္တရတ္တာ၊ အလွန် တပ်မက်ကုန်သည်ဖြစ်၍ တပ်မက်ကုန်၏။ (အလွန့်အလွန်တပ်မက်ကုန်၏။၂ (တေသံထိုသူတို့၏။ ယော ရာဂေါ စ၊ အကြင်ရာဂသည်လည်းကောင်း။) ပုတ္တေသု၊ သားသမီးတို့ ၌လည်းကောင်း။ ဒါရေသု စ၊ မယားတို့၌လည်းကောင်း။ ယာ အပေက္ခာ၊ ငဲ့ကွက်တွယ် တာ, အကြင်တဏှာသည်လည်းကောင်း။ (အတ္ထိ၊ ရှိ၏။) (ပါ-၃၄၅)

၁။မဏိကုဏ္ဍလေသု။ ။ “မဏီ စ+ကုဏ္ဍလာနိ စ မဏိကုဏ္ဍလာနိ၊ (တစ်နည်း) မဏီဟိ '+ဝိစိတ္တာနိ+ကုဏ္ဍလာနိ မဏိကုဏ္ဍလာနိ(ဓမ္မ.ဋ္ဌ)၊ (တစ်နည်း) မဏီဟိ+စိတာနိ+ကုဏ္ဍလာနိ မဏိကုဏ္ဍလာနိ-ပတ္တမြားတို့ဖြင့် စီခြယ်ထားအပ်သော နားတောင်းတို့(ထေရ၊ဋ္ဌ၊၁၊၄၀၀)၊ (တစ်နည်း) မဏီဟိ+ယုတ္တာနိ+ကုဏ္ဍလာနိ မဏိကုဏ္ဍလာနိ-ပတ္တမြားတို့နှင့် ယှဉ်သော နား တောင်းတို့(ဇာ၊ဋ္ဌ၊၂၊၁၂၈)။

၂။သာရတ္တရတ္တာ။ ။ ဓမ္မ.ဋ္ဌအလို “သုဋ္ဌု+ရတ္တာ သာရတ္တာ၊ သာရတ္တာ+ဟုတွာ+ရတ္တာ သာရတ္တရတ္တာ”ဟု ပြု၊ သံ၊ဋ္ဌ၊၁၊၁၃၅၌ “ရတ္တာ+ဟုတွာ+ရတ္တာ ရတ္တရတ္တာ၊ သုဋ္ဌု+ရတ္တရတ္တာ သာရတ္တရတ္တာ”ဟု ပြု၏၊ ထိုသံ.ဋ္ဌ၌ “သာရတ္တေန ဝါ ရတ္တာ သာရတ္တရတ္တာ၊ သာရံ ဣဒန္တိ မညနာယ ရတ္တာတိ အတ္ထော”ဟု တစ်နည်းဖွင့်၏၊ ဤအလို “သာရဿ+ဘာဝေါ သာရတ္တံ၊ သာရတ္တေန+ရတ္တာ သာရတ္တရတ္တာ(အနှစ်၏အဖြစ်အားဖြင့် တပ်မက်ကုန်၏)”ဟု ပြုပါ။ [ဓမ္မ.ဋ္ဌ ၌ “တေသံ သော ရာဂေါ”နေရာဝယ် ဇာ၊ဋ္ဌ၊၂၊၁၂၉၊ နေတ္တိ၊ဋ္ဌ၊၂၄၃အတိုင်း “တေသံ ယော ရာဂေါ”ဟု ရှိသင့်သည်။]

နေတ္တိဝိ-၃၀၈။ ။ ထို၌ အပေက္ခာ၏ ဝိသေသနကြံ၍ “မဏိကုဏ္ဍလေသု-တို့၌လည်း ကောင်း၊ ပုတ္တေသု-ကောင်း၊ ဒါရေသု စ-ကောင်း၊ သာရတ္တရတ္တာ-အလွန်တပ်မက်သည်ဖြစ်၍ တပ်မက်သော၊ ယာ အပေက္ခာ-သည်၊ (လောကေ-၌၊ ဝိဇ္ဇတိ-ရှိ၏)”ဟု ပေး၏။

အဖွင့်မှ တစ်မျိုးပေးပုံ။ ။ သာရတ္တရတ္တာကို အနိယမဝါကျယူ၍ “မဏိကုဏ္ဍလေသုတို့၌၊ ယာ သာရတ္တရတ္တာ-အကြင်အလွန်တပ်မက်မောခြင်းသည်လည်းကောင်း၊ ပုတ္တေသု-တို့၌ ကောင်း၊ ဒါရေသု စ-ကောင်း၊ ယာ အပေက္ခာ-အကြင်ငဲ့ကွက်တွယ်တာခြင်းသည်လည်းကောင်း၊ (အတ္ထိ)”ဟုလည်း အဖွင့်မှ တစ်မျိုးပေးကြ၏။

၆၁၁။ ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ, ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ၊
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ, အနပေက္ခိနော ကာမသုခံ ပဟာယ။

ဓီရာ၊ ဘုရားစသား ပညာရှိများတို့သည်။ ဧတံ ဗန္ဓနံ၊ ဤကိလေသာအနှောင် အဖွဲ့ကို။ ဒဠှံ၊ ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍။ အာဟု၊ မိန့်ဆိုတော်မူကုန်၏။ ဩဟာရိနံ၊ အောက်အပါယ်လေးပါးသို့ ပို့ဆောင်တတ်သော။ (ပို့ဆောင်လေ့ရှိသော)။ သိထိလံ၊ လျော့သောအခြင်းအရာရှိသော။၁ ဒုပ္ပမုဉ္စံ၊ ခဲယဉ်းသဖြင့် ဖြေလွှတ်အပ်သော။ ဝါ၊ အဖြေ ရခက်သော။ ဧတမ္ပိ၊ ဤကိလေသာအနှောင်အဖွဲ့ကိုလည်း။ ဆေတွာန၊ ဉာဏ်သန် လျက်ဖြင့် ဖြတ်တောက်ပြီး၍။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်းမရှိကုန်သည်။ (ဟုတွာ၊ ၍။) ကာမသုခံ၊ ကာမဂုဏ်တို့၌ ဖြစ်သောချမ်းသာကို။၂ ပဟာယ၊ ပယ်စွန့်၍။ ပရိဗ္ဗဇန္တိ၊ သွားကုန်၏။ ဝါ၊ ရဟန်းပြုကုန်၏။ (ပါ-၃၄၆)

၁။ သိထိလံ။ ။ သဟိတုံ+အလန္တိ သိထိလံ၊ [သဟ+ကိလ၊ သဟကို သိထပြု၊-မောဂ်- ၇, ၁၉၁။] သိထိလံ+အဿ အတ္ထီတိ သိထိလံ၊ သိထိလပုဒ်သည် လျော့ခြင်းအနက်ကို ဟော၏၊ ဤ၌ ကိလေသာအနှောင်အဖွဲ့ကို ရ၏၊ အမှန်အားဖြင့် ကိလေသာအနှောင်အဖွဲ့သည် လျော့သည် မဟုတ်၊ လျော့သောအခြင်းအရာရှိခြင်းကို “သိထိလံ”ဟု ဆိုလိုသည်။ [သိထိလန္တိ သိထိလာကာရံ၊ န ပန သိထိလံ၊-သံ၊ဋီ၊၁၊၁၈၁။]

၂။ ကာမသုခံ။ ။ ကာမေသု + ပဝတ္တံ + သုခံ ကာမသုခံ(နီယော-၁၁၀)၊ ကာမေသု ကာမေဟိ ဝါ သမ္ပယုတ္တံ သုခံ ကာမသုခံ-ကိလေသာကာမတို့၌ ယှဉ်သောချမ်းသာ၊ ဝါ-ကိလေ သာကာမတို့နှင့် ယှဉ်သောချမ်းသာ(ပါရာယော-၅၅)။

ဗန္ဓနာဂါရဝတ္ထုဂါထာနိဿယပြီးပြီ။