ဗာဟိယဒါရုစီရိယတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂-ဗာဟိယဒါရုစီရိယဝတ္ထု
၁၀၁။ သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းခံနေသော ဘုရားရှင်၏ တရားကို နာရ၍ ခိပ္ပါဘိညာဧတဒဂ်ရသော ရဟန္တာ ဗာဟိယဒါရုစီရိယထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
အနတ္ထပဒသံဟိတာ၊ အကျိုးမဲ့ပုဒ်နှင့် ဆိုင်သော။ ဂါထာ၊ ဂါထာသည်။ သဟဿမပိ စေ၊ တထောင်ပင် ဖြစ်စေ ကာမူ။ ပါပိကာ၊ ယုတ်မာ၏။ ဝါ၊ မမြတ်။ ယံ၊ အကြင်ဂါထာကို။ သုတွာ၊ ကြားနာရ၍။ ဥပသမ္မတိ၊ ရာဂစသည် ငြိမ်း၏။ တံ၊ ထိုရာဂစသည် ငြိမ်းစေသော။ ဧကံ ဂါထာပဒံ၊ တဂါထာသည်။ သေယျော၊ ပို၍ လွန်မြတ်၏။
စကားပြေ
အကျိုးမဲ့ပုဒ်နှင့် ဆိုင်သော ဂါထာသည် တထောင်ပင် ဖြစ်စေ ကာမူ မမြတ်။ ရာဂစသည် ငြိမ်းစေသော ဂါထာသည် တဂါထာ ပင်ဖြစ်စေ ကာမူ မြတ်၏။
သပိတ် သင်္ကန်း မလှူဖူးသူ၏ အပြစ်— ဗာဟိယဒါရုစီရိယ အလောင်းလျာသည် အနှစ်နှစ်သောင်းတိုင်တိုင် ရဟန်းတရား အားထုတ်ခဲ့သော်လည်း သပိတ် သင်္ကန်းဖြင့် ရဟန်းတပါးကိုမျှ မချီးမြှောက်ခဲ့ဖူးသောကြောင့် ဘုရားရှင်သည် ဧဟိ ဘိက္ခု ခေါ်တော်မမူ။ (ဓမ္မ၊ဋ္ဌ၊၁၊၄၁၁။)
သေပြီးမှ ဧတဒဂ်ဘွဲ့ရသူ— ဗာဟိယဒါရုစီရိယသည် ပရိနိဗ္ဗာန်စံပြီးမှ ခိပ္ပါဘိညာ ဧတဒဂ်ဘွဲ့ ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၁၂။)
မြတ်သောဂါထာ— အကျိုးမရှိသော ဂါထာ တထောင်ထက် အကျိုးရှိသော တဂါထာက မြတ်သည်။
ပါဠိသဒ္ဒါခက်ဆစ်
ဂါထာပဒံ = ဂါထာယ ပဒံ ဂါထာပဒံ။ ဂါထာ + ပဒ။
ဗာဟိယဒါရုစီရိယဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၈-သဟဿဝဂ်
၂-ဗာဟိယဒါရုစီရိယတ္ထေရဝတ္ထုပါဠိဂါထာ
ဧကံ ဂါထာပဒံ သေယျော, ယံ သုတွာ ဥပသမ္မတိ။
သဟဿံ၊ ဖြင့်။ (ပရိစ္ဆိန္နာ၊ ကုန်သော။) ဂါထာ၊ ဂါထာတို့ သည်။ စေပိ (ဟောန္တိ)၊ ကုန်ဥုးတော့။ (ဧဝံ သတိပိ၊ သော်လည်း။) အနတ္ထပဒသံဟိတာ၊ ကုန်လသော်။ (ပါပိကာ ဧဝ၊ ကုန်သည် သာ။) ဧကံ၊ သော။ ယံ ဂါထာပဒံ၊ အကြင်ဂါထာပုဒ်ကို။ (ဂါထာ ပါဒကို)။ သုတွာ၊ ၍။ ဥပသမ္မတိ၊ ၏။ (တံ) ဂါထာပဒံ၊ ထိုဂါထာပုဒ် သည်။ (ထိုဂါထာပါဒသည်)။ ဧကံ၊ သည်။ (သမာနံ) ပိ၊ သော် လည်း။ သေယျော၊ သည်သာ။ (ပါ-၁၀၁)
သဟဿမပိ။ ။ သဟဿမပီတိ...သဟဿေန စေပိ ပရိစ္ဆိန္နာ ဂါထာ ဟောန္တိ၊ ...အနတ္ထကေဟိ ပဒေဟိ သံဟိတာ ယာဝ ဗဟုကာ ဟောန္တိ တာဝ ပါပိကာ ဧဝ၊-အံ၊ဋီ၊၁၊၁၈၁။
ဗာဟိယဒါရုစီရိယတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။