ဘုရားဖြစ်တော်မူခြင်း
ပုံပန်းသွင်ပြင်
သင်ခန်းစာ (၅)
ဘုရားဖြစ်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားအလောင်းတော်သည် အစာအာဟာရ လျှော့စား၍ ပြင်းထန်စွာ တရားကျင့်ခဲ့သော်လည်း တရားထူးမရခဲ့ပါ။
နောက်ပိုင်းတွင် မျှတအောင် ပြန်လည်စားသောက်ကာ တရားကျင့်ခဲ့သည်။ ကဆုန်လပြည့်နေ့တွင် သုဇာတာသူဌေးသမီးက နို့ဆွမ်းကို ဆက်ကပ်ခဲ့သည်။
တရားကျင့်နေသော ဘုရားအလောင်းတော်ကို မာရ်နတ်မင်းက လက်နက်မျိုးစုံဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။
ကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်မူ၍ သတ္တဝါအားလုံးတို့၏ ကိုးကွယ်အားထားရာ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။
အောင်ပွဲ
[ပြင်ဆင်ရန်]ဘုရားအလောင်းတော် မင်းသားဟာ၊
တရား ကျင့်ကြံကာ။
တောထဲမှာ လွန်ခက်ခဲ၊
မလျော့သော သူ့ဇွဲ။
မာရ်နတ်ကလည်း နှောင့်ယှက်ပြန်၊
မေတ္တာနဲ့ တွန်းလှန်။
မာရ်နတ်ရန် အောင်မြင်သွား၊
တို့ရဲ့ မြတ်ဘုရား ။ ။