ဘုရားအလောင်း တောထွက်တော်မူခြင်း
ပုံပန်းသွင်ပြင်
သင်ခန်းစာ (၄)
ဘုရားအလောင်း တောထွက်တော်မူခြင်း
[ပြင်ဆင်ရန်]ထီးနန်းစည်းစိမ်ခံစားနေသော သိဒ္ဓတ္ထမင်းသားသည် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို တွေ့မြင်ခဲ့သည်။
သိဒ္ဓတ္ထမင်းသားသည် တရားရှာရန် တောမထွက်မီ ယသောဓရာမင်းသမီးနှင့် သားတော်ရာဟုလာကို အိပ်ခန်းဝမှ လှမ်းကြည့်တော်မူခဲ့သည်။
ကဏ္ဍကမြင်းကို စီး၍ ဆန္နအမတ်နှင့်အတူ တောထွက်တော်မူခဲ့သည်။
သိဒ္ဓတ္ထမင်းသားသည် အနော်မာမြစ်ကမ်းတွင် ဆံတော်ကို ဖြတ်၍ မင်းဝတ်တန်ဆာများကို စွန့်ပယ်တော်မူခဲ့သည်။
ရဟန်းပြု၍ တောထဲတွင် တစ်ပါးတည်း တရားကျင့်တော်မူခဲ့သည်။