မာတိကာသို့ ခုန်သွားရန်

မဟာကစ္စာယနတ္ထေရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၅-မဟာကစ္စာယနတ္ထေရဝတ္ထု

၉၄။ ယဿိန္ဒြိယာနိ သမထင်္ဂတာနိ၊
အဿာ ယထာ သာရထိနာ သုဒန္တာ။
ပဟီနမာနဿ အနာသဝဿ၊
ဒေဝါပိ တဿ ပိဟယန္တိ တာဒိနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဝန္တိတိုင်း ဝေးကွာသောအရပ်မှ မဟာပဝါရဏာပြုရန် ကြွလာ၍ သိကြားမင်း၏ အထူးအားဖြင့် မြတ်မြတ်နိုးနိုး ပူဇော်သက္ကာရပြုခြင်းကို ခံရသော မဟာကစ္စာယနထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သာရထိနာ၊ ရထားထိန်းသည်။ သုဒန္တာ၊ ကောင်းစွာ ဆုံးမပြီးကုန်သော။ အဿာ ယထာ၊ မြင်းတို့ကဲ့သို့။ ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။ ဣန္ဒြိယာနိ၊ စက္ခုစသော ဣန္ဒြေတို့သည်။ သမထံ၊ ငြိမ်သက်တည်ကြည်ခြင်းသို့။ ဂတာနိ၊ ရောက်ကုန်၏။ ပဟီနမာနဿ၊ မာနကို ပယ်ပြီးသော။ အနာသဝဿ၊ အာသဝေါမရှိသော။ တာဒိနော၊ တာဒိဂုဏ်နှင့် ပြည့်စုံသော။ တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်အား။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ပိဟယန္တိ၊ ချစ်မြတ်နိုးကုန်၏။

စကားပြေ

ကျွမ်းကျင်လိမ္မာသော ရထားထိန်း၏ ဆုံးမပြီးသော မြင်းတို့သည် ယဉ်ကျေးခြင်းသို့ ရောက်ကုန်သကဲ့သို့ ရဟန္တာအရှင်မြတ်၏ စက္ခုစသော ဣန္ဒြိယတို့သည် ငြိမ်သက်တည်ကြည်ခြင်းသို့ ရောက်ကုန်၏။ မာနပယ်ပြီး၍ အာသဝေါမရှိပဲ တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်အား နတ်လူများသည် ချစ်မြတ်နိုးကုန်၏။ ဖူးမြင်ရန် ကြွလာခြင်းကို တောင့်တကြကုန်၏။
ဣန္ဒြိယာနိ— (၆)ပါးသော ဣန္ဒြေ ရ၏။
ပဟီနမာနဿ— ကိုးပါးသော မာန်ကို ပယ်ပြီးသော ရဟန္တာ ရ၏။
ဒေဝါပိ— ၌ ပိ အရ လူ ရ၏။

ရှင်မဟာကစ္စာယနထေရ်အား သိကြားမင်းပူဇော်ပုံ

ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရာမကျောင်းတော်၌ ဝါဆို၍ ရှင်မဟာကစ္စာယနသည် အဝန္တိတိုင်းတွင် သီတင်းသုံးနေတော်မူရာမှ ဘုရားရှိရာ ပုဗ္ဗာရာမသို့ မဟာပဝါရဏာပြုရန် ကြွလာသည်။ သိကြားမင်းသည် စတုမဟာရာဇ်နှင့် တာဝတိံသာနတ်ပြည်မှ ပရိသတ်နှင့် တကွ နတ်ပန်းနံ့သာ စသည်တို့ဖြင့် ဘုရားရှင်အား ပူဇော်သည်။ အရှင်မဟာကစ္စာယန် ကြွလာတော်မူသောအခါ အရှင်မြတ်၏ ခြေမျက်စိကို မြဲမြံစွာ ကိုင်လျက် အရှင်ဘုရား ကြွလာခြင်းကို ဝမ်းမြောက်လှပါ၏။ အရှင်မြတ် ကြွလာခြင်းကို တောင့်တနေပါ၏ ဟု လျှောက်ထားသည်။ လက်နှစ်ဖက်တို့ဖြင့် ခြေကို ဆုပ်နယ်၍ ပန်းစသည်တို့ဖြင့် ပူဇော် ရှိခိုးသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၉။)

ပါဠိသဒ္ဒါခက်ဆစ်

အဿာ = အသတိ ဘက္ခတီတိ အဿာ။ အသ် + အ။
သာရထိနာ = ရထေန သဟ ယော ဂစ္ဆတီတိ သာရထိ။ သဟ + ရထ + ယ။ (သမာသ်အဆုံး ဣ ပြု)။
ပဟီနမာနဿ = ပဟီနော မာနော ယေနာတိ ပဟီနမာနော။ ပဟီန + မာန + ယ။
တာဒိနော = တမိဝ ဒိဿတီတိ တာဒိ။ တ + ဒိသ် + ကွိ။

မဟာကစ္စာယနတ္ထေရဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၇-အရဟန္တဝဂ်

၅-မဟာကစ္စာယနတ္ထေရဝတ္ထုပါဠိဂါထာ

၂၄၁။ ယဿိန္ဒြိယာနိ သမထင်္ဂတာနိ,
အဿာ ယထာ သာရထိနာ သုဒန္တာ၊
ပဟီနမာနဿ အနာသဝဿ,
ဒေဝါပိ တဿ ပိဟယန္တိ တာဒိနော။

သာရထိနာ၊ ရထားထိန်းသည်။ သုဒန္တာ၊ ကောင်းစွာ ဆုံးမအပ်ပြီးကုန်သော။ အဿာ ယထာ၊ မြင်းတို့ကဲ့သို့။ ယဿ၊ အကြင် ရဟန်း၏။ ဝါ၊ မှာ။ ဣန္ဒြိယာနိ၊ စက္ခုစသား, ၆-ပါးသော ဣန္ဒြေတို့ သည်။ သမထံ၊ ငြိမ်သက်ခြင်းသို့။ ဂတာနိ၊ ရောက်ကုန်ပြီ။ ပဟီနမာနဿ၊ ပယ်အပ်ပြီးသော မာနရှိသော။ အနာသဝဿ၊ အာသ ဝေါတရားမရှိသော။ တာဒိနော၊ ဣဋ္ဌာနိဋ္ဌ, ထိုနှစ်ဝကို, တကွတူ ပြိုင်, ရှုမြင်နိုင်သော။ တဿ၊ ထိုရဟန်းအား။ ဒေဝါပိ၊ နတ်တို့ သည်သော်မှလည်း။ ပိဟယန္တိ၊ လိုလားတောင့်တကုန်၏။ (ပါ-၉၄)

သမထင်္ဂတာနိ။ ။ ဤပုဒ်ကို အလုတ္တသမာသ်ကြံလျက် ဒီပကနည်း အရ ဥပမာနဘက်၌ပါ ယူ၍ “သာရထိနာ-သည်၊ သုဒန္တာ-ကုန်သော၊ အဿာ-တို့သည်၊ သမထင်္ဂတာ ယထာ-ငြိမ်သက်ခြင်းသို့ ရောက်ကုန် သကဲ့သို့၊ (ဧဝံ-တူ၊) ပဟီနမာနဿ-သော၊ အနာသဝဿ-သော၊ ယဿ- ၏၊ ဣန္ဒြိယာနိ-တို့သည်၊ သမထင်္ဂတာနိ-ငြိမ်သက်ခြင်းသို့ ရောက်ကုန်ပြီ၊ တာဒိနော-သော၊ တဿ-အား၊ ဒေဝါပိ-လည်း၊ ပိဟယန္တိ-ကုန်၏”ဟု ပေးနိုင်သည်။ (နေတ္တိဝိ-၃၁၉)

မဟာကစ္စာယနတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။