မာတိကာသို့ ခုန်သွားရန်

ယောက်ဖခွေးခေါ်

ဝီကီရင်းမြစ် မှ
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၄၄။ ယောက်ဖခွေးခေါ်
2947မောင်ခွေးဖို့ ကဗျာများ — ၄၄။ ယောက်ဖခွေးခေါ်မင်းသုဝဏ်

ယောက်ဖခွေးခေါ်၊ အောင်ကျော်လေးထမ်း
လွမ်းစချင့်ဖွယ်၊ မြိုင်အလယ်တွင်
အဘယ်ငှက်နည်း တစ်ကောင်တည်း။
တစ်ရံခါသော်၊ ဖိုးအောင်ကျော်ဟု
တောပျော်မုဆိုး၊ တောချုံတိုးလျက်
သားမျိုးကိုရှာ၊ သွားလေရာတွင်
ကြမ္မာကံယွင်း၊ သေရခြင်းကြောင့်
တောတွင်းတောင်ခြေ၊ ငှက်ဖြစ်လေ၍
ပဝေရှေးက၊ အော်နေကျသို့
ယောက်ဖခွေးခေါ်၊ သူလျှင်အော်သည်
အဖော်အနည်း တစ်ကောင်တည်း၊

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။