ဝိနည်းဥပဒေတော်ကြီး/ပဝါရဏာ ကံဆောင်ခန်း
၆၃။ ပဝါရဏာ ကံဆောင်ခန်း
(သံဃပဝါရဏာ ကံပြုခန်း)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
[ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော ထိုမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏၊]
သမ္မဇ္ဇနီ ပဒီပေါ စ၊ ဥဒကံ အာသနေန စ။
ပဝါရဏာယ ဧတာနိ၊ “ပုဗ္ဗကရဏ”န္တိ ဝုစ္စတိ။—ဟူ၍ အဋ္ဌကထာဆရာ မြတ်တို့ မိန့်ဆိုအပ်သည်နှင့်အညီ —
ပဝါရဏာပြုရာ ဖြစ်သော ဤဥပုသ်အိမ် သိမ်အပြင်၌ တံမြက်လှည်းခြင်း ကိစ္စပြီးပါပြီဘုရား။
ဆီမီးညှိထွန်းခြင်းကိစ္စမှာ နေတည်းဟူသော အရောင်အလင်းကို ရသည်ဖြစ်၍ ညှိထွန်းဖွယ်ကိစ္စ မရှိပါဘုရား။
နေရာခင်းခြင်းနှင့်တစ်ကွ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်းကိစ္စ ပြီးပါပြီဘုရား။
ဤလေးပါးသော အမှုကိစ္စတို့ကို (ဝါ) တံမြက်, ဆီမီး, ရေ, နေရာကိစ္စ လေးဖြာတို့ကို သံဃာ မစည်းဝေးမီ ရှေးအဖို့၌ ပြုအပ်သောကြောင့် ပဝါရဏာကံ၏ ပုဗ္ဗကရဏ ဟူ၍ မိန့်ဆိုအပ်၏၊
ဆန္ဒ ပဝါရဏာ ဥတုက္ခာနံ၊ ဘိက္ခုဂဏနာ စ ဩဝါဒေါ။
ပဝါရဏာယ ဧတာနိ၊ “ပုဗ္ဗကိစ္စ”န္တိ ဝုစ္စတိ။— ဟူ၍ အဋ္ဌကထာဆရာမြတ် တို့ မိန့်ဆိုအပ်သည်နှင့်အညီ —
နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ မရောက်လာသော ပဝါရဏာ ပြုပြီးသော ရဟန်း, ဂိလာန ရဟန်း, ကိစ္စပ္ပသုတရဟန်းတို့သည် ပေးအပ်သော ဆန္ဒနှင့် ဂိလာနရဟန်း, ကိစ္စပ္ပသုတရဟန်းတို့သည် ပေးအပ်သော ပဝါရဏာတို့ကို ဆောင်၍ သံဃာအား လျှောက်ကြားခြင်း ကိစ္စမှာ သိမ်တွင်းရှိ သီမဋ္ဌကသံဃာသည် နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ရောက်သည်ဖြစ်၍ စောင့်၍ လျှောက်ကြားဖွယ်ကိစ္စ မရှိပါဘုရား။
ဥတုသည် ဟေမန္တ ဆောင်းဥတု, ဂိမှာန နွေဥတု, ဝဿာန မိုးဥတုအားဖြင့် သုံးပါးအပြား ရှိ၏၊ ထိုသုံးပါးတို့တွင် ယခုရောက်ဆဲဖြစ်သော ဥတုကား ဝဿာန မိုးဥတုဖြစ်ပါသည်ဘုရား။
ဤ ဝဿာန မိုးဥတု၌ ပထမပက္ခ, ဒုတိယပက္ခစသောအားဖြင့် ရှစ်ပက္ခ အတိုင်းအရှည် ရှိ၏၊ ထိုရှစ်ပက္ခတို့တွင် ငါးပက္ခလွန်သည်ဖြစ်၍ ခြောက်ပက္ခမြောက် ရောက်ဆဲဖြစ်သဖြင့် နှစ်ပက္ခကြွင်းပါသေးသည်ဘုရား။ (တန်ဆောင်မုန်း လပြည့် ဖြစ်လျှင် လျော်ရာ ဖြေ။)
ပဝါရဏာ ပြုရာဖြစ်သော ဤဥပုသ်အိမ် သိမ်အပြင်၌ စည်းဝေးလာရောက် ကြသော ရဟန်းတို့ကား (ငါးကျိပ်လေးပါး) အရေအတွက် ရှိပါသည်ဘုရား။(လျော်ရာ ဖြေ။)
ဘိက္ခုနီတို့သည် ဩဝါဒအလို့ငှာ ချဉ်းကပ်ခြင်းကို ရပါအံ့လောဟု တောင်းပန်သော ဩဝါဒကို လျှောက်ကြားခြင်းကိစ္စမှာ ယခုအခါ ဘိက္ခုနီတို့ မရှိသောကြောင့် လျှောက်ကြားဖွယ်ကိစ္စ မရှိပါဘုရား။
ဤငါးပါးသော အမှုကိစ္စတို့ကို (ဝါ) ဆန္ဒလျှောက်ကြား, ပဝါရဏာလျှောက် ကြား, ဥတုလျှောက်ကြား, ရဟန်းအရေအတွက် လျှောက်ကြား, ဘိက္ခုနီဩဝါဒ လျှောက်ကြား -- ကိစ္စငါးဖြာတို့ကို သံဃာစည်းဝေးပြီးသည်နောက် ပဝါရဏာ မပြုမီ ရှေးအဖို့၌ ပြုအပ်သောကြောင့် ပဝါရဏာကံ၏ ပုဗ္ဗကိစ္စ ဟူ၍ မိန့်ဆိုအပ် ၏၊
ပဝါရဏာ ယာဝတိကာ စ ဘိက္ခူ ကမ္မပ္ပတ္တာ၊
သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ။
ဝဇ္ဇနီယာ စ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊
“ပတ္တကလ္လ”န္တိ ဝုစ္စတိ။—ဟူ၍ အဋ္ဌကထာဆရာမြတ်တို့ မိန့်ဆိုအပ်သည် နှင့်အညီ —
ပဝါရဏာသည် နေ့၏အစွမ်းဖြင့် စာတုဒ္ဒသီပဝါရဏာ, ပန္နရသီပဝါရဏာ, သာမဂ္ဂီပဝါရဏာ ဟူ၍ သုံးပါးအပြား ရှိ၏၊ ထိုသုံးပါးတို့တွင် ယခုပြုဆဲဖြစ်သော ပဝါရဏာကား ပန္နရသီပဝါရဏာ ဖြစ်ပါသည်ဘုရား။
ပြုတတ်သော ကာရက၏ အစွမ်းဖြင့် သံဃပဝါရဏာ, ဂဏပဝါရဏာ, ပုဂ္ဂလပဝါရဏာ ဟူ၍ သုံးပါးအပြား ရှိ၏၊ ထိုသုံးပါးတို့တွင် သံဃပဝါရဏာ ဖြစ်ပါသည်ဘုရား။
ပြုအပ်သော အခြင်းအရာ ကာတဗ္ဗာကာရ၏အစွမ်းဖြင့် တေဝါစိကာ ပဝါရဏာ, ဒွေဝါစိကာ ပဝါရဏာ, ဧကဝါစိကာ ပဝါရဏာ — ဟူ၍ သုံးပါး အပြား ရှိ၏၊ ထိုသုံးပါးတို့တွင် တေဝါစိကာ ပဝါရဏာ ဖြစ်ပါသည်ဘုရား။
အကြင်မျှလောက် ငါးပါး, ငါးပါးထက်အလွန် ဖြစ်ကုန်သော ပကတတ် ရဟန်းတို့သည်လည်း သံဃပဝါရဏာကံအား လျောက်ပတ်ကုန်၍ တစ်သိမ်တည်း၌ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း တည်လျက်ရှိကုန်၏၊ သဘောတူ ဝတ္ထုကြောင့်သင့်သော အာပတ်တို့သည်လည်း မရှိကုန်။ ထိုရဟန်းတို့၏ နှစ်တောင့်ထွာ ဟတ္ထပါသ် အတွင်းမှ ကြဉ်အပ်ကုန်သော လူ, ဘိက္ခုနီ စသော နှစ်ကျိပ်တစ်ယောက်သော ဝဇ္ဇနီယ ပုဂ္ဂိုလ်တို့လည်း မရှိကုန်။
ဤလေးပါးသော အင်္ဂါတို့ဖြင့် (ဝါ) ပဝါရဏာနေ့, သံဃာ သိမ်တူဟတ္ထပါသ် တည်, သဘာဂါပတ်မရှိ, ဝဇ္ဇနီကြဉ်ဖယ် အင်္ဂါလေးသွယ်တို့ဖြင့် သင်္ဂြိုဟ်ရေတွက် အပ်သော ပဝါရဏာကံကို လျောက်ပတ်သောအခါရှိသောကြောင့် ပတ္တကလ္လ-ဟူ၍ မိန့်ဆိုအပ်၏၊
ပုဗ္ဗကရဏပုဗ္ဗကိစ္စာနိ သမာပေတွာ ဒေသိတာပတ္တိကဿ သမဂ္ဂဿ ဘိက္ခုသံဃဿ အနုမတိယာ ပဝါရဏာဉတ္တိံ ထပေတုံ အာရာဓနံ ကရောမ။
(သာဓု သာဓု သာဓု)
ပုဗ္ဗကရဏလေးပါး ပုဗ္ဗကိစ္စငါးပါးတို့ကို ပြည့်စုံစေပြီး၍ သင့်သော အာပတ် အတွက် ဒေသနာပြောပြီးသော, ညီညွတ်သော သံဃာတော်၏ အလိုနှင့်အညီ ဘုရားတပည့်တော်တို့သည် သံဃပဝါရဏာဉတ်ကို ထားခြင်းငှာ အားထုတ်ကြ ကုန်အံ့။ (သာဓု သာဓု သာဓု)
ပဝါရဏာဉတ်။ ။ သုဏာတု မေ ဘန္တေ သံဃော။ အဇ္ဇ ပဝါရဏာ ပန္နရသီ။ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော တေဝါစိကံ ပဝါရေယျ။
အရှင်ဘုရားတို့ ...သံဃာတော်သည် ဘုရားတပည့်တော်၏ စကားကို နာတော်မူလော့၊ ယနေ့ ပဝါရဏာနေ့သည် ပန္နရသီ တစ်ဆယ့်ငါးရက်မြောက် သော နေ့တည်း၊ သံဃာတော်အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာတော်သည် သုံးကြိမ်ဆို၍ ပဝါရဏာပြုရာ၏၊
အကြီး ပဝါရဏာပြုပုံ။ ။ သံဃံ အာဝုသော ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ၊ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။
ဒုတိယမ္ပိ အာဝုသော သံဃံ ပဝါရေမိ။ ပ။ ပဋိကရိဿာမိ။
တတိယမ္ပိ အာဝုသော သံဃံ ပဝါရေမိ။ ပ။ ပဋိကရိဿာမိ။
(သာဓု သာဓု သာဓု)
သီတင်းငယ်တို့ကား ‘အာဝုသော’ အစား ‘ဘန္တေ’ဟု ဆိုအပ်၏၊ သုံးကြိမ်စီ။
အနက်။ ။ ငါ့ရှင်တို့ ...တပည့်တော်သည် သံဃာတော်ကို ဖိတ်၏၊ ငါ့ရှင်တို့သည် မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း၊ ယုံမှားသဖြင့် လည်းကောင်း တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ဆိုကြကုန်လော့၊ အပြစ်ကို ရှု၍ ကုစားပါအံ့။ [နှစ်ကြိမ်မြောက်လည်း, သုံးကြိမ်မြောက်လည်း ငါ့ရှင်တို့။ လ။ အပြစ်ကို ရှု၍ ကုစားပါအံ့။]
လေးပါး ဂဏပဝါရဏာ ပြုပုံ
ပုဗ္ဗကရဏ စသည်။ ။ တံမြက်လှည်းခြင်း၊ ဆီမီးညှိထွန်းခြင်း၊ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်း၊ နေရာခင်းခြင်း ကိစ္စတို့သည် ပြီးကုန်ပြီ။ ဤကား ပုဗ္ဗကရဏ လေးပါးတည်း။
ဆန္ဒကိုလည်းကောင်း၊ ပဝါရဏာကိုလည်းကောင်း ဆောင်၍ ကြားဖွယ် မရှိ။ ဥတုသည် မိုးဥတု၊ ငါးပက္ခလွန်၊ ခြောက်ပက္ခမြောက် ရောက်ဆဲ၊ နှစ်ပက္ခ ကြွင်းသေး၏၊ ရဟန်းအရေအတွက် လေးပါးဖြစ်၏၊ ဘိက္ခုနီတို့ တောင်းပန် သော ဩဝါဒကို လျှောက်ကြားဖွယ် မရှိ။ ဤကား ပုဗ္ဗကိစ္စငါးပါးတည်း။
ယခုပြုဆဲ ပဝါရဏာသည် ပန္နရသီပဝါရဏာ, ဂဏပဝါရဏာ, တေဝါစိကာ ပဝါရဏာ ဖြစ်၏၊ ရဟန်းလေးပါး ဟတ္ထပါသ် မစွန့်၊ သဘာဂအာပတ် မရှိ၊ ဝဇ္ဇနီယပုဂ္ဂိုလ် မရှိ၊ ဤ အင်္ဂါလေးပါးရှိသော ပဝါရဏာကံသည် ပတ္တကလ္လ မည်၏၊
လေးပါး ဂဏဉတ်။ ။ သုဏန္တု မေ အာယသ္မန္တော။ အဇ္ဇ ပဝါရဏာ ပန္နရသီ။ ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ မယံ အညမညံ တေဝါစိကံ ပဝါရေယျာမ။
အနက်။ ။ အရှင်ဘုရားတို့ ...အရှင်တို့သည် တပည့်တော်၏ စကားကို နာတော်မူကုန်လော့။ ယနေ့ ပဝါရဏာနေ့သည် ပန္နရသီ တစ်ဆယ့်ငါးရက် မြောက်သော နေ့တည်း။ အရှင်တို့အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့။ တပည့်တော်တို့သည် အချင်းချင်း သုံးကြိမ်ဆို၍ ပဝါရဏာ ပြုကြကုန်အံ့။
ပဝါရဏာဖိတ်ပုံ။ ။ အဟံ အာဝုသော အာယသ္မန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။ (သုံးကြိမ်။) (သာဓု သာဓု သာဓု)
သီတင်းငယ်။ ။ ‘အာဝုသော’ အစား ‘ဘန္တေ’ဟု ဆို။ [တစ်ပါးထံ သ္မာ၊ နှစ်ပါးထံ န္တာ၊ သုံးပါးထံ န္တော၊ လေးပါးထံ ဃော။]
သုံးပါး ဂဏပဝါရဏာပြုပုံ
[ပုဗ္ဗကရဏ စသည် ကြားခြင်း၌ ရဟန်းအရေအတွက် သုံးပါးမျှသာ။]
သုံးပါး ဂဏဉတ်။ ။ သုဏန္တု မေ အာယသ္မန္တာ။ အဇ္ဇ ပဝါရဏာ ပန္နရသီ။ ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ မယံ အညမညံ တေဝါစိကံ ပဝါရေယျာမ။
ပဝါရဏာဖိတ်ပုံ။ ။ အဟံ အာဝုသော အာယသ္မန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။ (သုံးကြိမ်) (သာဓု သာဓု သာဓု)
သီတင်းငယ်။ ။ ဘန္တေဟု ဆို။
နှစ်ပါး ဂဏပဝါရဏာပြုပုံ
[ပုဗ္ဗကရဏ စသည်ကြားခြင်း၌ ရဟန်းအရေအတွက် နှစ်ပါးမျှသာ၊ ဉတ် မထားရ။]
ပဝါရဏာဖိတ်ပုံ။ ။ အဟံ အာဝုသော အာယသ္မန္တံ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ ဝဒတု မံ အာယသ္မာ အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။ (သုံးကြိမ်) (သာဓု သာဓု သာဓု)
သီတင်းငယ်။ ။ ဘန္တေဟု ဆို။
တစ်ပါးတည်း အဓိဋ္ဌာန်ပြုပုံ
[တံမြက်လှည်းခြင်း စသော ပုဗ္ဗကရဏလေးပါးပြု၍ ပုဗ္ဗကိစ္စ ဥတုပက္ခ တို့ကို မှတ်သား၍ တစ်ပါးသော ရဟန်းတို့ကို မျှော်လင့်၍ ကြွလာလျှင် ထိုရဟန်း တို့နှင့်အတူ ... မကြွလာလျှင်သာ အဓိဋ္ဌာန်ပြုရသည်။ ဝိသဘာဂရဟန်း ကြွလာလျှင်ကား ဝိသဘာဂနှင့် ကံမပြုအပ်။]
အဓိဋ္ဌာန်ပုံ။ ။ အဇ္ဇ မေ ပဝါရဏာ ပန္နရသီ အဓိဋ္ဌာမိ။ (သုံးကြိမ် ဆောက် တည်အပ်၏၊)
ပဝါရဏာ ကံဆောင်ခန်း ပြီးပြီ။