မာတိကာသို့ ခုန်သွားရန်

သိမ်မျိုးစုံမဟာဋီကာ/ကိစ္စာဓိကရုဏ်းနှင့် သမထ (၁) ပါးသာ ဆိုင်ကြောင်း

ဝီကီရင်းမြစ် မှ
3734သိမ်မျိုးစုံမဟာဋီကာကျမ်း၉၇။ ကိစ္စာဓိကရုဏ်းနှင့် သမထ (၁) ပါးသာ ဆိုင်ကြောင်းကျွန်းရွာတောရဆရာတော်

     ကိစ္စာဓိကရုဏ်းသည် သမ္မုခါဝိနယသမထ တစ်ခုဖြင့်သာ ထ,သတည်း။ ဤအဓိပ္ပာယ်ကို စူဠဝါ သမထက္ခန္ဓက ပါဠိတော်လာ သဗ္ဗညုဘုရား စကားတော်ဖြင့်လည်းကောင်း၊ ၎င်းအဋ္ဌကထာ,ဋီကာ စကားဖြင့်လည်းကောင်း၊ ကင်္ခါဝိတရဏီအဋ္ဌကထာလာ စကားဖြင့်လည်းကောင်း၊ ဤမှတပါးသော ပါဠိ အဋ္ဌကထာ ဋီကာ ကြီး ငယ် တို့ဖြင့်လည်းကောင်း သိကြရာသတည်း။