သိရိကာဠကဏ္ဏိဇာတ် -၂
ဆက္ကနိပါတ် - အဝါရိယဝဂ်
၇။ သိရီကာဠကဏ္ဏီဇာတ်
ကောင်းသောအကျင့်သီလသည် ကျက်သရေမည်ခြင်း
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာနု ကာဠေန ဝဏ္ဏေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိရီကာဠကဏ္ဏီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနထပိဏ်သူဌေးကို အကြောင်း ပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု... ထိုအနာထပိဏ်သူဌေးသည် သောတာပတ္တိဖိုလ်၌ တည်သောကာလမှစ၍ ပဉ္စသီတို့ကို မကျိုးမပျက်သည်တို့ကိုပြု၍ စောင့်၏။ အနာထပိဏ်သူဌေး၏ မယားသည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း၊ အခကိုယူ၍ အမှုတို့ကိုလုပ်ကုန်သော ခပ်သိမ်းကုန်သော သူတို့သည်လည်းကောင်း စောင့်ကုန်သလျှင်တည်း။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် ငါ့ရှင်တို့ အနာထပိဏ်သူဌေးသည် စင်ကြယ်၏။ စင်ကြယ်သော အခြံအရံရှိသည်ဖြစ်၍ သွား၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ ပညာရှိတို့သည်သာလျှင် စင်ကြယ်ကုန်သည် စင်ကြယ်သော အခြံအရံရှိကုန်သည် မဟုတ်ကုန်သေး၊ ရှေးပညာရှိတို့သည်လည်း စင်ကြယ်ကုန်သည် စင် ကြယ်သော အခြံအရံရှိကုန်သည် ဖြစ်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးဖြစ်၍ အလှူပေး၏။ သီလဆောက်တည်၏။ ဥပုသ်ဆောက်တည်၏။ ထိုသူဌေး၏ မယားသည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း၊ ကျွန်အမှုလုပ်ယောက်ျားတို့သည်လည်းကောင်း၊ ပဉ္စသီတို့ကို စောင့်ကုန်၏။ ထိုသူဌေးသည် သုစိပရိဝါရ သူဌေးဟူ၍ ထင်ရှား၏။
သီလရှိသူကို ကိုးကွယ်မည်
ထိုသူဌေးသည် ငါ့ထက် သီလဖြင့်စင်ကြယ်သော တစ်စုံတစ်ယောက်သော သူသည် အကယ်၍ လာသည်ဖြစ်အံ့၊ ထိုသူအား ငါ၏ပလ္လင်၌ အိပ်ရာနေရာကို ပေးအံ့သောငှာ မလျော်၊ မသုံးဆောင်သေးသော နေရာကို ငါသည် ပေးခြင်းငှာ သင့်၏ ဟု မိမိနေရာ အရပ်၌လျှင် နံပါးတစ်ဖက်၌ မသုံးဆောင်သေးသော ပလ္လင်ကိုလည်းကောင်း၊ မသုံး ဆောင်သေးသော အိပ်ရာကိုလည်းကောင်း ခင်းစေ၏။
အနဝတတ်အိုင်
ထိုအခါ စတုမဟာရာဇ်နတ်ပြည်မှ ဝိရူပက္ခနတ်မင်းကြီး၏ ကာဠကဏ္ဏီ မည်သော သမီးသည်လည်းကောင်း၊ ဓတရဋ္ဌနတ်မင်းကြီး၏ သိရီမည်သော သမီးသည်လည်းကောင်း၊ နှစ်ယောက်ကုန်သော နတ်သမီးတို့သည် များစွာကုန်သော ပန်းတို့ကို ယူကုန်၍ အနဝတတ် အိုင်၌ ကစားကုန်အံ့ ဟု အနဝတတ်အိုင်သို့ သွားကြကုန်၏။ ထိုအနဝတက်အိုင်၌ များစွာကုန်သော ရေဆိပ်တို့သည် ရှိကုန်၏။ ထိုဆိပ်တို့တွင် သဗ္ဗညူ မြတ်ဘုရားတို့၏ဆိပ်၌ သဗ္ဗညူ မြတ်စွာဘုရားတို့သည်သာလျှင် ရေချိုးကုန်၏။ ပစ္စေကဗုဒ္ဓါတို့၏ဆိပ်၌ ပစ္စေကဗုဒ္ဓါတို့သည်သာလျှင် ရေချိုးကုန်၏။ ရဟန်းတို့၏ဆိပ်၌ ရဟန်းတို့သည်သာလျှင် ရေချိုးကုန်၏။ ရသေ့တို့၏ဆိပ်၌ ရသေ့တို့သည်သာလျှင် ရေချိုးကုန်၏။ စာတုမဟာရာဇ် အစရှိကုန်သော ကာမာဝစရနတ်ပြည် ခြောက်ထပ်၌ နေကုန်သော နတ်သားတတို့၏ဆိပ်၌ နတ်သားတို့သည်သာလျှင် ရေချိုးကုန်၏။ နတ်သမီးတို့၏ ဆိပ်၌ နတ်သမီးတို့သည်သာလျှင် ရေချိုးကုန်၏။
နတ်သမီး၂-ပါး အငြင်းပွားပုံ
ထိုဆိပ်သို့ လာလတ်၍ နှစ်ယောက်ကုန်သော နတ် သမီးတို့သည် ငါသည် ရှေးဦးစွာ ရေချိုးအံ့၊ ငါသည် ရှေးဦး ရေချိုးအံ့ ဟု ရေချိုးဆိပ်၌ ငြင်း ခုံခြင်းကို ပြုကုန်၏။ ကာဠကဏ္ဏီ နတ်သမီးသည် ငါသည် လောကကို စီရင်၏။ ထိုကြောင့် ငါသည် ရှေးဦးစွာ ရေချိုးခြင်းငှာ သင့်၏ ဟုဆို၏။ သိရီနတ်သမီးသည် ငါသည် လူအများအား အစိုးရခြင်းကို ပေးတတ်သောအကျင့်၌ တည်၏။ ထို့ကြောင့် ငါသည် ရှေးဦးစွာ ရေချိုးအံ့သောငှာ သင့်၏ ဟု ဆို၏။ ထိုနတ်သမီးတို့သည် ငါတို့သည် ရှေးဦးစွာ ရေချိုအံ့သောငှာ သင့်သောသဘောကို နတ်မင်းကြီးလေးယောက်တို့သည် သိကုန်လတ္တံ့ ဟု ထိုနတ်မင်းကြီးတို့၏ အထံသို့ သွား၍ ငါတို့တွင် အဘယ်သူသည် ရှေးဦးစွာ အနဝတတ်အိုင်၌ ရေချိုးခြင်းငှာ သင့်သော သဘောရှိသနည်း ဟု မေးကုန်၏။ ဓတရဋ္ဌနတ်မင်း ဝိရူပက္ခနတ်မင်းတို့သည် ငါတို့သည် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ကုန် ဟု ဝိရူဠကနတ်မင်း, ကုဝေရ နတ်မင်းတို့၏ ဝန်ကို ပြုကုန်၏။ ဝိရူဠကနတ်မင်း ကုဝေရနတ်မင်းတို့သည်လည်း မတတ်နိုင်ကုန်၊ သိကြားမင်း၏ ခြေရင်းသို့ စေကုန်အံ့ဟု ထိုနတ်သမီးတို့ကို သိကြားမင်းအထံသို့ စေကုန်၏။ သိကြားမင်းသည် နတ်သမီးတို့၏ စကားကို ကြား၍ ဤနှစ်ယောက်ကုန်သော နတ်သမီးတို့၏ တရားကို ငါဆုံးဖြတ်ခြင်းငှာ မတတ်ကောင်း ဟု ကြံ၏။
သိကြမင်း ညွှန်ကြားပုံ
ထိုအခါ သိကြားမင်းသည် ဗာရာဏသီပြည်၌ သုစိပရိဝါရသူဌေးသည် ရှိ၏။ အိမ်၌ မသုံး ဆောင်သေးသော နေရာကို ခင်းအပ်၏။ အကြင် နတ်သမီးသည် ထိုအိမ်၌ ထိုင်ခြင်းကိုလည်းကောင်း အိပ်ခြင်းကိုလည်းကောင်း ရ၏။ ထိုနတ်သမီးသည် ရှေးဦး ရေချိုးခြင်းငှာ သင့်သော သဘောရှိ၏ ဟု ဆို၏။
ကဠကဏ္ဏီ သူဌေးအိမ် သွားပြီ
ထိုစကားကိုကြား၍ ထိုကာဠကဏ္ဏီ နတ်သမီးသည် ထိုခဏ၌လျှင် ညိုသော အဝတ်ကိုဝတ်၍ ညိုသော နံ့သာ ပျောင်းကို လိမ်း၍ ညိုသော ပတ္တမြားတန်ဆာကိုဆင်၍ ယန္တရား၌ ထားအပ်သော ကျောက်ကဲ့သို့ နတ်ပြည်မှ သက်၍ မဇ္ဈိမယာမ်၏ အတွင်း၌ သူဌေးပြာသာဒ်၏ ထွက်ဝင်ရာ တံခါး၌ အိပ်ရာ၏ အနီးဖြစ်သော အရပ်၌ ညိုသောအရောင်ကိုလွှတ်၍ ကောင်းကင်၌ တည်၏။
သင် ဘယ်သူလဲ
သူဌေးသည် ကြည့်လတ်သော် ထိုနတ်သမီးကို မြင်၏။ မြင်ကာမျှဖြင့်လျှင် ထိုနတ်သမီးအား မချစ်မနှစ်သက်ခြင်းသည် ဖြစ်၏။ သူဌေးသည် ထိုနတ်သမီးနှင့်တကွ စကား ပြောလိုရကား-
ကာ ဝါ တွံ ကဿ ဝါ ဓီတာ၊ ကထံ ဇာနေမု တံ မယံ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၄၀။ ဘဒ္ဒေ၊ ရှင်မ။ တွံ၊ ရှင်မသည်။ ကာဠေန၊ မည်းသော။ ဝဏ္ဏေန၊ အဆင်းဖြင့်။ ပိယဒဿနာ၊ ချစ်အပ်သော အဆင်းရှိသည်။ န စာပိ အသိ၊ မဖြစ်သလျှင်ကတည်း။ တွံ၊ သင်သည်။ ကာ နု၊ အဘယ်အမည်ရှိသနည်း။ ကာ ဝါ၊ အဘယ် သူနည်း။ ကဿ ဝါ၊ အဘယ်သူ၏မူလည်း။ ဓီတာ၊ သမီးနည်း။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။
ကာဠကဏ္ဏီ နတ်သမီးပါ
ထိုစကားကိုကြား၍ ကာဠကဏ္ဏီ နတ်သမီးသည်-
အဟံ ကာဠီ အလက္ခိကာ၊ ကာဠကဏ္ဏီတိ မံ ဝိဒူ။
ဩကာသံ ယာစိတော ဒေဟိ၊ ဝသေမု တဝ သန္တိကေ။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၄၁။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အဟံ၊ ငါသည်။ ဝိရူပက္ခဿ၊ ဝိရူပက္ခ အမည်ရှိသော။ မဟာရာဇဿ၊ မဟာရာဇ်နတ်မင်း၏။ စဏ္ဍိယာ၊ ကြမ်းသော။ ဓီတာ၊ သမီးတည်း။ အဟံ၊ ငါသည်။ အလက္ခိကာ၊ သီလ, ပညာ မရှိသော။ ကာဠီ၊ ကာဠီမည်သော နတ်သမီးတည်း။ မံ၊ ငါ့ကို။ ကာဠကဏ္ဏီတိ၊ ကာဠကဏ္ဏီဟူ၍။ ဝိဒူ၊ သိကုန်၏။ တဝ၊ သင်၏။ သန္တိကေ၊ အထံ၌။ ဝသေမု၊ နေလိုကုန်၏။ ယာစိတော၊ တောင်းပန်အပ်သော သင်သည်။ မေ၊ ငါ့အား။ ဩကာသံ၊ နေခွင့်ကို။ ဒေဟိ၊ ပေးလော့။
ဘယ်လိုယောက်ျားကို သဘောကျသနည်း
ထို့နောင်မှ ဘုရားလောင်းသည်-
ပုဋ္ဌာ မေ ကာဠိ အက္ခာဟိ၊ ကထံ ဇာနေမု တံ မယံ။
ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။
၄၂။ ကာဠိ၊ ကာဠီနတ်သမီး။ တုဝံ၊ သင်သည်။ ကိံသီလေ၊ အဘယ်သီလရှိသော။ ကိံသမာစာရေ၊ အဘယ်အကျင့်ရှိသော။ ပုရိုသေ၊ ယောက်ျား၌။ နိဝိသသေ၊ စိတ်ဖြင့်ဝင်၍ နေသနည်း။ ပုဋ္ဌာ၊ မေးအပ်သော သင်နတ်သမီးသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍၊ တံ၊ သင့်ကို။ ဇာနေမှ၊ သိရကုန်အံ့နည်း။
လူမိုက်ကို သဘောကျသည်
ထို့နောင်မှ ကာဠီနတ်သမီးသည် မိမိ၏ ကျေးဇူးကို ဆိုလိုရကား-
သော မယှံ ပုရိသော ကန္တော၊ လဒ္ဓံ ယဿ ဝိနဿတိ။
ကဏ္ဍကဝါစော ဖရုသော၊ သော မေ ကန္တတရော တတော။
ဩဝဇ္ဇမာနော ကုပ္ပတိ၊ သေယျံ သော အတိမညတိ။
သော မယှံ ပုရိသော ကန္တော၊ တသ္မိံ ဟောမိ အနာမယာ။
ဟူကုန်သော ဤဂါထာတို့ကို ဆို၏။
၄၃။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ မက္ခီ၊ ကျေးဇူးကို ချေတတ်၏။ ပဠာသီ၊ အပြိုင်ပြုတတ်၏။ သာရမ္ဘီ၊ အလွန်ကိုပြုတတ်၏။ ဣဿုကီ၊ ငြူစူတတ်၏။ မစ္ဆရီ၊ ဝန်တိုတတ်၏။ သဌော၊ စဉ်းလဲတတ်၏။ ယဿ၊ အကြင်သူ၏။ လဒ္ဓံ၊ ရအပ်သော စည်းစိမ်ဥစ္စာကို။ ဝိနဿတိ၊ ဖျက်ဆီးတတ်၏။ သော ပုရိသော၊ ထိုယောက်ျားကို။ မယှံ၊ ငါသည်။ ကန္တော၊ နှစ်သက်၏။
၄၄။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကောဓနော၊ အမျက်ထွက်တတ်၏။ ဥပနာဟီ စ၊ ရန်ငြိုးလည်း ဖွဲ့တတ်၏။ ပိသုဏော၊ ချောပစ်သောစကားကို ဆိုတတ်၏။ ဝိဘေဒကော၊ အဆွေခင်ပွန်းကိုလည်း ဖျက်တတ်၏။ ကဏ္ဍက ဝါစော၊ ဒေါသရှိသော စကားကို ဆိုတတ်၏။ ဖရုသော၊ ကြမ်းကြုတ်၏။ သော ပုရိသော၊ ထိုယောက်ျားကို။ မေ၊ ငါသည်။ တတော၊ ထိုရှေးဆိုအပ်ပြီးသော ယောက်ျားထက်။ ကန္တတရော၊ လွန်၍ချစ်၏။
၄၅။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ အဇ္ဇ၊ ယနေ့ပြုအပ်သော အမှု။ သုဝေ၊ နက်ဖြန်ပြုအပ်သောအမှု။ ဣတိ၊ ဤသို့။ သဒတ္ထံ၊ မိမိကိစ္စကို။ နာဝ ဗုဇ္စျတိ၊ မသိသလျှင်ကတည်း။ ဩဝဇ္ဇမာနော၊ ဆိုဆုံးမအပ်သည်ရှိသော်။ ကုပ္ပတိ၊ အမျက်ထွက်၏။ သောပုရိသော၊ ထိုယောကျ်ားသည်။ သေယျံ၊ မြတ်သောသူကို။ အတိမညတိ၊ မထီမဲ့မြင် ပြုတတ်၏။
၄၆။ ဒဝပ္ပလုဒ္ဓေါ၊ ကာမဂုဏ်တို့၌ မပြတ် မက်မောတတ်၏။ သဗ္ဗမိတ္တေဟိ၊ ခပ်သိမ်းသော အဆွေ ခင်ပွန်းတို့မှ၊ ဓံသတိ၊ ယုတ်၏။ မယှံ၊ ငါသည်။ သော ပုရိသော၊ ထိုယောက်ျားကို။ ကန္တော၊ ချစ်၏။ တသ္မိံ ပုရိသေ၊ ထိုယောကျ်ား၌။ အနာမယာ၊ ဆင်းရဲခြင်း စိုးရိမ်ခြင်း ကင်းသည်ဖြစ်၍။ အဟံ၊ ငါသည်။ ဟောမိ၊ ဖြစ်၏။
နင်ပြန်တော့
ထိုအခါ နတ်သမီးကို ကဲ့ရဲလိုသည်ဖြစ်၍ ဘုရားလောင်းသည်-
အညံ ဇနပဒံ ဂစ္ဆ၊ နိဂမေ ရာဇဓာနိယော။
ဟူသော ဤဂါထာကို ဆို၏။
၄၇။ ကာဠိ၊ ကာဠီအမည်ရှိသော နတ်သမီး။ တွံ၊ သင်သည်။ ဧတ္တော၊ ဤအရပ်မှ။ အပေဟိ၊ ဖဲလေလော့။ အမှေသု၊ ငါတို့၌။ ဧတံ၊ ဤကျေးဇူးချေခြင်း အစရှိသောအမှုသည်။ န ဝိဇ္ဇတိ၊ မရှိ၊ တွံ၊ သင်သည်။ နိဂမေ စ၊ နိဂုံး၌လည်းကောင်း။ ရာဇဓာနိယေ စ၊ မင်းနေပြည်၌ လည်းကောင်း။ အညံ၊ တပါးသော။ ဇနပဒံ၊ ဇနပုဒ်သို့။ ဂစ္ဆ၊ သွားလေလော့။
ထိုစကားကို ကြား၍ ကာဠကဏ္ဏီနတ်သမီးသည် ရှက်နိုးသည်ဖြစ်၍-
သန္တိ လောကေ အလက္ခိကာ၊ သင်္ဃရန္တိ ဗဟုံ ဓနံ။
အဟံ ဒေဝေါ စ မေ ဘာတာ၊ ဥဘော နံ ဝိဓမာမသေ။
ဟူသော အခြားမဲ့သော ဤဂါထာကို ဆို၏။
၄၈။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အဟမ္ပိ ခေါ၊ ငါသည်လည်း။ တုမှေသု၊ သင်တို့၌။ ဧတံ၊ ထိုကျေးဇူးချေခြင်း အစရှိသောအမှုသည်။ န ဝိဇ္ဇတိ၊ မရှိဟူ၍။ တံ၊ ထိုအကြောင်းကို။ ဇာနာမိ၊ သိ၏။ လောကေ၊ လောက၌။ အလက္ခိကာ၊ သီလ ပညာ မရှိကုန်သော သူတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုသူတို့သည်လည်း။ ဗဟုံဓနံ၊ များစွာသော ဥစ္စာကို။ သင်္ဃရန္တိ၊ ပေါင်းစုကုန်၏။ နံ၊ ထိုဥစ္စာကို။ အဟဉ္စ၊ ငါသည်လည်းကောင်း။ မေ၊ ငါ၏။ ဘာတာ၊ မောင်ဖြစ်သော။ ဒေဝေါ စ၊ ဒေဝအမည်ရှိသော နတ်သားသည်လည်းကောင်း။ ဥဘော၊ နှစ်ယောက်ကုန်သော မောင်နှမဖြစ်ကုန်သော ငါတို့သည်။ ဝိဓမာမသေ၊ ဖျက်ဆီးကုန်၏။
သိရီနတ်သမီး သူဌေးအိမ်ရောက်ခြင်း
ဤသို့ဆို၍ ဖဲ့လေ၏။ ထိုကဠကဏ္ဏီ နတ် သမီး ဖဲသောကာလ၌ သိရီနတ်သမီးသည် ရွှေအဆင်းရှိကုန်သော အဝတ်, နံ့သာပျောင်းတို့ဖြင့် ရွှေသောအဆင်းရှိသော တန်ဆာဖြင့်လျှင် တန်ဆာဆင်လျက် သွား၍ ထွက်ဝင်ရာ တံခါး၌ ရွှေသောအရောင်ကို လွှတ်လျက် ညီညွတ်သော
ခြေတို့ဖြင့် ညီညွတ်စွာ မြေ၌တည်၍ ရိုသေခြင်းနှင့်တကွ ရပ်၏။
သင်ဘယ်သူလဲ
ထိုသိရီနတ်သမီးကို မြင်၍ ဘုရားလောင်းသည်-
ကာ ဝါ တွံ ကဿ ဝါ ဓီဘာ၊ ကထံ ဇာနေမု တံ မယံ။
ဟူသော ရှေးဦးသော ဤဂါထာကိုဆို၏။
၄၉။ ဘဒ္ဒေ၊ ရှင်မ။ တွံ၊ သင်သည်။ ဒိဗ္ဗေန၊ နတ်၌ ဖြစ်သော။ ဝဏ္ဏေန၊ အဆင်းဖြင့်။ ပထဗျာ၊ မြေ၌။ သုပတိဋ္ဌိတော၊ ကောင်းစွာ တည်၏။ တွံ၊ သင်သည်။ ကာ နု၊ အဘယ် အမည်ရှိသနည်း။ ကာ ဝါ၊ အဘယ်သူနည်း။ ကဿ ဝါ၊ အဘယ်သူ၏မူလည်း။ ဓီတာ၊ သမီးနည်း။ မယှံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍လျှင်။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။
ဘုရားလောင်း၏စကားကို ကြား၍ သိရီနတ်သမီး သည်-
အဟံ သိရီ စ လက္ခီ စ၊ ဘူရိပညာတိ မံ ဝိဒူ။
ဩကာသံ ယာစိဆော ဒေဟိ၊ ဝသေမု တဝ သန္တိကေ။
ဟူသော ဤဂါထာကိုဆို၏။
၅၀။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အဟံ၊ ငါသည်။ သိရီမတော၊ ပညာရှိသော။ ဓတရဋ္ဌဿ၊ ဓတရဋ္ဌအမည်ရှိသော။ မဟာရာဇဿ၊ မဟာရာဇ်နတ်မင်း၏။ ဓိတာ၊ သမီးတည်း။ အဟံ၊ ငါသည်။ သိရီ စ၊ သိရီလည်းမည်၏။ လက္ခီ စ၊ လက္ခီလည်း မည်၏။ မံ၊ ငါ့ကို။ ဘူရိပညာတိ၊ မြေကြီးနှင့်တူသော ကြီးသော ပညာရှိသော နတ်သမီးဟူ၍။ ဝိဒူ၊ သိကုန်၏။ တဝ၊ သင်၏။ သန္တိကေ၊ အထံ၌။ ဝသေမု၊ နေလိုကုန်၏။ ယာစိတော၊ တောင်းပန်အပ်သော သင်သည်။ မေ၊ ငါ့အား။ ဩကာသံ၊ အခွင့်ကို။ ဒေဟိ၊ ပေးလော့။
သင် ဘယ်လိုယောကျ်ားကို သဘောကျသနည်း
နတ်သမီး၏ စကားကိုကြား၍ ဘုရားလောင်းသည် -
ပုဋ္ဌာ မေ လက္ခီ အက္ခာဟိ၊ ကထံ ဇာနေမု တံ မယံ။
ဟူသော ဤဂါထာကို ဆို၏။
၅၁။ လက္ခီ၊ လက္ခီမည်သော နတ်သမီး။ တုဝံ၊ သင်သည်။ ကိံသီလေ၊ အဘယ်သို့ သီလရှိသော။ ကိံသမာစာရေ၊ အဘယ်သို့ အကျင့်ရှိသော။ ပုရိသေ၊ ယောကျ်ား၌။ နိဝိသေ၊ စိတ် နှလုံး သက်ဝင်၍ နေသနည်း။ ပုဋ္ဌာ၊ မေးအပ်သော သင်နတ် သမီးသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားလော့။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍လျှင်။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။
သူတော်ကောင်းကို သဘောကျသည်
ဘုရားလောင်း၏ စကားကိုကြား၍ သိရီနတ်သမီးသည်-
ဝါတာတပေ ဍံသသရီသပေစ။
ခုဓံ ပိပါသံ အဘိဘုယျ သဗ္ဗံ၊
ရတ္တိန္ဒိဝံ ယော သတံ နိယုတ္တော။
သောမေ မနာပေါ နိဝိသေ စ တမှိ။
အက္ကောဓနော မိတ္တ ဝါ စာဂဝါ စ၊
သီလူပပန္နော အသဌော ဇုဘူတော။
မဟတ္တပတ္တောပိ နိဝါတဝုတ္တိ။
တသ္မိံဟံ ပေါသ ဝိပုလာ ဘဝါမိ၊
ဦမိ သမုဒ္ဒဿ ယထာပိ အဏ္ဏဝံ။
သေဋ္ဌေ သရိက္ခေ အထဝါပိ ဟီနေ။
အတ္ထံ စရန္တံ အထဝါ အနတ္ထံ၊
အာဝီ ရဟော သင်္ဂဟမေဝ ဝတ္တေ။
မတဿ ဇီဝဿ စ တဿ ဟောမိ။
ဧတေသံ ယော အညတရံ လဘိတွာ၊
ကန္တာ သိရီ မဇ္ဈတိ အပ္ပပညော။
တံ ဒိတ္တရူပံ ဝိသမံ စရန္တံ၊ ကရီသဌာနံဝ ဝိဝဇ္ဇယာမိ။
န ဟိ လက္ခိံ အလက္ခိံ ဝါ။ အညော အညဿ ကာရကော။
ဟူသော ဤဂါထာတို့ကို ဆို၏။
၅၂။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ သီတေ စာပိ၊ ချမ်းသော်လည်းကောင်း။ အထ၊ ထို မြို့။ ဥဏှေ စာပိ၊ ပူသော်လည်းကောင်း။ ဝါတာတပေ စ၊ လေ, နေပူရှိသော်လည်းကောင်း။ ဍံသသရီသပေ စ၊ မှက်, ခြင် မြွေ ကင်း သန်းရှိသော်လည်းကောင်း။ နိယုတ္တော၊ လုံ့လပြု၏။ ယော စ ပုရိသော၊ အကြင်ယောက်ျားသည်လည်း။ သဗ္ဗံ၊ အလုံးစုံသော။ ခုဓံ ပိပါသံ၊ ဆာလောင် ငတ်မွတ်ခြင်းကို။ အဘိဘုယျ၊ နှိပ်စက်၍။ ရတ္တိန္ဒိံဝံ၊ ညဉ့်နေ့ပတ်လုံး။ သတတံ၊ မပြတ်။ နိယုတ္တော၊ လုံ့လ ပြု၏။
၅၃။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကာလာဂတံ၊ ကာလ၌ရောက်သော။ အတ္ထဉ္စ၊ အကျိုးကိုလည်း။ န ဟာပေတိ၊ မယုတ်စေ။ သော ပုရိသာ၊ ထိုယောကျ်ားကို။ မေ၊ ငါသည်။ မနာပေါ၊ နှစ်သက်၏။ တမှိ၊ ထိုယောကျ်ား၌။ အဟံ၊ သည်။ နိဝိသေ စ၊ စိတ်ဖြင့်ဝင်၍ နေသလျှင်ကတည်း။ ယော ပုရိသော၊ အကြင်ယောကျ်ားသည်။ အက္ကောဓနော၊ အမျက်မထွက်တတ်။ မိတ္တဝါ စ၊ အဆွေ ခင်ပွန်းကောင်းလည်း ရှိ၏။ စာဂဝါ စ၊ စွန့်ကြဲခြင်းလည်းရှိ၏။ သီလူပပန္နော၊ သီလနှင့် ပြည့်စုံ၏။ အသဌော၊ မစဉ်းလဲ။ ဥဇုဘူတော၊ ဖြောင့်စွာဖြစ်၏။
၅၄။ သင်္ဂါဟကော၊ သင်္ဂြိုဟ်ခြင်းကို ပြုတတ်၏။ သခိလော၊ ပြေပြစ်၏။ သဏှဝါစော၊ သိမ်မွေ့သော စကားရှိ၏။ မဟတ္တပတ္တောပိ၊ ကြီးမြတ်သော အဖြစ်သို့ ရောက်သော်လည်း။ နိဝါတဝုတ္တိ၊ နှိမ့်ချသော ဖြစ်ခြင်းရှိ၏။ သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။ ဝဏ္ဏံ၊ အဆင်းကို။ ဩလောကေန္တီ၊ ကြည့် သည်ရှိသော်။ ဦမိ၊ အဆင့်ဆင့်သော လှိုင်းတံပိုးသည်။ ပညာယတိ ယထာပိ၊ ထင်သကဲ့သို့လည်း။ ဧဝံ တထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ တသ္မိံ ပေါသေ၊ ထိုယောက်ျား၌။ ဝိပုလာ၊ ပီတိအဟုန်ဖြင့် ပြန့်ပြောသည်။ ဘဝါမိ၊ ဖြစ်၏။
၅၅။ ယော စာပိ၊ အကြင်ယောကျ်ားသည်လည်း။ မိတ္တေ စ၊ အဆွေခင်ပွန်း၌ လည်းကောင်း။ အထဝါ၊ ထိုမြို့။ အမိတ္တေ စာပိ၊ အဆွေခင်ပွန်း မဟုတ်သော သူ၌လည်းကောင်း။ သေဋ္ဌေ စ၊ မြတ်သောသူ၌ လည်းကောင်း။ အထဝါ၊ ထိုမြို့။ သရိက္ခေ စ၊ တူသောသူ၌လည်းကောင်း။ ဟီနေပိ၊ ယုတ်သော သူ၌လည်းကောင်း။ အတ္ထံ၊ အကျိုးကို။ စရန္တံ၊ ကျင့်သောသူ၌ လည်းကောင်း။ အာဝိ၊ မျက်မှောက်၌လည်းကောင်း။ ရဟော၊ မျက်ကွယ်၌ လည်းကောင်း။ သင်္ဂဟမေဝ၊ သင်္ဂြိုဟ်ခြင်းကိုသာလျှင်။ ဝတ္တေ၊ ကျင့်၏။
၅၆။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ ဖရုသံ၊ ကြမ်းသော။ ဝါစံ၊ စကားကို။ န ဝဇ္ဇာ၊ မဆို။ မတဿ စ၊ သေသော်လည်းကောင်း။ ဇီဝဿ စ၊ အသက်ရှင်သော်လည်းကောင်း။ တဿ၊ ထိုသူ၏။ မိတ္တံ၊ အဆွေခင်ပွန်းသည်။ ဟောမိ၊ ဖြစ်၏။ ဧတေသု၊ ထိုသို့ဆိုအပ်ပြီးသော ယောကျ်ားတို့တွင်။ ယော၊ အကြင်သူသည်။ ကန္တိံ၊ နှစ်သက်ဖွယ်သော။ သိရိံ၊ အသရေကို။ လဘိတွာ၊ ရ၍။ အညတရံ၊ တစ်ပါးပါးသော ဂုဏ်ကျေးဇူးကို။ သမိဇ္ဈတိ၊ ပြည့်စုံစေ၏။ တဿ ပုရိသဿ၊ ထိုယောကျ်ား၏။ မိတ္တံ၊ အဆွေခင်ပွန်းသည်။ ဟောမိ၊ ဖြစ်၏။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ အပ္ပပညော၊ နည်းသောပညာရှိ၏။ ဒိတ္တရူပံ၊ ကြမ်းကြုတ်သော သဘောရှိသော။ ဝိသမံ၊ မညီမညွတ်သော အကျင့်ကို။ စရန္တံ၊ ကျင့်သော။ တံ ပုရိသံ၊ ထိုယောက်ျားကို။ အဟံ၊ ငါသည်။ ကရီသဌာနံဝ၊ ကျင်ကြီးစွန့်ရာ အရပ်ကိုကဲ့သို့။ ဝိဝဇ္ဇယာမိ၊ ကြဉ်၏။
၅၇။ လက္ခိံ၊ သီလပညာကို။ အတ္တနာ၊ မိမိသည်။ ကုရုတေ၊ ပြု၏။ အလက္ခိံ၊ သီလပညာ မရှိခြင်းကို။ အတ္တနာ၊ မိမိသည်။ ကုရုတေ၊ ပြု၏။ ဟိ သစ္စံ၊ မှန်၏။ အညော၊ တစ်ယေက်သောသူသည်။ အညဿ၊ တစ်ယောက်သောသူ၏။ လက္ခိံ ဝါ၊ သီလပညာကိုလည်းကောင်း။ အလက္ခိံ ဝါ၊ သီလပညာမရှိခြင်းကိုလည်းကောင်း။ န ကာရကော၊ မပြုနိုင်။
ဤနေရာတွင်ထိုင်လေ
ဤသို့ဆိုသည်ရှိသော် ဘုရားလောင်းသည်လည်း သိရီ နတ်သမီး၏ စကားကို နှစ်သက်၍ မသုံးဆောင်သေးသော ဤနေရာသည် သင်သာလျှင် လျှောက်ပတ်၏။ နိသီဒိုင်၌ ထိုင် ဟု ဆို၏။
သိရီနတ်သမီးသည် ထိုအိပ်ရာ၌နေ၍ မိုး သောက်ကာလ၌ ထွက်၍ စာတုမဟာရဇ် နတ်ပြည်သို့သွား၍ အနဝတတ်အိုင်၌ ရှေးဦးစွာ ရေချိုးခြင်းကိုလည်း ရ၏။ အိပ်ရာသည် သိရီနတ်သမီးသည် သုံးဆောင်သည်၏ အဖြစ်နှင့် သိရီသယန မည်၏။ ဤအနွယ်သည် သိရီသယန၏ အနွယ်တည်း၊ ဤသို့သော အကြောင်းဖြင့် ယနေ့ထက်တိုင်အောင်လည်း သိရီသယန ဟူ၍ ဆိုအပ်၏။
ဇာတ်ပေါင်း... မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ သိရီနတ်သမီး ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုစိပရိဝါရ သူဌေးဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။
အကျင့်သိက္ခာ၊ ရှိသူသာ၊ သင့်ရာ မြတ်နေရာ
ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သိရီကာဠကဏ္ဏီဇာတ်သည် ပြီး၏။
*****