အညတရဘိက္ခုဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၈ - အညတရဘိက္ခုဝတ္ထု
၃၁။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿီဝါ။
သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂိဝ ဂစ္ဆတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားအားထုတ်၍ တရားထူးကို မရသဖြင့် ဘုရားရှင်ထံ ပြန်အလာ တောခရီး၌ တောမီးကို ကြည့်၍ တရားယူသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ ယင်းရဟန်းတော်သည် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်သည်။
အနက်
အဂ္ဂိ၊ မီးသည်။ အဏုံ ထူလံ၊ ငယ်ငယ် ကြီးကြီး ဖြစ်သော လောင်စာကို။ ဍဟံ-ဍဟန္တော၊ လောင်ကျွမ်းလျက်။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ အပ္ပမာဒရတော၊ မမေ့မလျော့ခြင်း၌ မွေ့လျော်သော။ ပမာဒေ၊ မေ့လျော့ခြင်း၌။ ဘယဒဿီဝါ၊ ဘေးရှုလေ့ရှိသော။ ဘိက္ခု၊ ရဟန်းသည်။ အဏုံ ထူလံ သံယောဇနံ၊ ကြီးကြီး ငယ်ငယ် အသွယ်သွယ်သော သံယောဇဉ်ဟူသမျှကို။ ဍဟံ-ဍဟန္တော၊ လောင်ကျွမ်း ရှို့မြိုက်လျက်။ (နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။) ဂစ္ဆတိ၊ သွားရ၏။
စကားပြေ
မီးသည် လောင်စာဟူသမျှကို လောင်ကျွမ်းစေသကဲ့သို့ အပ္ပမာဒ၌ မွေ့လျော်ပြီးလျှင် ပမာဒ၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် သံယောဇဉ်ဟူသမျှကို ဉာဏ်တည်းဟူသော မီးဖြင့် လောင်ကျွမ်းစေ၍ နိဗ္ဗာန်သို့ သွားလေသည်။
သံယောဇနံ— ဝဋ်ဆင်းရဲနှင့် အတူတကွ ချည်နှောင်ထားသော သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ နစ်မြုပ်စေခြင်းငှာ စွမ်းနိုင်သော (၁၀) ပါးသော သံယောဇဉ် ရ၏။
ပါဠိသဒ္ဒါခက်ဆစ်
အပ္ပမာဒရတော = အပ္ပမာဒေ ရတော အပ္ပမာဒရတော။ အပ္ပမာဒ + ရတ။
အဏုံ = အဏတီတိ အဏုံ။ အဏ် + ဥ။
ထူလံ = ထူလတိတိ ထူလံ။ ထူလ် + အ။
အညတရဘိက္ခုဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂-အပ္ပမာဒဝဂ်
၈-အညတရဘိက္ခုဝတ္ထု ပါဠိဂါထာ
သံယောဇနံ အဏုံ ထူလံ, ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။
အပ္ပမာဒရတော၊ မပေါ့မဆ, နေထိုင်ရမှ, နေ့ညရွှင်ပျော်, မွေ့ လျော်ထသော။ ပမာဒေ၊ တရားမတွေ့, အမှားလေ့ဖြင့်, မေ့လျော့ ပေါ့ဆ, နေထိုင်ရခြင်း၌။ ဘယဒဿိဝါ၊ သံသရာရေး, လာမည့် ဘေးကို, တွေးကာအစဉ်, မြော်မြင်ထသော။ (တစ်နည်း) ပမာဒေ၊ ကို။ ဘယဒဿိဝါ၊ သံသရာလမ်းကြောင်း, ဒုက္ခပေါင်း၏, အကြောင်းဖြစ်မှု, ဘေးအားဖြင့် ရှုထသော။ ဘိက္ခု၊ သံသရာလမ်းကြောင်း, စခန်းကောင်းဖို့, အကြောင်းမြော်မြင်, သူတော်စင်ရဟန်းသည်။ အဂ္ဂိ၊ ယခုအခါ, လောင်မြိုက်လာသော, တောမီးကြီးသည်။ ဍဟံ (ဍဟန္တော) ဣဝ၊ သစ်ပင်ကြီးငယ်, အသွယ်သွယ်ကို, ဘယ်ဝယ် မရှောင်, တောလုံးပြောင်အောင်, လောင်မြိုက်သကဲ့သို့။ (ဧဝံ၊ တူ။) အဏုံ ထူလံ၊ အငယ်အကြီး, အသီးသီးသော။ သံယောဇနံ၊ သံသရာဝဋ်, ဘဝညွတ်မှ, မလွတ်ရအောင်, ချည်နှောင်တားဆီး, သံယောဇဉ်တောကြီးကို။ ဍဟံ (ဍဟန္တော)၊ အလျှံစုံညီး, ဉာဏ်ဟုန် မီးဖြင့်, အပြီးလောင်မြိုက်, ပြောင်အောင်တိုက်လျက်။ ဂစ္ဆတိ၊ အေး မြငြိမ်းချမ်း, နိဗ္ဗာန်နန်းသို့, ဖြောင့်တန်းမသွေ, သွားနိုင်ပေ သတည်း။ (ပါ-၃၁)
အညတရဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။
ဘယဒဿိဝါ။ ။ ဤပုဒ်ကို ဂုဏဝါကဲ့သို့ ဝန္တုပစ္စယန္တပုဒ်ဟုလည်း ကောင်း, ဘယဒဿိတစ်ပုဒ်, ဝါတစ်ပုဒ်ဟုလည်းကောင်း ၂မျိုးယူကြ၏၊ ဝန္တုပစ္စယန္တယူလျှင် “ဒဿနံ ဒဿိ၊ [ဒိသ+ဣ၊] ဒဿိ+အဿ အတ္ထီတိ ဒဿိဝါ၊ [ဒဿိ+ဝန္တု၊] ဘယံ+ဒဿိဝါ ဘယဒဿိဝါ၊ (တစ်နည်း) ဘယံ+ ဒဿိ ဘယဒဿိ-ဘေးကို ရှုခြင်း၊ ဘယဒဿိ+အဿ အတ္ထီတိ ဘယ- ဒဿိဝါ”ဟုပြု။
၂ပုဒ်ယူလျှင်။ ။ ဘယဒဿိတစ်ပုဒ်, ဝါတစ်ပုဒ်ဟု ၂ပုဒ်ယူလျှင် “ပဿတိ သီလေနာတိ ဒဿီ၊ [ဒိသ+ဏီ၊] ဘယတော+ဒဿီ ဘယဒဿီ” ဟုပြု၊ “ဘယဒဿီ ဝါ”ဟု ရှိသင့်လျက် ဆန်းကြောင့် ရဿပြု၍ ဂါထာ၌ “ဘယဒဿိ ဝါ”ဟု ရှိသည်၊ ဤသို့ ၂ပုဒ်ယူလျှင် “အပ္ပမာဒရတော-မမေ့ ့လျော့ကြောင်းသတိ၌ မွေ့လျော်သည်လည်းဖြစ်သော၊ ပမာဒေ-၌ ဘယ- ဒဿိ ဝါ-ဘေးကို ရှုသည်လည်းဖြစ်သော”ဟု ပေး၊ ဆရာတို့ကား ဝန္တု ပစ္စယန္တပုဒ်ကို နှစ်သက်တော်မူကြ၏။ (မောဂ်နိ၊၂၊၁၂၁၊ ဋ္ဌပြု-၂၄၅)