မာတိကာသို့ ခုန်သွားရန်

အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၉-ပါပဝဂ်

၅-အသညတပရိက္ခာရဘိက္ခုဝတ္ထု

၁၂၁။ မာဝမညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမှတ်မဲ့ ပရိက္ခာရတို့ကို မသိမ်းဆည်းသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

မံ၊ အနည်းငယ်သော မကောင်းမှုသည်။ န အာဂမိဿတိ၊ အကျိုးရောက်လိမ့်မည်မဟုတ်။ ဣတိ၊ ဤသို့။ ပါပဿ၊ မကောင်းမှုကို။ မာဝမညေထ၊ မထီမဲ့မြင် မအောက်မေ့ရာ။ ဥဒဗိန္ဒုနိပါတေန၊ မိုးရေပေါက်ကျဖန်များသဖြင့်။ ဥဒကုမ္ဘောပိ၊ ရေအိုးသည်လည်း။ ပူရတိ ယထာ၊ ပြည့်သကဲ့သို့။ ဗာလော၊ လူမိုက်သည်။ ထောကံ ထောကမ္ပိ၊ အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို။ အာစိနံ (အာစိနန္တော)၊ ဆည်းပူးသည်ရှိသော်။ ပါပဿ၊ မကောင်းမှုဖြင့်။ ပူရတိ၊ ပြည့်၏။

စကားပြေ

အနည်းငယ်မျှသော မကောင်းမှုသည် အကျိုးရောက်လိမ့်မည်မဟုတ်ဟု မထီမဲ့မြင်မအောက်မေ့ရာ။ မိုးရေပေါက်ကျဖန်များသော် ရေအိုးပြည့်ရသကဲ့သို့ လူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ဆည်းပူးသည်ရှိသော် မကောင်းမှုဖြင့် ပြည့်နိုင်၏။
မကောင်းမှုတကြိမ်ပြုမိလျှင်—ထပ်မပြုမိအောင် ရှောင်ကြဉ်ရမည်။

ပါဠိသဒ္ဒါခက်ဆစ်

ဥဒဗိန္ဒုနိပါတေန = ဥဒဗိန္ဒုနော နိပါတော ဥဒဗိန္ဒုနိပါတော။ ဥဒဗိန္ဒု + နိပါတ။
ဥဒဗိန္ဒု = ဥဒဿ ဗိန္ဒု ဥဒဗိန္ဒု။ ဥဒ + ဗိန္ဒု။
ဗိန္ဒု = ဝိဒိ (အဝယဝေ) + ဥ။
ဥဒကုမ္ဘော = ဥဒဿ ကုမ္ဘော ဥဒကုမ္ဘော။ ဥဒ + ကုမ္ဘ။
အသညတပရိက္ခာရဘိက္ခုဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၉-ပါပဝဂ်

၅-အသညတပရိက္ခာရဘိက္ခုဝတ္ထုပါဠိဂါထာ

၂၈၂။ မာဝ မညေထ ပါပဿ, န မန္ဒံ အာဂမိဿတိ၊
ဥဒဗိန္ဒုနိပါတေန, ဥဒကုမ္ဘောပိ ပူရတိ၊
ဗာလော ပူရတိ ပါပဿ, ထောကံ ထောကမ္ပိ အာစိနံ။

မန္ဒံ၊ အနည်းငယ်သော မကောင်းမှုသည်။ [အပ္ပတ္ထဝါစကအနိပ္ဖန္နပါဋိပဒိကပုဒ်။ (တစ်နည်း) “မန္ဒတိ အပ္ပဘာဝေန ဂစ္ဆတိ ပဝတ္တတီတိ မန္ဒံ”ဟုပြု။ နီတိဓာတု-၉၂။] န အာဂမိဿတိ၊ အကျိုး၏ အစွမ်းဖြင့် ရောက်လာလိမ့်မည်မဟုတ်။ ဝါ၊ အကျိုးပေးလိမ့်မည်မဟုတ်။ (ဣတိ၊ သို့။) ပါပဿ၊ မကောင်းမှုကို။ မာ အဝမညေထ၊ အောက် ချ၍ မမှတ်ထင်ရာ။ ဝါ၊ အထင်မသေးရာ။ ဥဒဗိန္ဒုနိပါတေန၊ တစ်ပေါက်တစ်ပေါက်သော မိုးရေမိုးပေါက်၏ ကျခြင်းကြောင့်။ ဥဒကုမ္ဘောပိ၊ ရေအိုးသည်သော်လည်း။ ပူရတိ (ယထာ)၊ ပြည့် သကဲ့သို့။ (ဧဝံ၊ တူ။) ဗာလော၊ လူမိုက်သည်။ ထောကံ ထောကမ္ပိ၊ အနည်းငယ် အနည်းငယ်သော မကောင်းမှုကိုသော်လည်း။ ဝါ၊ အနည်းငယ်မျှ အနည်းငယ်မျှလည်း။ အာစိနံ (အာစိနန္တော)၊ ဆည်း ပူးလသော်။ ပါပဿ၊ မကောင်းမှုဖြင့်။ ပူရတိ၊ ပြည့်၏။ [မောဂ်-၂-၃၉သုတ်၌ “ပါပဿ၊ ၏။ ပူရတိ၊ ၏”ဟု သာမီအနက်ပေး၏။] (ပါ-၁၂၁)

ဥဒကုမ္ဘော။ ။ ဥဒကဿ+ကုမ္ဘော ဥဒကုမ္ဘော၊ ကုမ္ဘာဒီသု ဝါ(မောဂ်- ၃, ၇၂)သုတ်, ရူ-၃၇၀အလို တေသုဝုဒ္ဓိသုတ်ဖြင့် ဥဒကကို ဥဒပြု၊ နီတိ၌ ဥဒကဿ ကွစိ ကလောပေါ စ(၂၅၇)သုတ်ဖြင့် ကကို ချေ၏။

တစ်နည်း။ ။ ရေဟောဥဒသဒ္ဒါသက်သက်ကို ပါဠိတော်မှာ မတွေ့ ဖူးကြောင်း, တွေ့ခဲ့လျှင် ကောင်းစွာနှလုံးသွင်းထိုက်ကြောင်းကို နီတိပဒ- ၃၁၃၊ သဒ္ဒသင်္ဂဟ-၄, ၃၀၃သုတ်တို့၌ ဆို၏၊ မောဂ်နိ၊၁၊၄၉၅၌ “အမက္ခိ- တော ဥဒေန(ဒီ၊၂၊၁၂)၊ ဥဒေနာတိ ဥဒကေန(ဒီ၊ဋ္ဌ၊၂၊၃၀)”ကို ထောက် ၍ ရေဟောဥဒသဒ္ဒါသက်သက် ရှိကြောင်းကို ဆို၏၊ ဓမ္မ-ဋီ-၁၆၇၌ “ဥဒတိ တိန္တိယတိ တေမေတီတိ ဥဒံ”ဟုပြု၍ ဥဒသည် ဥဒက၏ ပရိယာယ်ဟု ဆို၏၊ ထိုအလို ဥဒသဒ္ဒါဖြင့် “ဥဒဿ+ကုမ္ဘော ဥဒကုမ္ဘော”ဟု တစ်နည်း ပြုနိုင်သည်။

အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။