မာတိကာသို့ ခုန်သွားရန်

ဗိဠာလပါဒကသေဋ္ဌိဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၉-ပါပဝဂ်

၆-ဗိဠာလပါဒကသေဋ္ဌိဝတ္ထု

၁၂၂။ မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စုပေါင်းဒါနပြုပွဲတွင် လက်ချောင်းသုံးချောင်းဖြင့် ယူ၍ရသော ဆန် ပဲ စသော အလှူကို လှူပြီး မိမိဂုဏ်ကျေးဇူးမဲ့ကို ပြောသံကြားပါက သတ်ဖို့ မှာလိုက်သော်လည်း နည်းနည်းများများ လှူသော အလှူရှင်အားလုံးအား အကျိုးများပါစေသတည်းဟု လျှောက်ထားသော ခေါင်းဆောင်အား ဝန်ချတောင်းပန်သော ဗိဠာလပါဒကသဌေးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဗိဠာလပါဒကသဌေးသည် သောတာပန်ဖြစ်သည်။

အနက်

မန္ဒံ၊ အနည်းငယ်သော ကောင်းမှုသည်။ န အာဂမိဿတိ၊ အကျိုးရောက်လိမ့်မည်မဟုတ်။ ဣတိ၊ ဤသို့။ ပုညဿ၊ ကောင်းမှုကို။ မာဝမညေထ၊ မထီမဲ့မြင် မအောက်မေ့ရာ။ ဥဒဗိန္ဒုနိပါတေန၊ မိုးရေပေါက်ကျဖန်များသဖြင့်။ ဥဒကုမ္ဘောပိ၊ ရေအိုးသည်လည်း။ ပူရတိ ယထာ၊ ပြည့်သကဲ့သို့။ ဓီရော၊ ပညာရှိသည်။ ထောကံ ထောကမ္ပိ၊ အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို။ အာစိနံ-အာစိနန္တော၊ ပြုဆည်းပူးဖန်များလတ်သော်။ ပုညဿ၊ ကောင်းမှုဖြင့်။ ပူရတိ၊ ပြည့်၏။

စကားပြေ

အနည်းငယ်မျှသော ကောင်းမှုသည် အကျိုးရောက်လိမ့်မည်မဟုတ်ဟု မထီမဲ့မြင် မအောက်မေ့ရာ။ မိုးရေပေါက်ကျဖန်များသော် ရေအိုးပြည့်ရသကဲ့သို့ ပညာရှိသည် အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို ပြုဆည်းပူးသည်ရှိသော် ကောင်းမှုဖြင့် ပြည့်နိုင်၏။
ကုသိုလ်ကောင်းမှုကို—အနည်းငယ်မျှဖြစ်သော်လည်း အကြိမ်များစွာ ပြုရမည်။
နိဗ္ဗာန်ဆောင်စေတနာ—မိမိတို့၏စွမ်းအားရှိသမျှ အနည်းအများလှူသော အလှူရှင်အားလုံးအား အကျိုးကြီးစေလိုပါဟု ဘုရားရှင်အား လျှောက်ထားသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၃။)

ဗိဠာလပါဒကသေဋ္ဌိဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၉-ပါပဝဂ်

၆-ဗိဠာလပါဒကသေဋ္ဌိဝတ္ထုပါဠိဂါထာ

၂၈၃။ မာဝ မညေထ ပုညဿ, န မန္ဒံ အာဂမိဿတိ၊
ဥဒဗိန္ဒုနိပါတေန, ဥဒကုမ္ဘောပိ ပူရတိ၊
ဓီရော ပူရတိ ပုညဿ, ထောကံ ထောကမ္ပိ အာစိနံ။

မန္ဒံ၊ အနည်းငယ်သော ကောင်းမှုသည်။ န အာဂမိဿတိ၊ မဟုတ်။ (ဣတိ၊ သို့။) ပုညဿ၊ ကောင်းမှုကို။ မာ အဝမညေထ၊ ရာ။ ဥဒဗိန္ဒုနိပါတေန၊ ကြောင့်။ ဥဒကုမ္ဘောပိ၊ သည်လည်း။ ပူရတိ (ယထာ)၊ သို့။ (ဧဝံ၊ တူ။) ဓီရော၊ ပညာရှိသည်။ ထောကံ ထောကမ္ပိ၊ အနည်းငယ် အနည်းငယ်သော ကောင်းမှုကိုသော်လည်း။ ဝါ၊ အနည်းငယ်မျှ အနည်းငယ်မျှလည်း။ အာစိနံ (အာစိနန္တော)၊ ဆည်းပူးလသော်။ ပုညဿ၊ ဖြင့်။ ပူရတိ၊ ပြည့်၏။ (ပါ-၁၂၂)

ဗိဠာလပါဒကသေဋ္ဌိဝတ္ထုဂါထာနိဿယပြီးပြီ။