အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၄-ဗုဒ္ဓဝဂ္ဂ။ ၇. အာနန္ဒတ္ထေရပဉ္စဝတ္ထု
၁၉၃။ ဒုလ္လဘော ပုရိသာဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ၊
ယတ္ထ သော ဇာယတိ ဓီရော၊ တံ ကုလံ သုခမေဓတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အာဇာနည်ဖြစ်သော ဆင် မြင်း၊ နွား လားတို့၏ အကြောင်းကို ဘုရားထံမှ ကြားနာရသော်လည်း ယောက်ျားအာဇာနည်အကြောင်းကို မကြားနာရသေးသောကြောင့် အရှင်အာနန္ဒာမထေရ်၏ မေးလျှောက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ပုရိသာဇညော၊ ယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည်။ ဒုလ္လဘော၊ ဖြစ်ထွန်းပေါ်ပေါက်ရန် ခဲယဉ်း၏။ သော၊ ထိုယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည်။ သဗ္ဗတ္ထ၊ ခပ်သိမ်းသောအရပ်၊ ခပ်သိမ်းသောအမျိုး၌။ န ဇာယတိ၊ မဖြစ်ထွန်း။ သော ဓီရော၊ ထိုယောက်ျားအာဇာနည် ပညာရှိသည်။ ယတ္ထ၊ အကြင်အရပ် အကြင်အမျိုး၌။ ဇာယတိ၊ ဖြစ်၏။ တံ ကုလံ၊ ထိုအမျိုးသည်။ သုခံ၊ ချမ်းသာခြင်းသို့။ ဧဓတိ၊ ရောက်၏။
စကားပြေ
ဖြစ်ထွန်းပေါ်ပေါက်ရန် ခဲယဉ်းသော ယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည် ပစ္စန္တရဋ္ဌအရပ် ယုတ်နိမ့်သော အမျိုးမှာ မဖြစ်။ ယောက်ျားအာဇာနည် ပညာရှိပေါ်ပေါက်ရာ မဇ္ဈိမဒေသအရပ်တွင် မင်းပုဏ္ဏားမျိုးတို့သည် ချမ်းသာခြင်းသို့ ရောက်ကြသည်။
ပုရိသာဇညော— သမ္မာသမ္ဗုဒ္ဓ ရ၏။
ဒုလ္လဘော— ယောက်ျားအာဇာနည်သည် ရခဲ၏။ ဆင်အာဇာနည်စသည်တို့ကဲ့သို့ ရှာလွယ်သည်မဟုတ်။ ယောက်ျားအာဇာနည်သည် ပစ္စန္တရစ်အရပ်၌လည်းကောင်း၊ ယုတ်နိမ့်သောအမျိုး၌လည်းကောင်း မဖြစ်။ မဇ္ဈိမအရပ် လူအများ ရှိခိုးပူဇော်ခြင်းငှာ ထိုက်သော မင်းမျိုး ပုဏ္ဏားမျိုးတို့တွင် တမျိုးမျိုး၌ ဖြစ်သည်။
အာဇာနည်များ ဖြစ်ရာအမျိုးနှင့် အရပ်ဒေသ
ဆင်အာဇာနည်သည် ဆဒ္ဒန္တဆင်မျိုးနှင့် ဥပေါသထဆင်မျိုး၌ ဖြစ်ပေါ်သည်။ မြင်းအာဇာနည်သည် သိန္ဓောမြင်းမျိုးနှင့် ဝလာဟကမြင်းမျိုး၌ ဖြစ်ပေါ်သည်။ နွားအာဇာနည်သည် ဂင်္ဂါမြစ်၏ တောင်ဘက်ဖြစ်သော ဒက္ခိဏာပထအရပ်၌ ဖြစ်ပေါ်သည်။ လူအာဇာနည်သည် မဇ္ဈိမဒေသအရပ်ဝယ် မင်းမျိုး ပုဏ္ဏားမျိုး သူဌေးမျိုး၌ ဖြစ်ပေါ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၁။)
ပါဠိသဒ္ဒါခက်ဆစ်
ပုရိသာဇညော = ပုရိသော အာဇညော ပုရိသာဇညော။ ပုရိသ + အာဇည။ အာဇည = အာ + ဉာ + နာ + ဏျ။
အာနန္ဒတ္ထေရပဉ္စဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၄-ဗုဒ္ဓဝဂ်
၇-အာနန္ဒတ္ထေရပဥှဝတ္ထုပါဠိဂါထာ
ယတ္ထ သော ဇာယတီ ဓီရော, တံ ကုလံ သုခမေဓတိ။
ပုရိသာဇညော၊ ယောက်ျားအာဇာနည်ကို။၂ ဒုလ္လဘော၊ ခဲယဉ်းသဖြင့်ရအပ်၏။ ဝါ၊ ရခဲ၏။ သော၊ ထိုယောက်ျားအာဇာနည်သည်။ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်, အလုံး စုံသော အမျိုး၌။ န ဇာယတိ၊ မဖြစ်။ ဓီရော၊ ပညာရှိသော။ သော၊ ထိုယောက်ျားအာဇာ နည်သည်။ ယတ္ထ၊ အကြင်အရပ်၌။ ဇာယတိ၊ ဖြစ်၏။ တံ ကုလံ၊ ထိုအမျိုးသည်။ သုခံ၊ ချမ်းသာစွာ။ ဧဓတိ၊ ကြီးပွား၏။၁ (ပါ-၁၉၃)
၂။ ပုရိသာဇညော။ ။ အာ ဘုသော ကာရဏာကာရဏံ ဇာနာတီတိ အာဇာနီယော၊ [အာ+ဉာ+အနီယ၊ (တစ်နည်း) အာ+ဉာ+နာ+ဏျ၊] အာဇာနီယော ဧဝ အာဇညော၊ [အာဇာနီယ+ ဏျ၊ ဤ, ယတို့ကိုချေ, နျကိုဉပြု, ဒွေဘော်လာ၊] ပုရိသော စ+သော+အာဇာညော စာတိ ပုရိသာဇညော(ဝိသေသနုတ္တရပဒကမ္မဓာရဲသမာသ်)။
၁။ သုခမေဓတိ။ ။ တံ ကုလံ သုခမေဓတီတိ တံ ကုလံ သုခံ သုခေန ဧဓတိ ဝုဒ္ဓိံ ဝိရုဠှိံ ပါပုဏာတီတိ အတ္ထော၊-ဓမ္မဋီ။
အာနန္ဒတ္ထေရပဥှဝတ္ထုဂါထာနိဿယပြီးပြီ။