ကဆုန်လဘွဲ့ တေးထပ်
ပုံပန်းသွင်ပြင်
ခါပြိဿ ကဆုန်လမှာ
ဝိသာခ ယှဉ်မှီ၊
ဗာတ္တိံသ နေ့နာရီမှာ
အဋ္ဌ်စမ္မီ ညဉ့်ကူး။
လေးလုံးပြည့် နှစ်ပါဒ်လွန်သည်
မေဃဝန် မိုဃ်းသံကမြူး။
ပန်းပိတောက် မာလာငယ်
ရွှေစကဝါ ပွင့်ဦး။
ခိုင်ညှာတံ ရှက်ကူးလို့
ဆွတ်ခူးစို့ မောင်မယ်။
မြတ်စိန္တေ ရှင်တော်ဖျားမှာလ
ဝပ်တွားလို့ ရှိပန်ဆင်ရွယ်။
ဘဝါးနှစ် စွန်းကယ်သည်
သွင်နက်နွယ် ခင်လေးနှင့်
မွှေးနိုင်မျှ မေတ္တာရေ
သွန်းလို့မပြေ။
နွေရွန်းသစ် ဂိမှေငယ်
သွန်းညောင်ရေ ပွဲပေထင့်လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |