မာတိကာသို့ ခုန်သွားရန်

ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား

ဝီကီရင်းမြစ် မှ

တမ်းပလိတ်:Header

သုံးသွယ်သိန်းနေ၊ ငါးထွေသောင်းလီ[]
ပထဝီဟု၊ ရာသီဒွေဒေဟ[]
မိုဃ်းကခြိမ့်ခြိမ့် စေ့လိမ့်လေ။ ။

မြစ်ရေယဉ်မြူး၊ သာဆန်းထူးသည်၊
သင်ဖြူးခင်းစံ၊ ထက်မိုးယံက၊
ခြွေရံအများ၊ လနတ်သားနှင့်၊
ယှဉ်သွားညီမျှ၊ ဟဒြဟု[]
ထွန်းပအရောင်[]၊ မြူမှောင်ကင်းစွာ၊
တာရာရွှေဗျိုင်း၊ ဆီးတံ့ဆိုင်းသား၊
မရိုင်းနောက်က[]၊ အလျှံပြ၍၊
ထွန်းပရောင်လူ၊ ရွှေဇမ္ဗူရာဇ်၊
မှန်ပုံစစ်လျက်၊ တက်သစ်စံရွှင်၊
ပဘင်္ကရ၊ တောက်ပ၀င်းဝါ၊
နေစကြာနှင့်၊ ဥတ္တရာမှီ၊
ဘရဂုဏ္ဏီဟု[]၊ ပြည့်ညီနက္ခတ်[]
လှည့်ပတ်အတူ၊ ဇမ္ဗူမဇ္ဈေ၊
လယ်ဗွေရောက်ငြား၊ ဘဝါးဗီသ၊
တွက်ရမှန်ညီ၊ နာရီနေ့တွင်၊
သုံးဆယ်မြင်၍၊ နှစ်လျှင် စွန်းပါ၊
ညဉ့်ခါအဋ္ဌ၊ စမ္မသို့နေ[]
ပန်ရွှေယင်းမာ၊ လှိုင်စွာပျံ့သင်း၊
တော်သလင်းဟု၊ မြစ်တွင်းသဘင်၊
လှေပွဲဆင်၍၊ လက်သင်လှော်ကား၊
ရွှေလှေများတို့၊ ကစားလူးလာ၊
စုံကာဆန်တက်[]၊ ဝိုင်း၍သက်က[၁၀]၊ '
ရွှေတက်ပြိုးပြောင်၊ ပုံတောင်စည်မောင်း၊
ရေကြောင်းမြစ်လယ်၊ ပျော်ဘွယ်အံ့ခြီး၊
မှုတ်တီးကျော်ညာ၊ သည်ပွဲသာတွင်၊
မြညှာရွှေရုပ်[၁၁]၊ ပုံသွင်းလုပ်သို့၊
ရေမြှုပ်လိုရွ[၁၂]၊ ပျောင်းတိုင်းလှနှင့်၊
တူကွရုပ်စုံ၊ ကမ်းမော်ခုံက၊
မြော်တုံရှုစဲ[၁၃]၊ ရွှေလက်ဆွဲ၍၊
ဖန်လဲပြန်ဆို[၁၄]၊ တူနှစ်ကိုယ်သည်၊
လွမ်းပိုအပုံကြီးလို့လေ။ ။

ရေယဉ်တည့်မြစ်တွင်း သင်ဖြူးခင်း၊
တော်သလင်းလအမှန်[၁၅]။ ။
ဝဿန်တည့်စိုရွှဲ ရွာမစဲ။ ။
ခေါ်မြဲကန်ရာသီ။ ။
ပွင့်စီတည့်ဝေလန်း ယင်းမာပန်း[၁၆]

မှတ်ချက်

[ပြင်ဆင်ရန်]

တမ်းပလိတ်:Reflist

  • မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
  • [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
  • [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
  • [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့

တမ်းပလိတ်:PD-old

  1. ငါးထွေသောလီ (မ) (ဟ)
  2. ရာသီဒေသ (မ) (ဘ)
  3. ယှဉ်သွားညီစွာ၊ ပြုဗ္ဗာဘဒြပိုဒ် (မ) (ဟ)
  4. ညဉ့်၌အရောင် (မ) (ဟ)
  5. တာရာရွှေဗျိုင်း၊ (ဆီးတံ့ဆိုင်းသား၊) မရိုင်းနောက်က။ (မ) နှင့် (ဟ) မူတွင် ကွင်းစကားမပါ။
  6. ဖဂ္ဂုဏီတို့ (မ) (ဟ)
  7. ယှဉ်မှီနက္ခတ် (မ)
  8. နှစ်လျှင်စွန်းပါ၊ သည်အခါတွင်၊ ဖူးညှာဝေဝေ (မ) (ဟ)
  9. စုံကာဆန်လျက်၊ (ဝိုင်း၍သက်က၊) ရွှေတက်ပြိုးပြောင်။ (မ) (ဟ) တွင် ကွင်းပိုဒ်စကား မပါ။
  10. ဝိုက်၍သက်က (ဘ)
  11. ဆင်းသာရွှေရုပ် (မ)
  12. ရေးရုပ်လိုပ (မ) (ဟ)
  13. ပျော်တုံယှဉ်တွဲ (မ)
  14. ဖန်လွှဲပြောဆို (ဘ)။ ပုလဲရောင်စို (မ) (ဟ)။
  15. တော်သလင်းဟု၊ ခေါ်ရင်းလအမှန် (မ) (ဟ)
  16. ဖူးစီတည့်လေဖျန်း ရင့်မာပန်း (မ) (ဟ)