မာတိကာသို့ ခုန်သွားရန်

ကိသာဂေါတမီဝတ္ထုဂါထာ -၂

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၀-မဂ္ဂဝဂ်။ ၁၁-ကိသာဂေါတမီဝတ္ထု

၂၈၇။ တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မသေဖူးသောအိမ်မှ မုန်ညင်းစေ့ရအောင် ရှာသော်လည်း မသေဖူးသောအိမ်မရှိ၍ ပြန်လာသော ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကိသာဂေါတမီ သောတာပန်ဖြစ်သည်။

အနက်

မဟောဃော၊ ကြီးစွာသောရေအလျဉ်သည်။ သုတ္တံ ဂါမံ၊ အိပ်ပျော်နေသော ရွာသူရွာသားများကို။ အာဒါယ၊ လွှမ်းမိုးတိုက်ယူ၍။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ မစ္စု၊ သေမင်းသည်။ ပုတ္တပသုသမ္မတ္တံ၊ သားသမီး ကျွဲနွား ဥစ္စာတို့ဖြင့် ယစ်မူး မေ့လျော့နေသော။ ဗျာသတ္တမနသံ၊ ရွှေငွေ သပိတ် သင်္ကန်းစသည်တို့၌ မရသေးသည်ကို တောင့်တ၍ ရပြီးသည်ကို တွယ်တာကပ်ငြိသောစိတ်ရှိသော။ နရံ၊ လူကို။ အာဒါယ၊ ခေါ်ဆောင်၍။ ဂစ္ဆတိ၊ သွားလေ၏။

စကားပြေ

အဟုန်ပြင်းသော ရေအလျဉ်သည် အိပ်ပျော်နေသော ရွာသူရွာသားအပေါင်းကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့ သေမင်းသည်ကား သားသမီး ကျွဲနွား ဥစ္စာဟူသော သက်ရှိအာရုံတို့ဖြင့် မေ့လျော့လျက် သက်မဲ့ ရွှေငွေ သပိတ် သင်္ကန်းတို့၌ မရသေးသည်ကို တောင့်တ၍ ရပြီးသည်ကို တွယ်တာကပ်ငြိစွဲလမ်းနေသူကို ခေါ်ဆောင်၍ သွားလေ၏။
ပုတ္တပသုသမ္မတ္တံ—၌ ပုတ္တ အရ အဆင်းလှပ၍ အားအင်နှင့် ပြည့်စုံပြီး ပညာရှိသဖြင့် ကိစ္စအားလုံးကို စွမ်းဆောင်နိုင်သော သားသမီး ရ၏။
ပသု—အဆင်းလှပ၍ အနာရောဂါကင်းပြီး များစွာသောဝန်ကို ဆောင်နိုင်သော နွားလားနှင့် နို့ရည်များစွာထွက်သော နွားမရ၏။
ဗျာသတ္တမနသံ—ရွှေငွေစသော ပစ္စည်း သပိတ် သင်္ကန်းစသော ပစ္စည်းတို့တွင် တစုံတခုကို ရသော်လည်း မရောင့်ရဲပဲ ရသည်ထက် ပိုလွန်တောင့်တခြင်းဖြင့် ကပ်ငြိသောစိတ် ရှိသော ပုဂ္ဂိုလ် ရ၏။ တနည်း ရူပါရုံစသော အာရုံတို့တွင် (ဝါ) သင်္ကန်းစသော ပရိက္ခရာအသုံးအဆောင်တို့တွင် ရသော အာရုံ အသုံးအဆောင် ပစ္စည်းကို ကပ်ငြိသောစိတ်ရှိသော ပုဂ္ဂိုလ် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ပုတ္တပသုသမ္မတ္တံ = ပုတ္တာ စ ပသူ စ ပုတ္တပသူပုတ္တ + ပသုပုတ္တပသူဟိ သမ္မတ္တော ပုတ္တပသုသမ္မတ္တောပုတ္တပသု + သမ္မတ္တသံ + မဒ် +
ဗျာသတ္တမနသံ = ဗျာသ‌တ္တော မနော ယဿာတိ ဗျာသတ္တမနသောဗျာသတ္တ + မန + ဗျာသတ္တ = ဝိ + အာ + သန္န +

ကိသာဂေါတမီဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၀-မဂ္ဂဝဂ်

၁၁-ကိသာဂေါတမီဝတ္ထုအဋ္ဌကထာဂါထာ

၅၂၂။ ယော စ ဝဿသတံ ဇီဝေ, အပဿံ အမတံ ပဒံ၊
ဧကာဟံ ဇီဝိတံ သေယျော, ပဿတော အမတံ ပဒံ။

ယော စ၊ အကြင်သူသည်ကား။ အမတံ၊ သေခြင်းမရှိရာဖြစ်သော။ ပဒံ၊ နိဗ္ဗာန် တရားစုကို။ အပဿံ၊ မမြင်သည်။ (ဟုတွာ၊ ၍။) ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ ဇီဝေ၊ အသက်ရှင်ရာ၏။ (တဿ၊ ထိုနိဗ္ဗာန်ကို မမြင်သူ၏။ ဇီဝနတော၊ အသက်ရှင်ခြင်း ထက်။) အမတံ၊ သော။ ပဒံ၊ ကို။ ပဿတော၊ မြင်သူ၏။ ဧကာဟံ၊ တစ်ရက်ပတ်လုံး။ (တစ်ရက်မျှ)။ ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။ သေယျော၊ မြတ်၏။ (ဋ္ဌ-၂၂၇)

ကိသာဂေါတမီဝတ္ထုပါဠိဂါထာ

၅၂၃။ တံ ပုတ္တပသုသမ္မတ္တံ, ဗျာသတ္တမနသံ နရံ၊
သုတ္တံ ဂါမံ မဟောဃောဝ, မစ္စု အာဒါယ ဂစ္ဆတိ။

ပုတ္တပသုသမ္မတ္တံ၊ သားသမီးနွား, ဥစ္စာများဖြင့်, တအားယစ်မူးနေသော။ ဗျာသတ္တမနသံ၊ ရလတ္တံ့ရပြီး, သီးသီးအာရုံ, ကာမဂုဏ်၌, ဖုံဖုံမက်မော, ငြိကပ်သောစိတ် ရှိထသော။ တံ နရံ၊ ပုထုဇဉ်ဟု, မြော်မြင်ညံ့စွာ, ထိုသတ္တဝါကို။ သုတ္တံ ဂါမံ၊ မေ့မေ့ လျော့လျော့, ပေါ့ပေါ့ဆဆ, အိပ်မောကျသော တစ်ရွာလုံးကို။ မဟောဃော၊ ကြီးကျယ် နက်စွာ, လိမ့်၍လာသော ရေအလျဉ်သည်။ အာဒါယ၊ ယူ၍။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ (ဧဝံ၊ တူ။) မစ္စု၊ သုံးဆယ့်တစ်ဘုံ, အလုံးစုံကို, အကုန်မွှေနင်း, ရှင်သေမင်းသည်။ အာဒါယ၊ ဇီဝိတိန္ဒြေကို ဖြတ်ယူ၍။ ဂစ္ဆတိ၊ သွား၏။ (ပါ-၂၈၇)

ကိသာဂေါတမီဝတ္ထုဂါထာနိဿယပြီးပြီ။