ကုက္ကုဋမိတ္တနေသာဒဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၉-ပါပဝဂ်
၈-ကုက္ကုဋမိတ္တနေသာဒဝတ္ထု
၁၂၄။ ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။
နာဗ္ဗဏံ ဝိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငယ်စဉ်က သောတာပန်ဖြစ်သော ရာဇဂြိုဟ်သဌေးသမီး၏ခင်ပွန်း ကုက္ကုဋမိတ္တမုဆိုးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကုက္ကုဋမိတ္တမုဆိုးနှင့် သားခုနစ်ယောက် ချွေးမခုနစ်ယောက်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ပါဏိမှိ၊ လက်၌။ ဝဏော၊ အနာသည်။ စေ န အဿ၊ အကယ်၍မရှိငြားအံ့။ ပါဏိနာ၊ လက်ဖြင့်။ ဝိသံ၊ အဆိပ်ကို။ ဟရေယျ၊ ကိုင်ဆောင်နိုင်၏။ ဝိသံ၊ အဆိပ်သည်။ အဗ္ဗဏံ၊ အနာမရှိသောလက်သို့။ န အနွေတိ၊ အစဉ်မလိုက်။ အကုဗ္ဗတော၊ အကုသိုလ်စေတနာ မရှိပဲပြုသူအား။ ပါပံ၊ မကောင်းမှုကံသည်။ နတ္ထိ၊ မရှိ။
စကားပြေ
လက်မှာ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကိုကိုင်ဆောင်နိုင်၏။ အဆိပ်သည် အနာမရှိသောလက်သို့ မကပ်ရောက်နိုင်။ အကုသိုလ်စေတနာမရှိပဲ ပြုသူအား မကောင်းမှုမရှိနိုင်ပေ။
စေတနာမပါလျှင် အကျိုးမပေးနိုင်—အကုသိုလ်စေတနာမရှိသောပုဂ္ဂိုလ်၏ စိတ်သို့ မကောင်းမှုသည် အစဉ်မလိုက်။
သောတာပန်နီး—အိမ်ရှင်မုဆိုး၏ ခိုင်းစေမှုကို ပြုလုပ်အံ့ဟူသော နှလုံးသွင်းဖြင့် လက်နက်များကို ယူပေးသည်။ လက်နက်ဖြင့် သူတစ်ပါးအသက်ကို သတ်စေလိုသောစိတ် သောတာပန်ဇနီး၌ မဖြစ်ပေ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈။)
မုဆိုးမိသားစု
ကဿပဘုရားရှင်၏ ဓာတ်တော်များ—ဌာပနာရန် စေတီတည်ထား ကိုးကွယ်စဉ် ကိုးကုဋေကြွယ်ဝသော တောရွာသဌေးနှင့် ကုဋေလေးဆယ်ကြွယ်ဝသော မြို့သဌေးတို့ ဘုရားလူကြီးဖြစ်ရန် ကြိုးစားကြသည်။ တောရွာသဌေးက ငွေဖြင့် အင်အားမမျှသဖြင့် သားခုနစ်ယောက် ချွေးမခုနစ်ယောက်နှင့် မိမိတို့ဇနီးမောင်နှံပါ ပေါင်း(၁၆)ယောက်တို့ ဘုရားကျွန်ဒါအဖြစ်ခံယူကာ ဘုရားလူကြီးအဖြစ်ခံယူသည်။ မြို့သူမြို့သားများက မိသားစုအားလုံးကို ဘုရားကျွန်အဖြစ်မှ လွှတ်ကြသော်လည်း မိသားစုအားလုံးသည် အသက်ထက်ဆုံး ဘုရားဝေယျာဝစ္စတို့ကို ဆောင်ရွက်နေကြသည်။ ကဿပဘုရားရှင်နှင့် ဂေါတမဘုရားရှင် နှစ်ဆူအကြား နတ်ပြည်၌ဖြစ်ကြ၍ ယခုအခါ ဂေါတမဘုရားရှင်လက်ထက်၌ မိသားစု(၁၆)ယောက်တို့အားလုံး သောတာပန်တည်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၉။)
ပါဠိသဒ္ဒါခက်ဆစ်
ဝိသံ = သောဏိပ္ပထဂတံ ဝိသတိ ဒေဟန္တိ ဝိသံ။ ဝိသ် (ပဒေသန) + အ။
ကုက္ကုဋမိတ္တနေသာဒဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၉-ပါပဝဂ်
၈-ကုက္ကုဋမိတ္တနေသာဒဝတ္ထုပါဠိဂါထာ
နာဗ္ဗဏံ ဝိသမနွေတိ, နတ္ထိ ပါပံ အကုဗ္ဗတော။
ပါဏိမှိ၊ လက်၌။ ဝဏော၊ အနာသည်။ စေ န အဿ၊ အကယ်၍ မရှိအံ့။ (ဧဝံ သတိ၊ ဤသို့ မရှိလသော်။) ပါဏိနာလက်ဖြင့်။ ဝိသံ၊ အဆိပ်ကို။ ဟရေယျ၊ ဆောင်နိုင်ရာ၏။ အဗ္ဗဏံ၊ အနာမရှိသောလက်သို့။ ဝိသံ၊ အဆိပ်သည်။ န အနွေတိ၊ အစဉ် မလိုက်နိုင်။ (ဧဝမေဝ၊ လျှင်။) အကုဗ္ဗတော၊ မကောင်းမှုကို မပြုသူ ၏။ ဝါ၊ မှာ။ ပါပံ၊ မကောင်းမှုသည်။ နတ္ထိ၊ မရှိ။ (ပါ-၁၂၄)
နာဗ္ဗဏံ ဝိသမနွေတိ။ ။ ကျက်မှတ်ရလွယ်ကူအောင် ပါဌ်ရှိအတိုင်း ပေးခဲ့သည်၊ “ယသ္မာ နာဗ္ဗဏံ ဝိသမနွေတိ အဝဏံ ဟိ...ဧဝမေဝ” စသော အဖွင့်အလိုမူ ဤပါဒကို ရှေ့၂ပါဒ၏ အကြောင်းပြ ကာရဏဝါကျ, နောက်ဝါကျ၏ ဥပမာနဝါကျဟု ဝါကျ၂မျိုးယူ၍ (ကသ္မာ-နည်း? ယသ္မာကြောင့်၊) အဗ္ဗဏံ-သို့၊ ဝိသံ-သည်၊ န အနွေတိ-နိုင်၊ (တသ္မာ-ထိုကြောင့် တည်း၊) အဗ္ဗဏံ-သို့၊ ဝိသံ-သည်၊ န အနွေတိ (ဝိယ)-အစဉ်မလိုက်နိုင် သကဲ့သို့၊ (ဧဝမေဝ-လျှင်၊) အကုဗ္ဗတော ပါပံ နတ္ထိ”ဟု ဒီပကနည်းစသော နည်းဖြင့် ဤပါဒကို ၂ခါ ပေးရာ၏။
ဟိအနက်။ ။ “အဝဏံ ဟိ”စသော အဖွင့်၌ ဟိကို ပဋိဂံ-၆၂အဆို အတိုင်း ပဒီပနည်းစသည်အရ ဟေတုအနက်, ဥပမာအနက်၂မျိုးယူ၍ “ဟိ (ယသ္မာ)-ကြောင့်၊ အဝဏံ-သော၊ ပါဏိံ-သို့၊ အနွေတုံ-အစဉ်လိုက် ခြင်းငှာ၊ န သက္ကောတိ၊ (တသ္မာ-တည်း၊) အဝဏံ-သော၊...န သက္ကောတိ ဟိ (န သက္ကောတိ ဝိယ)-မစွမ်းနိုင်သကဲ့သို့၊ ဧဝမေဝ-လျှင်”စသည် ဖြင့် “အဝဏံ ဟိ”စသော ဝါကျကို ၂ခါပေးရာ၏။
ကုက္ကုဋမိတ္တနေသာဒဝတ္ထုအဋ္ဌကထာဂါထာ
ဧဝံ တံ ဇာယတေ ပေမံ, ဥပ္ပလံဝ ယထောဒကေ။
ဥပ္ပလံ ဝါ၊ ကြာညိုကြာဖြူကြာနီသည်လည်းကောင်း။ (အညံ ဝါ၊ ရေ၌ပေါက်ရိုး, အခြားသော ပန်းမျိုးသည်လည်းကောင်း။ ဝါ၊ အခြားသော ပဒုမ္မာစသော ကြာသည်လည်းကောင်း။) ဥဒကေ၊ ရေ၌။ (ဇာယမာနံ၊ ဖြစ်ပေါ်လာသည် ရှိသော်။ ဒွီဟိ ကာရဏေဟိ၊ ရေနှင့်ညွန်ပျောင်း, ၂-ပါးသောအကြောင်းတို့ကြောင့်။) ဇာယတေ ယထာ၊ ဖြစ်ပေါ်လာရသကဲ့သို့။ (တထာ၊ ထို့အတူ။) တံ ပေမံ၊ ထိုချစ်ခြင်းသည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ သန္နိဝါသေန၊ အတူ တကွ နေခဲ့ရခြင်းကြောင့်သော်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ ပစ္စုပ္ပန်ဘဝ၌ အစီးအပွားကို ပြုခြင်းကြောင့်သော်လည်းကောင်း။ ဧဝံ၊ ဤ၂-ပါးသောအကြောင်းတို့ကြောင့်။ ဇာယတေ၊ ဖြစ်၏။ (ဋ္ဌ-၁၅၄)
ကုက္ကုဋမိတ္တနေသာဒဝတ္ထုဂါထာနိဿယပြီးပြီ။