မာတိကာသို့ ခုန်သွားရန်

ကုက္ကုဋအဏ္ဍခါဒိကာဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၁-ပကိဏ္ဏကဝဂ်
၂-ကုက္ကုဋအဏ္ဍခါဒိကာဝတ္ထု
၂၉၁။ ပရဒုက္ခူပဓာနေန၊ အတ္တနော သုခမိစ္ဆတိ။
ဝေရသံသဂ္ဂသံသဋ္ဌော၊ ဝေရာ သော န ပရိမုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကြက်ဥအရသာကို တပ်မက်မောပြီး ကြက်မဥတိုင်း ကြက်ဥတို့ကို ယူစားသော အမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တစ်ဦးတစ်ဦး ရန်ငြိုးဖွဲ့ကာ ဆုတောင်းလာကြသော ဘီလူးမသည် သရဏဂုံ၌ တည်၍ အမျိုးသမီး သောတာပန် ဖြစ်သည်။

အနက်

ပရဒုက္ခူပဓာနေန၊ သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေခြင်းဖြင့်။ အတ္တနော၊ မိမိ၏။ သုခံ၊ ချမ်းသာကို။ ဣစ္ဆတိ၊ အလိုရှိ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဝေရသံသဂ္ဂသံသဋ္ဌော၊ ရန်ရန်ချင်း ရောနှောသော အားဖြင့် ရောနှောသည် ဖြစ်၍။ ဝေရာ၊ ရန်မှ။ န ပရိမုစ္စတိ၊ မလွတ်နိုင်။

စကားပြေ

သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေခြင်းဖြင့် မိမိ၏ ချမ်းသာကို အလိုရှိသော သူသည် ရန်ရန်ချင်း ရောနှောသော အားဖြင့် ရောနှောသည့် ဖြစ်၍ ရန်မှ မလွတ်နိုင်။
ဝေရသံသဂ္ဂသံသဋ္ဌော— ဆဲရေးခြင်း တစ်ဖန်ပြန် ဆဲရေးခြင်း၊ ရိုက်ပုတ်ခြင်း တစ်ဖန်ပြန် ရိုက်ပုတ်ခြင်း စသည်တို့၏ အစွမ်းဖြင့် အချင်းချင်း အပြန်အလှန် ပြုလုပ်ခြင်းကို ရန်သူဖြင့် ရောယှက်ခြင်းဖြင့် ရောယှက်သည်ဟု ဆိုလိုသည်။

ပါဠိသဒ္ဒါခက်ဆစ်

ပရဒုက္ခူပဓာနေန = ပရဿ ဒုက္ခံ ပရဒုက္ခံ။ ပရ + ဒုက္ခ။ ပရဒုက္ခံ ဥပဓာနံ ပရဒုက္ခူပဓာနံ။ ပရဒုက္ခ + ဥပဓာန။
ဝေရသံ သဂ္ဂသံသဋ္ဌော = ဝေရဿ သံသဂ္ဂေါ ဝေရသံသဂ္ဂေါ။ ဝေရ + သံသဂ္ဂ။ ဝေရသံသဂ္ဂေန သံသဋ္ဌော ဝေရသံသဂ္ဂသံသဋ္ဌော။ ဝေရသံသဂ္ဂ + သံသဋ္ဌ။
သံသဂ္ဂ = သံ + သဇ္ဇ + ဏ။ သံသဋ္ဌ = သံ + သဇ္ဇ + တ။
ကုက္ကုဋအဏ္ဍခါဒိကာဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၁-ပကိဏ္ဏကဝဂ်

၂-ကုက္ကုဋအဏ္ဍခါဒိကာဝတ္ထုပါဠိဂါထာ

၅၂၈။ ပရဒုက္ခူပဓာနေန, အတ္တနော သုခမိစ္ဆတိ၊
ဝေရသံသဂ္ဂသံသဋ္ဌော, ဝေရာ သော န ပရိမုစ္စတိ။

(ယော၊ အကြင်ပုဂ္ဂိုလ်သည်။) ပရဒုက္ခူပဓာနေန၊ သူတစ်ပါး၌ ဒုက္ခကို ကပ် ဆောင်ခြင်းဖြင့်။ ဝါ၊ သူတစ်ပါးကို ဒုက္ခဖြစ်စေခြင်းဖြင့်။ အတ္တနော၊ မိမိ၏။ သုခံ၊ ချမ်းသာ ကို။ ဣစ္ဆတိ၊ အလိုရှိ၏။ ဝေရသံသဂ္ဂသံသဋ္ဌော၊ ရန်အားဖြင့် ရောနှောဆက်ဆံခြင်းဖြင့် ရောနှောဆက်ဆံ၏။ ဝါ၊ ရန်၏ ရောယှက်ခြင်းဖြင့် ရောယှက်၏။ သော၊ ထိုပုဂ္ဂိုလ် သည်။ ဝေရာ၊ ရန်မှ။ န ပရိမုစ္စတိ၊ မလွတ်မြောက်နိုင်။ (ပါ-၂၉၁)

၁။ဝေရသံသဂ္ဂသံသဋ္ဌော။ ။ သံသဇ္ဇနံ သံသဂ္ဂေါ၊ ဝေရေန ဝေရဿ ဝါ+သံသဂ္ဂေါ ဝေရသံသဂ္ဂေါ၊ သံသဇ္ဇတီတိ သံသဋ္ဌော၊ ဝေရသံသဂ္ဂေန+သံသဋ္ဌော။ ဝေရသံသဂ္ဂသံသဋ္ဌောကို ဝိကတိကတ္တားယူ၍ “သော-သည်၊ ဝေရသံသဂ္ဂသံသဋ္ဌော-သည်ဖြစ်၍၊ ဝေရာ-မှ၊ န ပရိမုစ္စတိ” ဟုလည်း ပေးကြ၏၊ “ယော ပုဂ္ဂလော... သံသဋ္ဌော”ဟု ဝေရသံသဂ္ဂသံသဋ္ဌောကို အနိယမ ဝါကျအနေဖြင့်ဖွင့်သော အဋ္ဌကထာဖွင့်အတိုင်း အထက်၌ ပေးသည်။

ကုက္ကုဋအဏ္ဍခါဒိကာဝတ္ထုဂါထာနိဿယပြီးပြီ။